ROMA PIONEER CO.,LTD.

ROMA PIONEER CO.,LTD. We want to give everyone the best.

- Repair and installation of machinery and equipment
- Construction of buildings
- Civil engineering
- Specialized construction activities
- Activities of membership organizations

300 Beds Hospital Mini RenovationPyu Town (Bago East)(ICRC Project)November, 2025 Record Photos      #ဖြူးမြို့         ...
29/11/2025

300 Beds Hospital Mini Renovation
Pyu Town (Bago East)
(ICRC Project)
November, 2025 Record Photos

#ဖြူးမြို့

ပျော်ရွှင်ကျန်းမာ ဘေးဘယာကင်းသည့် နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ
31/12/2023

ပျော်ရွှင်ကျန်းမာ ဘေးဘယာကင်းသည့်
နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ

RHC တခုအတွက် solar installation projectDonate by ICRC
15/11/2023

RHC တခုအတွက် solar installation project
Donate by ICRC

"သီတင်းကျွတ် အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ​စေ"
28/10/2023

"သီတင်းကျွတ် အခါသမယမှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ​စေ"

🖌️ပေါ်လစ်အကြောင်း တစေ့တစောင်း ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပ...
08/09/2023

🖌️ပေါ်လစ်အကြောင်း တစေ့တစောင်း

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1 ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2 ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3 Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

Credit to Original Unknown Writer


#ပေါ်လစ်တင်နည်း #နည်းပညာ

လမ်းနံပါတ်(Road Numbering) စနစ်အသုံးပြုပုံနှင့်သတ်မှတ်ပုံစံများမြန်မာနိုင်ငံတွင်လမ်းနံပါတ်  { Road Numbering }စနစ်ကို ၂၀...
10/06/2023

လမ်းနံပါတ်(Road Numbering) စနစ်အသုံးပြုပုံနှင့်သတ်မှတ်ပုံစံများ

မြန်မာနိုင်ငံတွင်လမ်းနံပါတ် { Road Numbering }စနစ်ကို ၂၀၀၀ခုနှစ် လမ်းမကြီးများဥပဒေ ပုဒ်မ (၄) ၊ ပုဒ်မခွဲ (င)
(လမ်းမကြီးများအဖြစ်သတ်မှတ်ကြေညာခြင်း) ဥပဒေ အပေါ်အခြေခံ၍ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

Road Numbering System အကောင်အထည်ဖော်ရာလမ်းနံပါတ်များတပ်ရာတွင် အောက်ပါအတိုင်း လမ်းအမျိုးအစား ခွဲခြားထားပါသည်။


♦{1}အမြန်လမ်းမကြီးများ။ ( Expressway )

လမ်းနံပါတ်ကို - E 1/E 2/E 3 - - - စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။

(ဥပမာ -)
ရန်ကုန် - မန္တလေးအမြန်လမ်း-- E 4
ပုသိမ် -မုံရွာ -ရွှေဘို လမ်း -- E 2

-------------

♦{2}ပြည်ထောင်စုလမ်းမကြီးများ။(National Highway)

လမ်းနံပါတ်ကို - NH 1/NH 2/NH 3- -စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။

(ဥပမာ)
ရွှေဘို - မြစ်ကြီးနားလမ်း -- NH 47
ရန်ကုန် - ပုသိမ်လမ်း -- NH 8

-------------

♦{3}အဓိကသွေးကြောလမ်းမကြီးများ။
(Main Arterial Roads)

လမ်းနံပါတ်ကို - A 1 / A 2 / A 3 - - - စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။

(ဥပမာ)
ကလေး-ကျီကုန်း-ကလေးဝ-သက္ကယ်ကျင်း-တန်ဆည်-ရေဦး-ရွှေဘို
ကျောက်မြောင်း-စဉ်ကူး-လက်ပံလှ
ဖော့တော-သပိတ်ကျင်း-တွင်းငယ်
မိုးမိတ်-မန်တုံ-မုံးဝီ-နမ့်ခမ်း-မူဆယ်လမ်း
လမ်းနံပါတ် -- A 20
(အနောက်မှအရှေ့ဆက်သွယ်သောလမ်းဖြစ်ပါသည်။)

(အဓိကသွေးကြောလမ်းမကြီးများတွင်)

တောင်မှမြောက်ဆက်သွယ်သောလမ်းမ ကြီးများကို --
{မ ဂဏန်း}ဖြင့်သတ်မှတ်ထားပါသည်။ A 1 /A 3 /A 5

အနောက်မှအရှေ့ဆက်သွယ်သောလမ်းမကြီးများကို - -{စုံ ဂဏန်း}ဖြင့်သတ်မှတ်ထားပါသည်။ A 2/ A 4 /A 6

------------

♦{4} လမ်းခွဲငယ်များ။( Sub Arterial Roads)

လမ်းနံပါတ်ကို - S 5 31 / S 5 24 - -စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။ လမ်းခွဲငယ်များသတ်မှတ်ရာတွင်လမ်းခွဲ
များ မှာအလွန်များပြားသောကြောင့်

ကချင် 1
ကယား 2
ကရင် 3
ချင်း 4
စစ်ကိုင်း 5
တနင်္သာရီ 6
ပဲခူး 7
မကွေး 8
မန္တလေး 9
မွန် 10
ရခိုင် 11
ရန်ကုန် 12
ရှမ်းအရှေ့ 13
ရှမ်းတောင် 14
ရှမ်းမြောက် 15
ဧရာဝတီ 16
နေပြည်တော် 17

စသည်ဖြင့်နံပါတ်များခွဲခြားထားပါသည်။

{ထို့ပြင်}
တောင်-မြောက်သို့သွားသောလမ်းခွဲငယ်များကို --
( မ ဂဏန်း )

အနောက် -အရှေ့သို့သွားသောလမ်းခွဲ ငယ်များကို --
( စုံ ဂဏန်း ) ထပ်မံခွဲခြားသတ်မှတ်ထားပါသည်။

(ဥပမာ -) လမ်းနံပါတ် -- S 5 31
5 မှာ စစ်ကိုင်းတိုင်းတွင်းဖြစ်သည်။ 31 မှာ မ ဂဏန်းဖြစ်၍ တောင်မြောက်သွားသောလမ်းဖြစ်ပါသည်။

S 5 31 လမ်းမှာ စစ်ကိုင်းတိုင်းအတွင်း
တောင် မြောက် သွားသော လမ်း - - -
(မန္တလေး -စစ်ကိုင်း -ရွှေဘို )လမ်းနံပါတ်ဖြစ်ပါသည်။

S 5 24 လမ်းမှာစစ်ကိုင်းတိုင်းအတွင်း{24 စုံ ဂဏန်းဖြစ်၍}အရှေ့-အနောက်သွားသောလမ်း - - - (ရေဦး - ခင်ဦး ) လမ်းနံပါတ်ဖြစ်ပါသည်။

-------------

♦{5} အာရှလမ်းမကြီးများ။ (Asian Highways)

လမ်းနံပါတ်ကို - AH 1 / AH 2 - -စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
(ဥပမာ)
တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး
{ဘုရားကြီး} -သထုံ- မြဝတီလမ်း
လမ်းနံပါတ် - - A H 1
မန္တလေး -သီပေါ -မူဆယ် လမ်း
လမ်းနံပါတ် - - AH 14

-----------------

လမ်းနံပါတ်များတပ်ရာတွင်လမ်းအမျိုးအစားအလိုက်အသုံးပြုသည့်ဆိုင်းဘုတ်သတ်မှတ်ပုံစံနှင့်အရွယ်အစားကိုသတ်မှတ်ပုံများဖြင့်အောက်တွင်ဖော်ပြပေးထားပါသည်။

လမ်းဦးစီးဌာနအကြောင်း သိကောင်းစရာ မှ
လေ့လာမိရာ
အဖြာဖြာ

U Tun Tun Oo

❝ပိုမို လုံခြုံသော အိုးအိမ်များ ဆောက်လုပ်ရန် လမ်းညွှန်❞ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး (𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓...
24/05/2023

❝ပိုမို လုံခြုံသော အိုးအိမ်များ ဆောက်လုပ်ရန် လမ်းညွှန်❞

ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး (𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓) က အခြားသော အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆိုးရွားသော ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရန် ဘေးကင်းလုံခြုံသည့် အိုးအိမ်များ ဆောက်လုပ်နိုင်ရေး အတွက် အကြံပြုချက်များကို ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး (𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓) က ထုတ်ပြန်ထားသည့်

❝ဘေးကင်းလုံခြုံ တို့ရိပ်မြုံ ဘယ်ပုံတည်ဆောက်ကြမည်နည်း❞ စာအုပ်ကို မျှဝေပေးလိုက်ပါသည်။

အနာဂတ်မှာ နာဂစ်နဲ့ မိုခါလို မုန်တိုင်း အန္တရာယ်မျိုး ထပ်ပြီးတော့ မကြုံလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး၊ ဒီတော့ အနာဂတ်မှာ ဒီလိုဆိုးရွားတဲ့ မုန်တိုင်းအန္တရာယ်မျိုးမှ အကာအကွယ်ပေးနိုင်ရန် အတွက် ဘေးကင်းလုံခြုံမဲ့ အိုးအိမ်များကို ပြင်ဆင် ဆောက်လုပ်ထားနိုင်ရန် အရေးကြီးလှပါတယ်။

မူရင်းစာရေးသူ - 𝐃𝐚𝐯𝐢𝐝 𝐄𝐯𝐚𝐧𝐬, 𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓

#ဘေးကင်းလုံခြုံ_တို့ရိပ်မြုံ

❝ပိုမို လုံခြုံသော အိုးအိမ်များ ဆောက်လုပ်ရန် လမ်းညွှန်❞❝ရပ်ရွာလက်သမားဆရာများအတွက်ပိုမိုစိတ်ချရသော တဲအိမ်ဆောက်လုပ်နည်းလမ်...
24/05/2023

❝ပိုမို လုံခြုံသော အိုးအိမ်များ ဆောက်လုပ်ရန် လမ်းညွှန်❞

❝ရပ်ရွာလက်သမားဆရာများအတွက်ပိုမိုစိတ်ချရသော တဲအိမ်ဆောက်လုပ်နည်းလမ်းညွန်❞

ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး (𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓) က အခြားသော အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆိုးရွားသော ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရန် ဘေးကင်းလုံခြုံသည့် အိုးအိမ်များ ဆောက်လုပ်နိုင်ရေး အတွက် အကြံပြုချက်များကို ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး (𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓) က ထုတ်ပြန်ထားသည့်

❝ရပ်ရွာလက်သမားဆရာများအတွက်ပိုမိုစိတ်ချရသော တဲအိမ်ဆောက်လုပ်နည်းလမ်းညွန်❞ စာအုပ်ကို မျှဝေပေးလိုက်ပါသည်။

အနာဂတ်မှာ နာဂစ်နဲ့ မိုခါလို မုန်တိုင်း အန္တရာယ်မျိုး ထပ်ပြီးတော့ မကြုံလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး၊ ဒီတော့ အနာဂတ်မှာ ဒီလိုဆိုးရွားတဲ့ မုန်တိုင်းအန္တရာယ်မျိုးမှ အကာအကွယ်ပေးနိုင်ရန် အတွက် ဘေးကင်းလုံခြုံမဲ့ အိုးအိမ်များကို ပြင်ဆင် ဆောက်လုပ်ထားနိုင်ရန် အရေးကြီးလှပါတယ်။

မူရင်းစာရေးသူ - 𝐃𝐚𝐯𝐢𝐝 𝐄𝐯𝐚𝐧𝐬, 𝐔𝐍-𝐇𝐀𝐁𝐈𝐓𝐀𝐓

#ရပ်ရွာလက်သမားဆရာများအတွက်ပိုမိုစိတ်ချရသော_တဲအိမ်ဆောက်လုပ်နည်းလမ်းညွန်

ကဆုန်လပြည့် ဗုဒ္ဓနေ့စိတ်နှလုံးရွှင်လန်း၍ ကျန်းမာ ချမ်းသာကြပါစေROMA PIONEER CO.,LTD.
03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့
စိတ်နှလုံးရွှင်လန်း၍
ကျန်းမာ ချမ်းသာကြပါစေ
ROMA PIONEER CO.,LTD.

အတာကူးတဲ့ တန်းခူးလ သင်္ကြန်ရက်မြတ်မှာ ပျော်ရွှင်ကြပါစေ။ROMA PIONEER COMPANY
05/04/2023

အတာကူးတဲ့ တန်းခူးလ သင်္ကြန်ရက်မြတ်မှာ
ပျော်ရွှင်ကြပါစေ။

ROMA PIONEER COMPANY

Address

No. 42, Shwe Min Gan Street, Block (2), Sat Yon Su Quarter
Sittwe
07014

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 08:00 - 17:00

Telephone

+959428500417

Alerts

Be the first to know and let us send you an email when ROMA PIONEER CO.,LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ROMA PIONEER CO.,LTD.:

Share

ROMA PIONEER

ကျွန်တော်တို့ရဲ့ ရိုးမ ပိုင်အိုးနီးယား ကုမ္ပဏီမှ ရခိုင်ပြည်နယ်အတွင်းရှိ မိတ်ဆွေတို့ လိုအပ်နေသော ဆောက်လုပ်ရေး ကိစ္စများကို တာဝန်ယူပါရစေ။ အရည်အသွေး အကောင်းမွန်ဆုံးများဖြင့် သင်တို့၏ စိတ်ကူးကောင်းများကို ဖန်တီးပေးဖို့ စောင့်ကြိုနေပါသည်။

ဖုန်းဆက်သွယ် စုံစမ်းလိုပါလျှင် - 09456444434, 09428500417

www.romapioneer.com