Maga Myint Engineering Group Co.,Ltd

Maga Myint Engineering Group Co.,Ltd 33kV, 11kV ,400V , X'Mer Installation & Trading Company 🦅🍀

13/01/2025

အမေ နဲ့ အဖေဆိုတာက သားသမီးတွေရဲ့အသက်နဲ့ ဘ၀ကို ဆက်ပေးလိုက်တဲ့ အနန္တဂိုဏ်း၀င် ကျေးဇူးရှင်ကြီး နှစ်ပါးပေါ့ 🙏🙏🙏
ပြာသိုလပြည့် အမေ့များနေ့တွင်
ကမ္ဘာပေါ်မှာ ရှိသော် အမေများ စိတ်ချမ်းသာ၊
ကိုယ်ကျန်းမာဖြင့် ပြည့်စုံကြပါစေ 🙏🙏🙏

#ပြာသိုလပြည့်အမေများနေ့

ဦးအုန်းမြင့် မိသားစု(မာဃမြင့်ကုမ္ပဏီ) မှ တောင်ကြီးမြို့၊အေးသာယာစက်မှုဇုန်၊ "သုသာန်ကမ္မဌာန်းကျောင်းတိုက်"အတွင်း တွင် "ဓမ္...
26/12/2024

ဦးအုန်းမြင့် မိသားစု(မာဃမြင့်ကုမ္ပဏီ) မှ တောင်ကြီးမြို့၊အေးသာယာစက်မှုဇုန်၊ "သုသာန်ကမ္မဌာန်းကျောင်းတိုက်"
အတွင်း တွင် "ဓမ္မသိင်္ဂီ သိမ်တော်ကြီး" ကို နိဗ္ဗာန်အကျိုးမျှော်၍ အောင်မြင်စွာ ဆောက်လုပ်ပြီးစီး လှူဒါန်းခဲ့ပါသည်။🙏🙏🙏
ဤကောင်းမှုအစုစုကို အမျှပေးဝေပါသည်🙏🙏🙏
"အမျှ အမျှ အမျှ " ယူတော်မူကြပါကုန်သော်
"သာဓု သာဓု သာဓု "🙏🙏🙏

မာဃမြင့် ကုမ္ပဏီမှ အင်း‌လေး ဒေသ အတွင်း လူအရောက်နည်းပြီး ရေကြီးနေသော သပြေပင် ရွာ ၊ မင်းရွာ၊ ဟိုပုန်းရွာ၊ အလယ်ရွာ ၊ လယ်ခေါ...
27/09/2024

မာဃမြင့် ကုမ္ပဏီမှ
အင်း‌လေး ဒေသ အတွင်း
လူအရောက်နည်းပြီး ရေကြီးနေသော
သပြေပင် ရွာ ၊ မင်းရွာ၊ ဟိုပုန်းရွာ၊ အလယ်ရွာ ၊ လယ်ခေါင်ရွာ ၊ ကွန်ဟိုး ရွာ
စုစုပေါင်း ရွာ ၆ ရွာ ကို
ခေါက်ဆွဲဗူး ၊ရေသန့် နှင့် ကြက်ဥ ၊‌ ကော်ဖီ ၊ ဝေဖာ များကို သွားရောက် လှူဒါန်းခဲ့ပါသည်။

သားသား ပြည့်ဖြိုးသန့် ရက်(၁၀၀)ပြည့်အလှူ ဆန် ၊ဆီ ၊ ကြက်ဥ များကို လူ ၃၈၀ စာ အတွက် လှူဒါန်းခဲ့ပါသည်။ 🎉🍀🎈🎊သာဓု သာဓု သာဓု 🙏🙏🙏
26/09/2024

သားသား ပြည့်ဖြိုးသန့် ရက်(၁၀၀)ပြည့်အလှူ
ဆန် ၊ဆီ ၊ ကြက်ဥ များကို လူ ၃၈၀ စာ အတွက်
လှူဒါန်းခဲ့ပါသည်။ 🎉🍀🎈🎊

သာဓု သာဓု သာဓု 🙏🙏🙏

22/07/2024

#သုသာန်ကမ္မဌာန်းကျောင်းတိုက်အတွင်း
သံဃံတော်များ ဝါတွင်း ကာလပတ်အခါ တရားအားထုတ်နေကြစဉ် .....

#နတ်လူသာဓုခေါ်စေသော် 🙏🙏🙏

"အမေမကြိုက်ဘူး အဖေမကြိုက်ဘူး ကိုယ့်ဘာသာဝအောင်စား" ဆိုတာ မိဘတိုင်းရဲ့မုသားစကား 🤍Crd♥
31/10/2023

"အမေမကြိုက်ဘူး အဖေမကြိုက်ဘူး

ကိုယ့်ဘာသာဝအောင်စား" ဆိုတာ

မိဘတိုင်းရဲ့မုသားစကား 🤍

Crd♥

မင်္ဂလာပါ 🙏🙏🙏လူကြီးမင်းတို့ရဲ့တင်ဒါ၊ ကျေးရွာ မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် 11kV ,400V ,X'mer ဆက်စပ်ပစ္စည်း...
25/06/2023

မင်္ဂလာပါ 🙏🙏🙏
လူကြီးမင်းတို့ရဲ့တင်ဒါ၊ ကျေးရွာ မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် 11kV ,400V ,X'mer ဆက်စပ်ပစ္စည်းများ 🔩⚙️📏
11kV - Pin insulator
Disc insulator
NLD-1,2
Cable SAC 1C×95mm² ,ACSR 95mm² ,
AWOC 1C×95mm² ,
U Channel ,full clamp,half clamp
11kV ဆက်စပ်ပစ္စည်းများ

400V - AAC 1C×95mm² Al/XLPE/PVC
AAC 1C×35mm² Al/XLPE/PVC
AAC 1C×95mm² Al/PVC
AAC 1C×35mm² Al/PVC
PA1500, PA 2000
Angle Arm GI,D iron ,shackle ,stay rod
400 V ဆက်စပ်ပစ္စည်းများ

X'mer - HDBC No.2,4,6
Disconnected switch (630 A),(1250A)
11kV LA , 11kV Droup out fuse
X'mer ဆက်စပ်ပစ္စည်းများ

33kV - Pin insulator (ABI )
Disc Insulator (ABI ) (Dalian)

#လိုင်းလုပ်ငန်းသုံး ပစ္စည်းများကို ယုံကြည်စိတ်ချစွာဖြင့်
၀ယ်ယူအားပေး‌နိုင်ပါတယ် ခင်ဗျာ

လူကြီးမင်းတို့ကိုယ်တိုင်လာရောက်၀ယ်ယူမည်ဆိုပါက

📬အမှတ်155-237, အနောက်ဖောင်တော်ပေါက်လမ်း၊အေးသာယာစက်မှုဇုန်၊တောင်ကြီး

📱☎️09783675711
📱☎️09899066437 ကိုဆက်သွယ်၀ယ်ယူအားပေးနိုင်
ပါတယ် ခင်ဗျ🌅🌈🌅

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ ခင်ဗျာ 🍀🌈🌈




15/06/2023
ရဲရင့်စွာ ရှင်သန်ကြစို့ ဒီချာတိတ်လေး ဘာလုပ်နေတာလဲ သိလား။ မီးသင်္ဂြိုလ်ဖို့ စောင့်နေတာ။ သူ့နောက်မှာလွယ်ထားတဲ့ ကလေးလေးက သူ...
16/07/2021

ရဲရင့်စွာ ရှင်သန်ကြစို့

ဒီချာတိတ်လေး ဘာလုပ်နေတာလဲ သိလား။ မီးသင်္ဂြိုလ်ဖို့ စောင့်နေတာ။ သူ့နောက်မှာလွယ်ထားတဲ့ ကလေးလေးက သူ့ညီလေး။ အသက်မရှိတော့ဘူး။ ဒီဓါတ်ပုံကို ၁၉၄၅ ခုနှစ် ဂျပန်(Nagasaki) စစ်တွင်းတုန်းက အမေရိကန်စစ်သား Joe O'Donnell က ရိုက်ခဲ့တာဖြစ်တယ်။

အချိန်က စစ်အတွင်း။ ဒီမတ်တပ်ရပ်နေတဲ့ ဂျပန်ကလေးငယ် (Akihiro San)ဟာ အရွယ်နဲ့မမျှအောင် သူ့ပါတ်ဝန်းကျင်မှာ လူသေအလောင်းတွေကို ဘယ်လောက်များ မြင်ထားရမလဲ။

လောလောဆယ်အနေအထားအရလည်း ဥမမယ်စာမမြောက်သေးတဲ့ ကိုယ့်ညီလေးအလောင်းကို သယ်ပိုးပြီး မီးသင်္ဂြိုဟ်ဖို့စောင့်နေတဲ့ ဒီကလေးရဲ့အဖြစ်။ ဒါပေမယ့် ဒီဂျပန်ကလေးလေးဟာ သာမန်လူကြီးတစ်​ယောက် မထားနိုင်တဲ့ မျက်နှာမျိုးကိုဆောင်ထားတယ်။

နာကျည်းခြင်း၊ ခံပြင်းခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ ချုပ်တည်းထားရခြင်းတွေ စတဲ့ပြင်းထန်လွန်းတဲ့ ခံစားချက်တွေ ရောပြွမ်းနေတဲ့ မျက်နှာရိပ်ဖြစ်နေပေမယ့်၊ ကျိန်းသေတာက ကြောက်ရွံ့မှုကို လုံးဝမ​တွေ့ရတာပဲ။

နောက်ပိုင်း သူ့ဓါတ်ပုံကို အသေးစိတ်အကျယ်ချဲ့ကြည့်တော့ ညာဘက်မျက်ဝန်းထောင့်မှာ မျက်ရည်စလေး စို့နေတာ တွေ့ရတယ်။ ဖိနပ်မပါဘူး၊ နှပ်တွဲလောင်းနဲ့။ ဒါပေမယ့် သူညွှတ်ကျမနေဘူး။

လောကမှာ မွေးဖွားရတာ မခက်ဘူး။ သေဆုံးရတာကတော့ မွေးဖွားရတာထက် စာရင် ပိုခက်တယ်။ ​အခက်ဆုံးက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက "ရှင်သန်ခြင်း"ပဲ။ အဲ့ဒီ "ရှင်သန်ခြင်း" ယိုင်လဲစေဖို့ဆိုရင် "အကြောက်တရား"ကို သုံးရတယ်။ "ရှင်သန်ခြင်း"ကို ခိုင်မြဲစေဖို့ဆိုရင်တော့ "ရဲရင့်ခြင်း"လိုတယ်။

အခုဒီပုံထဲက ဂျပန်ကလေးငယ်ရဲ့စိတ်ဓါတ်မျိုး ဂျပန်အတော်များများမှာ ရှိခဲ့ကြတယ်။ ဒါကြောင့် ကမ္ဘာမှာ သူတို့ရှင်သန်နေတယ်၊ ခိုင်မြဲနေတယ်၊ ဘယ်လိုအခက်အခဲနဲ့တွေ့တွေ့ မယိုင်မလဲ ရှိနေတယ်။ ပြောချင်တာက စာရေးသူတို့ရဲ့ မြန်မာနိုင်ငံသားတွေလည်း ရှင်သန်ဖို့အတွက် ရဲရင့်နေမှဖြစ်တော့မယ်။

Credit: #နန္ဒာ

Edit text & Shared _ #အေအန်န်အမ်မ်တီ

Covid dead body ကိုPPEဝတ်ထားတဲ့သူတွေပဲကိုင်တွယ်လို့ရတာပါနော် 😔သေဆုံးချိန်မှာ viral loadအများဆုံးပါတဲ့ 📣( မနေ့က video ကို...
15/07/2021

Covid dead body ကိုPPEဝတ်ထားတဲ့သူတွေပဲကိုင်တွယ်လို့ရတာပါနော် 😔သေဆုံးချိန်မှာ viral loadအများဆုံးပါတဲ့ 📣
( မနေ့က video ကိုကြည့်ပြီးကတည်းက အံ့သြပြီး ဝမ်းလည်းနည်းတယ် 😞 ကိုယ့်နိုင်ငံမှာ Precaution လည်းသိပ်မသိကြဘူး သိလည်း PPE ဖိုးလည်းမတတ်နိုင်တဲ့သူနဲ့ စိတ်လောပြီး Dead body ကိုမီးရှို့နိုင်ဖို့ကိုပဲ စောင့်နေကြရတယ်)😓

သုဿန်မှာ လူတွေက အများကြီးး
ဘာ PPE မှလဲမပါ Viral load in dead body...
ကူးလာတာပါ။

သဂြိုဟ်ဖို့ တအား စောင့်ကြရတယ်လို့ သိရပါတယ်။ မြင်ရတာနဲ့တင် အင်မတန် စိတ်မကောင်းနာကျင်စရာပါ။

အရင်က ဖတ်မိသလောက် ကိုဗစ်လူနာ သေဆုံးပြီးချိန် Dead body ဟာ Viral load အများဆုံးလို့ သိရပါတယ်။ Dead body ကို ထုပ်ပိုးတာကလည်း စနစ် အရမ်းကျဖို့ လိုသလို၊

သယ်ဆောင်သူဟာလည်း PPE ဝတ်ပုံ၊ ချွတ်ပုံ တွေ Standard operative procedure အတိုင်း စနစ်တကျ လိုက်နာရတယ်လို့ပဲ သိထားပါတယ်။

Dead body နား အပြင်လူ သာမန် အဝတ်အစားနဲ့ ကပ်လို့ လုံးဝ လုံးဝ မရပါဘူး။

အခု မြင်မိသလောက် ...

⚠️ COVID-19 positive မိသားစုတွေကနေ စွန့်ပစ်တဲ့ အမှိုက်တွေ မှာ ကိုဗစ် ကျန်းမာရေး အသိ မရှိတဲ့ သူတွေ အလွယ်စွန့်ပစ်ရင်၊

⚠️ အခု dead body သယ်ဆောင်ပုံ၊ သဂြိုဟ် ပုံအရ ဆိုရင်၊ လိုက်ပါ ပို့ဆောင်သူတွေ ရဲ့ precaution ယူထားပုံ အရ ဆိုရင်

နောက် ရက်သတ္တပတ် အနည်းငယ်မှာ ကူးစက်နှုန်းဟာ တအား မြင့်တက်လာမယ်လို့ တွက်ဆရပါတယ်။ သေဆုံးနှုန်းကလည်း တစ်ပါတည်း လိုက်တက်လာမှာပါ။

အထူး ဂရုစိုက်ကြပါ မိတ်ဆွေတို့၊ အားလုံး အသက်ရှင်သန်ဖို့ အစွမ်းကုန် ကာကွယ် ရုန်းကန်ကြပါ။

ခေတ်ဆိုး ကပ်ဆိုးက လွန်မြောက်ရင် အားလုံး ကျန်းကျန်းမာမာ နဲ့ ပြန်ဆုံချင်ပါသေးတယ် ...🙏🏻🙏🏻🙏🏻

Credit

Address

No, 155-237, West Phaung Taw Pauk Street Aye Tharyar Industrial Zone. Shan State(South)
Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959783675711

Website

Alerts

Be the first to know and let us send you an email when Maga Myint Engineering Group Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maga Myint Engineering Group Co.,Ltd:

Share