Hyper Engineering Group

  • Home
  • Hyper Engineering Group

Hyper Engineering Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hyper Engineering Group, Heating, ventilating & air conditioning service, ThuDhaMa Road and BhoneGyii Street, .

🚩အဲကွန်းထဲကဂက်စ်တွေဘယ်ပျောက်သွားလဲ?အဲကွန်းထဲမှာ အဲကွန်းဂက်စ်အဖြစ်သုံးမယ်ဆိုရင်ဘယ်လိုဓာတ်ငွေဖြစ်ဖြစ် သုံးလို့ရပါတယ်။ဒါတွေ...
16/07/2025

🚩အဲကွန်းထဲကဂက်စ်တွေဘယ်ပျောက်သွားလဲ?

အဲကွန်းထဲမှာ အဲကွန်းဂက်စ်အဖြစ်သုံးမယ်ဆိုရင်
ဘယ်လိုဓာတ်ငွေဖြစ်ဖြစ် သုံးလို့ရပါတယ်။
ဒါတွေနဲ့ကိုက်တယ်ဆိုအ‌ေကာင်းဆုံးပေါ့
🔺အဲကွန်းဂက်စ်ကအလွယ်တကူမီးမလောင်သင့်ပါ
🔺သူ့ဟာသူဓာတ်မပြိုကွဲရပါ
🔺ကွန်ပရက်ဆာဆီနဲ့အရောခံနိုင်စွမ်းရှိပြီးဓာတ်မပြုရပါ
🔺လျှပ်စစ်နဲ့ထိတွေ့ရင် ဓာတ်မပြိုကွဲရပါ
🔺အရည်ကနေအငွေ့၊အငွေ့ကနေအရည်ဘ၀ပြောင်းချိန် အပူစုတ်အား၊စွန့်အားကောင်းရပါမယ်။
🔺ထုတ်လုပ်မှုလွယ်ရပါမယ်
🔺ဈေးသက်သာရပါမယ်
🔺‌ပိုက်ပေါက်တဲ့အခါအလွယ်တကူစမ်းသပ်သိရှိနိုင်ရပါမယ်
🔺ဖိအားအရမ်းမနိမ့်ရသလို မမြင့်ရပါဘူး။
အလုပ်လုပ်တဲ့ဖိအားက ပတ်၀န်းကျင်လေဖိအားထက်မြင့်ရပါမယ်။
(0PSI ကနေ 500PSIကြားအကောင်းဆုံးပါ)
(R600ဆိုနိမ့်လို့ ပြဿနာရှိပါတယ်)
🔺ထုထည်ကျစ်လျစ်ရပါမယ်
🔺သတ်မှတ်ထားအ‌ခြေအနေတွေတဲ့အလုပ်လုပ်တဲ့အခါ စွမ်းအင်သုံးစွဲမှုသက်သာရပါမယ်
🔺သဘာ၀ပတ်၀န်းကျင်ကိုမထိခိုက်ရပါဘူး
စတဲ့အခြေခံအချက်တွေရှိပါတယ်။

🚩ဒီလိုအခြေခံအချက်တွေအားလုံးနဲ့ပြည့်စုံအောင်တော့ မရနိုင်ပေမယ့် အချက်အများစုနဲ့ကိုက်ရင်ကို လက်တွေ့မှာသုံးကြပါတယ်။
တခုချင်းစီမှာအားသာချက်အားနည်းချက်တွေတော့ရှိပါတယ်။

🚩အဲကွန်းဂက်စ်ရဲ့ သဘောသဘာ၀ကိုက
သတ်မှတ်ထားတဲ့ အရည်အသွေးတခုက
သူ့အလိုအလျောက်ဓာတုပြိုကွဲခြင်း
Chemically breakdown မဖြစ်ရပါ။
စနစ်ထဲက ဆီ၊ရေငွေတွေနဲ့လည်း
Misibiliy အရောဒဏ်ခံနိုင်ရတယ်ဆိုတာ တွေ့ရပါမယ်။

🚩ဒါပေမယ့် လက်တွေမှာ အရည်အသွေးမမီတဲ့
ဂက်စ်နဲ့ ဆီတွေ သုံးတာ၊ စနစ်ထဲမှာရေငွေ့တွေ ကုန်စင်အောင်
မလုပ်ပဲထားတတ်တာတွေကြောင့်
ဂက်စ်၊ဆီ၊ရေငွေ့အရောက Chemically breakdownဖြစ်ပြီး
အက်ဆစ်၊ဖယောင်းနဲ့ တခြားအရာတွေအဖြစ်ပြောင်သွားလို့
လည်ပတ်နေတဲ့ဂက်စ်တွေ၊ဆီတွေက ပိုက်မပေါက်ပဲ မူလပမာဏထက်လျော့သွားနိုင်ခြေရှိပါတယ်။

🚩ပိုက်တွေဖြုတ်ရင်
ပိုက်ထဲမှာ ဖယောင်းဂျိုးတွေကြည့်ရင်သိနိုင်ပါတယ်။

🚩ဖယောင်းရဲ့အဓိကလက်သည်က
ကွန်ပရက်ဆာဆီပါ။

🚩သတ်မှတ်ထားတဲ့ ဆီနဲ့ စနစ်မှာသုံးရမည့်ဂက်စ်က မကိုက်ညီတဲ့အခါ ၊ မူလကတည်းက ဆီအရည်အသွေးက အဲကွန်းစနစ်မှာ
မသုံးသင့်တဲ့အရည်အသွေးဖြစ်နေတာ၊ စနစ်ထဲမှာ ရေငွေ့ရှိနေတာတွေက အဓိကပြဿနာပါ။

နောက်ဂက်စ်လျော့တဲ့ပြသနာတခုကအသေးစားယိုစိမ့်မှု
Micro leaks ပါ။
ပိုက်ပေါက်တဲ့နေရာတွေက
အဲကွန်းနဲ့အအေးခန်းတွေမှာ
နေရာမျိုးစုံဖြစ်နိုင်ပါတယ်။

ပိုက်ဂျွိုင်း
ပိုက်ချင်းထိတဲ့နေရာ
၀ရိန်ဆော်တဲ့နေရာ
Flare nutခေါင်း
Shaft seal
Compressor gaskets
နပ်ခေါင်းတွေ
အအေးကွိုင်
အပူကွိုင်
ပိုက်အကွေးတွေမျိုးစုံဖြစ်နိုင်ပါတယ်။

တချို့အရမ်းသေးတဲ့ Microအဆင့်အပေါက်တွေက လချီမှ နှစ်ချီလောက်နေမှ တပေါင်လောက်လျော့တာ၊ဆယ်နှစ်နေမှတ‌ေပါင်လျော့တာ စသဖြင် အပေါက်ကလည်းမျိုးစုံပါ။

အပေါက်က အရမ်းသေးနေလို့ဖြစ်စေ၊ဂျီးခံနေရင်ဖြစ်စေ လေဖိအားPSI 100 ကနေ200ကြားထိုးစမ်းပြီး ရေနှစ်ကြည့်၊ဆပ်ပြာမြှပ်တင်ကြည့် မပြပါဘူး။
ပေါက်နေရင်တောင် အထွက်နည်း အပေါက်သေးလွန်းလို့
အီလက်ထရောနစ် Leak detectorအကောင်းစားမျိုးနဲ့ ရှာမှ တွေ့နိုင်တာမျိုးပါ။

အဲဒါမျိုးက ကြာမှလျော့၊ စမ်းလို့လည်းမတွေ့နဲ့ ဂက်စ်တွေအော်တို ပျောက်တယ်ထင်တာပါ။

သဘာ၀အရကို ရှိနေတဲ့အရာက
အလကားနေရင်းပျောက်သွား၊ကုန်သွားစရာတော့ မရှိပါ။

အပေါ်က ကျနော်ပြောခဲ့သလို
ဆီ‌တွေ၊ရေငွေ့တွေနဲ့ ဓာတ်ပြုလို့ တချို့တ၀က်လျော့တာဖြစ်ရင်ဖြစ်၊မဟုတ်ရင်တော့
Micro leaksနဲ့ ကိုယ်မမြင်တွေ့နိုင်တဲ့နေရာမှာပေါက်တာသေချာပါတယ်။

🚩 #အဲကွန်းတွေဂျီးပိတ်ပြီးမအေးတော့လို့
🚩 #ရေကျနေလို့ဆားဗစ်လုပ်ချင်တယ်ဆိုရင်တော့
ရှိပါတယ်ခင်ဗျာ။

⛔ဆားဗစ်အနေနဲ့ ဆေးခသပ်သပ်ချည်းဆိုရင်
1HP & 1.5HP အရွယ်အစားဆိုရင်
တလုံးကို ဝန်ဆောင်ခ 45000/-ပဲယူပါတယ်ခင်ဗျာ။ပိုမယူပါ။ကားခထပ်မတောင်းပါခင်ဗျာ။

⛔ဂက်စ်ထပ်ဖြည့်ရတယ်ဆိုရင်တော့
တလုံးကို 60000/- စီယူပြီး ပြည့်သည်အထိဖြည့်ပေးပါတယ်ခင်ဗျ။အစအဆုံးဖြည့်ရရင်တော့
90000/-ယူပါတယ်ခင်ဗျာ။

သူ့အောက်စျေးလျှော့ပေးလို့မရပါဘူးခင်ဗျာ။
အဲဒါထက် ထပ်လျှော့ခိုင်းရင် စက်ချည်းတပ်ဆင်ခချည်းယူနေသူ အဲကွန်းသမားတွေအတွက်
အဆင်မပြေတော့တဲ့အပြင်
အိမ်ရှင်အတွက်ပါစေတနာပိုနိုင်မှာ
မဟုတ်တော့ပါဘူးခင်ဗျာ။

🛑အဲကွန်းကောင်းကောင်းတပ်ဆင်သူ
အဲကွန်းဆားဗစ်ကောင်းကောင်းလိုချင်ရင် စျေးထပ်မလျှော့ခိုင်းကြပါနဲ့ခင်ဗျာ😖😖😖😖။

🔊အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
ကျနော်တို့ Service အဖွဲ့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အာမခံနဲ့အဆင်ပြေသည်အထိ
ဝန်ဆောင်မှုပေးပါမယ်ခင်ဗျာ။

#အဲကွန်း #အဲယားကွန်း
machine ...ရခေဲသတ်ေတာ
. Engineering group

ကျနော်တို့ဂျင်းမထည့်ပါခင်ဗျာ။
လူကြီးမင်းကလည်းဂျင်းထည့်လိုရမည့်သူ
မဟုတ်လောက်ပါ။

မိတ်ဟောင်းမိတ်သစ်
Customer ... များအားလုံးကို .....
အထူးလှိုက်လဲစွာ...ကြိုဆိုလျက် ပါ ....🌿🙏🙏🙏







🚩သုခလမ်း ၊ကျောက်မြောင်း၊တာမွေ
☎️၀၉၄၂၈၁၂၀၆၄၆
ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဗျ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

🛑 #အဲကွန်းတလုံးကိုဘယ်လိုတပ်ဆင်မလဲ🛑 #အဲကွန်းတလုံးတပ်ဖို့ကုန်ကျစားရိတ်ဘယ်လောက်လဲ🛑စက်ဖိုးချည်းကတော့..အသစ် အင်ဗာတာမဟုတ်တဲ့ရိ...
22/06/2025

🛑 #အဲကွန်းတလုံးကိုဘယ်လိုတပ်ဆင်မလဲ
🛑 #အဲကွန်းတလုံးတပ်ဖို့ကုန်ကျစားရိတ်ဘယ်လောက်လဲ

🛑စက်ဖိုးချည်းကတော့..အသစ် အင်ဗာတာမဟုတ်တဲ့ရိုးရိုးဆိုရင်
⛔1HP ကတော့...800000/-ကနေ 1500000/-
အမျိုးမျိုးရှိပါမယ်။

⛔1.5HP ကတော့...950000/- ကနေ 2500000/-ထိရှိပါမယ်။
🎯🎯စျေးနှုန်းတွေကို အောက်မှာကြည့်နိုင်ပါတယ်ခင်ဗျာ

🇱🇹အဟောင်းဆိုရင်....450000/-ဝန်းကျင်ကနေ..900000/- ထိရှိပါမယ်။

⛔ #ကြေးပိုက်ဖိုးနှင့်တပ်ဆင်ခ
-1HP စက်အတွက်ဆိုရင် ၁ပေ 23000/-
-1.5HPအတွက်ဆိုရင် ၁ပေ 25000/-
ပုံမှန်ကတော့ ၁၀ပေအတွင်းအတပ်များလို့
စက်တလုံးအတွက်ဆိုရင်
300000/-လောက်ကုန်ကျပါမယ်။

⛔ guard ဆေ့ဖ်ဂတ် အတွက်
-တခုကို ..30000/--

⛔ #ဖော့ပိုက်အတွက်
-စက်တလုံးစာ...8000/-

⛔ Frame bracket အောက်ဒိုးဖရိမ်
- တစုံ...40000/-

⛔ ဝါယာကြိုးနဲီ့းတိပ်
-ပေသုံးဆယ်....12000/-

⛔ Wall Plug
-တစုံးစာ.....8000/-

⛔ #သယ်ပို့ခ
-မြို့တွင်း အသွားအပြန်.....25000/-

⛔ #ရေကျပိုက်
-ပိုက်ဖိုးတပ်ဆင်ခ-8000/-(၁၀ပေအတွင်း)

⛔ #နေပူပူအမြင့်မှာအသက်စွန့်တပ်ဆင်ခ
-ပညာရှင်၂ယောက် နေ့တဝက်ခ........၁၅၀၀၀/-
#တပ်ဆင်ကအလကားဆိုပြီးတခြားဖက်ကနေ
ဂျင်းထည့်နေသူတွေရှိတာသတိပြုပါခင်ဗျာ။
စုစုပေါင်းကုန်ကျစရိတ်ကိုကြည့်ပါ။

🛑⛔စက်မပါစုစုပေါင်းပစ္စည်းဖိုးက
စက်တလုံးစာ တကယ့်အမှန်
🎯350000/-ထိကုန်ကျစရိတ်ရှိနိုင်ပါတယ်။

⛔ဒီမှာ ဆိုင်ခန်းခ နဲ့ တခြားစွန့်စားစရိတ်တွေမပါသေးပါဘူး။

⛔သယ်ပို့ခနဲ့ ကြေးပိုက်တပ်ဆင်ခနည်းနည်းလျှော့ရင်ကို
စုစုပေါင်း300000/-အောက်စျေးလျှော့ပေးလို့မရဘူး
အဲဒါထက် ထပ်လျှော့ခိုင်းရင် စက်ချည်းတပ်ဆင်ခချည်းယူနေသူ အဲကွန်းသမားတွေအတွက်
အဆင်မပြေတော့တဲ့အပြင်
အိမ်ရှင်အတွက်ပါစေတနာပိုနိုင်မှာ
မဟုတ်တော့ပါဘူးခင်ဗျာ။

🛑အဲကွန်းကောင်းကောင်းတပ်ဆင်သူလိုချင်ရင် စျေးထပ်မလျှော့ခိုင်းကြပါနဲ့ခင်ဗျာ😖😖😖😖။

🔊အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
ကျနော်တို့ Service အဖွဲ့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

#09428120646

#အဲကွန်း #အဲယားကွန်း


ကျနော်တို့ဂျင်းမထည့်ပါ။
လူကြီးမင်းကလည်းဂျင်းထည့်လိုရမည့်သူ
မဟုတ်လောက်ပါ။
☎️ #09428120646

သမိုင်းမုဒိတာနားက မှန်ထောင်  #ရေခဲသေတ္တာ မအေးဘူးဆိုလို့ Hyper Engineering Group ညီအကိုတွေ ပြုပြင်ပေးလို့ အေးသွားပါပြီလူက...
27/11/2024

သမိုင်းမုဒိတာနားက
မှန်ထောင် #ရေခဲသေတ္တာ မအေးဘူးဆိုလို့ Hyper Engineering Group ညီအကိုတွေ ပြုပြင်ပေးလို့ အေးသွားပါပြီ
လူကြီးမင်းတို့ လိုအပ်ပါကဆက်သွယ်အားပေးနိုင်ပါတယ်
09-428120646

ပင်လယ်ကူးသင်္ဘောပေါ်က Water Cool Aircon Chiller မအေးဘူး ဆိုလို့Hyper အဖွဲ့တွေ သွားရောက်စစ်ဆေးပြုပြင်ပေးခဲ့တာလေး
26/11/2024

ပင်လယ်ကူးသင်္ဘောပေါ်က
Water Cool Aircon Chiller မအေးဘူး ဆိုလို့
Hyper အဖွဲ့တွေ သွားရောက်စစ်ဆေးပြုပြင်ပေးခဲ့တာလေး

Aircon က ခဏခဏ ဂတ်ဖြည့်ရတယ်ဆိုတဲ့စက် SOV လဲပေးပြီး ok ပါပြီ
24/11/2024

Aircon က ခဏခဏ ဂတ်ဖြည့်ရတယ်ဆိုတဲ့စက် SOV လဲပေးပြီး ok ပါပြီ

🚩ကွန်ပြူတာဆာဗာအခန်းသုံးအဲကွန်းစနစ်   UnitCRAC Unitဆိုတာ Computer Room Air Conditioning Unit ကိုအတိုကောက်ခေါ်တာပါ။Precisi...
28/10/2024

🚩ကွန်ပြူတာဆာဗာအခန်းသုံးအဲကွန်းစနစ် Unit

CRAC Unitဆိုတာ Computer Room Air Conditioning Unit ကိုအတိုကောက်ခေါ်တာပါ။
Precision အဲကွန်းစနစ်တမျိုးလို့လည်းဆိုနိုင်ပါတယ်။
အခန်းရဲ့ အပူချိန် ၊စိုထိုင်းဆတွေကို သတ်မှတ်ထားတဲ့အတိအကျ ဘောင်အတွင်း ထိန်းသိမ်းပေးနိုင်တဲ့စနစ်ဖြစ်လို့ပါ။

တကယ်က ဒီစနစ်ကို
#ကွန်ပျူတာဆာဗာ
Center အခန်းတွေတင်သုံးကြတာမဟုတ်ပါဘူး #အိုင်တီနဲ့ဆက်စပ်နေရာတွေ၊
#လျှပ်စစ်ထိန်းချုပ်ခန်းတွေ၊
လို့ခေါ်တဲ့ Uninterruptable Power Supply စနစ်တပ်ဆင်ထားတဲ့ အခန်းတွေမှာလည်းသုံးကြပါတယ်။
#အပူချိန်နဲ့စိုထိုင်းဆ တိတိကျကျလိုအပ်တဲ့ နေရာတွေမှာ Unitအဲကွန်းတွေကို သုံးကြပါတယ်။
အဓိကကတော့ဒီနေရာတွေမှာသုံးတာပေါ့။

♦️Data Centers / Mission Critical Spaces
♦️Space Control Room
♦️Data Halls
♦️IT Rooms
♦️Electrical Switch Rooms
♦️UPS [uninteruptable power supply] Rooms

တကယ်က ဒီစနစ်ဟာလည်း ရိုးရိုးအိမ်သုံး Split Aircon နဲ့ အလုပ်လုပ်ပုံအခြေခံကအတူတူပါပဲ။

နည်းနည်းပိုတာက ကွန်ပျူတာဆာဗာအခန်းတွေ၊ ဒေတာစင်တာတွေ၊အာကာသထိန်းချုပ်ရေးစင်တာ‌တွေဟာ ငွေကြေး၊အချက်အလက်အရ ပျက်စီးသွားရင် တန်ဖိုးကြီးလို့ CRAC Unit တပ်ထားခြင်းဖြင့် အခန်းရဲ့ အပူချိန် (Temperature) ၊စိုထိုင်းဆ (Relative Humidity) ကို လိုချင်တဲ့ အတိုင်းအတာပမာဏအတွင်း အတိကျဆုံး ထိမ်းသိမ်း ပေးနိုင်သလို စက်ပစ္စည်းတွေ အပူချိန်လွန်ကဲပျက်စီးတာ စိုထိုင်းဆပြောင်းလဲလို့Error တက်ပျက်စီးတာကနေကာကွယ်ပေးနိုင်ခြင်းပါ။

သူ့မှာလည်း သာမာန်အိမ်သုံးအဲကွန်းစက်တွေလိုပဲ အခြေခံအားဖြင့် 2C2E လို့ခေါ်တဲ့
♦️Compressor
♦️Condenser
♦️Expansion Device
♦️Evaporator
အခြေခံအစိတ်အပိုင်း လေးခုပါတာပါပဲ။
အလုပ်လုပ်ပုံကလည်း အခြေခံအားဖြင့်အတူတူပါပဲ။

🚩Expansion Valve
CRAC Unitတွေမှာ
Expansion Valve အမျိုးအစားကိုတော့ Electronic Expansion Valve (EEV)ကို အများဆုံးသုံးထားတတ်ပါတယ်။

🚩Evaporator

Evaporator လို့ခေါ်တဲ့အအေးကွိုင်ဟာ AHU သို့မဟုတ် သာမာန် Evaporator Coil ကိုသုံးထားတတ်ပါတယ်။

(၁)Direct Expansion လို့ခေါ်တဲ့ အိမ်သုံးအဲကွန်း တွေမှာလို Evaporator အင်ဒိုးယူနစ်ထဲကို အဲကွန်းဂက်စ် တိုက်ရိုက်ဖြတ်သန်းသုံးစွဲတဲ့စနစ်ရယ်

(၂)အင်ဒိုးယူနစ်ထဲကို ရေအေး Chilled Water ဖြတ်သန်းပြီး သအသုံးပြုတဲ့စနစ်ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ဒီစနစ်ကိုတော့ (Computer Room Air Handling Unit) လို့ခေါ်ပါတယ်။

Indoor unitမှာ AHU ကိုသုံးတဲ့အခါ သူ့ထဲမှာ
ပါ၀င်တဲ့အသေးစိတ်ပစ္စည်းတွေကတော့

♦️Unit Frame ဖရိမ်
♦️Panels [sides, bottom and top] ဘေးအကာ
♦️Sound attenuation [sound attenuation/absorbing foam/fiber glass insulation sandwiched between the panel skin] ဖော့ဒါမှမဟုတ် အပူကာ
♦️Access doors to various compartments တံခါး
♦️Inspection windows ပြူတင်းတံခါး
♦️Base frame အောက်ခံဖရိမ်
♦️Supply air plenum လေအေးထွက်အပေါက်
♦️Return air plenum အခန်ထဲကလေပြန်၀င်တဲ့အပေါက်
♦️Filters လေစစ်ဇကာ
♦️Fan section လေပန်ကာအခန်း
♦️Energy efficient fans စွမ်းအင်သုံးစွဲမှုသက်သာစေတဲ့ အင်ဒိုးပန်ကာ
♦️Fan guards ပန်ကာအကာ
♦️Variable speed drive VSD ကွန်ထရိုး
♦️Motors ပန်ကာမော်တာ
♦️Vibration isolators အင်ဒိုးငြိမ်အောင်ထိန်းတဲ့ပစ္စည်း
♦️Cooling coil အအေးကွိုင်
♦️Condensate drip pan ရေခံဗန်း
♦️Condensate pipework ရေကျပိုက်
♦️Condensate pump [if required] ရေပန့်
♦️Reheat coil [if required] အပူကွိုင်
♦️Humidifier [if required] ရေငွေထုတ်စက်
♦️Control/expansion valves EEV ဗား
♦️Control panel
♦️Control wiring
♦️Network switch [if using multiple units] နက်၀ပ်ကြိုးနဲ့စက်
အဲဒါတွေပါ၀င်ပါမယ်။

ကျန်တာတွေကတော့

♦️Compressor ကွန်ပရက်ဆာ
♦️Range of refrigerant pipework အင်ဒိုးအောက်ဒိုးကြားပိုက်
♦️Refrigerant [R407A] ဂက်စ်
♦️External air cooled condenser, consisting of,
♦️Condenser unit frame အပူကွိုင်ဖရိမ်
♦️Condenser unit panels အပူကွိုင်ဘးအကာ
♦️Condeser fans အပကွိုင်ပန်ကာ
♦️Condenser coils အပူကွိုင် စတာ တွေ ပါပါမယ်။

အခြေခံတည်ဆောက်ပုံ ဒီဇိုင် (၃)မျိုးရှိပါတယ်တဲ့။
(1)Down Flow Unit
(2)Up Flow Unit
(3)Frontal Flow Unit

🚩(1)Down Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အပေါ်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် အောက်ခြေကနေပြန်ထွက်တဲ့စနစ်ပါ။
အိမ်သုံးအဲကွန်း Floor Stand အဲကွန်း အင်ဒိုးက လေထွက်တာနဲ့ပြောင်းပြန်ပါ။

ဒီစနစ်မှာ အင်ဒိုးကထွက်တဲ့လေကို သွပ်ပုံး (Duct Line)နဲ့ သယ်ပြီး ဖြန့်တဲ့အခါ အခန်းအောက်ခြေကြမ်းခင်းကနေ အပေါ်ကို မှုတ်ထုတ်တဲ့စနစ်ကိုသုံးရပါတယ်။

♦️ဒါကို Under Floor Supply လို့လည်းခေါ်ပါတယ်။

ဒီစနစ်မှာ လေအေး (Supply Air)က ကြမ်းခင်းအောက်ကနေလအပေါ်ကို မှုတ်ထုတ်တာဖြစ်လို့ အခန်းအောက်ခြေမှာ Duct line တွေထားဖို့ ၊ တကယ်အသုံးပြုမည့်ကြမ်းခင်းကို ကွန်ကရစ်ကြမ်းခင်းအထက် မြင့်ပေးထားရပါတယ်။ ဒါကို Raised Floor လို့ခေါ်ပါတယ်။အောက်မှာ ပုံထည့်ပေးထားပါတယ်။

🚩(2)Up Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အောက်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် အပေါ်ထိပ်ဘက်ကနေပြန်ထွက်တဲ့စနစ်ပါ။

🚩(2)Frontal Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အောက်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် ရှေ့မျက်နှာကနေပြန်ထွက်တဲ့စနစ်ပါ။
အိမ်သုံးအဲကွန်း Floor Stand အဲကွန်း အင်ဒိုးက လေထွက်တာနဲ့အတူတူပါ။ အဲဒီပုံစံပါပဲ။

ဒါကတော့ လေထွက်တဲ့ပုံစံကိုလိုက်ပြီး အသုံးချမှုကွဲပြားတာကိုဖော်ပြတာပါ။တခုခြင်းစီမှာအားသာအားနည်းချက်တွေရှိလို့အခန်းအမျိုးအစား နဲ့သင့်တော်တဲ့လေဖြန့်ဖြူးမှုပုံစံကို သုံးရပါတယ်။

🚩ဂက်စ်အမျိုးအစား
CRAC Unit တွေမှာသုံးစွဲတဲ့ ဂက်စ်အမျိုးအစားတွေကတော့ သဘာ၀ပတ်၀န်းကျင်ကိုမထိခိုက်စေတဲ့၊ အလွယ်တကူ မီးမလောင် ၊အဆိပ်မသင့်တဲ့ ဂက်စ်အမျိုးအစားတွေကို အသုံးပြုကြပါတယ်။

အထူးသဖြင့်တော့ Blended Refrigerant တွေသုံးတတ်ကြပါတယ်။
နမူနာ
R-407A , R-407C , စသည်ပေါ့။

🚩အပူကွိုင် Condenser
အပူကွိုင် Condenser တွေကတော့
♦️အခန်းနဲ့ဝေးရာအပူစွန့်ထုတ်လို့အဆင်ပြေတဲ့နေရာ၊♦️ပြုပြင်ထန်းသိမ်းဖို့အဆင်ပြေတဲ့နေရာမှာ
တပ်ဆင်လေ့ရှိပါတယ်။

🚩ပြုပြင်ထိန်းသိမ်းခြင်း

CRAC Unit အဲကွန်းတွေကို ပုံမှန်စစ်ဆေးတာ၊သန့်ရှင်းတာ ၊ ပြပြင်တာတွေကို အချိန်မှန်မှန် လိုအပ်သလိုလုပ်ရပါတယ်။မဟုတ်ရင် အခန်းရဲ့
♦️အပူချိန်
♦️စိုထိုင်းဆ
စတာတွေဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပမာဏအတွင်း ထိန်းချုပ်လို့မရတာတွေဖြစ်နိုင်လို့ပါ။အဲဒီအခါ အခန်းထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေဟာ အပူချိန်လွန်ကဲ ၊စိုထိုင်းဆ မမှန်ပြီး မတော်တဆပျက်စီးသွားနိုင်လို့ပါ။

#ကိုနန္ဒမိုး

Freezer Service ပြုလုပ်ခြင်းလူကြီးမင်းတို့ Aircon Service လိုအပ်ပါကHyper ☎09428120646, 09420280525
03/09/2024

Freezer Service ပြုလုပ်ခြင်း
လူကြီးမင်းတို့ Aircon Service လိုအပ်ပါက
Hyper ☎09428120646, 09420280525

ခွဲစိတ်ခန်းထဲ နှင့် ခွဲစိတ်ခန်းအပြင်ဘက် Aircon Service ပြုလုပ်ခြင်းလူကြီးမင်းတို့ Aircon Service လိုအပ်ပါက ☎ 09420280525
30/08/2024

ခွဲစိတ်ခန်းထဲ နှင့် ခွဲစိတ်ခန်းအပြင်ဘက်
Aircon Service ပြုလုပ်ခြင်း
လူကြီးမင်းတို့ Aircon Service လိုအပ်ပါက
☎ 09420280525

🚩ဒီနေ့ကတော့ Star city မှာစက်အသစ်လေးတွေဆင်တဲ့အလှည့်ပါ🚩 #အဲကွန်းတွေဂျီးပိတ်ပြီးမအေးတော့လို့🚩 #ရေကျနေလို့ဆားဗစ်လုပ်ချင်တယ်ဆ...
10/08/2024

🚩ဒီနေ့ကတော့ Star city မှာစက်အသစ်လေးတွေဆင်တဲ့အလှည့်ပါ

🚩 #အဲကွန်းတွေဂျီးပိတ်ပြီးမအေးတော့လို့
🚩 #ရေကျနေလို့ဆားဗစ်လုပ်ချင်တယ်ဆိုရင်တော့
ရှိပါတယ်ခင်ဗျာ။

⛔ဆားဗစ်အနေနဲ့ ဆေးခသပ်သပ်ချည်းဆိုရင်
1HP & 1.5HP အရွယ်အစားဆိုရင်
တလုံးကို ဝန်ဆောင်ခ 45000/-ပဲယူပါတယ်ခင်ဗျာ။ပိုမယူပါ။ကားခထပ်မတောင်းပါခင်ဗျာ။

⛔ဂက်စ်ထပ်ဖြည့်ရတယ်ဆိုရင်တော့
တလုံးကို 60000/- စီယူပြီး ပြည့်သည်အထိဖြည့်ပေးပါတယ်ခင်ဗျ။အစအဆုံးဖြည့်ရရင်တော့
90000/-ယူပါတယ်ခင်ဗျာ။

သူ့အောက်စျေးလျှော့ပေးလို့မရပါဘူးခင်ဗျာ။
အဲဒါထက် ထပ်လျှော့ခိုင်းရင် စက်ချည်းတပ်ဆင်ခချည်းယူနေသူ အဲကွန်းသမားတွေအတွက်
အဆင်မပြေတော့တဲ့အပြင်
အိမ်ရှင်အတွက်ပါစေတနာပိုနိုင်မှာ
မဟုတ်တော့ပါဘူးခင်ဗျာ။

🛑အဲကွန်းကောင်းကောင်းတပ်ဆင်သူ
အဲကွန်းဆားဗစ်ကောင်းကောင်းလိုချင်ရင် စျေးထပ်မလျှော့ခိုင်းကြပါနဲ့ခင်ဗျာ😖😖😖😖။

🔊အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
ကျနော်တို့ Service အဖွဲ့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အာမခံနဲ့အဆင်ပြေသည်အထိ
ဝန်ဆောင်မှုပေးပါမယ်ခင်ဗျာ။

#အဲကွန်း #အဲယားကွန်း
machine ...ရခေဲသတ်ေတာ
. Engineering group

ကျနော်တို့ဂျင်းမထည့်ပါခင်ဗျာ။
လူကြီးမင်းကလည်းဂျင်းထည့်လိုရမည့်သူ
မဟုတ်လောက်ပါ။

🚩အဲကွန်းရဲ့ Indoor မှာဘာကြောင့် #ရေကျတာလဲ?

အဲကွန်းIndoor unit မှာ အခန်းထဲကို
ရေကျတဲ့နေရာက
အကြမ်းဖြင့်သုံးနေရာဖြစ်နိုင်ပါတယ်။
🚩 #ကွိုင်ရဲ့မျက်နှာပြင်ပေါ်ကနေဂျီးပိတ်လို့ရေလျှံကျတာ
🚩 မျပ်နှာပြင်ပေါ်မှာရေသီးပြီးကျတာ
🚩 #ရေခံဗန်းက ယိုပြီးကျတာတွေပါ

⛔ #အဲဒီသုံးခုကြောင့်ရေလျှံကျနေတယ်ဆိုရင်တော့ ဖြစ်နိုင်ချေတွေကတော့
ဂက်စ်ကလိုတာထက်နည်းနည်းလေးနည်းနေတာ
လေစစ်ဇကာနဲ့ ကွိုင်ချေးပိတ်နေတာ
အခန်းထဲမှာလေထုစိုထိုင်းဆများတာ
အခန်းအတွင်းနဲ့အပြင် အပူချိန်ကွာဟချက်များတာ
အခန်းမလုံတာ..အဖွင့်အပိတ်များတာ
Indoor unit တပ်ဆင်မှု စောင်းနေတာ
Blower မော်တာ ချေးပိတ်တာ
Blower မော်တာ ချေးကပ်ပြီး လေ လျှံတာ
Blower မော်တာ ဒလက်ကျိုးပြီးလေအထွက်မမှန်တာ
ရေခံဗန်းပေါက်တာ၊လျှံတာ
ရေဆင်းပိုက်အဆက်မလုံတာ၊ပေါက်တာ
ရေဆင်းပိုက် ပိတ်တာ
ရေဆင်းပိုက် အထွက်က Trap တပ်ပုံမှားတာ
ဖော့ပိုက်တွေပါးလို့၊မပါလို့၊သုံးတာကြာလို့
Indoor unit အတွင်းနံရံတွေကInsulation
ပါးတာ၊ကွာတာ၊မရှိတာတွေဖြစ်နိုင်ပါတယ်။

တခြားအချက်တွေလည်းရှိနိုင်ပါသေးတယ်။
အတွေ့အကြုံအရတော့ ဒီအချက်တွေကအများစုဖြစ်ပါတယ်ခင်ဗျာ။

🚩 #မိုးတွင်းအခါဆိုရင်အဲကွန်းရေသီးနေရင်တော့

မိုးတွင်းရောက်လို့
အခန်းထဲမှာ နံရံတွေက ရေသီးနေတာ
#အဲကွန်းရဲ့လူဗာ (louver)တွေ အဲကွန်းရေခံဗန်းနဲ့
အဲကွန်းဘော်ဒီ ဘေးကနေ ရေကျတာတွေဖြစ်တော့
အဲကွန်းဆားဗစ်ခေါ်. ၊ပြီးတော့လည်း
ရေထပ်ကျ ကြံရမရဖြစ်တာခဏခဏကြုံဖူးမှာပါ။

အဲဒါကဘယ်လိုအခန်းတွေမှာ ဖြစ်တတ်သလဲဆိုတော့
အခန်းထဲကို လေဝင်လေထွက်များတဲ့အခန်းတွေ
( #အဲကွန်းကြီးဖွင့်ထားပြီး တံခါးတွေ၊ပြူတင်းတွေ
ဖွင့်ထားတဲ့အခနိးတွေ၊ ဟနေတဲ့အခနိးတွေ)
နဲ့ လေဝင်လေထွင်မများပေမဲ့ အခန်းရဲ့လေထုစိုထိုင်းဆ
(Relative Humidity)ကိုက များနေတဲ့အခန်းတွေမှာ
ဖြစ်တာပိုတွေ့ရမှာပါ။

ဘာကြောင့်ဖြစ်ရသလဲဆိုတော့

#မိုးတွင်းအခါလေထုဟာစိုးထိုင်းဆ(Relative humidity) မြင့်ပါတယ် ရန်ကုန်ဆိုရင် မိုးရွာတဲ့နေ့တွေမှာ
စိုထိုင်းဆRelative humidity ကတခါတရံ 85% ထိရှိတတ်ပါတယ်။

#မိုးတွင်းမှာ လေထုရဲ့
သာမာန်အပူချိန် (Dry bulb temperature)ဟာ နိမ့်တတ်ပါတယ်။ မိုးဆက်တိုက်ရွာရင် 27'C
အောက်ထိရှိတဲ့နေ့တွေများပါတယ်။
အဲဒီအခါ သူ့ရဲ့ ရေငွေ့ကနေ ရေအဖြစ်ပြောင်းမည့်အပူချိန်(Dew point temperature) ကလည်း Relative Humidity လိုက်လို့ ပြောင်းလဲနေပါတယ်။

ပုံပါအတိုင်း
ပတ်ဝန်းကျင်လေထုရဲ့သာမာန်အပူချိန် (Dry Bulb temperature)က 27'C ရှိနေချိန်

လေထုစိုထိုင်းဆ (Relative himidity) ကလည်း
85% ရှိနေတယ်ဆို သို့မဟုတ်များနေတယ်ဆိုရင်

ရေငွေ့ကနေ ရေအဖြစ်ပြောင်းမည့်အပူချိန်
Dew Point Temperature) ကလည်း
24.26'C အောက်ရှိနေပါလိမ့်မယ်။

အဲဒီအချိန်မှာ အဲကွန်းရဲ့ အခန်းအပူချိန်ကို
24'C အောက်ထားဖွင့်ပြီး အခန်းရဲ့ ပြူတင်းတွေ
တံခါးတွေကို တချို့နေရာတွေကဟပြီးပွင့်ရင်တော့ အဲကွန်းကနေရေတွေကျနေပါလိမ့်မယ်။နံရံမှာအစိုပြန်နေပါလိမ့်မယ်။

အဲလိုကျပြီဆိုရင်
အဲကွန်း ကိုအခန်းအပူချိန် ကို ရီမုကနေနည်းနည်းမြှင့်လိုက်ပါ။Dry mode နဲ့‌ေပြာင်းမောင်းပါ။
နည်းနည်းကြာမှာ( အခန်းလုံတယ် ဆိုရင်)အပူချိန်ပြန်ချနိုင်ပါတယ်။
အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

မိတ်ဟောင်းမိတ်သစ်
Customer ... များအားလုံးကို .....
အထူးလှိုက်လဲစွာ...ကြိုဆိုလျက် ပါ ....🌿🙏🙏🙏







☎️၀၉၄၂၈၁၂၀၆၄၆
ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဗျ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

🚩Grand Royal ရောက် Hyper အဖွဲ့သားများ
31/07/2024

🚩Grand Royal ရောက် Hyper အဖွဲ့သားများ

23/07/2024

🚩ဖရီဇာ

Address

ThuDhaMa Road And BhoneGyii Street

Telephone

+959428120646

Website

Alerts

Be the first to know and let us send you an email when Hyper Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hyper Engineering Group:

  • Want your business to be the top-listed Engineering Company?

Share