Ko Nyi Fiberglass

Ko Nyi Fiberglass Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Nyi Fiberglass, Construction Company, Taunggyi.

02/12/2024

Lucky December ✨
ယနေ့ Special -8'×8'×4'(ရေဂါလံ1600ဆံ့)-6လုံး Mandalay Project -1ခုorderလက်ခံရရှိခဲ့ပါတယ်ရှင်🤝

အာမခံနှစ်30ပါဝင်ပြီး 2001ခုနှစ်မှစ၍ ရေတိုင်ကီများစတင်ထုတ်လုပ်ခဲ့ရာ ယခုဆိုရင်ခိုင်မာသောBrand တစ်ခုအဖြစ်ရပ်တည်ခဲ့တာဟာ 24နှစ်တိုင်ရှိခဲ့ပါပြီ💪

စဉ်ဆက်မပျက်ယုံကြည်စွာအပ်နှံကြသော လုပ်ငန်းရှင်များနှင့်ချစ်မိတ်ဆွေcustomerများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ မိတ်ဆွေတို့လုပ်ငန်းများဆထက်တပိုးတိုးတတ်ကြပါစေကြောင်းကိုညီဖိုက်ဘာဂလပ်(စ်)မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏

"Quality ပိုင်းကိုပဲ customer စိတ်တိုင်းကျ ဦးစားပေးထုတ်လုပ်တာ ကိုညီဖိုက်ဘာဂလ်(စ်)ပါ"✅
~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင်
ကိုညီ~ဖိုက်ဘာဂလပ်(စ်)💙

💢 မန္တလေးမြို့အရောင်းဆိုင်
ညည-၈/၈ ၊ ၆၂လမ်း ၊ (၁၂၁ x ၁၂၂)လမ်းကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 910 46 397, 09 430 59 800, 09 782053755

💢 တောင်ကြီးမြို့အရောင်းဆိုင်
အမှတ်(36/38) ပြည်ထောင်စုလမ်း ရပ်ကွက်(3) အေးသာယာ တောင်ကြီးမြို့။(Pro Oneနှင့်မျက်နှာချင်းဆိုင်)
09 428054447, 09 962053755

💢 စက်ရုံလိပ်စာ
၅၅လမ်းနှင့်၁၃၇လမ်းထောင့် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 2053755, 09 750475013


#ရေတိုင်ကီအမျိူးမျိူးရောင်းဝယ်ရေး

 #ကိုညီ အကြောင်းလေးနဲနဲပြောမယ် #ကိုညီ-  #ဖိုက်ဘာဂလပ်(စ်)ဆိုတာ ဖိုက်ဘာဂလပ်(စ်) လောကမှာ နှစ်ပေါင်း (၂၅)နှစ် ကျော်သည့်တိုင်...
02/12/2024

#ကိုညီ အကြောင်းလေးနဲနဲပြောမယ်

#ကိုညီ- #ဖိုက်ဘာဂလပ်(စ်)ဆိုတာ ဖိုက်ဘာဂလပ်(စ်) လောကမှာ နှစ်ပေါင်း (၂၅)နှစ် ကျော်သည့်တိုင်အောင် အောင်မြင်မှုရရှိနေဆဲ ဖြစ်တဲ့ မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင် #ကိုညီ ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတဲ့ ဖိုက်ဘာဂလပ်(စ်)လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။

🙏 သုံးစွဲသူအအပေါ် ထားရှိတဲ့ မေတ္တာတရားနဲ့ ကျွန်တော်တို့ ထုတ်ကုန်အရည်အသွေးပေါ်မှာ ထားတဲ့ သစ္စာတရားကြောင့် ယနေ့အထိ အောင်မြင်နေတာလို့ ယုံကြည်မိပါတယ်။

🙏 သုံးစွဲသူ Customer များကို အလေးထားတဲ့ အနေနဲ့ အရည်အသွေးပိုင်း တစ်နှစ်ထက် တစ်နှစ် ပိုကောင်းအောင် ကြိုးစားရသလို နည်းပညာပိုင်း ပိုမိုကောင်းမွန်လာအောင် လေ့လာမှုတွေလည်း လုပ်ရပါတယ် ။ ဖိုက်ဘာဂလပ်(စ်)နဲ့ ပတ်သက်ပြီး ထုတ်ကုန်အသစ်များကိုလည်း တီထွင် ထုတ်လုပ်လျက်ရှိပါတယ်။

ယနေ့အချိန်မှာတော့ ကျွန်တော်တို့ #ကိုညီ ဖိုက်ဘာဂလပ်(စ်) အနေနဲ့ ဆလင်ဒါ ဖိုက်ဘာဂလပ်(စ်) ရေတိုင်ကီ အဝိုင်း

လီတာ ၅၅၀ ဆံ့ ဖိုက်ဘာရေတိုင်ကီ - အဝိုင်း
အချင်း - ၂ ပေ၊ ၈ လက်မ၊ အမြင့် - ၃ ပေ၊ ၇ လက်မ

လီတာ ၁၅၀၀ ဆံ့ ဖိုက်ဘာရေတိုင်ကီ - အဝိုင်း
အချင်း - ၃ ပေ၊ ၃ လက်မ၊ အမြင့် - ၅ ပေ၊ ၅ လက်မ

ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိပါတယ်။

ဖိုက်ဘာနှင့်ထုတ်လုပ်လို့ ရသည့် မည်သည့် ပစ္စည်းမျိုးကို မဆို Customerတို့ စိတ်တိုင်းကျ Order အပ်နှံပြီး ဝယ်ယူနိုင်ပါတယ်ဗျ။

အရည်အသွေးကောင်းမွန်ကြောင်း ထိုင်းနိုင်ငံမှ အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ ကုန်ကြမ်း များကိုသာ အသုံးပြုထားတဲအတွက် အရည်အသွေးမှာ ယုံကြည်စိတ်ချရပါတယ်။

ထုတ်လုပ်မှုပိုင်းအနေနဲ့လည်း ကုန်ကြမ်းသုံးစွဲမှု ခိုကပ်ခြင်းမရှိတဲ့အတွက် ခိုင်ခန့်မာကျောမှုက တခြားရေတိုင်ကီတွေနဲ့ မတူအောင် အထူးကောင်းမွန်ပါတယ်။

ဖိုက်ဘာဂလပ်(စ်)ရေတိုင်ကီများအတွက် အာမခံ နှစ် (၃၀) ပေးထားပြီး အာမခံကာလအတွင်း တစ်စုံတစ်ရာ ပျက်စီးခဲ့ပါက လက်ခမဲ့ ပြုပြင်ပေး သွားမှာ ဖြစ်ပါတယ်။

ပစ္စည်းပို့ဆောင်မှုအနေနဲ့ မန္တလေးမြို့တွင်း ဝယ်ယူသူများကို အိမ်အရောက် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး နယ်မှမှာယူသူများအတွက် သက်ဆိုင်ရာ ကားဂိတ်များမှတဆင့် ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဖိုက်ဘာဂလပ်(စ်) ထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက် ဖော်ပြပါ ဖုန်းနံပါတ်များမှ ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

သုံစွဲသူ မိတ်ဟောင်း/မိတ်သစ်များအားလုံး
ကျန်းမာ ချမ်းသာကြပါစေ 🙏🙏🙏

~~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင်
ကိုညီ~ဖိုက်ဘာဂလပ်(စ်)

💢 မန္တလေးမြို့အရောင်းဆိုင်
ညည-၈/၈ ၊ ၆၂လမ်း ၊ (၁၂၁ x ၁၂၂)လမ်းကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 910 46 397, 09 430 59 800, 09 782053755

💢 တောင်ကြီးမြို့အရောင်းဆိုင်
အမှတ်(36/87)၊ပြည်ထောင်စုလမ်း၊ရပ်ကွက်(၃)အေးသာယာ Pro1 Home centreအနီး
09 428054447, 09 962053755

💢 စက်ရုံလိပ်စာ
လလ-၄၁/(၄၉-၅၀) ၊ ၅၇လမ်းနှင့် ၁၄၀(ဘီ)လမ်းထောင့် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 2053755, 09 696167276

🤍💛❤️💙
06/11/2024

🤍💛❤️💙

  Promotion 🙏🎁✨သီတင်းကျွတ် Promotion အနေဖြစ် Ko Nyi Fiberglassမှ မည်သည့် ပစ္စည်းများကိုမဆို ဝယ်ယူသူတိုင်း အတွက် 10% Disc...
10/10/2024

Promotion 🙏🎁✨

သီတင်းကျွတ် Promotion အနေဖြစ် Ko Nyi Fiberglassမှ မည်သည့် ပစ္စည်းများကိုမဆို ဝယ်ယူသူတိုင်း အတွက် 10% Discount ချပေးမှာဖြစ်ပါတယ်🥰

Promotion ကာလလေးက 10.10.2024 ကစလို့ 31.10.2024 ထိဖြစ်ပါတယ်ရှင့် 😇

အရေအတွက် အကန့်သတ်နဲ့မို့ အမြန်လာမှ စိတ်ချရမယ်နော် ☺️

သီတင်းကျွတ်က စလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေ တိုးပွား အောင်မြင်ပါစေလို့ Ko Nyi Fiberglassမိသားစုမှ
မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင်
ကိုညီ~ဖိုက်ဘာဂလပ်(စ်)

💢 မန္တလေးမြို့အရောင်းဆိုင်
ညည-၈/၈ ၊ ၆၂လမ်း ၊ (၁၂၁ x ၁၂၂)လမ်းကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 910 46 397, 09 430 59 800, 09 782053755

💢 တောင်ကြီးမြို့အရောင်းဆိုင်
အမှတ်(36/87)၊ပြည်ထောင်စုလမ်း၊ရပ်ကွက်(၃)အေးသာယာ Pro1 Home centreအနီး
09 428054447, 09 962053755

💢 စက်ရုံလိပ်စာ
လလ-၄၁/(၄၉-၅၀) ၊ ၅၇လမ်းနှင့် ၁၄၀(ဘီ)လမ်းထောင့် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09 2053755, 09 696167276

ညောင်ရွှေ မှ KN 2'x2'x2' (50gl) အား ဝယ်ယူ အားပေးမှု အတွက် ကျေးဇူးပါရှင်😍
10/06/2024

ညောင်ရွှေ မှ
KN 2'x2'x2' (50gl) အား ဝယ်ယူ အားပေးမှု အတွက် ကျေးဇူးပါရှင်😍

Morning ☺​အောင်အင်းလေး ကိုယ်ပိုင်ကျောင်းသို့ 6' Playground Set အား သွားရောက်တပ်ဆင်ပြီးပါပြီးရှင်ရုပ်ချောချော ကျောင်းအုပ်...
10/06/2024

Morning ☺
​အောင်အင်းလေး ကိုယ်ပိုင်ကျောင်းသို့
6' Playground Set အား သွားရောက်တပ်ဆင်ပြီးပါပြီးရှင်
ရုပ်ချောချော ကျောင်းအုပ်ဆရာမ ကြီး အား ကျေးဇူးတင်ပါတယ်ရှင်😍😘
#
#
#

အာမခံ မရှိတဲ့ Water Tank တွေကိုသုံးနေတုန်းပဲလား...🤭🤭အဲ့တာဆိုရင်တော့ ငွေကို အထုပ်လိုက်ပိုက်ထား မှရမယ်နော်...💸💰အဲ့လိုမဖြစ်...
02/06/2024

အာမခံ မရှိတဲ့ Water Tank တွေကိုသုံးနေတုန်းပဲလား...🤭🤭
အဲ့တာဆိုရင်တော့ ငွေကို အထုပ်လိုက်ပိုက်ထား မှရမယ်နော်...💸💰
အဲ့လိုမဖြစ်ချင်ဘူး ဆိုရင်တော့....
Ko Nyi Fiberglass ကိုသာလှမ်းလာခဲ့လိုက်ပါ...🤗🤗

လူကြီးမင်းတို့အတွက် (နှစ်၃၀) အာမခံနဲ့ အကောင်းဆုံး ဝန်ဆောင်မှု များက💯 အသင့်စောင့်မျှော် နေမှာပါတယ်...🙆🏻‍♂️

~~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင်

တောင်ကြီးမြို့အရောင်းဆိုင်
အမှတ် (36/87)​ပြည်ထောင်စုလမ်း၊ရပ်ကွက်(3)အေးသာယာတောင်ကြီးမြို့။
Ph: 09-428054447, 09962053755

မန္တလေးမြို့အရောင်းဆိုင်
ညည-၈/၈ ၊ ၆၂လမ်း ၊ (၁၂၁ x ၁၂၂)လမ်းကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
Ph: 0991046397, 0943059800

စက်ရုံလိပ်စာ
လလ-၄၁/(၄၉-၅၀) ၊ ၅၇လမ်းနှင့် ၁၄၀(ဘီ)လမ်းထောင့် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
Ph: 092053755, 09696167276

 #ပေါ့ပေါ့ပါးပါးနဲ့သယ်ဆောင်ရလွယ်ကူတဲ့ #အသေးဆုံးရေတိုင်ကီ 😍😍😍အရွယ်အစားက 2'x2'x2' ရှိပြီးရေပမာဏ ဂါလံ (50) ဆံဝင်ပါတယ်။👍👍🏿👍🏼...
02/06/2024

#ပေါ့ပေါ့ပါးပါးနဲ့သယ်ဆောင်ရလွယ်ကူတဲ့
#အသေးဆုံးရေတိုင်ကီ 😍😍😍

အရွယ်အစားက 2'x2'x2' ရှိပြီး
ရေပမာဏ ဂါလံ (50) ဆံဝင်ပါတယ်။👍👍🏿👍🏼

ကျွန်တော်တို့ ဖိုက်ဘာဂလပ်(စ်) ကထုတ်တဲ့
ရေတိုင်ကီတွေထဲမှာတော့ အသေးဆုံးလေးပါ။😊😊

ချိုးရေ ၊ သုံးရေအတွက် အသုံးပြုကြသလို
ပေါ့ပါးသေးငယ်တဲ့အတွက်လည်း ဘယ်နေရာမဆို သယ်ယူလို့ အဆင်ပြေပါတယ်။💁💁🏽‍♀️💁🏾‍♂️

အမျိုးအစားကတော့ SM (အထူးထုတ်) ဖြစ်ပြီး အထူးထုတ်ဆိုတဲ့အတိုင်း အထူး Quality အရည်အသွေးကို ရရှိမှာပါ။ ယိုင်အထပ်‌ရေ ပိုထားတဲ့အတွက် ပိုပြီးခိုင်ခံတယ် ။ ပိုပြီးမာကျောပါတယ်။💪🏿💪💪🏼

နှစ်(၃၀) အထူးအာမခံပါဝင်ပြီး ပထမ(၁)နှစ်အတွင်း Factory Error ဖြစ်ပေါ်ခဲ့ပါက အသစ်(၁)လုံး အစားထိုး လဲလှယ်ပေးသွားမှာ ဖြစ်ပါတယ်။⚡⚡⚡

ချစ်စရာ ရေတိုင်ကီ အသေးစားလေးကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင် အောက်ပါလိပ်စာအတိုင်း ဆက်သွယ် မှာယူနိုင်ပါတယ်။ 😘😘😘

~~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်း ပထမဦးဆုံးနည်းပညာရှင်
ကိုညီ~ဖိုက်ဘာဂလပ်(စ်)

တောင်ကြီးမြို့အရောင်းဆိုင်
အမှတ် (36/87)ပြည်ထောင်စုလမ်း ရက်ကွက်(3) ၊အေးသာယာ တောင်ကြီးမြို့။
Ph: 09-428054447, 09962053755

မန္တလေးမြို့အရောင်းဆိုင်
ညည-၈/၈ ၊ ၆၂လမ်း ၊ (၁၂၁ x ၁၂၂)လမ်းကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
Ph: 0991046397, 0943059800

စက်ရုံလိပ်စာ
လလ-၄၁/(၄၉-၅၀) ၊ ၅၇လမ်းနှင့် ၁၄၀(ဘီ)လမ်းထောင့် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
Ph: 092053755, 09696167276

 #💫💫💫💫💫💫💫💫💫💫💫🌧️💧🌧️💧🌧️💧🌧️💧🌧️💧🌧️ညောင်ရေ သွန်းပွဲ သည် ဗုဒ္ဓ ဘာသာ ဝင်မြန်မာ တို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်၊ညောင်ရေ သ...
22/05/2024

#
💫💫💫💫💫💫💫💫💫💫💫
🌧️💧🌧️💧🌧️💧🌧️💧🌧️💧🌧️

ညောင်ရေ သွန်းပွဲ သည် ဗုဒ္ဓ
ဘာသာ ဝင်မြန်မာ တို့၏ ဘာသာရေး
ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်၊ညောင်
ရေ သွင်းပွဲကို ဂိမှာန ဟု ဆိုအပ် သော
နွေဥတု၏ နောက် ဆုံးလဖြစ်သော က
ဆုန်လပြည့် နေ့တွင်ကျင်းပကြသည်။

ထိုနေ့သည်
ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ညောင်ရေသွန်းခြင်းနှင့်အဓိပ္ပါယ်
ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်
ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တ
ရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။
ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည်
မြန်မာလူမျိုးတို့အမွန်အမြတ်ထားသော
ပွဲတော်တစ်ရပ်ဖြစ်သည်။

#ဗုဒ္ဓဝင်လာ

ကဆုန်လတွင် ပူပြင်းလှသည်။
ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်း
ကာ တဂျိုးဂျိုးနှင့် မိုးချုန်းသံများကြားရ၏။
အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝ
တိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည်
ဟု ထင်ရ၏။

ထိုအချိန်အခါမျိုးတွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်း သာယာစေကြောင်း ဆုမွန် ကောင်း
တောင်းရင်း ညောင်ရေသွန်း လောင်းကြသည်
ဟု ဆိုကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်
ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။

“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံး အချိန်၊ ရေအဆုတ်ဆုံး အချိန် ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ
ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရသည်။

#ကျင်းပပုံ

ကဆုန်လသည် ခြောက်သွေ့သောလ ဖြစ်သည့်အလျောက် တောင်သူဦးကြီးများ အလုပ်အားကြသည်။
ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်းကားစွာကျင်းပသည်။
ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို ထုံးသုတ်ကြသည်။ အမှိုက်သရိုက်များ ရှင်းလင်းထားကြသည်။
ကဆုန်လပြည့်နေ့ နံနက်တွင် သက်ကြီးရွယ်အိုများမှအစ ကလေးများအဆုံး ဥပုသ်သီတင်း ဆောက်တည်ကြသည်။

ညောင်ပင်သို့အသွားတွင် “ကဆုန်နယုန် လေရူးသုန်” ဟူသော စကားနှင့်အညီ လေပွေ၊ လေရူးကလေးများ ကလူကျီစယ်နေပါသည်။
ဗောဓိညောင်ပင်သို့ရောက်လျှင် အသင့်စောင့်နေသော ဘုရားလူကြီးများက ဘုရားပရိတ်တော်၊ ဓမ္မစကြာ တရားများကို ရွတ်ဖတ်ပြီး ညောင်ပင်ကိုရှိခိုးပြီးနောက် ညောင်ရေသွန်းလောင်းစေသည်။

မြန်မာနိုင်ငံ အနှံအပြား စေတီပုထိုးများရှိ ညောင်ပင်တို့တွင် ရေသွန်းလောင်းကြသည်။
အမျိုးသမီးများက ယောဂီအဝတ်အစားများ သေသေသပ်သပ် ဝတ်စား၍ ညောင်ရေသွန်းလောင်းမည့် ရေကို အိုးဖြင့်ထည့်ကာ ဘုရားရှိရာ ညောင်ပင်ခြေသို့ လာရောက်လောင်းကြရသည်။
ညောင်ရေသွင်းပွဲတွင် ယောက်ျားလေးများက အိုးစည် ဒိုးပတ်များဖြင့် ကခုန်ကာ ဖျော်ဖြေကြသည်။
တချို့က စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ယူကြသည်။

ရန်ကုန်မြို့သူမြို့သားများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံအပါအဝင် တန်ခိုးကြီးဘုရားများသို့သွားကာ ကုသိုလ်ကောင်းမှုပြုကြသဖြင့် ဘုရားရင်ပြင်တော်တွင် လူများတိုးမပေါက်အောင် များပြားနေပါသည်။

အခြားမြို့များတွင်လည်း ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာနေ့ဖြစ်သည့်အလျောက် ဘုရားစေတီဝန်းကျင်မှ ဗောဓိညောင်ပင်များကို ညောင်ရေသွန်းကြသည်။
ကြည်နူးချမ်းမြေ့စရာ ကောင်းလှပါသည်။

ကဆုန်လပြည့်နေ့သည် မြန်မာနိုင်ငံ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအနက် ဆယ်နှစ်လရာသီပွဲတော် အပါအဝင်ဖြစ်သော ညောင်ရေသွန်းပွဲတော်ကို အသင်းအဖွဲ့များ၊ ပုဂ္ဂလိက မိသားစုများ တပျောက်တပါး ဆင်နွှဲကြသော အချိန်ပင်ဖြစ်ပေသည်။

#တိပိဋကမြန်မာပြန်
___________________________________

#ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း_သိကောင်းစရာများ

🌼🌺🌼🌺🌼

❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ -

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လည်း မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။
ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။
နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။
(ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။
သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။
ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို
“ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

#မြန်မာပြည်မှ_ကဆုန်လပြည့်ဗုဒ္ဓနေ့_ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။
ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။

ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ် ……။


#ထိုင်းနိုင်ငံ_ကဆုန်လပြည့်ဗုဒ္ဓနေ့_ကျင်းပပုံ

❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)

"ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့"

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။

ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။

❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။

(ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။
ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။
တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။

❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။
စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။
သံဃာတော်များထံ တရားနာယူကြတယ်။

❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့
ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။
အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်)
ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို
နှစ်စဉ်ကျင်းပတယ်။

ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။
အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ် ……။


"သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ"

#သီရိလင်္ကာနိုင်ငံနှင့်_ကဆုန်လပြည့်ဗုဒ္ဓနေ့

❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။

ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။
အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။

❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။
ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။

❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။
ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။

❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။
အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။
ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။
ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။

နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။

တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။

(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။

ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။

အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။
ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း။

★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရု့ံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။

နှစ်စဉ် နှစ်တိုင်း ကဆုန် လပြည့်နေ့ သည်
မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်
မည်ကိုကုလသမဂ္ဂဌာနချုပ်နှင့်အခြားသော ကုလသမဂ္ဂဌာနတို့ကတိုင်ပင်ညှိနှိုင်းကာဆုံး
ဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့
ကဆုန် လပြည့်နေ့ကို ကမ္ဘာ့ကုလ သမဂ္ဂက
အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်အဖြစ်သတ်
မှတ်ပေးခဲ့လေပြီ။

★ ကဆုန်လပြည့်နေ့ဟာဘုရားရှင် အဆူဆူ
ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက် လာ ခြင်းဟာ
လောက ကောင်း ကျိုး အတွက် ပဲ ဖြစ်တယ်
ဘုရား ရှင် ရဲ့အ ဆုံး အ မတော်ဟာလောက
သားတိုင်းအတွက် ဖြစ်တယ်။

လောကသားတို့ဟာ ဘုရားရှင်ရဲ့
အဆုံးအမအတိုင်းလိုက်နာကျင့်သုံးပါကကာ
ယသုခစိတ္တသုခနဲ့ ပြည့်စုံကြပြီးငြိမ်းချမ်းရေး
အ စစ် ဖြစ် တဲ့ သန္တိ သုခ နိဗ္ဗာန် ကိုမလွှဲဧကန်
ရောက်ရပေမည်။

🙏 ဘုရားရှင် အဆုံးအမဖြစ်တဲ့ 🙏

“မကောင်းမှု ရှောင်၊ကောင်းမှု ဆောင်၊

စိတ်ကို ဖြူအောင်ထား” ဗုဒ္ဓ တိုင်းသာ၊

မိန့်ခဲ့တာ၊ သုံးဖြာ ဤစကား ” အတိုင်း

လိုက်နာကျင့်သုံးနိုင်ကြပြီးငြိမ်းချမ်းရေး

အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ ……။

══════════════════════

🌞🌞🌞🌞🌞🌞🌞အရမ်းပူပြင်းတဲ့နွေရာသီမှာမီး⚡ ပုံမှန်မလာနိုင်တော့နေ့စဥ် အသုံးပြုနေတဲ့ရေသိုလှောင်ဖို့ဆိုတာသုံးစွဲသူ မိဘ ပြည်သူများ...
16/05/2024

🌞🌞🌞🌞🌞🌞🌞
အရမ်းပူပြင်းတဲ့နွေရာသီမှာ
မီး⚡ ပုံမှန်မလာနိုင်တော့
နေ့စဥ် အသုံးပြုနေတဲ့ရေသိုလှောင်ဖို့ဆိုတာသုံးစွဲသူ မိဘ ပြည်သူများအထူး လိုအပ်လာပါတယ် 😒
​ေရသိုလှောင်ဖို့ ဆိုတာလဲ ခဏ တာ အတွက် သိုလှောင်ခြင်းမျိုး မဟုတ်ဖဲ ရာသက်ပန် လဲ အသုံးပြုနိုင်မယ် ရွေ့ပြောင်းရလဲ လွယ်မယ့် ဖိုက်ဘာရေတိုင်ကီလေးတွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်(အသုံးပြုသူ တော်တော်မ​ျားများကတော့ ဖိုက်ဘာဂလပ်စ် ရဲ့ ဂုဏ်သတ္တိတော်တော်များများတော့ သိကြပါတယ်)🇲🇲ကိုညီဖိုက်ဘာဂလပ်စ်🇲🇲 ရေတိုင်ကီများကို 💦💦.WHO စံချိန်စံညွှန်းနှင့် အညီ သောက်သုံးရေအတွက် အသုံးပြုနိုင်ကြောင်း(Thailand) မှ Cerficate ရရှိထားသော ကုန်ကြမ်းများနှင့် ထုတ်လုပ်ထားပါတယ်💦💦Fiber နှင့် Glass ကို ပေါင်းစပ်ထားပြီး Glass ပါဝင်မှု 33% ပါသောကြောင့် သာမာန်ရေတိုင်ကီများထက် ပိုပြီး တောင့်တင်းခိုင်မာပါတယ်💦💦Ko Nyi Fiberglass ရေတိုင်ကီများကို အသုံးပြုခြင်းကြောင့် တိုင်ကီ အတွင်းရှိ ရေများအရောင်အဆင်းအနံ့ အရသာ ပြောင်းသွားခြင်း မရှိပါဖူးနော်
နှစ်ပေါင်းကြာရှည်စွာ အသုံးပြုနိုင်ပြီး ရေယိုခြင်း # #ဗိုက်ကားခြင်း ရေစိမ့်ထွက်ခြင်း လုံးဝ မရှိပါဖူးရှင်
တိုင်ကီ အတွင်းရှိရေသည် အဆိပ် အတောက် လုံးဝ မဖြစ်ပေါ်စေပါသောကြောင့် သုံးစွဲသူ မိဘ ပြည်သူများ အတွက် အန္တရာယ် ကင်းရှင်းစေပါတယ်✔💦💦.တိုင်ကီ အတွင်းသို့ နေရောင်ခြည် ဖောက်ဝင်နိုင်စွမ်းမရှိသောကြောင့် ရေညှိပေါက်ဖွာခြင်း မဖြစ်နိုင်သောကြောင့် batteria ပိုးများမပေါက်ဖွာနိုင်ပါဖူး💦💦.ရေဝင်ပေါက် ရေထွက်ပေါက် ရေလျှံပေါက်များကိုလဲ ဝယ်ယူသူ လူကြီးမင်းတို့ စိတ်တိုင်းကျ လိုအပ်သည့် နေရာများကို လိုအပ်သည့် size အတိုင်း ဖောက်ပေးသောကြောင့် ​ေရပိုက်များ တပ်ဆင်သောအခါ အခက်ခဲ မဖြစ်နိုင်တော့ပါ🇲🇲.ကိုညီ ဖိုက်ဘာဂလပ်စ် ရေတိုင်ကီများကို စျေးနှုန်းသက်သာစွာဖြင့် လူကြီးမင်းတို့ ၏ ရေ သိုလှောင်မှု အဆင်ပြေစေရန် ကူညီ ပေးပါရစေရှင်🙆‍♂️
☎09962053755
☎09428054447
☎09954620479
အားလုံးဖဲ အေးချမ်းကြပါစေရှင် 🙏🙏🙏

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Ko Nyi Fiberglass posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share