21/08/2026
LOVOL Wheel Loader တွေမှာ WEICHAI Engine ကို ဘာကြောင့် အသုံးပြုထားတာလဲ?🤔
Wheel Loader တစ်စီးရဲ့ အလုပ်လုပ်နိုင်စွမ်းကို ဆုံးဖြတ်ပေးတဲ့အရာတွေထဲမှာ Engine သည် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်ရှင်။ LOVOL Wheel Loader တွေမှာ WEICHAI Engine ကိုရွေးချယ်အသုံးပြုထားရခြင်းမှာ Heavy-duty Operation တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Power နဲ့ Torque ကို အဓိကပံ့ပိုးပေးနိုင်တာကြောင့် ဖြစ်ပါတယ်ရှင်။🛠️ 👇
Power အားကောင်းခြင်း- Material pile များအား Bucket နဲ့ တူးဖော်ချိန်၊ ပင့်ကော်ချိန် နဲ့ Bucket အပြည့်တင်ပြီး ရွေ့လျားတဲ့အချိန်တွေမှာ Engine ရဲ့ Power ကောင်းမွန်မှုက စက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးသက်ရောက်စေပါတယ်။
Torque ကောင်းမွန်ခြင်း- Loader တွေမှာ အလေးချိန်များတဲ့ Material တွေကို တင်ဆောင်တဲ့အခါ Horsepower တစ်ခုတည်းသာမက Torque ကောင်းမွန်မှုကလည်း အရေးကြီးပါတယ်။ WEICHAI Engineတွေဟာဆိုရင် Torque ထွက်အားကောင်းမွန်တဲ့အတွက် အလုပ်ကြမ်းလုပ်ငန်းတွေမှာ လိုအပ်တဲ့ Pulling Power ကို အပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်။
Turbocharger နဲ့ Intercooler System- Turbocharger အသုံးပြုထားခြင်း ကြောင့် Engine ထဲကို သန့်စင်ပြီးလေဝင်ရောက်မှု ပိုမိုကောင်းမွန်စေပြီး Intercooler စနစ်က ပူနေတဲ့လေတွေကို အေးအောင် ပြန်လျှော့ချပေးတာကြောင့် လေသိပ်သည်းဆ (Air Density) ပိုကောင်းစေပါတယ်။ ဒါကြောင့် Combustion (လောင်ကျွမ်းမှု) ကို ပိုမိုပြည့်ဝစေပြီး Engine Overheat မဖြစ်အောင် ထိန်းပေးတဲ့အပြင် Engine Performance ကိုပါ ထိရောက်စွာ မြှင့်တင်ပေးပါတယ်။
Common Rail Fuel Injection System- Fuel Injection ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်စေတဲ့အတွက်ကြောင့် Fuel Efficiency နဲ့ Engine Performance အပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် အထောက်အကူပြုစေပါတယ်။
LOVOL Wheel Loader တွေမှာ WEICHAI Engine ကိုရွေးချယ်အသုံးပြုထားခြင်းကြောင့် Heavy-duty Operation တွေအတွက် လိုအပ်တဲ့ Power နဲ့ Torque ကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ပြီး စက်ရဲ့ Overall Performance နဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် LOVOL Wheel Loader ကို ရွေးချယ်ခြင်းဖြင့် စက်ရဲ့ Design နဲ့ ဈေးနှုန်းတင်မကဘဲ Engine Performance ကောင်းမွန်မှု၊ ဆီစားသက်သာမှု (Fuel Efficiency)၊ ရေရှည်ခိုင်ခံ့စိတ်ချရမှု (Reliability) နဲ့ Overall Machine Performance ကောင်းမွန်မှု စတာတွေကိုပါ အပြည့်အဝ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်ရှင်။
လူကြီးမင်းတို့ လုပ်ငန်းခွင်နဲ့ကိုက်ညီမယ့် LOVOL Wheel Loader မော်ဒယ်များနှင့် အသေးစိတ် အချက်အလက်များကို ဆက်သွယ်စုံစမ်းလိုပါက LOVOL Heavy Machinery page နဲ့ ဖော်ပြပါဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ်ရှင် ။📞📩