Decision Construction Company limited

Decision Construction Company limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Decision Construction Company limited, Construction Company, Taungoo.

ကျွန်တော်တို့က ရှေ့တော့ ဆက်တက်နေရဦးမှာပါပဲ
26/08/2024

ကျွန်တော်တို့က ရှေ့တော့ ဆက်တက်နေရဦးမှာပါပဲ

 #ပြွန်တန်ဆာမြို့မှာ တည်ဆောက်မယ့် #33’ x 25’ 2.5 stores RC အဆောက်အဦးလေး လုပ်ငန်းများစတင် ဆောင်ရွက်နေပါပြီ။
09/06/2024

#ပြွန်တန်ဆာမြို့မှာ တည်ဆောက်မယ့်
#33’ x 25’ 2.5 stores RC အဆောက်အဦးလေး လုပ်ငန်းများစတင် ဆောင်ရွက်နေပါပြီ။

  မြို့မှာ33'x 20' one storey SS Building တစ်လုံးတော့ အပ်နိုင်ခဲ့ပြီ။  DCC Group 💪💪💪
19/06/2023

မြို့မှာ
33'x 20' one storey SS Building တစ်လုံးတော့ အပ်နိုင်ခဲ့ပြီ။
DCC Group 💪💪💪

02/06/2023

ရှယ်ယာ စာချုပ် ချုပ်ဆိုမယ်ဆိုရင်....
စီးပွားရေး လုပ်ငန်း တစ်ခုခုလုပ်ကိုင်ခြင်းဟာ ရင်းနှီးမြုပ်နှံမှု အမျိုးအစားတွေ ထဲမှာ တွက်ခြေကိုက်တဲ့ အမျိုးအစားထဲ ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် အမြတ်အစွန်းများတဲ့ လုပ်ငန်း တွေကို ထူထောင် လုပ်ကိုင် ကြဖို့ လူတိုင်း ကြိုးစားကြလေ့ရှိပါတယ်။ ဒီလို လုပ်ငန်းတစ်ခုထူထောင်ရာမှာ အရင်းအနှီး လိုအပ် ချက်တွေကြောင့် တစ်ဦးထဲ စိုက်ထုတ် မလုပ်ကိုင်နိုင်ပဲ ယုံကြည်ရင်းနှီးရာ အသိမိတ်ဆွေ တွေကိုပါ စည်းရုံးဆွဲဆောင်ပြီး စပ်တူရှယ်ယာ အနေနဲ့ ဆောင် ရွက်ကြလေ့ရှိလာပါတယ်။ ဒါဟာ တကယ်တော့ ကောင်းမွန်တဲ့ ကိစ္စ တစ်ခုပါပဲ။ ငွေပမာဏ နည်းနည်းလေးတွေ တစ်ဦးစီ ကိုင်ထားရင် တန်ဖိုးကျနေမယ့်အစား ကိုက်လောက်တဲ့ လုပ်ငန်းတစ်ခုကို စုလုပ်လိုက်တာက အတော် အဆင်ပြေနိုင် ပါတယ်။ ဒါပေမယ့် အခုရှုပ်မှုနောင်ရှင်း ဆိုသလို စပ်တူ ရှယ်ယာ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် အစုရှယ်ယာ သဘောတူ စာချုပ် ကို ရှင်းရှင်းလင်းလင်းသေသေချာချာ ချုပ်ဆိုထားကြဖို့လဲ လိုအပ်ပါတယ်။ ဒါ့အပြင် ရပိုင်ခွင် လုပ်ပိုင်ခွင့်တွေကိုပါ ရှင်းလင်း ပိုင်းဖြတ်ထားဖို့လိုပါတယ်။ ဒီနေ့မှာ တော့ လုပ်ငန်းတစ်ခု အတွက် အစုရှယ်ယာ ထည့်ပြီး လုပ်ကြတော့မယ်ဆိုရင် ချုပ်ဆိုရမယ့်စာချုပ်မှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်သင့်တယ်ဆိုတာကို မျှဝေပေးလိုပါတယ်။
(၁) ဘယ်လိုရှယ်ယာ အမျိုးအစားလဲ
အရင်ဆုံးကတော့ ရှယ်ယာ ဆိုတာမှာ သဘောသဘာ၀ အားဖြင့် နှစ်မျိုး ရှိပါတယ်။ Common Share နဲ့ Preferred Share တို့ ဖြစ်ပါတယ်။ Common Share ဆိုတာက လုပ်ငန်းပိုင်ဆိုင်မှု ရှိတဲ့ အတွက် ဈေးအတက်အကျရှိပြီး နှစ် လုပ်ငန်း ကမြတ်သလောက် အချိုးကျ အမြတ်ကို ရရှိနိုင်ပါတယ်။ ဒီတော့ဈေးလဲ ကျနိုင်သလို အရှုံးပေါ်တဲ့ နှစ်မှာလည်း ဘာမှ မရနိုင်ပါဘူး။ Preferred Share ကတော့ ငွေချေးထားတာနဲ့ တူပါတယ်။ လုပ်ငန်းပိုင်ဆိုင်မှု မရှိပဲ လစဉ် သို့မဟုတ် နှစ်စဉ် သတ်မှတ် ထားတဲ့ ငွေပမာဏ တစ်ခုကိုသာ ပုံမှန်ရပါတယ်။ အားနည်းချက်ကတော့ လုပ်ငန်းကတိုးမြတ်လို့ ပိုတိုးမရပါဘူး။ ဒီလိုပါပဲအားသာတာက လုပ်ငန်းက ရှုံးလို့ တစ်ပြားမှ မရတာမျိုးလဲ မဟုတ်ပဲ ပုံသေ ပမာဏ တစ်ခုကို အမြဲရနေတာပါပဲ။ နောက်တစ်ခါ Preferred Share အားသာချက်က လုပ်ငန်းရှုံး လို့ ရှိသမျှ ကိုရောင်းချလိုက်ပြီးအကြွေးဆပ်မယ်ဆိုရင် Preferred Share သမား တွေကို အရင် အပြည့်အ၀ ပေးရပါတယ်။ ဒါကြောင့် Preferred Share သမား တွေက Safe ဖြစ်ပါတယ်။
ဆိုတော့ မိမိ ထည့်ဝင်မယ့်ရှယ်ယာ က ဘယ်လိုရှယ်ယာအမျိုးအစားလဲ Common Share ဆိုရင် အမြတ် ခွဲဝေမှုလဲရနိုင်ရမှာ ဖြစ်သလို လုပ်ငန်းပိုင်ဆိုင်မှုလဲ ရရမယ်၊ ဈေးအတက်အကျရှိရမယ် ဆိုတာတွေ သဘောတူ ချုပ်ဆိုဖို့လိုပါတယ်။ ဒီလိုမဟုတ်ပဲ Prefered Share ငွေချေးသလို ရှယ်ယာ ဆိုရင်တော့ Preferred Share ရဲ့ အားသာချက်ဖြစ်တဲ့ လုပ်ငန်းရှုံးလဲ ပုံသေ ပမာဏရမယ်၊ ဒေဝါလီခံရရင် ပိုင်ဆိုင်မှုတွေကို ရောင်းပြီး Preferred Share တွေကို အပြည့်ပေးရမယ် စာတာတွေ အပြည့်အစုံ သဘောတူချုပ်ဆိုဖို့လိုပါတယ်။
(၂) လုပ်ငန်းပိုင်ဆိုင်မှု…
Common Shareဆိုရင် လုပ်ငန်းရဲ့ ရှယ်ယာ အစု ၁၀၀မှာ တစ်စု ထဲကိုပဲပိုင်ဆိုင်သည်ဖြစ်စေ ဒီလုပ်ငန်း ရဲ့ ၁၀၀ ပုံ ၁ ပုံကို ပိုင်ဆိုင် တာဖြစ်ပါတယ်။ဒီအတွက် အရင်ဆုံး ရှယ်ယာ ထည့်ဝင်မယ့်သူတွေ နဲ့ လုပ်ငန်းရှင်နဲ့ တွေ့ဆုံပြီး လုပ်ငန်းတန်ဖိုးကို ညှိနှိုင်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ မလည်ပတ်ရသေးတဲ့ လုပ်ငန်း ဆိုရင်တော့ ရင်းနှီးမတည်ငွေ ဘယ်လောက်လိုမယ် ရှယ်ယာ တစ်စုကို ဘယ်လောက်၊ ဘယ်သူ ဘယ်နှစ်စု ထည့်မယ်ဆိုရင် ရှင်းလင်းသွားပေမယ့် လည်ပတ်လက်စ လုပ်ငန်းဆိုရင်တော့ လုပ်ငန်းတန်ဖိုး ကို ညှိနှိုင်း တွက်ချက် ဖို့လိုလာပါတယ်။ လုပ်ငန်းရဲ့ Fixed assets, Tangible assets တွေသာမက လုပ်ငန်းရဲ့ Intangible Assets တွေဖြစ်တဲ့ Brand တန်ဖိုး ကိုပါ ထည့်တွက် ဖို့လိုလာပါတယ်။ ဒီအတွက် နှစ်ဦးနှစ်ဖက် သင့်တော်မယ့် ပမာဏ တစ်ခုကို ဆုံးဖြတ်ကာ လုပ်ငန်း တန်ဖိုးက ဘယ်လောက်ရှိတယ်။ ရှယ်ယာ ရှင်က ဘယ်လောက်ထည့်ဝင်မယ်ဆိုရင် လုပ်ငန်းရဲ့ ဘယ်လောက် ရာခိုင်နှုန်းကိုတော့ ပိုင်ဆိုင်မှု အဖြစ် ရရှိမယ် ဆိုတာ ကို သဘောတူစာချုပ်မှာ သီးသန့် တစ်ပိုဒ် ရှင်းရှင်းလင်းလင်း ရေးသားဖို့လိုပါတယ်။
(၃) ထည့်ဝင်ငွေ သုံးစွဲမှုနဲ့ အခြားလုပ်ငန်းများ..
ရှယ်ယာ ထည့်ဝင်တဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ လုပ်ငန်းအတွက်ပဲ သုံးစွဲရမှာ ဖြစ်ပြီး အခြား ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အခြား ရှယ်ယာထည့်ဝင်မှုနဲ မသက်ဆိုင်တဲ့ လုပ်ငန်းတွေ မှာ လည်ပတ် သုံးစွဲခြင်း မပြုဖို့ ကိုလဲ စည်းကမ်းသတ်မှတ်ဖို့လိုပါတယ်။ ဒီလိုပဲ ရှယ်ယာခေါ်သူ လုပ်ငန်းရှင်မှာလည်း အခြားသော လည်ပတ်နေတဲ့ လုပ်ငန်းတွေ ရှိနေနိုင်ပြီး ထည့်ဝင်တဲ့ ရှယ်ယာငွေဟာ သတ်မှတ် လုပ်ငန်း တစ်ခုအပေါ်မှာသာ ဖြစ်ပြီးအခြား လုပ်ငန်းတွေ နဲ့ သက်ဆိုင်ခြင်း မရှိဘူး ဆိုတာကိုလဲ သီးသန့် သတ်မှတ် ထည့်သွင်းချုပ်ဆိုသင့်ပါတယ်။
(၄) အမြတ်ခွဲဝေမှု…
လုပ်ငန်းလုပ်ကိုင်လို့ ရရှိလာတဲ့ အမြတ်တွေကို ဘယ်နှစ်လ တစ်ကြိမ်ခွဲေ၀ မယ် ၊ ဘယ်လိုပုံစံ နည်းလမ်း တွေ နဲ့ တွက်ချက် မျှဝေမယ်ဆိုတာတွေကို လဲ သဘောတူ စာချုပ်မှာ ရှင်းလင်း စွာ ထည့်သွင်း ထားဖို့လိုပါတယ်။ ပုံမှန် အားဖြင့်တော့ လုပ်ငန်းတစ်ခု ဟာ လစဉ် အကျိုးအမြတ် ခွဲပေးတာ ထက် သုံးလတစ်ကြိမ် ခြောက်လ တစ်ကြိမ် တစ်နှစ်ကြိမ် ခွဲတာက ပိုပြီး သင့်တော်လေ့ရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ အသားတင် အမြတ် ထဲကနေမှ ငွေရင်းအတွက် ထပ်ပေါင်းဖို့ဖြစ်ဖြစ်၊ ဆိုင် တိုးချဲ့ဖို့ဖြစ်ဖြစ် ၊ အသစ်ပြင်ဆင် Upgrade လုပ်ဖို့ဖြစ်ဖြစ် အချိုး တစ်ခု ပုံမှန် ဖယ် ထုတ်ထားတာမျိုး ကိုရော ဆောင်ရွက် ဦးမှာလား စတဲ့ Financial ပိုင်းဆိုင်ရာ ပေါ်လစီတွေ ပါ ရှင်းလင်းအောင် လုပ်ထား သင့်ပါတယ်။
(၅) လုပ်ပိုင်ခွင့်တွေ…
လုပ်ငန်းလည်ပတ်ရာမှာ လုပ်ငန်းရှင်နဲ့ ရှယ်ယာ ရှင်တို့ရဲ့ လုပ်ပိုင်ခွင့် တွေ ၊ တောင်းဆိုပိုင်ခွင့်တွေ ကဘယ်သူ့မှာ ဘယ်လိုရှိမယ်ဆိုတာကိုလဲ သေချာ ရှင်းလင်းပိုင်းဖြတ် ထားဖို့လိုပါတယ်။ အချို့လုပ်ငန်းရှင်တွေ ကတော့ သူတို့ကပဲ လုပ်ငန်း Operation and Management ကိုကိုင်တွယ် မယ် လို့ ဆုံးဖြတ်ကြပေမယ့် ရှယ်ယာ ရှင်တွေကလဲ လုပ်ငန်း ရဲ့ အချက်အလက် တွေကို စစ်ဆေးပိုင်ခွင့် တွေ ရှိရပါတယ်။ ဒီအတွက် လစဉ် ဘယ်လို စာရင်းရှင်းတမ်းတွေ လုပ်မယ်၊ ဘာတွေ ကို ရှယ်ယာ ရှင် တွေက သိလိုရင် အချိန် ဘယ်လောက်အတွင်း ပေးအပ်မယ် စသည်ဖြင့် ပိုင်းဖြတ်ထားဖို့လိုပါတယ်။
(၆) အရှုပ်အရှင်းတွေ..
လုပ်ငန်းကို ရှယ်ယာ ထည့်ဝင် ပြီး ပေမယ့် ယခင်အချိန်တုန်းက အနေအထား တစ်ခုခုကြောင့် ငွေကြေးဆိုင်ရာဖြစ်ဖြစ် ဥပဒေဆိုင်ရာ ဖြစ်ဖြစ် အရှုပ်အရှင်းတစ်ခုခုပေါ်လာခဲ့ရင် ဘယ်လိုရှင်းမယ် ဘယ်သူက ဘယ်လိုတာဝန်ယူမယ်ဆိုတာမျိုးလဲ ထည့်သွင်းဖို့လိုပါတယ်။ ယခင်နှစ်တွေ ကအခွန်မဆောင် ထားတာမျိုးတွေ ၊ ဥပေဒနဲ့ မလွတ်ကင်းတာတွေ စသဖြင့် ရှိ တတ်လို့ဖြစ်ပါတယ်။
(၇) လုပ်ငန်းဖွဲ့စည်းပုံ..
အချို့ Public လုပ်ငန်းကြီးတွေ မှာတော့ ရှယ်ယာ အစောင်ရေ သိန်း နဲ့သန်းနဲ့ချီ အများပြည်သူကို ထုတ် ေ၀ ရောင်းချထားလေ့ရှိပါတယ်။ ဒီလိုရှယ်ယာရှင် များစွာထဲကမှ ရှယ်ယာ ဘယ်လောက် ရာခိုင်နှုန်း ပိုင်ဆိုင်တယ်ဆိုရင် Board of Director အဖြစ်လျှောက်ထားနိုင်ခွင့် ရှိ တာ၊ဘယ်လောက် ရာခိုင်နှုန်း နဲ့အထက် ပိုင်ဆိုင်ရင်တော့ လုပ်ငန်းရဲ့ အပြောင်းအလဲ တွေ မှာ မဲပေးဆုံးဖြတ်နိုင်ခွင့်ရရှိတာ၊ စသဖြင့် ရှယ်ယာ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ဖွဲ့စည်းပုံ နဲ့ ဆုံးဖြတ်နိုင်ခွင့်တွေ ခွဲခြားသတ်မှတ် ထားလေ့ရှိပါတယ်။
(၈) အရှုံးပေါ်ရင် …
တကယ်လို့ လုပ်ငန်းဟာ ဘယ်နှစ်လ ဆက်တိုက် အမြတ်မရှိပဲ အရှုံးပေါ်နေမယ်၊အရှုံး ကလဲ မတည် ရင်းနှီးငွေရဲ့ ဘယ်လောက် ရာခိုင်နှုန်း အထိ ထိပါး ကုန်ဆုံး သွားမယ် ဆိုရင် လုပ်ငန်းကို ဘယ်လို နည်းလမ်းနဲ့ ဖျက်သိမ်းကြမလဲ၊ ဘာဆက်လုပ်ကြမလဲဆိုတဲ့ Exit Strategy, Exit Plan တွေ သတ်မှတ် ဖို့လိုပါတယ်။ ဥပမာ ခြောက်လဆက်တိုက် အရှုံးပေါ်နေပြီး ငွေရင်းရဲ့ ၄၀% ထိ ဆုံးရှုံးနေပြီဆိုရင် လုပ်ငန်း ပိုင်ဆိုင်မှုတွေကိုရောင်းချ ပြီး အချိုးကျ ပြန်လည် ခွဲယူမယ် စသဖြင့်ပါပဲ။
(၉) အစုရှယ်ယာ တွေကို ရောင်းချ ပေါင်နှံ လွဲပြောင်း မှုစည်းမျဉ်းများ..
ရှယ်ယာ ရှင်တစ်ဦးစီပိုင်တဲ့ ရှယ်ယာတွေကို ပေါင်နှံခွင့် ရှိ မရှိ၊ ရောင်းချ မယ်ဆိုရင်လဲ ဘယ်လို အဆင့်ဆင့် ဘယ်သူတွေကို အရင် Offer ပေးရမယ် ၊ စသဖြင့် သတ်မှတ်ဖို့လိုအပ်ပါတယ်။ ဥပမာ အများအားဖြင့်တော့ ရှယ်ယာ ရှင်တစ်ဦးက သူပိုင် ရှယ်ယာတွေကိုရောင်းမယ် ဆိုရင် လုပ်ငန်း ကို ပြန်ဝယ် မဝယ် အရင်ဆုံး Offer ပေးရပါတယ်။ လုပ်ငန်းက မဝယ်ယူနိုင်ရင်လက်ရှိ ရှယ်ယာ ပိုင်ဆိုင်သူ တွေကို offer ပေးရလေ့ရှိပြီး ဝယ်ယူသူမရှိမှ အခြား ပြင်ပကို ထုတ်ရောင်းရလေ့ရှိပါတယ်။
(၁၀) မလွန်ဆန်နိုင်သော….
နောက်ဆုံး တစ်ခုကတော့ မလွန်ဆန်နိုင်သော ဖြစ်ရပ်တွေ အတွက် ဘယ်လိုတွေ လုပ်ကြမယ်ဆိုတာ ကို ကြိုတင်နားလည်မှု ယူညှိနှိုင်းထားဖို့ပါပဲ။ ဥပမာ ရေ မီး စတဲ့ သဘာ၀ ဘေးအန္တာရာယ် လိုမျိုး၊ အခြားသော အခြေအနေ တစ်ရပ်ရပ်ကြောင့် လုပ်ငန်းရပ်ဆိုင်းထားရမှု၊ ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာတွေပါပဲ။
ဒါတွေကတော့ လုပ်ငန်း တစ်ခုကို စပ်တူ ရှယ်ယာလုပ်ဆောင်ကြတဲ့အခါမှာ ချုပ်ဆိုကြမယ့် သဘောတူ စာချုပ်မှာ ဘယ်လိုအကြောင်းအရာတွေ ကတော့ မဖြစ်မနေပါဝင်သင့်တယ်ဆိုတာကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
လုံလောက်တဲ့အ သိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
လုံလောက်တဲ့ အသိပညာ ရရှိဖို့ Kaung Hein Soe – Strategic မှာ သင်တန်းတက်ကြစို့။
Kaung Hein Soe – Strategic
Business Consultant

05/05/2023

#အိမ်ခြံမြေသင်တန်း
ဆောက်လုပ်ခွင့်ပါမစ် ကျဖို့
အနည်းဆုံး ၈ လ နဲ့ ၁ နှစ် ဘာကြောင့် ကြာသလဲ ?
မေးမြန်းမှုကို ဒီပို့စ်နဲ့ပဲ ဖြေလိုက်တယ်။

အခန်းပေး အခန်းယူ
ဆောက်လုပ်မယ်ဆိုရင် ....
မြေရှင် + ကန်ထရိုက်
ချိတ်ဆက်ထားမှ
( ဆောက်လုပ်ခွင့်ပါမစ် ဆိုတာ ဖြစ်လာတာပါ )

D .C - map. မြေပုံကူး/မြေတိုင်း
မိမိဆောက်လုပ်မည့် မြေ
အကျယ်အဝန်းအတွက်
ဘေးအိမ်တွေလက်မှတ်ထိုး
D.C map အတွက် ခရိုင်အလိုက်
မြေယာ AE လက်မှတ် စုံမှ
ခန်းမ ( မြို့ တော် ခန်းမ )
D.C map အတွက် ငွေးသွင်း ရပါတယ်
သွင်းချင်တိုင်း သွင်းလို့ မရပါဘူး
တနင်္လာ - ဗုဒ္ဓဟူး - သောကြာ
မနက် ၉း၀၀ ညနေ ၂း၀၀
အထိပါဘဲ ငွေသွင်းပြီးမှ
၁ လအတွင်း မြေလာတိုင်းတာပါ
ပြီးမှ D.C map စာရွက်ထွက်ဖို့
၄၅ ရက်လောက်ကြာပါတယ်

Proposal Drawing.
မိမိ အဆောက်အဦး ပုံစံငယ်
တင်ရပါတယ် အဲ့ မှာ
RSE Construction sign
လက်မှတ်နဲ့ တွဲတင်ရတာပါ
YCDC ဆယ်ထပ်ရုံးမှာ ပုံစံစစ်မယ်
( ရစ်မယ် )
YCDC ခြောက်ထပ်ရုံး ကို ပို့မယ်
ပုံစံ စစ်မယ် ( ရစ်မယ် )
ပြင်လိုက်တင်လိုက်နဲ့
၄၅ ရက်လောက်ကြာပါတယ်
ပြီးရင်ပုံစံ စစ်ဆေးခအတွက်
မြို့တော် စည်ပင်ဘဏ်မှာ
ငွေသွင်းခိုင်ပါတယ်
ပြီးရင် ငွေသွင်း ချလန် ကို
YCDC ဆယ်ထပ်ရုံး
ကိုပြန်ပို့ပေးရတယ်
အားလုံးက ထိုင်ခုံမှာဘဲ ထိုင်နေတာပါ
ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်နေရတာပါ

Soil Test မြေစမ်းခြင်း
foundation အတွက်
မိမိဆောက်လုပ်မည့် မြေ
ပျော့ခြင်း မာခြင်းကို တိုင်းတာရတာပါ
မြေစမ်း ပြီး Soil Test စာအုပ်
ထွက်ဖို့အတွက် အချိန် တစ်လခွဲ ကြာမြင့်
ပါတယ်

RSE Structure Caculation/sign.
တွက်မယ် ချက်မယ်
လက်မှတ်ထိုးမယ်
နှစ်ပတ်လောက်တော့ကြာပါတယ်

RSE Construction sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile RSE Structure sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile Company sign
လက်မှတ်ထိုးမယ် တုန်းထုမယ်

( RSE / Pile sign စုံဖို့ အနည်းဆုံး ၁ လ ပါဘဲ )

မီးသတ်ထောက်ခံချက်

စပြီ ကျနော်တို့ Proposal အောင်ထားတဲ့ ပုံစံကိုကြည့်မယ် မီးသတ်က သက်မှတ်ချက်အတိုင်း ပုံစံ ပြန်ဆွဲမယ်
ပြီးပြီ ဆိုရင် YCDC နဲ့ မဆိုင်ဘူး
မီးသတ် ကိစ္စ ဆိုတော့
ငွေကို တာမွေ
တရားရုံးနောက်က ဘဏ်မှာ
မီးသတ်အတွက် ငွေသွင်းပေးရတယ်
အဲ့ချလန် ကိုတော့
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

ရေ မိလ္လာထောက်ခံချက်
လည်း မီးသတ်နည်းအတူ
သတ်မှတ်ပုံစံ ပြန်ဆွဲ ပြီး
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

( မီးသတ် / ရေ မိလ္လာ ကအနည်းဆုံး
၂ လလောက်ကြာပါတယ် )

LC ကန်လိုင်စင်
တော်များများကတော့ LC လိုင်စင်
ငှါးပြီး ဆောက်လုပ်ရေးလုပ်ကြပါတယ်
ကိုယ်အတွက်ထိုးတဲ့ LC လိုင်စင်
သက်တန်းရှိလား ဆိုတာ
အဓိကကျပါတယ်
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

အပေါ်ကစာရွက်စာတန်းတွေ အားလုံး
စုံလင်မှ ပုံစံကြီးအတွက်
စပြီးစစ်ဆေးပါတယ်
( အဲ့မှာ မှားပြင်လိုထည့် နဲ့ အနည်းဆုံး
၃ ပတ် လောက်ကြာပါတယ် )

အာမခံစဘော်ငွေ ပုံစံစစ်ဆေးခ
ပုံစံကြီး အတွက် အားလုံးနီးပါ
ပြည့်စုံပြီဆိုရင်တော့ စာတိုက်ကနေ
ငွေသွင်း အကြောင်းကြားစာ ပို့ပေးပါတယ် ( စာမလာပါဘူး ကိုယ်တိုင်သွားမေးရပါတယ် ပြီးရင် ဘယ်နေ့
ဒိတ်နဲ့ ပို့လိုက်တာ အခုထိ မရောက်သေးဘူးလားဆိုပြီး စဖြဲပါတယ် သီးခံပါ
တက်နိုင်သလောက် )
အာမခံ ငွေ သိန်း ၅၀ နဲ့
ပုံစံစစ်ဆေးခ ၅ သိန်းကျေ ာ်သွင်းပေးရပါတယ် ငွေမသွင်းမှီ YCDC ဆယ်ထပ်ရုံးက နှစ်လွှာ နဲ့ လေးလွှာ ကို အပ်ပင်
လေးခေါက်လောက်ပြေးရပါတယ်
ပြီးမှ မြို့တော် စည်ပင်ဘဏ်ကို လွှတ်ပါတယ် ဘဏ်မှာ ငွေသွင်းပြီး ကြောင်းစာရွက်စာတန်းတွေကို မိတ္တူ လေးငါးစုံကူးရပါတယ် ပြီးရင် ဆယ်ထပ်ရုံး ကို
ပြန်သွား နှစ်လွှာ နဲ့ လေးလွှာ ကို
အပ်ပင် အပြေးအလွှား ပေးပြီးမှ
ပါမစ် ( ဘုတ်စိမ်း or ဗီနိုင်း ) အတွက်
သုံးပတ် ထပ်စောင့်ရပါတယ်

BL ( ပါမစ် ) ကျ ပြီးအိမ်မဖျက်မှီ
အိမ်သုံးမီတာနဲ့ ရေအတွက်
ဂျိူးဖြူ ကို မြို့နယ်မှာ ပြန်အပ်ဖို့အတွက်
ဖောင်တင်ပေးရပါတယ်
အဆောက်အဦး ဆောက်မှ ယာယီ
လုပ်ငန်းသုံး ပြန်လျှောက်အသုံးပြု
ရပါတယ်

ဒါတောင် ဘေးအိမ်က တိုင်တာတို့
လမ်းထဲက တယောက်ယောက်ကသာ
မြေရှင်ကို မကျေ နပ်လို့ တိုင်စာ
ပစ်လိုက်ပြီဆိုရင် ...ကျ နော်တို့
ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက်
အရမ်းကို ခက်ခဲသွားပါတယ် အဲ့အချိန်ကျရင် မြို့တော် ခန်းမ ဆယ်ထပ်ရုံး
ခြောက်ထပ်ရုံး ကို အပ်ပင်ပြေးပြီး
ဟိုးအောက်ခြေကနေ အပေါ်ထိ
ရောက်အောင် ဂါရ၀ ထားပြီး
အလုပ်လုပ်ရပါတယ် အဲ့လိုအငြို းတေး
တွေနဲ့ဆိုလည်း ကျ နော် တို့ဘဲ
ထိခိုက်ရတာပါ မြေရှင်က တော့
မင်းတို့တာဝန်ယူထားတာမင်းတို့ရှင်းဘဲလေ ..... တကယ် မလွယ်တဲ့
ဆောက်လုပ်ရေး လောကပါ

ပြောပြချင်တာကတော့ သူတို့ က
(YCDC ကသူတွေက) ဌာန မတူရင်
စားပွဲမတူရင်တောင်
လင့်မချိတ်ထားပါဘူး
မေးလည်းရင် ဖြေချင်ဖြေမယ်
မဖြေချင်ရင် မသိဘူးဘဲ ပြောလွှတ်မှာပါ
စာရွက် ပေါ် စာရွက် ဆင့်ပြီး အလုပ်
လုပ်နေသ၍ကတော့က .......
ကျနော်တို့ အတွက် အရမ်း
ခက်ခဲနေပါတယ်

မပြောတော့ပါဘူး
ကျနော်တို့ ကန်ထရိုက် တာတွေကို
ကိုယ်ချင်းစာနိုင်ဖို့ဘဲ ဆုတောင်းပါတယ်

ထိန်ချန်မှုမရှိပါ။ ကျနော် အတွေ့အကြုံမျှသာ။

အားလုံး ကိုယ်ရော စိတ်ပါ ကျမ်းမာ ချမ်းသာပြီး
အောင်မြင်ကြပါစေ။

...

 #လက်ရှိဆောင်ရွက်နေတဲ့  siteလေး # 33' x 20' one storey Steel Structure building.
03/05/2023

#လက်ရှိဆောင်ရွက်နေတဲ့
siteလေး
# 33' x 20' one storey Steel Structure building.

Address

Taungoo

Telephone

+959969667673

Website

Alerts

Be the first to know and let us send you an email when Decision Construction Company limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Decision Construction Company limited:

Share