07/04/2023
အအေးပြုစနစ်၏ ပြစ်ချက်များကို ပြုပြင်ခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၂) အအေးဓါတ်မရရှိပါက
••••••••••••••••••••••••••••••••••••
*အအေးခံမည့် အခန်းအကျယ်အဝန်း နှင့်
စက်အင်အား ညီမျှမှု ရှိ မရှိစစ်ဆေးရပါမယ်။
*Condensor တွင် အညစ်အကြေးများ ပိတ်
ဆို့နေခြင်း ရှိ၊မရှိ စစ်ဆေးရပါမယ်။
*Condenser ထဲတွင် non condensable
gas များ ရောနှော ပါဝင် ရောက်ရှိနေနိုင်ပါတယ်။
*Filter Dryer ပိတ်၊မပိတ် စစ်ဆေးရပါမယ်။
*Expansion Device (Capillary Tube) တွင်
ပိတ်ဆို့နေခြင်း ဖြစ်နိုင်ပါတယ်။
*Expansion Device အပေါက်ကျဉ်းလွန်း
နေခြင်းဖြစ်နိုင်ပါတယ်။ အပေါက်ကျယ်လွန်
နေခြင်း ဖြစ်နိုင်ပါတယ်။
*Capillary Tube သတ်မှတ်ထားသော အရည်နှင့်
အရွယ်အစား မကိုက်ညီခြင်းဖြစ်နိုင်တယ်။
*Evaporator Fan အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါတယ်။
*Evaporator ဝင်လေထွက်လေ လမ်းကြောင်း
ပိတ်ဆို့နေခြင်းဖြစ်နိုင်ပါတယ်။
*Compressor စွမ်းရည်ကျဆင်းခြင်းဖြစ်နိုင်တယ်။
*Refrigerant ပမာဏ များ လွန်းနေခြင်းဖြစ်နိုင်ပါတယ်။
*Refrigerant ပမာဏ နည်းလွန်းနေခြင်းဖြစ်နိုင်ပါတယ်။
အပိုင်း(၃)ဆက်ရန်
ref;nssa