Kueen Construction and Structural Design Co.,Ltd

Kueen Construction and Structural Design Co.,Ltd မြန် ကောင်း သက်သာ တိကျ မှန်ကန် စေဖို့ KUEEN ကိုဆက်သွယ်လိုက်ပါ

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့လေးဖြစ်ကြပါစေရှင့်နှစ်သစ် ဆု​တောင်း💚၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ် အခါသမယမှစ၍စိတ်၏ချမ်းသာခြင်...
17/04/2026

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့လေးဖြစ်ကြပါစေရှင့်

နှစ်သစ် ဆု​တောင်း💚

၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ် အခါသမယမှစ၍

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ အလိုရှိရာဆန္ဒများ တလုံးတဝကြီးပြည့်စုံပါစေ။

ဘေးဘယာအပေါင်းတို့မှကင်းဝေးပြီး လုပ်သမျှကိုင်သမျှ ကြံသမျှ စည်သမျှ အောင်မြင်ပါစေ 🙏🙏🙏

Kueen နဲ့ Kueen Customer များ နဲ့ ဝန်ထမ်းများမှ တာချီလိတ်ရွှေတိဂုံ စေတီတော်မြတ်ကြီးမှာ ဘုရားဖူးလာတဲ့ ဧည့်သည်တော်များအား အအေး ဒါန (၃၀၀၀) ကျော် ပြုလုပ် လှူဒါန်း ခဲ့ပါတယ်ရှင့်

ကုသိုလ် ထပ်တူရကြပါစေရှင့်🙏🙏🙏
🍀🍀🍀🍀🍀

ဆောက်လုပ်ရေးလုပ်ငန်းခွင်က ခေါင်းခဲရတဲ့ ကိစ္စတွေကို Kueen က တာဝန်ယူပေးပါရစေ​အိမ်ဆောက်ပြီဆိုတာနဲ့ အိမ်ဆောက်တဲ့သူတိုင်းကြုံ...
25/03/2026

ဆောက်လုပ်ရေးလုပ်ငန်းခွင်က ခေါင်းခဲရတဲ့ ကိစ္စတွေကို Kueen က တာဝန်ယူပေးပါရစေ

​အိမ်ဆောက်ပြီဆိုတာနဲ့ အိမ်ဆောက်တဲ့သူတိုင်းကြုံရတတ်တဲ့ ပစ္စည်းအဝင်အထွက်လိုက် ကြည့်ရတာ၊ အချိန်မီအလုပ်မပြီးတာ၊ လက်ရာသေသပ်အောင် အနီးကပ်လိုက်ကြီးကြပ်ရတာတွေက လုပ်ငန်းခွင် အသေးအဖွဲကိစ္စဆိုပေမယ့် တကယ်တော့ ခေါင်းခဲရတဲ့ ကိစ္စတွေပါပဲ။ 🥴

ကိုယ်တိုင်အချိန်ပေးပြီး ကြီးကြပ်ရပါတယ်။ မဟုတ်ရင်တော့ စိတ်တိုင်းမကျတွေ ဖြစ်ကြရတယ်မလားခင်ဗျာ။ ဒီတော့ ကိုယ်တိုင်အချိန်ပေးရင်ပေး၊ မပေးနိုင်တဲ့အခါ အလုပ်တွေကြန့်ကြာမှာကိုလည်း စိုးရိမ်နေရတတ်ပါတယ်။ 😣

ဒီလို လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရတဲ့ အပိုင်းတွေကို Kueen က 100% ရှင်းထုတ်ပေးနိုင်ပါတယ်ခင်ဗျ။ 💯

ကျွန်တော်တို့ "Kueen" မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လက်ရာသေသပ်တိကျတဲ့ ကျွမ်းကျင်လုပ်သားတွေ ရှိနေပါတယ်။ ဒီဇိုင်းဆွဲတာကအစ တိုက်တစ်ခုလုံး အကောင်အထည်ဖော်တဲ့အထိ အဆင့်တိုင်းကို တိတိကျကျ ကြီးကြပ်ပေးတာမို့ ကိုယ်တိုင် ဘာမှလိုက်လုပ်နေစရာမလိုဘဲ အနုစိတ်တဲ့ လက်ရာကောင်းတွေကိုပဲ ရရှိစေမှာပါ။ 🥰

​အိမ်ဆောက်တဲ့အခါ ငွေကုန်တာထက် စိတ်အေးရဖို့က ပထမဦးစားပေးမို့ "အစအဆုံးကို စိတ်ချလက်ချ အပ်ထားလိုက်ရုံပဲ" ဆိုတဲ့ ဝန်ဆောင်မှုမျိုးကို Kueen မှာ ရနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ အချိန်နဲ့ ငွေကြေးကုန်ရကျိုးနပ်ပြီး စိတ်တိုင်းကျစေမယ့် အိမ်လေးကို အတူတူ ပုံဖော်လိုက်ရအောင်နော်။ 🤗

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454

လူကြီးမင်းက အိမ်ဆောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Kueen နဲ့ တစ်ခေါက်လောက် ဆွေနွေးတိုင်ပင်ကြည့်လိုက်ပါအိမ်ဆောက်ဖို့ စိတ်ကူးရှ...
20/03/2026

လူကြီးမင်းက အိမ်ဆောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Kueen နဲ့ တစ်ခေါက်လောက် ဆွေနွေးတိုင်ပင်ကြည့်လိုက်ပါ

အိမ်ဆောက်ဖို့ စိတ်ကူးရှိပေမဲ့ ဘယ်ကစရမှန်းမသိ ဖြစ်နေပါသလား❓️ ဒါမှမဟုတ် ဘတ်ဂျက်နဲ့ လက်ရှိပေါက်ဈေးကြားမှာ ဗျာများနေရပြီလား❓️... အစရှိတဲ့ မေးခွန်းတွေအတွက် Kueen Construction မှာ အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်ရှင်။ 🙌

✅️ Kueen Construction က လူကြီးမင်းတို့လိုချင်တဲ့ အိမ်ပုံစံကို သေချာနားထောင်ပေးခြင်း
✅️ ဘတ်ဂျတ်နဲ့ အံကိုက်ပြီး အဆင်ပြေစေမယ့် အိမ်ပုံစံကို ဆွေးနွေတိုင်ပင်ပေးခြင်း
✅️ အိမ်ဒီဇိုင်းရွေးချယ်လို့ရအောင် ကူညီပေးခြင်း အစရှိတဲ့ လူကြီးမင်းတို့ သိချင်တဲ့ မေးခွန်းမှန်သမျှကို မေးပြီး တိုင်ပင်နိုင်ပါတယ်ရှင်။

Kueen Construction ဘက်က ပညာရှင်တွေနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနေပါတယ်ရှင်။ 🥰

ဒါကြောင့် တာချီလိတ်က လူကြီးမင်းတို့အနေနဲ့ အိမ်ဆောက်ဖို့ စိတ်ကူးရှိရင်တော့ အိမ်မဆောက်ခင် ကြိုတင်ဆွေးနွေးတိုင်ပင်နိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပါရှင်။ 🤗

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454

ပန္နက်ရိုက်တာကအစ အိမ်ပေါ်မှာ အဆင်သင့်တက်နေလို့ရတဲ့အထိ တာဝန်ယူပေးမယ့် Kueen Kueen Construction မှ ရှမ်းပြည်နယ်အရှေ့ပိုင်း...
12/03/2026

ပန္နက်ရိုက်တာကအစ အိမ်ပေါ်မှာ အဆင်သင့်တက်နေလို့ရတဲ့အထိ တာဝန်ယူပေးမယ့် Kueen

Kueen Construction မှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဟွေရဲ ရပ်ကွက်ရှိ Project No.1 မှာအိမ်မဆောက်ခင် လိုအပ်တဲ့ပန္နက်ရိုက်တာကို အစအဆုံး တာဝန်ယူပေးထားပါတယ်ခင်ဗျာ။ 🥰

ပန္နက်ရိုက် မင်္ဂလာတင်ဖို့အတွက် ရိုက်ရမယ့် နေ့ရက်၊ သစ်သား၊ နေရာ အားလုံးကို Kueen မှ စီစဥ်ပေးပြီး မြေသန့် တရားနာသည်အထိ 21 11.2025 ကအားလုံး စီစဥ်ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာ။ 🏡

ယခုချိန်မှာ အိမ်လေးက အလှပဆုံးနဲ့ အခိုင်ခံ့ဆုံးဖြစ်အောင် ဆောက်လုပ်ပေးနေပါတယ်။
အိမ်လေးကို Glass Railing Design နဲ့ဆောက်လုပ်ပေးခဲ့ပြီး
မြေညီထပ်မှာ -
✨️ Living Room 1 ခန်း
✨️ Master Bedroom 1 ခန်း
✨️ Single Bedroom 1 ခန်း
✨️ Kitchen တို့ပါဝင်မှာဖြစ်ပြီး
အပေါ်ထပ်မှာ ဆိုရင်လည်း
✨️ Master Bedroom 2 ခန်း
✨️ Shrining Room 1 ခန်း
✨️ Living Room 1 ခန်း
✨️ Store 1 ခန်းတို့ ပါဝင်သွားမှာပါ။

လှပပြီး Modern ဆန်တဲ့ Design နဲ့အတူ နေချင်စဖွယ် အိမ်လေးကို ကျွန်တော်တို့ Kueen ကနေ တာချီလိတ်မြို့နယ်၊ ဟွေရဲရပ်ကွက်မှာ အကောင်းဆုံးပုံဖော်ပေးနေလျက် ရှိပါတယ်။

ဒါကြောင့် လူကြီးမင်းတို့လည်း Modern ဆန်တဲ့ အိမ်လေးမှာနေချင်တယ်ဆိုရင် Kueen ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။ 🙌

ကျွန်တော်တို့ Kueen က မြေသန့်တရားနာ၊ ပန္နက်ရိုက်တာကအစ အားလုံးတာဝန်ယူပေးတာကြောင့် အိမ်ဆောက်တော့မယ်ဆိုရင် Kueen ကိုသာ သတိရလိုက်ပါခင်ဗျာ။ 🤗

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454




ဧည့်သည်လာတိုင်း ကြွားချင်စရာကောင်းတဲ့ အိမ်မျိုး Kueen နဲ့ တည်ဆောက်ပါ"ကိုယ့်အိမ်ကို ဧည့်သည်လာရင် လိုက်ပြရတာ ဂုဏ်ရှိလိုက်တ...
04/03/2026

ဧည့်သည်လာတိုင်း ကြွားချင်စရာကောင်းတဲ့ အိမ်မျိုး Kueen နဲ့ တည်ဆောက်ပါ

"ကိုယ့်အိမ်ကို ဧည့်သည်လာရင် လိုက်ပြရတာ ဂုဏ်ရှိလိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးက Kueen နဲ့မှ ရနိုင်တာနော်။ 🙌

​ကိုယ့်အိမ်ကို ဧည့်သည်လာရင် ဧည့်သည်က သက်သောင့်သက်သာဖြစ်နေပြီး ကိုယ့်အိမ်လေးကို သဘောကျနေတယ်လို့ ခံစားမိတဲ့ ခံစားချက်မျိုးကို Kueen ကဖန်တီးပေးနိုင်ပါတယ်။ 🙌

Kueen နဲ့သာဆိုရင် တံခါးဖွင့်ဝင်လိုက်တာနဲ့ အိမ်ထဲက Luxury ဆန်တဲ့ ခံစားချက်က ဆီးကြိုနေမှာဖြစ်သလို၊ ဘယ်ရှုထောင့်ကကြည့်ကြည့် အပြစ်ပြောစရာမရှိအောင် လှနေတော့ တကယ့်ကို နေချင်စဖွယ် အိမ်လေးဖြစ်နေမှာပါနော်။ 🏡

​မြင်သူတိုင်း ငေးနေစေဖို့ဆိုရင် Modern ဆန်ဆန် အိမ်ဒီဇိုင်းတင်မဟုတ်ဘဲ Detail ကျကျ လှပသေသပ်နေဖို့လည်း လိုအပ်ပါတယ်။ Kueen မှဆောက်လုပ်ထားတဲ့အိမ်တွေက နံရံကပ်ဒီဇိုင်းတွေကအစ အနားသတ်ပိုင်းအထိ သေသပ်လွန်းတာကြောင့် အိမ်ကိုလာတဲ့သူတိုင်းက "ဒီ Modern ဒီဇိုင်းကို ဘယ်သူနဲ့ဆောက်တာလဲ" လို့ မမေးဘဲ မနေနိုင်အောင်ထိ ဖြစ်သွားစေမှာ အသေအချာပါပဲရှင်။ 🤭

​ကိုယ့်ရဲ့ Taste ကို အကောင်းဆုံး ပုံဖော်ထားတဲ့အိမ်ဖြစ်တာမို့လို့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကို ဖိတ်ပြီး ကြွားရတာက တကယ့်ကို ခံစားချက်က လေပေါ်ဝဲပြီး ဂုဏ်ရှိစေမှာပါ။ 💨

အိမ်ဆိုတာမျိုးက နေဖို့တင်သက်သက်မဟုတ်ဘဲ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် လူကြီးမင်းတို့လည်း Kueen နဲ့ အိမ်အတူတူ ဆောက်လိုက်ရအောင်နော်။ 🥰

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454




မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့မတ်လ (၂) ရက်နေ့မှာ ကျရောက်သည့် (၆၄) ကြိမ်မြောက် "တောင်သူလယ်သမားနေ့" အား "Kueen Construc...
02/03/2026

မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့

မတ်လ (၂) ရက်နေ့မှာ ကျရောက်သည့် (၆၄) ကြိမ်မြောက် "တောင်သူလယ်သမားနေ့" အား "Kueen Construction and Structural Design Co.,Ltd" မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454





#တောင်သူလယ်သမားနေ့

Interior Design အတွက် အရောင်ရွေးချယ်တဲ့အခါ မမှားရအောင် ဒါတွေဖတ်ကြည့်ပါ 📖 အိမ်ကို အလှဆင်တဲ့အခါ ဒီဇိုင်းပေါ်မှာပဲ မူတည်တာမ...
28/02/2026

Interior Design အတွက် အရောင်ရွေးချယ်တဲ့အခါ မမှားရအောင် ဒါတွေဖတ်ကြည့်ပါ 📖

အိမ်ကို အလှဆင်တဲ့အခါ ဒီဇိုင်းပေါ်မှာပဲ မူတည်တာမဟုတ်ဘဲ အရောင်ရွေးချယ်တဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အရောင်ဆိုတာက အမြင်အာရုံကိုပဲ ပြောင်းလဲပေးတာမဟုတ်ဘဲ အိမ်မှာနေတဲ့သူတွေရဲ့ စိတ်ခံစားချက်ကိုပါ လွှမ်းမိုးနိုင်လို့ပါ။ 🍃

​လူကြီးမင်းတို့ အိမ်လေးကို ပိုပြီး Perfect ဖြစ်သွားစေမယ့် အရောင်ရွေးချယ်တဲ့ နည်းလမ်းကောင်းလေးတွေကို Kueen Construction က ဝေမျှပေးလိုက်ပါတယ်။

1️⃣ Interior Designer တွေ အရောင်ရွေးချယ်တဲ့အခါ အသုံးများတဲ့ 60-30-10 Rule ကို ရွေးချယ်ပါ🎨
​60-30-10 Rule ဆိုတာက 60% (Dominant Color), 30% (Secondary Color) နဲ့ 10% (Accent Color) ကိုအသုံးပြုပြီး colour စပ်ပေး

ခြင်းပါ။ အဲ့ထဲမှာမှ -
🔸️60% (Dominant Color) ဆိုတာက နံရံလို နေရာတော်တော်များများအတွက် အခြေခံအရောင်ဖြစ်တဲ့ အဖြူရောင် ဒါမှမဟုတ် နို့နှစ်ရောင်လိုအရောင်မျိုးကိုသုံးပေးတာမျိုး ဖြစ်ပြီး
🔸️30% (Secondary Color) ဆိုတာကတော့ လိုက်ကာနဲ့ ပရိဘောဂတွေအတွက်သုံးတဲ့ အရောင်ဖြစ်ပါတယ်။
🔸️10% (Accent Color) ကတော့ ပန်းချီကားနဲ့ ခေါင်းအုံးတွေလိုမျိုး ပေါ်လွင်စေချင်တဲ့ အိမ်တွင်းအလှဆင်တဲ့ အဆင်တန်ဆာတွေအတွက် အစင်းရောင်သုံးတာမျိုး ဖြစ်ပါတယ်။

​2️⃣ အခန်းရဲ့ Mood နဲ့လိုက်ဖက်မယ့် အရောင်ကို ရွေးချယ်ပါ ✨
​အရောင်တစ်ခုချင်းစီမှာ ပေးစွမ်းနိုင်တဲ့ Feeling တွေကမတူကြပါဘူး။
🔸️အိပ်ခန်းတွေအတွက် အေးချမ်းပြီး စိတ်အပန်းပြေစေမယ့် အပြာရောင်/အစိမ်းရောင် တွေကိုသုံးသင့်ပါတယ်။
🔸️ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေမှာတော့ အရောင်

ကြွပြီး အခန်းကိုနွေးထွေးစေမယ့် အဝါရောင်/လိမ္မော်ရောင် တို့ကသင့်တော်ပါတယ်။
🔸️အခန်းကို သန့်ရှင်းသပ်ရပ်ပြီး ပိုကျယ်သွားသလို ခံစားရစေချင်ရင်တော့ အဖြူရောင်/မီးခိုးနုရောင် တို့ကိုသုံးသင့်ပါတယ်။

​3️⃣ အရောင်ရွေးတဲ့အခါ ဆိုင်မှာကြည့်တဲ့ အရောင်နဲ့ သင့်အိမ်က မီးအလင်းအမှောင်အောက်မှာ မြင်ရတဲ့အရောင်ဟာ ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် ဆေးမသုတ်ခင် ကိုယ့်အိမ်ကို သဘာဝအလင်းရောင်နဲ့ မီးရောင်အောက်မှာ အရင်ဆုံး စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ 💡

​4️⃣ အရောင်ရွေးတဲ့အခါ အခန်းအရွယ်အစားကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ 🏠
🔸️အခန်းကျဉ်းရင် အရောင်ရင့်ရင့်တွေထက် အရောင်ဖျော့ဖျော့ (Light Colors) တွေကို သုံးပေးခြင်းက အခန်းကို ပိုမိုကျယ်ဝန်းပြီး လေဝင်လေထွက်ကောင်းတဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။
🔸️အခန်းကျယ်ရင်တော့ ဟာလာဟင်းလင်းကြီး ဖြစ်

မနေစေဖို့ အရောင်ရင့်ရင့် (Dark Colors) ဒါမှမဟုတ် နွေးထွေးတဲ့အရောင် (Warm Colors) တွေကို အသုံးပြုသင့်ပါတယ်။ ဥပမာ - နက်ပြာရောင်နဲ့ အညိုရင့်ရောင်မျိုးက အခန်းကို ပိုပြီး ခန့်ညားစေသလို၊ ပိုပြီးနွေးထွေးလုံခြုံတဲ့ Cozy Vibe မျိုးကို ပေးပါတယ်။

​အိမ်တစ်လုံးရဲ့ အပြင်အဆင်က သေးငယ်တဲ့ အသေးစိတ်အချက်အလက်လေးတွေကအစ အရေးကြီးပါတယ်။ ⚒️

​Kueen Construction အနေနဲ့ လူကြီးမင်းတို့အိမ်ရဲ့ Interior Design ပိုင်းမှာ အစစအရာရာ စနစ်တကျနဲ့ လှပနေစေဖို့ ကျွမ်းကျင်တဲ့ Interior Design များနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ 🙌

လူကြီးမင်းတို့ရဲ့ အိမ်ဆောက်လုပ်ရေးနဲ့ Interior Design များမှာ စိတ်တိုင်းကျစေဖို့အတွက် Kueen Construction ကို အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။ 📲

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454




အိမ်ဟောင်းကို အိမ်သစ်အတိုင်း ပြန်လည်သစ်လွင်သွားစေဖို့ ...ကိုယ့်ရဲ့အိမ်လေး အိုလာလို့ စိတ်ညစ်နေပြီလား❓️😢အိမ်သစ်ဆောက်ဖို့ က...
24/02/2026

အိမ်ဟောင်းကို အိမ်သစ်အတိုင်း ပြန်လည်သစ်လွင်သွားစေဖို့ ...

ကိုယ့်ရဲ့အိမ်လေး အိုလာလို့ စိတ်ညစ်နေပြီလား❓️😢

အိမ်သစ်ဆောက်ဖို့ ကျပြန်တော့လည်း ကုန်ကျစရိတ် အရမ်းများလို့ ဝေခွဲမရဖြစ်နေရင် Kueen Construction က အိမ်ရှင်တို့အတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ "အိမ်ဟောင်းပြုပြင်ခြင်း" နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ 🙌

​1️⃣ အိမ်တစ်အိမ်ရဲ့ အသွင်အပြင်ကို အမြန်ဆုံးပြောင်းလဲသွားစေနိုင်တဲ့နည်းလမ်းက ဆေးအသစ်ပြန်သုတ်တာပါ။ အိမ်ကိုလင်းပြီး ရှင်းသွားစေတဲ့ အရောင်တွေဖြစ်တဲ့ Off-white နဲ့ Light Gray တွေလိုအရောင်တွေကို ရွေးချယ်ရင် အိမ်က ပိုကျယ်ပြီး ပိုသစ်သွားသလို ခံစားရစေပါတယ်။ 🎨

​2️⃣ မီးသီးဟောင်းတွေကို ဖြုတ်ပြီး LED Light/Warm Light တွေကို ပြောင်းတပ်လိုက်ရုံနဲ့ အိမ်ရဲ့ Vibe က တစ်မျိုးပြောင်းသွားစေမှာပါ။ အထူးသဖြင့် ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေမှာဆိုရင် အိမ်သစ်တစ်လုံးလိုမျိုး ခံစားရစေမှာပါ။ 💡

​3️⃣ အိမ်တစ်လုံး လုံးကို မပြင်နိုင်ရင်တောင် အသုံးအများဆုံးဖြစ်တဲ့ ရေချိုးခန်းနဲ့ မီးဖိုချောင်ကို ကြွေပြားတွေနဲ့ ဘေစင်တွေ အသစ်လဲလိုက်ရုံနဲ့လည်း အိမ်တစ်ခုလုံးကို သန့်ရှင်းသစ်လွင်သွားသလို ထင်ရစေပါတယ်။ 🚿

​4️⃣ တံခါး၊ ဗီရို၊ အံဆွဲလက်ကိုင်တွေနဲ့ ခလုတ်ခုံတွေကို ခေတ်မီတဲ့ဒီဇိုင်းလေးတွေနဲ့ လဲလှယ်လိုက်မယ်ဆိုရင်လည်း သိသိသာသာ ပြောင်းလဲမှုကို ခံစားရမှာပါ။ 🚪

ဒီအချက်တွေက ကုန်ကျစရိတ် အနည်းဆုံးနဲ့ အိမ်လေးကိုလှပသစ်လွင်သွားစေမယ့် လျှို့ဝှက်ချက်ပါပဲ။

Kueen Construction ကနေ ပါလျံ (၂) ရပ်ကွက်ထဲက နှစ်ထပ်တိုက် အဆောက်အဦးလေး ကိုပုံထဲကအတိုင်း Premium Look ရရှိအောင် Kueen ရဲ့ ကျွမ်းကျင်ပညာရှင်တွေက သေချာ Renovation လုပ်ပေးခဲ့တာမို့ အိမ်ရှင်ကိုယ်တိုင် စိတ်တိုင်းကျ ကျေနပ်ခဲ့ရတဲ့ Project လေးပဲ ဖြစ်ပါတယ်။ 🏠✨

လူကြီးမင်းတို့ရဲ့အိမ်လေးကို လက်ရာကောင်းပြီး စရိတ်သက်သက်သာသာနဲ့ အိမ်ကိုပြုပြင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Kueen Construction ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။ 🤙

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454




21/02/2026

အပြင်ပန်းကြည့်ရုံနဲ့ မကျေနပ်နိုင်လို့ အိမ်ထဲအထိ ဝင်ကြည့်သွားတဲ့အခါ...🏠✨

ပါဆပ်ရပ်ကွက် လွန်းကျိုင်း က Kueen ရဲ့ Project No. 11 ကို အိမ်ထဲအထိ လာကြည့်သွားတဲ့ မောင်နှမနှစ်ယောက်ရဲ့ "Customer Experience" လေးနဲ့

လက်တွေ့လက်ရာကို မြင်တွေ့သွားတဲ့အခါ သူတို့ရဲ့ စိတ်ကျေနပ်မှုက ဘယ်လောက်ထိရှိသွားလဲဆိုတာ...

💓💓💓9/542.(4+5),ရတနာလမ်းမကြီး(ဘုရင့်နောင်စျေးအနီး)၊ဝမ်ကောင်းရပ်ကွက်၊တာချီလိတ်မြို့။
09420083454💓💓💓

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ မော်ကွန်းသမိုင်းစာမျက်နှာများတွင် မော်ကွန်းထိုးခဲ့သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို...
12/02/2026

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ မော်ကွန်း

သမိုင်းစာမျက်နှာများတွင် မော်ကွန်းထိုးခဲ့သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် "Kueen Construction and Structural Design Co.,Ltd" မိသားစုနဲ့အတူ မိမိတို့တတ်စွမ်းသည့်ဘက်မှ နိုင်ငံအကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါစို့။

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454

#ပြည်ထောင်စုနေ့

🏠 အလှတရားက ဆွဲဆောင်ပြီး၊ အရည်အသွေးက စိတ်အေးရတဲ့ အိမ်...အိမ်တစ်လုံး၊ အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် "ကြည့်လိုက်တာနဲ့ ...
11/02/2026

🏠 အလှတရားက ဆွဲဆောင်ပြီး၊ အရည်အသွေးက စိတ်အေးရတဲ့ အိမ်...

အိမ်တစ်လုံး၊ အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် "ကြည့်လိုက်တာနဲ့ လှနေဖို့" က ပထမဆုံး ဆွဲဆောင်မှုဖြစ်စေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအလှတရားက ရေရှည်ခိုင်ခံ့မှသာ တကယ်တန်ဖိုးရှိတဲ့ အိမ်တစ်လုံး ဖြစ်မှာပါ။ ❗️

Kueen Construction ကနေ ဒီနေ့ မျှဝေပေးချင်တာကတော့ "အလှအပနဲ့ အရည်အသွေးက ဘာကြောင့် ဒွန်တွဲနေသင့်သလဲ?" ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

1️⃣ ဈေးသက်သာတဲ့ အချက်တစ်ခုတည်းကိုကြည့်ပြီး ပစ္စည်းညံ့တွေ သုံးမိတဲ့အခါ အစပိုင်းမှာ လှနေနိုင်ပေမဲ့၊ ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ဆေးကွာတာ၊ ရေယိုတာ၊ အက်ကြောင်းလိုက်တာတွေ စဖြစ်လာတတ်ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ ပြုပြင်စရိတ်ကို အဆမတန် မြင့်တက်လာစေမှာပါ။

2️⃣ အိမ်ဆောက်မယ့် လူကြီးမင်းတို့အနေနဲ့ ဆောက်လုပ်ရေးမှာ "ပစ္စည်းကောင်းရင် ဈေးကြီးတယ်" ဆိုတာထက် "ပစ္စည်းကောင်းတာက ရေရှည်မှာ ပိုက်ဆံပိုစုမိစေတယ်" လို့ မြင်စေချင်ပါတယ်။ အခုနေ အရည်အသွေးကောင်းတာကို ရွေးချယ်လိုက်မယ်ဆိုရင် နောင် ၁၀ နှစ်စာ ပြုပြင်ထိန်းသိမ်းခကို သက်သာစေမှာပါ။

3️⃣ မြန်မာနိုင်ငံရဲ့ ပြင်းထန်ပြီး ဆိုးရွားတဲ့ နေရောင်ခြည်နဲ့ မိုးဒဏ်ကို ခံနိုင်ဖို့ဆိုရင် အပြင်ပန်း အပြင်အဆင်လှရုံနဲ့ မရပါဘူး။ Structure ပိုင်း ခိုင်ခံ့မှုနဲ့ ရာသီဥတုဒဏ်ခံနိုင်တဲ့ နည်းပညာတွေ (ဥပမာ - Waterproofing, High-quality paint) ကို သေချာထည့်သွင်း စဉ်းစားပြီး ဆောက်လုပ်ဖို့လိုအပ်ပါတယ်။

✨ Kueen Construction မှာဆိုရင် အမြင်တင့်တယ်မှု (Aesthetic) နဲ့ ခိုင်ခံ့မှု (Strength) ကို အတူတူပေါင်းစပ်ပြီး ဆောက်လုပ်ပါတယ်။

✅️ ဒီဇိုင်းများက ခေတ်မီဆန်းသစ်ပြီး လူကြီးမင်းတို့ စိတ်ကြိုက်ဖြစ်စေမှာပါ။

✅️ အပေါ်ယံလှရုံတင်မကဘဲ အတွင်းပိုင်း Structure ခိုင်ခံ့အောင်လို့ စံညွှန်းပြည့်မီအောင် တည်ဆောက်ပါတယ်။

✅️ ရေရှည်မှာ ပြုပြင်စရိတ် အနည်းဆုံးဖြစ်စေမယ့် High-quality ပစ္စည်းများကိုသာ အသုံးပြုပါတယ်။

✅️ လက်ရာသေသပ်မှုနဲ့အတူ စိတ်ချရတဲ့ After-sales service ကိုပါ အာမခံချက် ပေးထားပါတယ်။

ဒီနေ့လှဖို့တင်မဟုတ်ဘဲ နောင်နှစ်ပေါင်းများစွာအထိ လူကြီးမင်းတို့ကို စိတ်အေးချမ်းသာမှုပေးမယ့် အိမ်လေးတစ်လုံးကို Kueen နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။ 🙌

🏠Kueen Construction
Address : 9/543.(4+5), Yadanar Road (Near Bayint Naung Market),Wan Kaung Ward, Tachileik.

Tel : 09420083454




Address

9/542. (4+5), ရတနာလမ်းမကြီး (ဘုရင့်နောင်စျေးအနီး)၊ ဝမ်ကောင်းရပ်ကွက်
Tachileik

Website

Alerts

Be the first to know and let us send you an email when Kueen Construction and Structural Design Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kueen Construction and Structural Design Co.,Ltd:

Shortcuts

Share