Kanbawza Land

Kanbawza Land Construction,Decoration,Real Estate Agency and Servicing Group,Southern Shan State.

❗❗အားလုံးသတိထားရမယ့် Dream House Myanmar အိမ်ခြံမြေ❗❗❌ youtube channelဒီ Dream House Myanmar  က ကျွန်တော်တို့Kanbawza La...
11/01/2025

❗❗အားလုံးသတိထားရမယ့် Dream House Myanmar အိမ်ခြံမြေ❗❗❌ youtube channel

ဒီ Dream House Myanmar က ကျွန်တော်တို့
Kanbawza Landနှင့် Promise Land အိမ်ခြံမြေမှ ရိုက်ကူးခဲ့သော အိမ်အရောင်း video နှစ်ခု ကို ခွင့်ပြုချက် မရှိပဲ youtube မှာတင်ပြီး viewer ရှာနေတဲ့❌ လူလိမ်🚫 ပါ။

တခြားတောင်ကြီးမှ အိမ်ခြံမြေ အကျိုးဆောင်များ ရိုက်ကူးထားသော video များလည်း တွေ့ရပါတယ်။

Origianl နောက်ခံတီးလုံးများပြောင်းလဲခြင်း၊ကာယကံရှင်များ၏ Logo များနေရာတွင် ၄င်းလူလိမ် အမှတ်တံဆိပ်များထည့်သွင်း၍ Youtube တွင်ပေါ်ပေါ်ထင်ထင် လိမ်လည် viewers ရှာနေသော အုပ်စု ဖြစ်ပါတယ်။

ပြင်ဦးလွင်၊ရန်ကုန်၊တောင်ကြီးအပါအဝင်
အခြား မြို့များက video များလည်း တွေ့ရှိရသောကြောင့် မိမိ video များပါရင် channel ကို report သွားထုကြပါ။
Dream house myanmar youtube link....

https://youtube.com/?si=q---2V-Vwyluj0Pb

မိတ်ဆွေတို့ နေရာအနှံ့ Dream House Myanmar ဆို ဝေးဝေးက ​ရှောင်ဖို့ တင်ပြလိုက်ရပါတယ်။

မူရင်းလင့်..
https://www.facebook.com/share/v/15mvH5bdfH/

ဘုရားဖြူနှစ်ထပ် ဆောက်လက်စလေး တစ်ဖြတ်𝗞𝗮𝗻𝗯𝗮𝘄𝘇𝗮 𝗟𝗮𝗻𝗱𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
22/11/2024

ဘုရားဖြူနှစ်ထပ် ဆောက်လက်စလေး တစ်ဖြတ်

𝗞𝗮𝗻𝗯𝗮𝘄𝘇𝗮 𝗟𝗮𝗻𝗱
𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻

အိမ်နှင့်မြေကွက် အရောင်း....တောင်ကြီး ဟိုပုံး ၄ မိုင် ရှိ မဲတောင်းရွာမှ အိမ်လေးတစ်လုံးနှင့် မြေကွက် ရောင်းချင်ပါတယ်..တော...
08/11/2024

အိမ်နှင့်မြေကွက် အရောင်း....
တောင်ကြီး ဟိုပုံး ၄ မိုင် ရှိ မဲတောင်းရွာမှ အိမ်လေးတစ်လုံး
နှင့် မြေကွက် ရောင်းချင်ပါတယ်..

တောင်ကြီးဟိုပုံးလမ်းမကြီးမှ ၅ မိနစ်ခန့်
ဘုန်းကြီးကျောင်း၊ဆေးခန်း၊မူလတန်းကျောင်းအနီး.

မြေအကျယ်က ပေ ၆၀ ပတ်လည်
ရေရ၊မီးရ၊လမ်းသာ
ကားနှစ်စီးကောင်းကောင်းဆန့်
အိပ်ခန်း ၃ခန်း
ရွာမြေ
စျေး......သိန်း ၁၁၀၀(ပိုင်ရှင်ညှိနှိုင်း)
📞...0943083188

မြေကွက်အရောင်း...
အိမ်အရှေ့ဘက်နားရှိမြေကွက်

ပေ ၅၀ ပေ ၁၂၀(နှစ်ကွက်တွဲ)
အုတ်တိုင်သံဇကာခတ်ပြီး
ရွာမြေ
စျေး....သိန်း ၆၃၀(ပိုင်ရှင်ညှိနှိုင်း)
📞...0943083188

မြေကွက်အရောင်း..ပေ ၄၀  ပေ ၆၀ဖရဲမှ ၃ မိနစ်ရေလွယ်စျေး...သိန်း ၂၅၀0943083188
07/11/2024

မြေကွက်အရောင်း..

ပေ ၄၀ ပေ ၆၀
ဖရဲမှ ၃ မိနစ်
ရေလွယ်
စျေး...သိန်း ၂၅၀
0943083188

ဒီမြေကွက်လေး မဆိုးဘူး............................................တောင်ကြီးကနေ ၄ မိုင် အကွာ မဲတောင်းရွာထဲက စျေးတန်တန်မြေက...
06/11/2024

ဒီမြေကွက်လေး မဆိုးဘူး............................................

တောင်ကြီးကနေ ၄ မိုင် အကွာ မဲတောင်းရွာထဲက စျေးတန်တန်မြေကွက်အရောင်းလေး......

တောင်ကြီး-ဟိုပုံးလမ်းမမှ ၅ မိနစ်ခန့်
မျက်နှာစာ ၆၅ ပေ၊ဘေး ပေ ၆၀
✅အဝီစိရေ(တူးပြီး အသင့်သုံး)
✅မီတာဘောက်နဲ့
✅အုတ်တံတိုင်းခတ်ပြီးသား ရွာမြေလေး....

ကားလမ်းပေါက်၊ရွှေတောရဘုန်းကြီးကျောင်းနဲ့ နီးနီးလေးပဲ
ချက်ချင်းအိမ်ဆောက်ချင်လည်းရ.

ရေ၊မီး၊လမ်း၊တံတိုင်း၊ပတ်ဝန်းကျင် အကုန်အဆင်သင့် ။
ဆေးခန်း၊မူလတန်းကျောင်း၊ဘုန်းကြီးကျောင်းများလည်းရှိ။

အိမ်ဆောက်ဖို့ စုထားတဲ့ တစ်အိမ်စာ ခေါင်မိုးအုပ်ကြွပ်ပြားတွေပါထည့်ပေးလိုက်မယ်ဗျာ

စျေး.....သိန်း ၆၀၀(ပါးပါးညှိနှိုင်း)...
📞..0943083188

တောင်ကြီးမြို့၊မွေတော်ကက္ကူသွားလမ်း၊နောင်ပစ် လမ်းမကြီးတစ်ကွက်ငုတ်ပေ ၅၀ ပတ်လည်၊ ၁၄ ကွက် ရောင်းရန်ရှိစိုက်ပျိုးမြေ၊၁၀၅ ကျထ...
17/07/2024

တောင်ကြီးမြို့၊မွေတော်ကက္ကူသွားလမ်း၊
နောင်ပစ်
လမ်းမကြီးတစ်ကွက်ငုတ်
ပေ ၅၀ ပတ်လည်၊ ၁၄ ကွက် ရောင်းရန်ရှိ
စိုက်ပျိုးမြေ၊၁၀၅ ကျထားပြီး
တစ်ကွက် သိန်း ၆၀၊ အကုန်ယူလျှင်စျေးလျှော့ပေးမည်

0943083188

မြို့မြေကို မှ တန်တန်လေးနဲ့ ရမယ် ရူခင်းလည်းလှ မြေလည်းညီ ရေ လွယ်မီးလွယ်ဘုရားဖြူ နမ၁၂၊တောင်ကြီးမြို့။ပေ၄၀ ပေ၇၀စျေး သိန်း ၄...
12/07/2024

မြို့မြေကို မှ တန်တန်လေးနဲ့ ရမယ်
ရူခင်းလည်းလှ
မြေလည်းညီ
ရေ လွယ်မီးလွယ်
ဘုရားဖြူ နမ၁၂၊တောင်ကြီးမြို့။
ပေ၄၀ ပေ၇၀
စျေး သိန်း ၄၅၀
0943083188

10/07/2024

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ရောက်ရှိလာတဲ့ သျှမ်းမြောက်စစ်ရှောင်ပြည်သူများအနေနဲ့ ခေတ္တစစ်ရှောင်ဖို့ နေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် အခက်အခဲများရှိပါက အောက်ပါဖုန်းနံပါတ်များ ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

၁။ တောင်ကြီးမြို့ဝေဠုဝန်ကျောင်းတိုက်ဆရာတော်

095214770

၂။ ဦးစိုင်းဇော်ဇော် (တောင်ကြီး၊ နမ့်ခုံးရှမ်းများပရဟိတအသင်း)

095213894

၃။ နန်းနွန်းမို (ရှမ်းစာ/ယဉ်၊ တောင်ကြီး)

09425466665

၄။ နန်းယိင်းနောင့် (TYO၊ တောင်ကြီး)

09788984810

၅။ စိုင်းခမ်း (ပိဋကတ်ကျောင်းတိုက်၊ တောင်ကြီး)

09455585133

#စစ်ဘေးရှောင်များအတွက်သာ

07/07/2024
မြေဝယ်ပြီးမှ ပေမပြည့်တာသိခဲ့ရရင်....အိမ်ဝယ်စဉ်က မြေကို တိုင်း မကြည့်ခဲ့မိဘူး။ အခု ကန်ထရိုက် တိုက်ဆောက်မယ်လုပ်တော့မှ မြေ ...
25/06/2024

မြေဝယ်ပြီးမှ ပေမပြည့်တာသိခဲ့ရရင်....

အိမ်ဝယ်စဉ်က မြေကို တိုင်း မကြည့်ခဲ့မိဘူး။ အခု ကန်ထရိုက် တိုက်ဆောက်မယ်လုပ်တော့မှ မြေ အကျယ် ပေ ၂ဝ x ပေ ၆ဝ မှာ ပေ ၂ဝ မပြည့်ဖြစ်နေတယ်။ အဲဒါ ဘယ်လိုဆောင်ရွက်ရင်ရမလဲဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါ သည်။

အိမ်၊ မြေ ဝယ်စဉ်က မျက် မြင်အတိုင်း ဝယ်လိုက်တာ မဟုတ် လား

ဟုတ်ပါတယ်။ တစ်ထပ် တိုက်ဖြစ်ပြီး၊ မြေငှားစာချုပ် ဂရန် အမည်ပေါက်ကလည်း ရောင်းမယ့် သူရဲ့အမည်ပေါက်မို့ ဝယ်ဖြစ်သွား တာ

မြေငှားစာချုပ် ဂရန်မှာ တော့ မြေကွက်အကျယ်ကို ပေ ၂ဝ ပေ ၆ဝ လို့ ဖော်ပြထားမှာပေါ့

မှန်ပါတယ်

အခု အိမ်ကို ဝယ်တာ၊ ကာလဘယ်လောက်ကြာပြီလဲ

ဝယ်ပြီးနေတာ ငါးနှစ် လောက်တော့ရှိပြီ

ဝယ်ပြီးကတည်းက အဲဒီ အိမ်မှာပဲနေကြတာပေါ့။ ဟုတ် လား

ဟုတ်ပါတယ်

အိမ် မြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကိစ္စ ဆောင်ရွက်ပြီးပြီလား၊ မြေအမည်ပေါက်လည်း ပြောင်းလဲပြီးသွားပြီလား ကျွန်တော် က စိုးရိမ်၍ မေးလိုက်ခြင်း ဖြစ်သည်။

အားလုံး ဆောင်ရွက်ပြီးသွား ပါပြီ

စာချုပ်စာတမ်းအားလုံး၊ မြေ ပုံ မြေရာဇဝင်မှာ မြေအကျယ်အ ဝန်းက ပေ ၂ဝ ပေ၊ ၆ဝ လို့ပဲ ဖော် ပြထားတာမှာပေါ့

မှန်ပါတယ်။ ဒါပေမယ့် တကယ်တော့ ပေမပြည့်ဘူး

မူလတစ်ထပ်တိုက်ကို ဖျက် ပြီး ကန်ထရိုက်တိုက်ဆောက်မယ် လို့ ရည်ရွယ်တော့မှ မြေကွက်အ ကျယ်ကို တရားဝင်မြေတိုင်းနဲ့ တိုင်းတာခဲ့တာမဟုတ်လား

ဟုတ်ပါတယ်

ယခင်ကတော့ တိုင်းတာ ခြင်းမရှိခဲ့ဘဲ လက်ရှိအမြင်အတိုင်း လက်ခံနေထိုင်ခဲ့ကြတာဖြစ်တယ် ဆိုပါတော့

မှန်ပါတယ်။ မြေခွဲစဉ်က တည်းက ဘေးအိမ်က နှစ်ပေနီးနီး ခန့်မြေကို ကျူးကျော်ယူထားတာ ဖြစ်တယ်

ဘေးအိမ်ကလည်း ခိုင်ခိုင် မာမာ ဆောက်ထားတာလား

ခိုင်ခိုင်မာမာလို့ ပြောရမ လား၊ တစ်ထပ် ပျဉ်ထောင်အိမ်

မူလ ပေ ၄ဝ၊ ပေ ၆ဝ မြေ ကွက်ကို ပေ ၂ဝ ၊ ပေ ၆ဝ နှစ် ကွက်ခွဲပြီး အိမ်ဆောက်ထားကြ တာဖြစ်မယ်။ အိမ်နှစ်အိမ်အကြား လမ်းရှိလား

ခြံစည်းရိုးခတ်မထားတော့ ဘုံလမ်းဖြစ်နေတာပေါ့။ တစ်ဖက် အိမ်က ပြတင်းပေါက် တံခါးရွက်နဲ့ ကျွန်တော့်အိမ်ရဲ့ ပြတင်းပေါက် တံခါးရွက်က ဘုံလမ်းကြားအဖြစ် အကွာအဝေးရှိနေတယ်

ဒါဆိုရင် တံခါးရွက်တစ်ရွက် စာပဲရမှာပေါ့၊ နှစ်ပေကျော် ကျော် လောက်ပဲရှိမယ်။ အတိအကျ ညှိ နှိုင်းရင် တစ်ဖက်တစ်ပေစီတော့ရ မယ်၊ ခြံစည်းရိုးခတ်လိုက်ရင် ပြတင်းတံခါးတွေ ဖွင့်မရဖြစ်မယ်။ နှစ်ဖက်လုံး အလူမီနီယံစလိုက် ဒိုး နဲ့ လုပ်ရမယ့် သဘောဖြစ်နေမယ်

ဟုတ်ပါတယ်၊ ကျူးကျော် ထားတဲ့ မြေနဲ့ ပတ်သက်လို့ ဘယ် လို ဆောင်ရွက်လို့ရမလဲ

နှစ်ဖက်ညှိနှိုင်းလို့ အဆင်မ ပြေရင်၊ တရားစွဲတဲ့အထိတော့ ရောက်သွားမှာပဲ

သူ့ဘက်က အိမ်ရှိနေတော့ ဖယ်ပေးနိုင်ပါ့မလား

တရားရုံးရဲ့ အမိန့်ဒီကရီ အရဆိုရင်တော့ မဖယ်မဖြစ်ဖယ် ပေးရမှာဖြစ်တယ်

အချိန်ဘယ်လောက်ကြာ နိုင်မလဲ

ဒါတော့ ခန့်မှန်းလို့ မရဘူး။ တရားမမှုသဘောအရတော့ နှစ် ရှည်ကြာတတ်တာပဲလေး၊ တရားစွဲ မယ်ဆိုရင်လည်း အထူးသတိပြုရ မယ့် အချက်က တရားစွဲဆိုပိုင်ခွင့် ရှိတဲ့ ကာလအတွင်းမှာသာ တရား စွဲရတာဖြစ်တယ်။ ဥပဒေအရ သတ်မှတ်ကာလထက် ကျော်နေ ရင်တော့ တရားစွဲဆို ပိုင်ခွင့်မရှိ တော့ဘူး

ဒါဆိုရင် ဒီအချက်က အ ရေးကြီးဆုံးပေါ့၊ အခုကိစ္စမျိုး တရားစွဲမယ်ဆိုရင် ဘယ်ကာလ အပိုင်းအခြားအတွင်းမှာ တရားစွဲ ရပါ့မလဲ၊ ဗဟုသုတအဖြစ် ပြောပြ ပါအုံး

အလွယ်ကူဆုံး မှတ်သား ထားဖို့ဆိုရင်တော့ ကျူးကျော်နေ ထိုင်မှုမှာနှစ်ကာလကျော်နေပြီဆို ရင် သူ့အပေါ် နှင်လိုမှုအဖြစ် တရားစွဲဆိုခွင့် မရှိတော့ဘူး

ဒါဆိုရင် ဘယ်တော့မှ တရားစွဲဆိုခွင့်မရတော့ဘဲ သူက အပိုင်သဘောဖြစ်သွားမှာပေါ့

မှန်ပါတယ်။ ဥပဒေ စကား အရ ပြောရရင်တော့ ဆန့်ကျင်ပိုင် ဆိုင်ခွင့် ရရှိသွားမှာဖြစ်ပါတယ်

အခု ဘေးအိမ်က ကျူး ကျော်ဆောက်လုပ်ထားတဲ့ ကိစ္စမှာ ဘယ်လိုဖြစ်နိုင်သလဲ၊ သူငယ်ချင်း ပြောသလို တရားစွဲဆိုပိုင်ခွင့် ကာလကျော်သွားပြီလား

သူငယ်ချင်းတို့ အိမ်နဲ့မြေ ဝယ်စဉ်ကတည်းက ယခုအိမ်ပုံစံ အတိုင်းရှိနေတာ မဟုတ်လား။ ငါးနှစ်ကျော်ခဲ့ပြီလေ။ သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူလက်ထက် ကတည်းက ကျူးကျော်နေထိုင်ခဲ့ မယ်။ ယခင်ရောင်းလိုက်တဲ့ သူက လည်း သိလျက်နဲ့ အစဉ် အဆက် ရောင်းလာခဲ့တယ်ဆိုရင်တော့ အဲဒီ ရောင်းသူ လက်ထက်ကတည်းက တရားစွဲခွင့်ရှိတဲ့ ကာလကိုပါ ထည့် တွက်ရမှာဖြစ် တယ်။ ဒါကြောင့် သူငယ်ချင်းတို့ကို ရောင်းလိုက်သူ လက်ထက်မှာ ခုနစ်နှစ်ထက်ကျော် ပြီးနေလာခဲ့တယ်ဆိုရင်တော့ ၁၂ နှစ် ကာလကျော်ပြီဖြစ်လို့ တရားစွဲ ရပိုင်ခွင့်မရှိတော့ဘူး

မြေကွက်ကို ခွဲစိတ်ပြီး အိမ် ဆောက်ကတည်းက ကျူးကျော် ထားတာဖြစ်မယ်ဆိုရင်တော့ ၁၂ နှစ်ကျော်လောက်ပြီပေါ့

သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဒေါက်တာစန်းစန်းရီ နဲ့ ဦးဘန်နီတင်ထွန်းပါ နှစ်ဦး။ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ စီရင်တုံး စာမျက်နှာ ၂၉ အမှုမှာ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် မြေတွင် သူတစ်ပါးမြေကို မိမိပိုင် မြေဖြစ် သည်ဟု မှားယွင်းယူဆ လျက်ဖြစ်စေ၊ သိလျက်နဲ့ တမင် ကျူးကျော်နေထိုင်သည်ဖြစ်စေ၊ ထို သူသည် ပိုင်ရှင်ကို ဆန့်ကျင်လျက် ရှိထားသည်ဟု ယူဆရမည်။ ဤ အမှုတွင် အုန်းပင်တစ်ပင်နှင့် မီးဖို စွန်းမှာ ဒေါ်စန်းစန်းရီ မြေဝယ်မီက တည်းက နှစ်ပေါင်း ၄ဝ ခန့်က တည်ရှိပြီး၊ အိမ်သာ အုတ်ကန်မှာ နောက်မှပြုလုပ်ခြင်းဖြစ်၍ ၁၂ နှစ်မကျော်သေးသောကြောင့် အိမ်သာ အုတ်ကန်အားဖျက်ပေး ရန် အမိန့်ချခဲ့တယ်

ဒါဆိုရင် မြေဝယ်ကတည်း က တိုင်းတာပြီး ဝယ်သင့်တာပေါ့ နော်

အဆောက်အအုံတွေ ရှိနေ တော့ မျက်မြင်အခြေအနေအတိုင်း ဝယ်ကြတာပေါ့နော်၊ ခြံစည်းရိုးကာမယ် စတဲ့ကိစ္စတွေ ရှိလာ မှ ပြဿနာဖြစ်ကြတာကိုး။ သူငယ်ချင်းပြောသလို မြေအတိုင်းအတာပါ သေချာစိစစ်ဝယ်မယ်ဆိုရင် တော့ ပြဿနာဖြစ်စရာ မရှိဘူး ပေါ့ ဟု ဆွေးနွေး ခဲ့ပါသည်။မူရင်းရေးသားသူအားကျေးဇူးတင်အပ်ပါသည်။

Crd to owner

အနာဂတ်အတွက် မြေကွက် ရင်းနှီးမြှုပ်နှံချင်တဲ့မိတ်ဆွေများအတွက် သင့်တော်တဲ့နေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။💯တောင်ကြီးမြို့၊တ...
18/06/2024

အနာဂတ်အတွက် မြေကွက် ရင်းနှီးမြှုပ်နှံချင်တဲ့မိတ်ဆွေများအတွက် သင့်တော်တဲ့နေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။💯

တောင်ကြီးမြို့၊
တောင်ကြီး ဟိုပုံးသွားလမ်း၊တောင်ကြီးမှ ၄ မိုင်အကွာမှာရှိတဲ့ #မဲတောင်းရွာ မှ မြေကွက်လေးရောင်းပေးပါရစေ။

တောင်ကြီးဟိုပုံးသွားလမ်းမကြီးမှ ၇ - ၁၀ မိနစ်ခန့်အကွာကမြေကွက်လေးပါ။

ရွာမြေအမျိုးအစားဖြစ်ပြီး
ပေအကျယ်က ၅၀ ၅၆ ၅၇ ၇၂ ဖြစ်ပြီး
မြေကွက်ထိကားလမ်းရပါတယ်။

✅လက်ရှိမဲတောင်းရွာဟာ တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် ၆မိုင်သို့ဖြတ်ဆင်းလို့ရပြီး လူနေမှုထူထပ်လာတဲ့နေရာလေးပါ။အပန်းဖြေလို့ကောင်းတဲ့ အိမ်ကြီးအိမ်ကောင်းများလည်းရှိလာပြီး ရင်းနှီးမြှုပ်နှံထားသင့်တဲ့ ဧရိယာလေးပါ။🔜✔

စျေးနှုန်းကတော့ သိန်း ၂၇၀ ညှိနှိုင်း

📞0943083188
------------------------------------------------------------------------------------
🤝အကျိုးတော်ဆောင်များလည်းအကျိုးတူရပါတယ်🤝
------------------------------------------------------------------------------------

✅လူကြီးမင်းတို့ အိမ်၊ခြံ၊မြေ ရောင်း/ဝယ်/ဌား နှင့် ဆောက်လုပ်ရေးကိစ္စရပ်များအတွက် ဆက်သွယ်လိုလျှင်...💯

𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧...09250482649/0943161355
𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞......0943083188.

𝑲𝒂𝒏𝒃𝒂𝒘𝒛𝒂 𝑳𝒂𝒏𝒅
𝑪𝒐𝒏𝒔𝒕𝒓𝒖𝒄𝒕𝒊𝒐𝒏 𝒂𝒏𝒅 𝑹𝒆𝒂𝒍 𝑬𝒔𝒕𝒂𝒕𝒆
𝑻𝒂𝒖𝒏𝒈𝒈𝒚𝒊.

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ======================================အိမ်ခြံမြေဈေး ကွက်အတွင်းမှာ ...
17/06/2024

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း
စစ်ဆေးရမည့် ပုံစံများ
======================================
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

The kumudra journal ဆောင်းပါးမှကူးယူ၍ အနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။
crd

Address

Taunggyi

Telephone

+95943083188

Website

Alerts

Be the first to know and let us send you an email when Kanbawza Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kanbawza Land:

Share