တော်ဝင်ခန့်ထည်ဆောက်လုပ်ရေး ကုမ္ပဏီ

  • Home
  • Myanmar
  • Taungoo
  • တော်ဝင်ခန့်ထည်ဆောက်လုပ်ရေး ကုမ္ပဏီ

တော်ဝင်ခန့်ထည်ဆောက်လုပ်ရေး ကုမ္ပဏီ Engr U Minn Thu . RE / Construction

[Peg Out မင်္ဂလာ အောင်မြင်ခြင်းနှင့် အိမ်သစ်စီမံကိန်းအစ] 🚩🏗️✨"ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကနေ... ခေတ်မီတဲ့ နေအိမ်တစ်လုံးဆီသ...
26/04/2026

[Peg Out မင်္ဂလာ အောင်မြင်ခြင်းနှင့် အိမ်သစ်စီမံကိန်းအစ] 🚩🏗️✨
"ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကနေ... ခေတ်မီတဲ့ နေအိမ်တစ်လုံးဆီသို့"
ဒီနေ့ (၂၅.၄.၂၀၂၆) မင်္ဂလာရှိသော နံနက်ခင်းအချိန်အခါမှာ ကျွန်တော်တို့ တော်ဝင်ခန့်ထည် (Taw Win Khant Htal Construction) ရဲ့ ပရောဂျက်အသစ်ဖြစ်တဲ့ -
📍 Location: တောင်ငူမြို့၊ ဆရာဖြေလမ်း
🏠 Building Type: Steel Structure (၂) ထပ် အဆောက်အအုံ
တည်ဆောက်ရေးလုပ်ငန်းခွင်ရဲ့ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ Peg Out (ပုနက်ရိုက်) မင်္ဂလာကို အင်ဂျင်နီယာစံနှုန်းများနဲ့အညီ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။
Steel Structure အဆောက်အအုံများ၏ သဘာဝအရ တိုင်နေရာ (Column Center) များ တိကျမှုရှိစေရန် ကျွန်တော်တို့၏ ကျွမ်းကျင်အင်ဂျင်နီယာများမှ သေချာစွာ တိုင်းတာစစ်ဆေးပြီးမှသာ ပုနက်ရိုက်ခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
ယုံကြည်စိတ်ချစွာ အပ်နှံပေးပါသော အိမ်ရှင်မိသားစုအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ Quality ကို အဓိကထားပြီး အိမ်ရှင်တို့ စိတ်တိုင်းကျစေမယ့် လက်ရာမျိုးနဲ့ အကောင်းဆုံး တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
#ပုနက်ရိုက်မင်္ဂလာ

23/04/2026

စျေးနှုန်းထက် အရည်အသွေးကို ရှေ့တန်းတင်သူများအတွက်

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် အပေါ်ယံ အလှအပထက် မြင်မရနိုင်တဲ့ အခြေခံအုတ်မြစ် (Foundation) ခိုင်ခံ့ဖို့က အသက်ပါ။
ဗိုလ်မှူးဖိုးကွန်းလမ်းက (၄၄' x ၇၈') ၃ ထပ် Project မှာ ကျွန်တော်တို့ Taw Win Khant Htal Construction က နောက်ဆုံး Footing လောင်းခြင်းကို Engineering Standard အပြည့်နဲ့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာ...
✅ PAE စနစ် (ခေါင်းပုံဖြတ်ခြင်း) လုံးဝမရှိခြင်း
✅ Engineering သတ်မှတ်စံနှုန်းအတိုင်း ပစ္စည်းချိုးကျ အမျိုးအစား တိကျခြင်း
✅ အတွေ့အကြုံရင့် အင်ဂျင်နီယာကိုယ်တိုင် အနီးကပ် ကြီးကြပ်ခြင်း
လူကြီးမင်းတို့ရဲ့ အိမ်မက်တွေကို ရေရှည်ခိုင်ခံ့အောင် ကျွန်တော်တို့နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။

လုပ်ငန်းခွင် ပိတ်ရက်များ:(၁၃.၄.၂၀၂၆) မှ (၁၈.၄.၂၀၂၆) ရက်နေ့အထိ(သင်္ကြန်အကြိုနေ့ မှ နှစ်ဆန်း ၂ ရက်နေ့အထိ)📅 လုပ်ငန်းပြန်လည်...
12/04/2026

လုပ်ငန်းခွင် ပိတ်ရက်များ:
(၁၃.၄.၂၀၂၆) မှ (၁၈.၄.၂၀၂၆) ရက်နေ့အထိ
(သင်္ကြန်အကြိုနေ့ မှ နှစ်ဆန်း ၂ ရက်နေ့အထိ)
📅 လုပ်ငန်းပြန်လည်စတင်မည့်ရက်:
(၁၉.၄.၂၀၂၆) တနင်္ဂနွေနေ့
(နှစ်ဆန်း ၃ ရက်နေ့)
အားလပ်ရက်ကာလအတွင်း မိမိတို့၏ အိမ်ရှင်မိသားစုများနှင့် လုပ်ငန်းမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဘေးကင်းလုံခြုံစွာဖြင့် အတာရေသဘင် ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်သစ်မှာလည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု၊ ခိုင်မာသော အင်ဂျင်နီယာစံနှုန်းများဖြင့် ပရောဂျက်အသစ်တွေကို ဆက်လက်ပုံဖော်ပေးသွားပါမည်။
လေးစားစွာဖြင့် -
Managing Director & Staffs
Taw Win Khant Htal Construction

သင်္ကြန်ရက်နားနီး မြန်မာနှစ်သစ် မင်္ဂလာအချိန်ခါမှာ အစစအရာရာ အောင်မြင်ခြင်းအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတော...
10/04/2026

သင်္ကြန်ရက်နားနီး မြန်မာနှစ်သစ် မင်္ဂလာအချိန်ခါမှာ အစစအရာရာ အောင်မြင်ခြင်းအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏🌸✨
မင်္ဂလာရှိသော ပုနက်တင်ခြင်း (Peg Out)အောင်မြင်ခြင်း။ 🚩🏗️

📍 Location: ဇေယျာခင်ဦး (၁) လမ်း
🏠 Type: RC Single Story House
Date : 10.4.2026
Engineering By: Taw Win Khant Htal Construction

ယုံကြည်စိတ်ချစွာ အပ်နှံပေးသော အိမ်ရှင်အား ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးကို အလေးထားပြီး အကောင်းဆုံး တည်ဆောက်ပေးသွားပါမည်။
#သင်္ကြန်အကြိုမင်္ဂလာ

ပြောင်းလဲလို့မရတဲ့ အခြေအနေမှာ စိတ်ညစ်မနေဘဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ဉာဏ်နဲ့ယှဉ်ပြီး လုပ်ဆောင်ရမှာက ကျွန်တော်တို့ တာ...
30/03/2026

ပြောင်းလဲလို့မရတဲ့ အခြေအနေမှာ စိတ်ညစ်မနေဘဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ဉာဏ်နဲ့ယှဉ်ပြီး လုပ်ဆောင်ရမှာက ကျွန်တော်တို့ တာဝန်ပါ။ စိတ်ပျက်ပြီး ဘေးထွက်ထိုင်နေရမှာ မဟုတ်ပါဘူး။
"တက်မရှိ လက်နဲ့လှော်မယ်" ဆိုတဲ့အတိုင်း...
ဘယ်လိုအခက်အခဲပဲရှိရှိ မရရတဲ့ နည်းလမ်းနဲ့ ရှေ့ဆက်လျှောက်နေရမှာပါ။
ဒီနေ့ (၃၀.၃.၂၀၂၆) နေ့မှာတော့...
တောင်ငူမြို့၊ ဆရာဖြေလမ်းမှာရှိတဲ့ Steel Structure ၂ ထပ် လုံးချင်းအိမ်လေး အတွက် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ခုလိုအချိန်၊ ခုလိုကာလကြီးမှာ ယုံကြည်မှုအပြည့်နဲ့ "တော်ဝင်ခန့်ထည် ဆောက်လုပ်ရေး" ကို လုပ်ငန်းအပ်နှံပြီး တည်ဆောက်ခွင့်ပေးတဲ့ အစ်ကိုနဲ့ အစ်မ မိသားစုကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တာဝန်ကျေပွန်စွာနဲ့ အကောင်းဆုံး တည်ဆောက်ပေးသွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။

🤝 Contract Successfully SignedTaw Win Khant Htal Construction အနေဖြင့် မိမိတို့၏ တည်ဆောက်ရေးလုပ်ငန်းအား ယုံကြည်စိတ်ချစွာ...
27/03/2026

🤝 Contract Successfully Signed
Taw Win Khant Htal Construction အနေဖြင့် မိမိတို့၏ တည်ဆောက်ရေးလုပ်ငန်းအား ယုံကြည်စိတ်ချစွာဖြင့် အပ်နှံပေးခဲ့သော ပိုင်ရှင်မိသားစုအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ပြည်ပမှနေ၍ ကျွန်တော်တို့၏ Professional Expertise နှင့် Engineering Standards များကို အသိအမှတ်ပြုကာ ယုံကြည်စွာ ရွေးချယ်ပေးခြင်းသည် ကျွန်တော်တို့အဖွဲ့သားများအတွက် အထူးဂုဏ်ယူစရာ ဖြစ်ပါသည်။ ဤယုံကြည်မှုကို အလေးအနက် တန်ဖိုးထားလျက် Project တစ်ခုလုံးကို Quality, Precision နှင့် Accountability အပြည့်အဝဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့အနေဖြင့် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် အင်ဂျင်နီယာစံနှုန်း (Standard Codes) များအတိုင်း တိကျသေချာစွာ တွက်ချက်တည်ဆောက်သွားမည်ဖြစ်ပြီး၊ လုပ်ငန်းအပ်နှံသူ ပိုင်ရှင်မိသားစုဘက်မှလည်း အဝေးမှနေ၍ စိတ်အေးချမ်းသာစွာ ယုံကြည်နိုင်စေရန် Transparent Reporting System ဖြင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည် ဖြစ်ပါသည်။
Taw Win Khant Htal Construction သည် Professionalism, Quality Assurance နှင့် Client Satisfaction ကို အဓိကထား၍ ခိုင်ခံ့လှပသော Sustainable & High-Standard Construction ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။
လူကြီးမင်းတို့၏ စိတ်ကူးအိမ်မက်များကို ခိုင်မာသော အင်ဂျင်နီယာစံနှုန်းများဖြင့် ပုံဖော်တည်ဆောက်နိုင်ရန် ကျွန်တော်တို့နှင့် အမြဲတမ်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
Taw Win Khant Htal Construction
(Professionalism • Quality • Accountability)
ဦးမင်းသူ (မြို့ပြအင်ဂျင်နီယာ)
Managing Director

27/03/2026

40’x74’ RC 3 ထပ်
ဗိုလ်မှူးဖိုးကွန်းလမ်း နှင့် ၅ လမ်းဒေါင့် ဆိုဒ်မှာ အားတက်သရောနဲ့ Footing ကြီးတွေ စတင်လောင်းနေပါပြီ။ တစ်ချက်ချင်းစီကို ဂရုတစိုက်နဲ့ အချိုးအစားကျကျ လုပ်ဆောင်နေတဲ့ ကျွန်တော်တို့အဖွဲ့သားတွေရဲ့ ကြိုးစားမှု မြင်ကွင်းပါ။ လုပ်ငန်းတွေ အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ ဆက်လက် ကြိုးစားသွားပါဦးမယ်။

25/03/2026

🏗️ အခက်အခဲများကို ကျော်ဖြတ်၍ အိမ်မက်များကို ဆက်လက်ပုံဖော်ခြင်း (ဗိုလ်မှူးဖိုးကွန်းလမ်းဆိုဒ် Update)
"အခြေခိုင်မှ အိမ်မြဲမည်" ဆိုတဲ့အတိုင်း အဆောက်အအုံတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ Main Footing (ဖောင်ဒေးရှင်း) လုပ်ငန်းများကို ဒီနေ့မှာတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ 🛠️✨
ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ရဲ့ ဆိုဒ်တာဝန်ခံ ကျွန်တော်ဦးလေးအရင်း ဖြစ်သူ မတော်တဆမှုဖြစ်ပြီး ဆေးရုံတင်ထားရပါတယ် ထိုဖြစ်စဉ်အပေါ် စိုးရိမ်တကြီး မေးမြန်းပေးကြသူများ၊ ဆုတောင်းပေးကြသူများနှင့် စိတ်ရှည်စွာ နားလည်ပေးကြသော အိမ်ရှင်များကို တော်ဝင်ခန့်ထည် မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါ ဦးလေး၏ ကျန်းမာရေးမှာလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သလို၊ ကျွန်တော်တို့ အဖွဲ့သားများအားလုံးလည်း အိမ်ရှင်တို့၏ ယုံကြည်မှုကို အလေးထားသောအားဖြင့် လုပ်ငန်းခွင်အတွင်းသို့ အင်တိုက်အားတိုက် ပြန်လည်ဝင်ရောက်ရန်အလေးထား စီစဉ်ဆောက်ရွက်နေပြီ ဖြစ်ပါသည်။
📍 ယနေ့လုပ်ငန်းဆောင်ရွက်မှု -ကတော့
ဗိုလ်မှူးဖိုးကွန်းလမ်းဒေါင့်ရှိ (၄၀' x ၇၄') ၃ ထပ် ခွဲ RC အဆောက်အအုံသစ်ကြီးအတွက် ခိုင်ခံ့မှုအရှိဆုံးသော Footing ကွန်ကရစ်လောင်းခြင်းလုပ်ငန်းကို အင်ဂျင်နီယာကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ စံချိန်စံညွှန်းမီစွာ ဆောင်ရွက်ခဲ့ပါသည်။
လက်ရှိတွင် လုပ်သားရှားပါးမှုနှင့် အထွေထွေအခက်အခဲများ ရှိနေသော်လည်း... ကျွန်တော်တို့ တော်ဝင်ခန့်ထည် အနေဖြင့် ရှိသည့်အင်အားကို စုစည်းကာ ရသလောက် အစွမ်းကုန် ကြိုးစားအားထုတ်လျက် လုပ်ငန်းများ အရှိန်မပျက်စေရန် စီစဉ်ဆောင်ရွက်နေပါသည်။
စိန်ခေါ်မှုများစွာရှိနေသည့်ကြားမှ ကျွန်တော်တို့ကို ယုံကြည်စွာ လက်တွဲပေးကြသော အိမ်ရှင်များအားလုံး စိတ်အေးချမ်းသာစွာဖြင့် မိမိတို့၏ အိမ်မက်အိမ်လေးကို စောင့်မျှော်နိုင်ရန် အကောင်းဆုံး ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
"ယုံကြည်မှုကို အရင်းတည်၍ အကောင်းဆုံးသော အရည်အသွေးများဆီသို့..."
လေးစားစွာဖြင့် -
Engr. Minn Thu (Civil)
Managing Director
တော်ဝင်ခန့်ထည် ဆောက်လုပ်ရေးကုမ္ပဏီ

ကြေညာချက် တည်ဆောက်ရေး လုပ်ငန်းအပ်နှံထားသော အိမ်ရှင်မိသားစုဝင်များ၏ စာနာနားလည်မှုအပေါ် အထူးကျေးဇူးတင်ရှိခြင်းနှင့် လက်ရှိ...
19/03/2026

ကြေညာချက်

တည်ဆောက်ရေး လုပ်ငန်းအပ်နှံထားသော အိမ်ရှင်မိသားစုဝင်များ၏ စာနာနားလည်မှုအပေါ် အထူးကျေးဇူးတင်ရှိခြင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေ တင်ပြချက်

ကျွန်တော်တို့ တော်ဝင်ခန့်ထည် (Taw Win Khant Htal Construction) ကို ယုံကြည်စွာ တာဝန်ပေးအပ်ထားကြသော အိမ်ရှင်မိသားစုဝင်များအားလုံးကို အစဉ်လေးစားလျက်ရှိပါသည်။
လက်ရှိကာလတွင် မမျှော်လင့်ဘဲ ကြုံတွေ့နေရသည့် အထွေထွေအခက်အခဲများကြောင့် အချို့သော ပရောဂျက်ဆိုဒ်များတွင် လုပ်ငန်းကြန့်ကြာမှုရှိနေခြင်းကို စိတ်ရှည်စွာဖြင့် နားလည်ပေးကြသည့် အိမ်ရှင်များအားလုံးကို ကျွန်တော်တို့အဖွဲ့သားများမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပထမဦးစွာ ပြောကြားလိုပါသည်။

ယခုကဲ့သို့ စိန်ခေါ်မှုများပြားလှသည့် အချိန်ကာလအတွင်း လုပ်ငန်းများ အရှိန်မပျက်စေရန် ကျွန်တော်တို့ဘက်မှ အစွမ်းကုန် ရုန်းကန်ကြိုးစားနေရသည့် အခြေအနေမှန်အချို့ကိုလည်း အိမ်ရှင်များအား ပွင့်လင်းမြင်သာစွာ တင်ပြအပ်ပါသည် -

• ကျွမ်းကျင်လုပ်သားနှင့် သွားလာရေး:

ကျွမ်းကျင်လုပ်သား ရှားပါးလာမှုနှင့် အခြေခံလုပ်သားများ၏ သွားလာရေး ခက်ခဲမှုများကြောင့် လုပ်ငန်းခွင်အတွင်း လူအင်အား ထိန်းညှိရာတွင် အချိန်ယူ ဆောင်ရွက်နေရပါသည်။

ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းမှမဟုတ်ပဲ ခုချိန် နယ်ပယ်အသီးသီးမှာ လုပ်သားရှားပါးမှု့ရှိနေတာလဲး
လုပ်ငန်ရှင်တိုင်း ကြုံတွေ့နေရသည်မှာ အထူပြောစရာမလိုပါ

• စက်သုံးဆီ ပြဿနာ:

လတ်တလော တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် စက်သုံးဆီ အခက်အခဲများကြောင့် စက်ယန္တရားလည်ပတ်မှုနှင့် လုပ်သားများသွားလာရေး ၊ပို့ဆောင်ရေးအပိုင်းတွင် အကန့်အသတ်များ ရှိလာပါသည်။

• ကုန်ကြမ်းစျေးကွက် မတည်ငြိမ်ခြင်း:

ဘိလပ်မြေ ဝယ်ယူရန် ခက်ခဲခြင်း၊ စျေးနှုန်းမတည်ငြိမ်ခြင်းနှင့် ဆီစျေး အလိုက် အုတ်၊ သဲ၊ ကျောက် သယ်ယူစရိတ်များ မြင့်တက်လာခြင်းတို့ကို နေ့စဉ်နှင့်အမျှ ဖြေရှင်းကျော်ဖြတ်နေရပါသည်။

⚠️ ကျွန်တော်တို့၏ ရပ်တည်ချက်နှင့် ရှေ့ဆက်မည့် အစီအစဉ်

ဤကဲ့သို့သော မမျှော်မှန်းနိုင်သည့် အခက်အခဲများ ကြားထဲမှပင် ကျွန်တော်တို့ တော်ဝင်ခန့်ထည် အနေဖြင့် -

၁။ လက်ရှိ လက်ခံထားပြီးသော လုပ်ငန်းများကို သတ်မှတ်စံနှုန်းများအတိုင်း အကောင်းဆုံး ပြီးပြတ်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ နောင်ထပ်မံအပ်နှံမည့် လုပ်ငန်းသစ်များနှင့်အပ်နှံထားပြီးသော လုပ်ငန်းများအတွက်မူ... လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် အချိန်ဇယား အပြောင်းအလဲများကို (စာနာနားလည် လက်ခံနိုင်ပါသည်ဆိုမှသာ) ကျွန်တော်တို့ထံတွင်ယုံကြည်စိတ်ချစွာ ဖြင့် လုပ်ငန်းအပ်နှံ၍ လက်တွဲးတည်ဆောက်ရန် မေတ္တာရပ်ခံအပ်ပါသည်။

ဤသို့ ဆောင်ရွက်ရခြင်းမှာ ပိုက်ဆံရပြီးပြီးရောဖြစ်သလိုတည်ဆောက်မှု့မျိုး စနစ်မကျ သောတည်ဆောက်မှု့မျိုး များမဖြစ်စေဖို့ နဲ့ အိမ်ရှင်တို့၏ ယုံကြည်မှုကို အလွဲသုံးစားမပြုဘဲ ကျွန်တော်တို့ဘက်မှလည်း စနစ်ကျသောတည်ဆောက်မှု့ ၊ အသေချာဆုံးနှင့် အရည်အသွေးအကောင်းဆုံး တည်ဆောက်မှုမျိုးကိုသာ ပေးအပ်လိုသော စေတနာကြောင့် ဖြစ်ပါသည်ခင်ဗျာ။
ယုံကြည်မှုကို အရင်းတည်၍ အခက်အခဲများကို အတူတကွ ကျော်ဖြတ်ပါမည်။

လေးစားစွာဖြင့် -
Engr. Minn Thu (Civil)
Managing Director
တော်ဝင်ခန့်ထည် ဆောက်လုပ်ရေးကုမ္ပဏီ

🏗️ မြေပြင်မှာ ဘာမှမလုပ်ခင်ကတည်းက သင့်အိမ်မက်ကို ပုံဖော်ကြည့်လိုက်ပါ - တော်ဝင်ခန့်ထည်အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင်..."ငါ...
16/03/2026

🏗️ မြေပြင်မှာ ဘာမှမလုပ်ခင်ကတည်းက သင့်အိမ်မက်ကို ပုံဖော်ကြည့်လိုက်ပါ - တော်ဝင်ခန့်ထည်
အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင်...
"ငါဖြစ်ချင်တဲ့ ပုံစံလေး ရပါ့မလား?"
"အထဲမှာ အခန်းဖွဲ့တာတွေကကော အဆင်ပြေပါ့မလား?" ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတတ်ကြပါတယ်။ 🤔
ကျွန်တော်တို့ တော်ဝင်ခန့်ထည် (Taw Win Khant Htal Construction) မှာတော့ ဒီလို စိုးရိမ်မှုတွေ လုံးဝ ရှိစရာမလိုပါဘူး။
✅ အသေးစိတ် တိုင်ပင်ဆွေးနွေးခြင်း:
မြေပြင်မှာ ဘာမှမလုပ်ခင်ကတည်းက အိမ်ရှင်တို့ရဲ့ လိုအပ်ချက်၊ စိတ်ကူးစိတ်သန်းတွေကို သေချာ နားထောင်ပြီး ညှိနှိုင်းတိုင်ပင်ပေးပါတယ်။
✅ Foundation မှ Rooftop အထိ စနစ်တကျ ရေးဆွဲခြင်း:
အုတ်မြစ် (Foundation) ကနေ အမိုး (Rooftop) အထိ Engineering စံနှုန်းမီ စနစ်တကျ ဒီဇိုင်းရေးဆွဲပေးတာကြောင့် ခိုင်ခံ့မှုရော အလှအပပါ စိတ်ချရပါတယ်။
✅ လက်တွေ့မဆောက်ခင် ကြိုတင်မြင်တွေ့ရခြင်း:
မိမိအိမ်လေး တည်ဆောက်ပြီးစီးသွားရင် ဘယ်လို ပုံစံမျိုး ထွက်လာမလဲဆိုတာကို မြေပြင်မှာ အုတ်တစ်ချပ် မချခင်ကတည်းက 3D Visual များဖြင့် သေချာ မြင်တွေ့ရအောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ✨🏠
ယခု Video လေးကတော့ ကျွန်တော်တို့ ရေးဆွဲပေးထားတဲ့ Project တစ်ခုရဲ့ လက်တွေ့ပုံစံအတိုင်း မြင်တွေ့ရမည့် ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။
"အိမ်မက်တွေကို လက်တွေ့အကောင်အထည်မဖော်ခင်... တော်ဝင်ခန့်ထည် မှာ ပုံဖော်ကြည့်လိုက်ပါ" 🛡️🤝
👨‍💼 Engr Min Thu (Civil)
Managing Director (RE. Construction)
📍 တည်နေရာ: အမှတ် (၂၂/၅၆)၊ ပုစုလမ်း၊ တောင်ငူမြို့။
📞 ဖုန်း: 09 5350581, 09 675850581, 09 693263110
#တောင်ငူ #အိမ်ဒီဇိုင်း #အိမ်ဆောက်လုပ်ရေး

ဘယ်လောက်ပဲ ခက်ခဲပါစေ... လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ 💪🏗️အခြေအနေတွေက ဘယ်လိုပဲရှိရှိ၊ အလုပ်အပေါ်မှာတော့ အရှိန်မပျက်ပါဘူး...
13/03/2026

ဘယ်လောက်ပဲ ခက်ခဲပါစေ... လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ 💪🏗️
အခြေအနေတွေက ဘယ်လိုပဲရှိရှိ၊ အလုပ်အပေါ်မှာတော့ အရှိန်မပျက်ပါဘူး။ oil အခက်အခဲရှိသလို၊ ကုန်ဈေးနှုန်းတွေကလည်း မတည်ငြိမ်ဘူး။ ဒါပေမဲ့ အကြောင်းပြချက်တွေထက် ရလဒ်ကောင်းဖို့က ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်။
"ခက်ခဲတယ်ဆိုတာ ကျော်ဖြတ်ဖို့ပဲ..."
ကျွန်တော့်အပေါ် ယုံကြည်ပေးထားတဲ့ အိမ်ရှင် များအတွက် တော့ အကောင်းဆုံးဖြစ်အောင်စီစဉ်နေပါတယ် ၊ ပစ္စည်းဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေ ရှိပေမဲ့ မရရအောင် ပစ္စည်းများကြိုတင်ဝယ်ယူ စုဆောင်းခြင်း ၊ Foundation လုပ်ငန်းတွေနဲ့ အုတ်စီခြင်းလုပ်ငန်းတွေကို အမြန်ဆုံး လက်စသတ်နိုင်ဖို့ ရှိတဲ့လူအင်အားနဲ့တွန်းလုပ်နေပါတယ်။
ဘယ်လောက်ပဲ ကြပ်တည်းပါစေ...
လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ
အခက်ခဲတွေကြားကနေ ရုန်ကန်ပြီး လုပ်ကိုင်ပေးနေတဲ့ ကျွန်တော့်တို့ရဲ့အဖွဲ့သားတွေ၊ခေါင်ဆောင်တွေနဲ့အတူ အကောင်းဆုံးသော အရည်အသွေးတွေရဖို့ ဆက်လက် အားစိုက်သွားပါ့မယ်။
ယုံကြည်မှုနဲ့အတူ အစွမ်းကုန် ကြိုးစားပေးနေတဲ့ ကျွန်တော့်တို့အဖွဲ့သားအားလုံးလည်း ဘေးကင်းကြပါစေ။

Address

ရန်ကုန်/မန္တလေး လမ်းမ
Taungoo

Telephone

+9595350581

Website

Alerts

Be the first to know and let us send you an email when တော်ဝင်ခန့်ထည်ဆောက်လုပ်ရေး ကုမ္ပဏီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တော်ဝင်ခန့်ထည်ဆောက်လုပ်ရေး ကုမ္ပဏီ:

Share