04/10/2023
စက်မှုလုပ်ငန်းဆိုင်ရာဗဟုသုတအနေနဲ့
Types of Gear (ဂီယာအမျိုးအစားများ)အကြောင်းကို
တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
ယေဘုယျအားဖြင့် ဂီယာအမျိုးအစား (၆)မျိုးရှိပါတယ်။
1. Spur Gear
2. Helical Gear
3. Herringbone Gear
4. Rack and Pinion
5. Bevel Gear
6. Worm and Worm Wheel
Spur Gear ⚙️
Spur Gear ကို Clocks/Watches, Washing Machines, Gear Pumps and Motorcycles တွေမှာ အသုံးပြုပါတယ်။
ဂီယာအချိုးမှာ (1:1-6:1) အထိရှိနိုင်ပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ တည်ဆောက်ပုံရိုးရှင်းတယ်၊
၂။ အလွယ်တကူထုတ်လုပ်နိုင်တယ်၊
၃။ ကုန်ကျစရိတ်နည်းတယ်၊
၄။ Precision Ration အကောင်းဆုံးဖြစ်တယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ Center Distance (ဂီယာတစ်ခုနှင့်တစ်ခုအကွာအဝေး)ဟာ အကန့်အသတ်ရှိပါတယ်၊
၂။ High Speed မှာ ဆူညံသံများပါတယ်၊
၃။ ဂီယာတစ်ခုနှင့်တစ်ခု Stress များပါတယ်။
Helical Gear ⚙️
Helical Gear ကို Automobile Gearboxes, Fertilizer Industry, Plastic Industry, Food Industry and Printing Industry တွေမှာ အသုံးပြုပါတယ်။
ဂီယာအချိုးမှာ (1:1-6:1) အထိရှိနိုင်ပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ ၀န်ဆွဲအား မြင့်မားတယ်၊
၂။ လျင်မြန်ချောမွေ့စွာလည်ပတ်နိုင်တယ်၊
၃။ ပျက်စီးမှုနည်းတယ်၊
၄။ ၀န်ဆွဲအားအပြည့်ထုတ်လုပ်နိုင်တယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ Spur Gear ထက်စရိတ်ပိုမိုကုန်ကျတယ်၊
၂။ တန်ဖိုးများသော Bearings တွေနဲ့ တွဲဖက်အသုံးပြုဖို့လိုအပ်တယ်၊
၃။ အပူထုတ်လုပ်မှုမြင့်မားတယ်။
Herringbone Gear ⚙️
Herringbone Gear ကို Two Opposite Helical Teeth ဖြင့် တည်ဆောက်ထားပါတယ်။ Herringbone Gears များဟာ Spur Gear and Helical Gear များထက် ထုတ်လုပ်ရန်ပိုမိုခက်ခဲသောကြောင့် Heavy Machinery သာ အသုံးများပါတယ်။
ဂီယာအချိုးမှာ (10:1) အထိရှိနိုင်ပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ Power စွမ်းရည် မြင့်မားတယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ ထုတ်လုပ်မှုစရိတ်မြင့်မားတယ်။
Rack and Pinion ⚙️
Rack and Pinion ကို Lathe Carriage, Drilling Machine, Steering System and Stair Lift တို့တွင် အသုံးပြုပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ ပြောင်းလဲအသုံးပြုရန် အလွယ်ကူဆုံးဖြစ်တယ်၊
၂။ အချိုးအစားကျနမှုရှိတယ်၊
၃။ ကြံံ့ခိုင်မှုရှိတယ်၊
၄။ စျေးသက်သာတယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ အလုပ်လုပ်ရာတွင် အသံဆူညံတယ်၊
၂။ ပွန်းစားမှုများတယ်။
Bevel Gear ⚙️
Bevel Gear ကို Automobile Differential, Material Handling Equipment, Food Canning Equipment and Food Packaging Equipment တို့တွင် အသုံးပြုပါတယ်။
ဂီယာအချိုးမှာ (3:2-10:1) အထိရှိနိုင်ပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ လည်ပတ်မှုမြင့်မားတယ်၊
၂။ ၀န်ဆွဲအားမြင့်မားတယ်၊
၃။ Velocity Ratio သည် 1:1 ဖြစ်တယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ ဒီဇိုင်းတည်ဆောက်ထုတ်လုပ်မှု ရှုပ်ထွေးတယ်၊
၂။ တပ်ဆင်ရာတွင် အလွန်တိကျဖို့လိုအပ်တယ်။
Worm and Worm Wheel ⚙️
Worm and Worm Wheel ကို Steering Mechanism Automobile, Conveyers, Presses and Lifts တို့တွင် အသုံးပြုပါတယ်။
ဂီယာအချိုးမှာ (20:1) အထိရှိနိုင်ပါတယ်။
Advantages (ကောင်းကျိုး)တွေကတော့ 🔰
၁။ Reduction Ratio မြင့်မားတယ်၊
၂။ သိပ်သည်းကျစ်လျစ်မှုရှိတယ်၊
၃။ လည်ပတ်ရာတွင် အံ၀င်ဂွင်ကျဖြစ်စေတယ်၊
၄။ လည်ပတ်နှုန်းနှင့် လည်အားကို လျှော့ချနိုင်တယ်။
Disadvantages (ဆိုးကျိုး)တွေကတော့ 🔰
၁။ ထုတ်လုပ်မှုစရိတ်မြင့်မားတယ်၊
၂။ Power Losses မြင့်မားတယ်။
Ref: Google
Writer: Nay Zaw Linn Wai Sann Aung
BE (Mechanical Engineering)
MBA (University of Northampton)
🔷🔹🔹🔹🔹🔹🔹
စက်ပစ္စည်းများလိုအပ်ပါက
ဓူဝံကြယ်တွင် ဈေးနှုန်းချိုသာစွာ
ဝယ်ယူလိုက်နော်။ 🤗😊
💢အသေးစိတ်မေးမြန်းလိုပါက 💢
ဆက်သွယ်ရန်လိပ်စာကတော့ 🔰
ဆိုင် (၁) - အမှတ် (၄၂)၊ ဈေးကြီးလမ်း၊ ကျေးပင်ကြီးရပ်ကွက်၊ စစ်တွေမြို့။
ဆိုင် (၂) - ကသဲအကွက် (၁)၊ ကုန်သည်လမ်း၊ စစ်တွေမြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကတော့ 🔰
☎️၀၉ ၄၄၉၈၂၆၆၆၈၊ ၀၉ ၄၄၉၈၂၆၆၆၂၊
၀၉ ၄၅၀၈၆၆၉၆၆၊ ၀၉ ၄၄၇၃၆၃၃၈၈
Hotline: 09 447363399
#ဓူဝံကြယ်
#ဂီယာအမျိုးအစားများ
#သင့်ရဲ့ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်ဓူဝံကြယ်