Htun's & Brothers Construction Group Of Company

Htun's & Brothers Construction Group Of Company Anything can do.

 #နှစ်သက်တမ်း 20 ကျော်ကန်ထရိုက်တိုက်တွေ  #ဆလပ်ပြင်ရေယိုစိမ့်မှုပြဿနာ ရဲ့နောက်ဆက်တွဲအဖြစ်အများဆုံးကတော့  #အပေါ်ဆုံးအလွှာရ...
20/07/2024

#နှစ်သက်တမ်း 20 ကျော်ကန်ထရိုက်တိုက်တွေ
#ဆလပ်ပြင်ရေယိုစိမ့်မှုပြဿနာ ရဲ့နောက်ဆက်တွဲအဖြစ်အများဆုံးကတော့
#အပေါ်ဆုံးအလွှာရဲ့ အောက်ကပ်ရပ်အလွှာ
{ #အဲဒီအလွှာဟာလူမနေဘဲပစ်ထားတဲ့ဟာဖြစ်နေရင်ပိုဆိုး }
#အိမ်သာရေချိုးခန်း မီးဖိုချောင်လို ရေအမြဲသုံးတဲ့နေရာတွေရဲ့ အောက်မျက်နှာပြင်တွေပါဘဲ
#လူနေတိုက်ခန်းဟာ ရေလှောင်ကန်အနေနဲ့အသုံးပြုဖို့တွက်ချက်ဆောက်ထားတာမဟုတ်ပါဘူး,
သို့အတွက်
မိမိတို့နေ့စဥ် နေထိုင်အသုံးပြုနေတဲ့
#ဆလပ်ပြင်မှာ
ရေလုံဆေးသုံး၍ဖြစ်စေ ,
ကြွေပြားကပ်၍ဖြစ်စေ
structure သက်တမ်းပြည့် ကြံ့ခိုင်မှုရစေရန် မွန်းမံအသုံးပြုသင့်ပါတယ်

#ငါ့အောက်က ဆလပ်ပြင်မှာဖြစ်တာမို့ ငါနဲ့မဆိုင်ဘူး ,အောက်ထပ်နဲ့ဘဲဆိုင်တယ် ထင်ရင်မှားသွားပါလိမ့်မယ်ခမျ

#ကိုယ် အမြဲရပ်တည်အသုံးပြုနေတာမို့ ဒုက္ခဖြစ်စရာရှိ ကိုယ်ဘဲဆိုးကျိုးခံစားရမှာပါ

နေ့စဥ်ရေအမြဲစို,ရေအိုင်ထွန်းနေတဲ့ ကွန်ကရစ်ဆလပ်ပြင်တွေဟာ ရေဓာတ်ကိုစုပ်ယူပီးတာနဲ့ အားအနည်းဆုံးနေရာကနေ ပြန်အံထုတ်ပါလိမ့်မယ်ခမျ

#ဆလပ်ပြင်ထဲက rebar တွေဟာလဲ ရေဓာတ်အမြဲရပြီး သံချေးတပ်နေတော့မှာ အသေချာပါဘဲ

#တစ်ချောင်းသံချေးတပ်တာနဲ့ ဇကာကွက်အနေနဲ့တွဲယက်ထားတာမို့ structure ကြီးတခုလုံး သံချေးကွင်းစက်ကြီးဖြစ်သွားတော့မှာပါ

#သံချေးစတက်ပီ ဆိုတာနဲ့ rebar တွေဟာ ကာဘာသားအားနည်းတဲ့ နေရာက ကွန်ကရစ်တွေကို တွန်းကန်ထုတ်ပီး အမြဲခွာချနေသလို ဖြစ်သွားတော့မှာပါ

#ခုခေတ် chemical တွေပေါများပေမယ့် ,စျေးနှုံးအရမ်းမြင့်နေပါသေးတယ်,
သုဲးပေပတ်လည်ကွက်တခုလောက်နဲ့တင်
ပြင်ဆင်စရိတ် သိန်းဂဏန်းက စကုန်ကျနိုင်ပါတယ်

#ခုလုပ် ခုပေါ်လာတတ်တဲ့ error မျိုးမဟုတ်လေတော့ ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့သတိကြီးကြီးထားကာ နည်းစနစ်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါကြောင်း

Htun's and Brother Construction
09777429939

RC ကွန်ကရိ အဆောက်အဦတွေရဲ့ ကြမ်းခင်း (Slab) ကို ဒီဇိုင်းတွက်တဲ့အခါ…အထပ်မြင့် အဆောက်အဦဖြစ်ပြီး ငလျင်အား ပြင်းထန်လေ့ရှိတဲ့ ...
06/07/2024

RC ကွန်ကရိ အဆောက်အဦတွေရဲ့ ကြမ်းခင်း (Slab) ကို ဒီဇိုင်းတွက်တဲ့အခါ…
အထပ်မြင့် အဆောက်အဦဖြစ်ပြီး ငလျင်အား ပြင်းထန်လေ့ရှိတဲ့ မြို့ရွာဒေသမျိုးမှာ ဆောက်မယ်ဆိုရင် ကြမ်းခင်းကိုလည်း ဘေးတိုက်တွန်းအားဒဏ် ခံနိုင်တဲ့ Structural member များအဖြစ် ထည့်သွင်းတွက်ချက်ရပါတယ်

ပုံမှန် ၆ ထပ်အောက် (ဟိုအရင် CQHP guide အရ ၈ ထပ်ခွဲအောက်) အဆောက်အဦတွေ အတွက်ကတော့ ငလျင်အားပြင်းထန်တဲ့ ဒေသမျိုး ဖြစ်ရင်တောင်မှ ဘေးတိုက်တွန်းအား Lateral load ကို Beam-Column ဖရိန်နဲ့ပဲ ခံနိုင်နေအောင် တွက်ချက်ကြပါတယ်
ကြမ်းခင်း slab ကို Lateral load Resisting member အဖြစ် ထည့်သွင်းတွက်ချက်ရိုး မရှိကြပါဘူး

တစ်နည်းအားဖြင့် ကြမ်းခင်း slab တွေကို ဘေးတိုက်ဝန်အားဒဏ် ခံဆောင်ပေးနိုင်တဲ့ Rigid diaphragm များအဖြစ် တွက်ချက်ထားတာမျိုးသည် မြန်မာပြည်မှာတော့ RC အဆောက်အဦ အလုံး ၁၀၀ မှာ တစ်လုံးပင် ရှိဖို့ မလွယ်လှပါ

အကယ်၍ ကြမ်းခင်း Slab ကို ဘေးတိုက်ဝန်အား ကူထမ်းပေးမယ့် Rigid diaphragm များအဖြစ် တွက်ထားခဲ့ရင်တော့..
သံနှစ်လွှာ အပြည့် မဖြစ်မနေ ဆင်ပေးရပါမယ်
plastic hinge ကိုလည်း mid span မှာ ယူဆပြီး Analysis လုပ်လေ့ရှိကြတာမို့ CJ ကိုလည်း mid မှာ ရပ်သင့်ပါတယ်

+++++++++

ပုံမှန် 99% သော ကြမ်းခင်း Slab တွေကိုတော့ ကမ္ဘာ့ဆွဲအား Gravity load ထမ်းဖို့ပဲ တွက်ချက်လေ့ ရှိကြပါတယ်

Slab ကြမ်းခင်းကို ဒီဇိုင်းတွက်ရာမှာ လျှောပြတ်အား (shear) နဲ့ ညွှတ်ကျမှု (deflection) ကို ခံဆောင်ပေးနိုင်ဖို့ ကြမ်းခင်းရဲ့ ဒုအထူကို (3”, 4”,5” စသည်ဖြင့်) စတင် တွက်ချက်ရပါတယ်
သည့်နောက်မှာတော့ ကြမ်းခင်း slab ကုန်းကော့ပက်လန် ဖြစ်သွားစေနိုင်တဲ့ bending moment ကို ခံဆောင်ပေးနိုင်ဖို့ အားကူသံချောင်း Rebar တွေ နေရာချ ဖြည့်ဆည်းပေးရပါတယ်

အားကူသံချောင်း Rebar ကို ဒီဇိုင်းတွက်ရာမှာ Bending moment diagram အတိုင်း လည်ကိန်းရှိနေတဲ့ နေရာတွေကို ဂရပ်ဆွဲကြည့်ပြီး အဆိုပါ လည်ကိန်း ပမာဏအတိုင်း လိုအပ်တဲ့ သံချောင်းဧရိယာကို ရှာဖွေ နေရာချပေးရပါတယ်
Tendon လို့ ခေါ်ပါတယ်
သီအိုရီအရ
အဖျားအစပ်ကို ချုပ်မထားဘဲ အုတ်ရိုးပေါ် တင်လောင်းတဲ့ slab ပြင် (Septic tank အဖုံး၊ GT အဖုံး၊ မြောင်းဖုံးကျောက်ပြား စတာတွေ) သည် အောက်သံတစ်လွှာပဲ လိုအပ်ပါတယ်
Simply supported လို့ ခေါ်ပြီး ကုန်းကော့ ခုံးတက်နိုင်တဲ့ hogging moment (or negative moment) မရှိပါဘူး

အဖျားအစပ်တွေကို beam ထုတ်နဲ့ချုပ်ပြီး တသားတည်း monolithic လောင်းရင်တော့ -ve M သို့မဟုတ် hogging moment ပေါ်လာပါတယ်
သီအိုရီအရ အဖျားအစပ် ~L/4 (0.211L) အထိ အပေါ်ကို ခုံးတက်ချင်တဲ့ သဘောသဘာဝ ပေါ်လာပါတယ်
အင်ယာ အခေါ်အဝေါ်အရတော့ Fixed end သို့မဟုတ် Continuous လို့ ခေါ်ကြပါတယ်
အဆိုပါ -ve M ကို ခံဆောင်ပေးဖို့ ကြမ်းခင်း slab ရဲ့ အဖျားအစပ် အဖျားအစပ် ~L/4 (0.211L) နေရာတွေမှာ အပေါ်သံအလွှာ လိုအပ်ပါတယ်

ခန်းဖွင့် Span ရဲ့ အလယ်မှာတော့ အောက်သံအလွှာ လိုအပ်ပါတယ်

+++++++

သည့်အတွက် ကြမ်းခင်း slab တွေမှာ ချိုးချချိုးတင် Bent up- bent down သံတစ်လွှာဆင်ခြင်းသည် 99% သော အဆောက်အဦတွေ အတွက် သံအကုန်အကျ သက်သာသလို moment ထမ်းအား ၂ ဆ မြင့်မားပြီး ညွှတ်ကျမှု (deflection) ကိုလည်း ငါးဆတစ်ဆသာ ကျန်နေစေအောင် အကြီးအကျယ်လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်း method ဖြစ်ပါတယ်

ပုံပါ ၁ - ၂ အတိုင်း Zig-zag ဖြင့် ဂျင်းထည့်သံဆင်ခြင်း
သံတစ်လွှာတည်း အဖြောင့်ခင်းဆင်ခြင်း တို့နဲ့ ယှဉ်ကြည့်ရင်
Bent up- bent down သည် လည်ကိန်း moment ထမ်းအား အရည်အသွေး ၂ ဆ မြင့်မားပါတယ်

တစ်ခုရှိတာက
ချိုးချရာနေရာ L/7, L/4 စတာတွေ အကြောင်း
အမှန်တကယ် သိနားလည် တတ်ကျွမ်းတဲ့ အင်ယာရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ပဲ Bent bar သံဆင်လို့ ရပါမယ်

++++++
Empire Engineering Group Of Company
09777429939

“ပန်းရံတို့၏ အမူအကျင့်ဆိုးများ” နှင့် Site engineer မှ ပြုပြင်သွန်သင် လမ်းပြကွပ်ကဲ ကြီးကြပ်အုပ်ချုပ် ပေးရမည့် ဆောက်လုပ်ရ...
04/07/2024

“ပန်းရံတို့၏ အမူအကျင့်ဆိုးများ”
နှင့်
Site engineer မှ ပြုပြင်သွန်သင် လမ်းပြကွပ်ကဲ ကြီးကြပ်အုပ်ချုပ် ပေးရမည့် ဆောက်လုပ်ရေးနည်းပညာ Construction method များ
(အပိုင်း-၁)

(၁) ကြမ်းခင်း topping လောင်းရာ၌ Drawing ဖော်ပြချက် အပါအဝင် အင်ယာနည်းပညာ၌ 1:2:4 ကွန်ကရိ တစ်လက်မခွဲဒု လောင်းရမည် ဖြစ်သော်လည်း (တစ်မတ်ကျောက် Bကျောက်ဖြင့် ဖျော်စပ်ရမည် ဖြစ်သော်လည်း) သဲနှင့် ဘိလပ်သာ ပါဝင်သည့်
ဘိလပ်မြေမဆလာ 1:2 to 1:4 mortar အား ရေပျော့ပြဲနေအောင်ဖျော်၍ topping လောင်းခြင်း

(၂) အတွင်းကြမ်းခင်း Subfloor သို့မဟုတ် အပြင်လမ်းအခင်းများ လောင်းသည့်အခါ Drawing သို့မဟုတ် အင်ယာနည်းပညာအရ 1:3:6 ကွန်ကရိ ၄လက်မခွဲ ဒုခန့် လောင်းပေးရမည် ဖြစ်သော်လည်း ကွန်ကရိအချိုးအား မျက်မှန်းဖြင့် ရမ်းသမ်းဖျော်စပ်ခြင်း၊ အနှစ်တက်ရန် ဆိုပြီး သဲပိုထည့်ခြင်း၊ လယ်ဗယ်မာကာများ စနစ်တကျ မပြုလုပ်ထားဘဲ ရေပျော့ပျော့ဖျော်၍ ရေစပ်စပ်တက်အောင် မျဉ်းတံသေးဖြင့်ရိုက်ကာ လယ်ဗယ်မှန်းဆ လောင်းခြင်း

(၃) နာရီဝက် ၄၅မိနစ် ကျော်လွန်ပြီးသော မဆလာ သို့မဟုတ် ကွန်ကရိအား ရေထပ်မံရောစပ်၍ သုံးစွဲခြင်း၊ ကွန်ကရိလောင်းပြီး နောက် Curing ပေးရန် စီစဉ်မှု မရှိခြင်း

(၄) ဖူတင်ကျင်း နှင့် သံဇကာ ၃” ကွာခြားနေရန် ကျင်းနှုတ်ခမ်းများအား ညှိမပေးဘဲ သံချောင်းနှင့် မြေကြီး ထိတွေ့နေသည်ကို မပြုပြင်ခြင်း၊ ဖူတင်ကျင်းထဲ သန့်ရှင်း နေအောင် ဂရုမစိုက်ဘဲ ကွန်ကရိလောင်းခြင်း

(၅) ကွန်ကရိဖျော်ရာ၌ ချင်တွယ်ပုံးများဖြင့် အချိုးမှန်အောင် ထိန်းချုပ်ရမည့်အစား မျက်မှန်းဖြင့် ထင်သလို ဖျော်စပ်ခြင်း၊ ရေ အပျော့အမာ တည်ငြိမ်အောင် ထိန်းချုပ်မှု လုံးဝ မရှိခြင်း

………

 #ဒီလောက်သံစျေးနှုံးကြီးမြင့်လွန်းချိန်မှာဒီနည်းလေးနဲ့ဖြေရှင်းပေးနိုင်မလားSir Seithu Min  ရေးသားပါသည်  slab တွေမှာ ဟိုးအ...
01/07/2024

#ဒီလောက်သံစျေးနှုံးကြီးမြင့်လွန်းချိန်မှာ
ဒီနည်းလေးနဲ့ဖြေရှင်းပေးနိုင်မလား

Sir Seithu Min ရေးသားပါသည်

slab တွေမှာ ဟိုးအရင်တုန်းကတော့
သံတစ်လွှာပဲ ဆင်လေ့ ရှိခဲ့ကြဖူးပါတယ်
Masonry အုတ်တိုင် အုတ်နံရံ အုတ်တိုက် structure တွေဖြစ်ကြပြီး၊ simply supported action သာ ရှိနေတာမို့ သူ့ဟာသူတော့ အဆင်ပြေခဲ့ကြပါတယ်

နောက်ပိုင်း
RC တိုင် RC frame RC structure တွေ ခေတ်စားလာပြီး slab ကို beam နဲ့ monolithic လောင်းကြတဲ့အခါ..
အပေါ်လွှာထည့်လာကြပါတယ်၊ negative bar သို့မဟုတ် ဂုပ်ဆီးဘား လို့ ခေါ်ကြပြီး အလယ် 1/3 ကို သာ အောက်တစ်လွှာပဲ ထားကြပါတယ်

အလယ် 1/3 ကို တစ်လွှာပဲ ထားခြင်းသည်
အပေါ်လွှာရဲ့ 1/9 ကိုးပုံတစ်ပုံသာ သက်သာပါတယ်
နှစ်လွှာလုံးအနေနဲ့ကြည့်ရင် 18 ပုံ တစ်ပုံသာ သံသက်သာပါတယ်၊ လုပ်ရ လက်ဝင်တာကလွဲလို့ ထူးပြီး မသက်သာပါဘူး

သည့်အတွက် Bent up/ bent down သံတစ်လွှာကို စမ်းသပ် ဆင်ကြည့်ခဲ့ပါတယ်
ဟိုးအရင် simply supported မှာ moment အနေနဲ့

+M= ⅛ ω L² ပဲ ရှိတာတွေ
-M= 1/9, 1/11 ဝေယူခြင်းသည် အဆိုပါ ⅛ ω L² ကိုပဲ ဝေယူနေတာတွေ
Approximate method အတွက်
Plastic hinge ကို 0.1L မှာ ထားလေ့ ရှိတာ
Plastic design မှာ Mp သည် 1/12 ရှိတာကအစ
ပုံမှန် fixed end မှာ inflection point သည် 0.211L မှာ ရှိနေတာ အဆုံး
အလုံးစုံသော သီအိုရီသဘောတရားတွေကို မြင်ထားတဲ့အတွက်
Bent up/ Bent down သံတစ်လွှာကို စမ်းသပ်ခဲ့ပါတယ်

အံ့ဩစရာ ကောင်းလောက်အောင်
တည်ငြိမ် ခိုင်ခန့်နေတာကို တွေ့လာရတဲ့အခါ..
ဘာ့ကြောင့်လဲ
ကွန်ကရိကို compression အပိုင်းမှာ ကူပေးနေလို့လား
Anchorage အပိုင်း ပိုမိုကောင်းမွန်လာလို့လား
Diaphragm action ပိုတိုးလာလို့လား
တွေးကြည့်ဖူးပါတယ်.

ဘာပဲပြောပြော
လက်တွေ့ မြေပြင်ရလာဒ် ကောင်းမွန်နေတဲ့အတွက်
Bent up/ bent down သံတစ်လွှာကို
အကြိမ်ကြိမ် စမ်းသပ် သုံးစွဲခဲ့ပါတယ်
အခြားသူများလည်း
သုံးစွဲ ကြည့်ကြဖို့
ဆက်လက်သုတေသန လုပ်ကြည့်ကြဖို့
တိုက်တွန်း ရေးသားခဲ့ဖူးပါတယ်

# # # # # # # # # # # # # # #

Construction &


*09777429939

24/06/2024

✴တချိန်ချိန်မှာအသုံးဝင်လာမည့်
ဗဟုသုတများအား မျှဝေပါရစေ....💁‍♂️
***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး
ဆောက်တော့မယ်ဆိုရင်***....👷👷

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
~~~~~~~~~

- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
~~~~~~~~~~~~~~
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

==================================

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။

ဆောက်လုပ်ရေးနှင့် ပတ်သတ်၍မေးမြန်းလိုပါက
☎09.777429939
.သို့ဆက်သွယ်၍
အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင့်......

ဝင်ရောက်ဖတ်ရှုသူများအားလုံး အသိပညာများ
တိုးပွားရရှိနိုင်ကြပါစေ.....Htun's and Brothers Construction Co.,Ltd

ခင်ဗျားတို့ တိုင်ကျင်းတွေ တူးပြီးတဲ့အခါ တိုင်ဖိနပ်တွေ မချခင် ကျောက်ကြီးချ သဲကြပ် ရေထိုးတာမျိုး ဘာကြောင့် လုပ်ကြတာလဲ။အဆော...
12/06/2024

ခင်ဗျားတို့ တိုင်ကျင်းတွေ တူးပြီးတဲ့အခါ တိုင်ဖိနပ်တွေ မချခင် ကျောက်ကြီးချ သဲကြပ် ရေထိုးတာမျိုး ဘာကြောင့် လုပ်ကြတာလဲ။

အဆောက်အအုံရဲ့ အစိပ်အပိုင်း ဖောင်ဒေးရှင်းတွေအောက်မှာ တည်ငြိမ်ပြီး ညီညာတဲ့ အမာခံ လိုချင်လို့ပေါ့ ဆရာရယ်၊ ဘိုလို ပြောရရင်တော့ hardcore ပေါ့။

ဘယ်လိုအခြေအနေတွေမှာ hardcore ချရတာလဲ။

အမြဲတမ်း ချရတာတော့ မဟုတ်ပါဘူး ဆရာ၊ ခြောက်သွေ့ မာကြောတဲ့ မြေတွေမှာဆို သတ်မှတ်တဲ့ မြေအနက်မှာ lean concrete လေး လောင်းပြီး အဲဒီ ညီညာတဲ့ မျက်နှာပြင်ပေါ် တိုင်ဖိနပ်ချ လောင်းလို့ ရပါတယ်။ ရေဝပ်တဲ့မြေ ရေထွက်တဲ့ မြေတွေမှာ မြေကြီးက unstable and weak soil ပေါ့၊ အဲဒီလို အခြေအနေမှာ တည်ငြိမ်ပြီး ညီညာတဲ့ အမာခံ ရဖို့အတွက် ကျောက်ကြီးချ သဲကြပ် ရေထိုး လုပ်ပြီး အဲဒီအပေါ်မှာမှ lean concrete ၃ လက်မလောက် လောင်းတာပါ ဆရာ။

Hardcore ကို ဘာကြောင့် အမာခံရယ်လို့ ပြောရတာလဲ။

မမာရှိမလား ဆရာရယ်၊ ကျောက်ကြီး ချတယ် ဆိုတာမှာ စစခြင်း ၆”x၉” ချတာဆရာ၊ ပြီးရင် ၂”x၄” တွေ ဖြည့်တာ၊ ပိုကျစ်လစ်အောင်ပေါ့၊ guideline တွေမှာလဲ hardcore ကို different size and grade သုံးရမယ်လို့ ဆိုထားတယ် ဆရာ၊ အဲဒါမှ gap တွေ သိပ်မရှိမှာကိုး၊ ဒါပေမယ့် ရှိတဲ့ gap လဲ သဲဖြည့်လိုက်တော့ ကြပ်သွားတာပါပဲ။ ဒါတောင် သဲတွေကြား air void လေတွေ ခိုနိုင်သေးတယ် ဆိုပြီး ရေထိုးတာ ဆရာ၊ အဲဒီတော့ dense ပြီပေါ့ ဆရာရယ်။ မမာ ရှိမလား။

အဆောက်အအုံရဲ့ ဘယ်အစိပ်အပိုင်းတွေအောက်မှာ hardcore လုပ်ကြသလဲ။

တစ်ယောက်နှင့် တစ်ယောက်ကတော့ မတူကြဘူး ဆရာ၊ ကျွန်တော်တို့ကတော့ အဆောက်အအုံ အစိပ်အပိုင်း တော်တော်များများရဲ့ အောက်မှာ hardcore ခံလိုက်တာပါပဲ။ footingတွေအောက်မှာ လိုင်းကျင်းအုတ်ရိုး brick wall တွေအောက်မှာ မြေအောက်ကန် ground tank အောက်မှာ septic tank မိလ္လာကန်အောက်မှာ ကြမ်းခင်း floor တွေအောက်မှာ ကားတက် ramp အောက်မှာ အိမ်ဘေး apron တွေအောက်မှာ အကုန်လုံးပါပဲ ဆရာ။ တစ်ခါတစ်လေ အိမ်ရှေ့ရေမြောင်းလုပ်တာမှာလဲ ကျောက်ကြီးချတာပဲ။

အဲလောက် ကျောက်ကြီးတွေချတော့ ပိုက်ဆံမကုန်ဘူးလား။

မကုန်ပါဘူး ဆရာရဲ့၊ အခု အကြမ်းဖျင်းတောင် ချတွက်ကြည့်လို့ ရတယ်။ တွက်ပြမယ်လေ ဆရာ။ ဥပမာ ပေ၂၀ ပေ၆၀ မြေကွက်ထဲ ၂ထပ် အိမ် ဆောက်တယ် ဆိုပါစို့၊ တိုင်က ၁၀တိုင်လောက်ပေါ့၊ အဲဒါဆို ၆ပေx၆ပေx၉”x၁၀ ဆို .....

ထားပါတော့ဗျာ၊ တွက်ပြမနေပါနှင့်တော့၊ ခင်ဗျား မှတ်မိသလောက်ပဲ ပြောပြပါ။

ကျွန်တော်တို့ မှတ်မိသလောက်က hardcore အတွက် ကျောက်ကြီး ၂၁ ကျင်းလောက် သဲ ၇ကျင်းလောက် ထင်တာပါပဲ။

အဲလောက်ဆို ဘယ်လောက်ကျမလဲ။

အခုက ဈေးတွေ တက်သွားပြီ ဆရာရဲ့။ ကျောက်ကြီးက ၃သောင်းခွဲ သဲက ၂သောင်းခွဲ ဆိုလား။ ၉သိန်းကျော်လောက်ပေါ့ ဆရာ။

ကျောက်ကြီးတွေ သဲတွေက ဘာလို့ ဈေးတက်ရတာလဲ၊ ဒေါ်လာနှင့် တင်သွင်းရတာလဲ မဟုတ်။

ဒီဇယ်ဆီဈေး နှင့် အလုပ်သမားဈေး တက်လို့တဲ့ ဆရာရေ။ အဲ .. အလုပ်သမားဈေး ဆိုလို့ hardcore အတွက် အလုပ်သမားခ ထည့်တွက်ရဦးမှာဗျ၊ ထားပါတော့ဗျာ ၁ကျင်း ၁ယောက် ၁သောင်းနူန်းလောက်နှင့် ၂သိန်း၈သောင်းလောက်၊ အဲဒါဆို ၁၂သိန်းလောက် ကျမှာပေါ့။ အရင်ကဆို အဲလောက် မကျဘူး ဆရာ။

အဲလောက်ဆို မဆိုးပါဘူးဗျ။ သိန်း ၂ထောင်ကျော် ၃ထောင်လောက် ကုန်တဲ့ အိမ်၁အိမ်မှာ ဖောင်ဒေးရှင်း အမာခံအတွက် အဲလောက်ပဲ ကျတာ ဆိုတော့။

ဒါပေါ့ ဆရာရဲ့။ အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးက ဖောင်ဒေးရှင်းလေ။ ဖောင်ဒေးရှင်းအောက်က lean concrete ၃လက်မက base ပေါ့ ဆရာ။ အဲဒီ အောက်က hardcore က subbase ပေါ့။ subbase မကောင်းရင် ဘာဖြစ်နိုင်သလဲ ဆရာလဲ သိမှာပါ။ ကဲပါ မထူးပါဘူး တစ်ခါထဲ differential settlement အကြောင်းလေးပါ တစ်ခါထဲ ပြောပြ လိုက်မယ် ဆရာ။

ရတယ်၊ ကျွန်တော် သွားစရာလေး ရှိလို့ သွားလိုက်ဦးမယ်။ နောက်မှ နားထောင်တော့မယ်။ အခုလို ရှင်းပြပေးလို့ ကျေးဇူးပါဗျာ။ သွားပြီဗျို့။

08/06/2024

သင်တို့အတွက်ဗဟုသုတရရှိစေမည့်စာသားလေးပါ......

Htun's and Brothers Construction Co.,Ltd ဆရာကျတဲ့အထိ

#ဘိလပ်မြေ၊ #သံ ၊ #သစ်၊ #ဇီဝ #ချေဖျက်မှု့
#စွန့်ပစ်ကန် #စနစ်....

တွက်ချက်ရာမှာ
သိရှိကူးယူနိုင်စေရန် ဖော်ပြအပ်ပါသည်...

(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?ဘိလပ်မြေကို
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class အများဆုံး အသုံးပြုနေကြပါတယ် ...
အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...ရရှိတဲ့
42.5 Class ဘိလပ်မြေ
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။.
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။........
52.5 Class ဘိလပ်မြေ
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
................

#သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။

သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း ✍

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြတန်ဘိုးရမည်။ည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
လိုအပ်ရင်ကြည့်လို့ရအောင်ပါ✍️
သံချောင်းတွက်နည်း
1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း
________________________________________
1 Ton မှာရှိသော အချောင်းရေ

★ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

★ diameter (in)
2204.62/2.67d²×39.37 ft
________________________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း

★ diameter (mm)
0.006167d²×သံချောင်း အရှည် ( m 😞 Kg

★ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb
_______________________________________
Binding wire
6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
________________________________________
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft
________________________________________
ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
________________________________________
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
Site တစ်ခု အတွတ် Overhead Tank
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

လီတာ နဲ့ သိချင်ရင်တော့
ဒါကြောင့်
1 ဂါလံ = 3.785 နဲ့ ညီမျှတယ်
200 ဂါလံ ဆိုတော့
200 × 3.785 = 757 လီတာ

4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ
ဂါလံ 200 (သို့မဟုတ်) လီတာ 757
ဝင်ဆန့် မယ် 🙂
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔

SEPTIC TANK
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် ကျ
လာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။

Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေပါ့မယ်။

Septic Tank for 50 users
-----------------------------------------

According to table
100 user = 240 lpm
150 user = 360 lpm
200 user = 480 lpm
300 user = 720 lpm

10 lpm = 0.92 M^2

100 user = 240 lpm
for 50 user = ?
= 120 lpm

10 lpm = 0.92 m^2
120 lpm = ?
= 11.04 m^2

1 အနည်ထိုင်မည့်စွန်ပစ်အနက်
(Sedimentation) = 0.3 m
2 အလိုထားကျင်းအမြင့်
(Free board) = 0.3 m
3 ကြေသွားမည့်အချိန်အတွက်အနက်
(Disgestion) = 0.032 m
4 အညစ်အကြေးစု့ကန်အနက်
(Storage volume) = 0.073 m

To fine total volume -
1 Sedimentation = Area × Depth
= 11.04 × 0.3 = 3.312 m^3
2 Free board = Area × Depth
= 11.04 × 0.3 =3.312 m^3
3 Disgestion = Depth × User
= 0.032 × 50 = 1.6 m^3
4 Storage volume = Depth × User
= 0.073 × 50 = 3.65 m^3
Total volume = 11.874 m^3

Depth of Spetic Tank = Volume ÷ Area
= 11.874 ÷ 11.04
= 1.08 m

Assume = L/B = 2.5
L = 2.5B
Area = L × B =11.04
2.5B × B = 11.04
2.5 B^2 = 11.04
B^2 = 11.04/ 2.5
B = 2.1 m ,L = 5.25 m

Depth = 1.08 m
Length = 5.25 m
Width = 2.1 m

မှတ်ချက်-----
အညစ်အကြေးများသာကန်ထဲစု့စေပြီးရေများကို
မြေကြီးထဲပြန်စုတ်ဝင်စေပါသည်။(Soil Absorption System).

စာဖတ်ချစ်သူများအားလုံး အသိပညာများတိုးပွားရရှိနိုင်ကြပါစေရှင့်......😊


sharing

ဒါတွေ သိထားရင် အိမ်ဆောက်ရာမှာအထောက်အကူ ရပါပြီ💁1️⃣ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။2️⃣အလင်းအမှောင်အတွက် နေဝင် နေထွက်က...
03/06/2024

ဒါတွေ သိထားရင် အိမ်ဆောက်ရာမှာ
အထောက်အကူ ရပါပြီ💁

1️⃣ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
2️⃣အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
3️⃣အပူအအေး အတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
4️⃣အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။
5️⃣နောက်ဆုံးတစ်ခုအနေနဲ့ အိမ်ဆောက်နည်းအခြေခံသဘောတရားတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။

ဒီလိုလေ့လာထားခြင်းက တခြားသော အကြောင်းအရာများထက်၊ အိမ်ရှင်တွေအနေနဲ့ မအ,ရရုံသာ ဖြစ်ပါတယ်။

အခု ဒီမှာလည်း အကြမ်းဖျဉ်း ဖော်ပြပေးပါမယ်။

✅မြေကြီးပုံတဲ့အခါ တူးတဲ့ကျင်းရဲ့ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့တဲ့အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်း၊ ဒင်ဆောင့်ပြီး လိုအပ်တဲ့ သိပ်သည်းမှု အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

✅အဆောက်အဦအတွက် ပတ်တန်းရိုက်တဲ့အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ ဝင်အောင်ရိုက်ထားသင့်ပါသည်။ အဆောက်အဦ ကျင်တွယ်ဖမ်းတဲ့အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

✅အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။ သုံးသောရေတိုင်းသည် သန့်ရှင်းကြည်လင်သောရေ ဖြစ်စေရမည်။

✅(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

✅Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

✅Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

✅အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်၊ (၇)ရက်အထိ ရေဖြန်းပေးရပါသည်။

✅အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

✅ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

✅တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

✅အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

✅အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

✅လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

✅နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

✅ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပြတ် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

✅သံချောင်းဆက်ရာတွင် အချင်း၏ လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊ အမဲဆီများ၊ မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့ (12') အမြင့်ထိသာ လောင်းသင့်ပါသည်။

✅အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

ချစ်သောမိတ်ဆွေအားလုံးစီးပွားလာဘ်လာဘများတိုးပွားနိုင်ကြပါစေရှင့် .....🙏


Address

20/766
Taungoo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959446984337

Website

Alerts

Be the first to know and let us send you an email when Htun's & Brothers Construction Group Of Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun's & Brothers Construction Group Of Company:

Share