Artbuild Co.,Ltd

Artbuild Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Artbuild Co.,Ltd, Construction Company, No 1372 Su Htu Pan Road, Aye Myitter, Thanlyin.

Undeground Sanitary Manhole, Inspection Chamber , Main Drain Line, Branch Drain Line တွေနဲ့ Sanitary wares တွေ Regular m...
05/08/2026

Undeground Sanitary Manhole, Inspection Chamber , Main Drain Line, Branch Drain Line တွေနဲ့ Sanitary wares တွေ Regular maintanance ကို မကြာမကြာလုပ်ပေးဖို့ လိုပါတယ်။

Construction ကာလကလိုအပ်ချက်တွေရှိခဲ့ရင် တချို့နေရာတွေမှာ အားနည်းချက်တွေ ရှိလို့ မကြာမကြာ ပိတ်ဆို့တာတွေ၊ လျှံတာတွေ ဖြစ်နိုင်ပါတယ်။



ပျက်ဆီးသွားတဲ့ ကတရာလမ်းတွေကို စရိတ်နည်းနည်း အကုန်အကျလည်းသက်သာ ရေရှည်ခိုင်ခံ့အောင် ပြုပြင်ပေးနိုင်ပါတယ်
25/06/2026

ပျက်ဆီးသွားတဲ့ ကတရာလမ်းတွေကို စရိတ်နည်းနည်း အကုန်အကျလည်းသက်သာ ရေရှည်ခိုင်ခံ့အောင် ပြုပြင်ပေးနိုင်ပါတယ်



Hello welcome New Year 🥰🥰
31/12/2025

Hello welcome New Year 🥰🥰

18/11/2025
ပွင့်လင်းရာသီလေးနဲ့ အတူလမ်းဆိုင်ဘုတ်တွေ လဲကြမယ်
18/11/2025

ပွင့်လင်းရာသီလေးနဲ့ အတူလမ်းဆိုင်ဘုတ်တွေ လဲကြမယ်







ရေပိုက်စနစ် (Plumbing & Sanitary System) မှ Water Seal ၏ အရေးပါပုံတစ်နေ့တွင် Site Office မှ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာ...
30/10/2025

ရေပိုက်စနစ် (Plumbing & Sanitary System) မှ Water Seal ၏ အရေးပါပုံ

တစ်နေ့တွင် Site Office မှ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာပါသည်။ အကြောင်းရင်းမှာ အိမ်ရှင်တစ်ဦးမှ ရေပိုက်စနစ်နှင့် ပတ်သက်၍ Complain တက်နေသောကြောင့် လာရောက်ရှင်းလင်းပေးရန် ဖြစ်ပါသည်။ ကျွန်တော်လည်း အားလပ်ချိန်တွင် CP 48 ပုံစံငယ်လေးကို ယူဆောင်ပြီး အိမ်ရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

အိမ်ရှင်၏ ပြဿနာမှာ ၎င်းတို့၏ မြေညီထပ် (Ground Floor) ရှိ Shop House ရေချိုးခန်း-အိမ်သာ၏ Floor Trap (ကြမ်းပြင်ရေဆင်းပေါက်) တွင် အရင်က ရေမရှိဘဲ ခြောက်သွေ့နေသော်လည်း၊ ယခုအခါ ရေများတင်ကျန်နေခြင်းကြောင့် မည်သို့ဖြစ်ရသည်ကို သိလိုခြင်း ဖြစ်ပါသည်။

ကျွန်တော်က CP 48 ပုံစံငယ်လေးထဲမှ မြေညီထပ် Floor Trap များကို Inspection Chamber (IC) သို့ မည်သို့ ဆက်သွယ်ရမည်ဆိုသည့် လမ်းညွှန်ပုံ (Guide Drawing) ကို ထုတ်ပြပြီး ရှင်းပြခဲ့ပါသည်။ ယင်းသို့ ရေတင်ကျန်နေခြင်းမှာ PUB (Singapore Public Utility Board) ၏ လမ်းညွှန်ချက် (Guide Line) အတိုင်း ပြုပြင်ဆက်သွယ်ပေးထား၍ Water Seal လေး ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

Water Seal စနစ်၏ အကျိုးကျေးဇူးများ
ဤကဲ့သို့ Water Seal လေး ပြုလုပ်ထားခြင်းအားဖြင့် မြေအောက်ရှိ Main Drain Line များ၊ IC များမှ ထွက်လာနိုင်သော မကောင်းသည့် အနံ့အသက်ဆိုးများ (Foul Air) နှင့် ရောဂါပိုးမွှားများ၊ ကြွက်များ၊ ပိုးဟတ်များ စသည့် တိရစ္ဆာန်များ အပေါ်သို့ ပြန်လည်မတက်လာနိုင်အောင် ထိရောက်စွာ တားဆီးပေးပါသည်။

ထို့ကြောင့် Floor Trap ထဲသို့ အမှိုက်များမချရန်နှင့် Mosquito Devise များကို ဖယ်ရှားမပစ်ရန် အိမ်ရှင်အား အကြံပေးခဲ့ပါသည်။
ကျွန်တော့်ရှင်းလင်းချက်ကို ကြားပြီးနောက် အိမ်ရှင်မှ ယခင်က ၎င်းတို့၏ ရေဆင်းပေါက်ဟောင်းမှ ပိုးဟတ်များနှင့် ကြွက်များ တက်လာဖူးကြောင်း ပြောပြခဲ့ပါသည်။ ယခု Water Seal လေး ရှိနေခြင်းကြောင့် ရရှိမည့် အကာအကွယ်ကို အိမ်ရှင်မှ သဘောပေါက်ကာ ကျေနပ်သွားပြီး Complain လည်း အဆင်ပြေစွာ ပြီးဆုံး သွားခဲ့ပါသည်။

အိမ်သာစနစ်နှင့် Water Seal
ကျွန်တော်တို့ ငယ်စဉ်က ကြွေဗမာထိုင်အိမ်သာ (Squatting Pan) များ စတင်ပေါ်ခါစတွင် Water Seal ခံထားသဖြင့် ရေကျအောင် လောင်းချရသည်ကို မှတ်မိကြမည် ဖြစ်ပါသည်။ တကယ်တမ်းတွင် Septic Tank၊ Sewer Manhole၊ IC၊ Drain line၊ Sanitary Stack Pipe များနှင့် အိမ်သာအသုံးပြုသူများအကြားတွင် ဤအိမ်သာအိုးများ၊ Floor Trap များတွင်ရှိသော Water Seal လေးများကသာ အနံ့အသက်ဆိုးများ၊ ရောဂါပိုးမွှားများနှင့် တိရစ္ဆာန်များ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်ပေးထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤ Water Seal လေးများသည် အဆောက်အအုံ၏ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

SARS ရောဂါ ဖြစ်စဉ်မှ သင်ခန်းစာ
မှတ်သားသင်ခန်းယူစရာ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ ဟောင်ကောင်ရှိ ကွန်ဒိုမီနီယမ်တစ်ခုတွင် SARS ရောဂါ ဖြစ်ပွားခဲ့စဉ်က ဖြစ်ပါသည်။ ထိုကွန်ဒို၏ Vertical Sanitary Stack Pipe တစ်လျှောက်မှ ရောဂါပိုးများ အထက်အောက် အခန်းများသို့ ကူးစက်ခဲ့သည်။ စုံစမ်းစစ်ဆေးရာတွင် ဟောင်ကောင်ရှိ Sanitary System အများစုတွင် Water Seal များ ကောင်းစွာမခံထားသည်ကို တွေ့ရှိရပြီး၊ စင်ကာပူနိုင်ငံကဲ့သို့ စံနှုန်းမီစနစ်များအတိုင်း အားလုံးကို ပြန်လည်ပြုပြင်ယူခဲ့ရသည်ဟု ဆိုပါသည်။

နိဂုံးချုပ်နှင့် အကြံပြုချက်
ထို့ကြောင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ကျွမ်းကျင်သော Plumbing and Sanitary Engineer များနှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျ Design ရေးဆွဲရန် လွန်စွာလိုအပ်ပါသည်။
လက်ရှိ အသုံးပြုနေဆဲ အဆောက်အအုံများနှင့် တိုက်ခန်းများတွင်လည်း Floor Drain များ (ကြမ်းပြင်ရေဆင်းပေါက်များ) ၌ Trap (Water Seal) မခံထားခြင်းများရှိပါက၊ လေမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားချိန်တွင် အထူးသတိပြုကြရန်နှင့် လိုအပ်ပါက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားရန် အရေးကြီးကြောင်း အလေးအနက် အကြံပြုလိုက်ရပါသည်။
လေးစားစွားဖြင့်
Naing Lin Htet

Mitsubishi Ventilation Fan - Thailand made အရေအသွေးမြင့် အမျိုးအစားကောင်းပစ်စည်းဖြစ်ပါတယ်။Ceiling mounted type လေးပါ။သူ့...
15/07/2025

Mitsubishi Ventilation Fan - Thailand made
အရေအသွေးမြင့် အမျိုးအစားကောင်းပစ်စည်းဖြစ်ပါတယ်။
Ceiling mounted type လေးပါ။
သူ့ရဲ့ထူးခြားချက်က အသံအရမ်းငြိမ်လို့ အစည်းအဝေးခန်းလို နေရာမျိုးမှာပါ သုံးဖို့သင့်တော်ပါတယ်။

Artbuild ဘာတွေလုပ်လဲလို့မေးရင် တခါတလေ ဘယ်လိုရှင်းပြရမလဲ မသိတော့ပါ တိုတိုနဲ့လိုရင်းက အကုန်လုပ်ပါတယ်ပေါ့ 🤭🤭
07/07/2025

Artbuild ဘာတွေလုပ်လဲလို့မေးရင် တခါတလေ ဘယ်လိုရှင်းပြရမလဲ မသိတော့ပါ
တိုတိုနဲ့လိုရင်းက အကုန်လုပ်ပါတယ်ပေါ့ 🤭🤭

Today activities
07/03/2025

Today activities



လုပ်ငန်းလေးတခု အောင်မြင်ပြီးမြောက်
22/01/2025

လုပ်ငန်းလေးတခု အောင်မြင်ပြီးမြောက်

Address

No 1372 Su Htu Pan Road, Aye Myitter
Thanlyin

Website

Alerts

Be the first to know and let us send you an email when Artbuild Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share