United Power Construction Company

United Power Construction Company Upgrade your space. Professional roofing, painting & minor renovations.

🙏💦 သင်္ကြန်ဆုတောင်း 💦🙏မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာမြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊...
13/04/2026

🙏💦 သင်္ကြန်ဆုတောင်း 💦🙏

မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ

မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် လိုအင်ဆန္ဒများအားလုံးပြည့်စုံ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း

“𝐔𝐧𝐢𝐭𝐞𝐝 𝐏𝐨𝐰𝐞𝐫” မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ 🌼🌿


မိတ်ဆွေများ ဂရုစိုက်ကြပါရန် 🚨
01/04/2026

မိတ်ဆွေများ ဂရုစိုက်ကြပါရန် 🚨

ဂိတ်တံခါးသံပန်း design လေးတွေ.နောက်တစ်ချိန်လိုအပ်တဲ့အခါခေါင်းမစားရစေဖို့ shareထားလိုက်တော့နော်.. ✨
01/04/2026

ဂိတ်တံခါးသံပန်း design လေးတွေ.

နောက်တစ်ချိန်လိုအပ်တဲ့အခါခေါင်းမစားရစေဖို့ shareထားလိုက်တော့နော်.. ✨




အမိုးဧရိယာတွက်နည်း...✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ ...
26/03/2026

အမိုးဧရိယာတွက်နည်း...

✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။

ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။

(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)

✅ နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။

✅ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်

✅ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။

✅ O A O A H H /H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။

✅ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။

✅ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။

ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။

✅ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။

✅ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။

𝐔𝐏𝐂𝐂 မှ လူကြီးမင်းတို့ရဲ့ အမိုးဟောင်းများ ပြန်လည်ပြုပြင်ခြင်း၊ ဆေးကြောသန့်စင်ခြင်း နှင့် အိမ်အတွင်းအပြင် ဆေးသုတ်ခြင်း လုပ်ငန်းများအတွက် အသေးစိတ်ကစလို့ စိတ်တိုင်းကျဖြစ်အောင် အာမခံမှု 💯 အပြည့် ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။ ✨

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 : ☎️
09 974 225 000
09 974 226 000
09 777 989 237
09 265 495 942



#

အိမ်ခေါင်မိုးနဲ့ ပတ်သက်တဲ့ Service အားလုံးကိုUnited Power  မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။🤔 ခေါင်မိုးကနေ ရေနည်းနည...
25/03/2026

အိမ်ခေါင်မိုးနဲ့ ပတ်သက်တဲ့ Service အားလုံးကို
United Power မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။

🤔 ခေါင်မိုးကနေ ရေနည်းနည်းစိမ့်ကျတာဆိုပြီး ပေါ့ပေါ့မတွေးလိုက်ပါနဲ့။ ဒီအသေးအဖွဲလေးကနေတဆင့် မျက်နှာကျက်တွေ အိကျလာမယ်၊ သုတ်ထားတဲ့ ဆေးတွေကွက်ကုန်မယ်၊ ကြမ်းပြင်ရေစိုလို့ ချော်လဲနိုင်တဲ့အပြင် အဆိုးဆုံးက လျှပ်စစ်အန္တရာယ်ပါ ကြုံလာရနိုင်ပါတယ်။

💁🏻‍♂️ ဒီလို စိတ်ပူစရာတွေ အားလုံးအတွက် United Power ရှိနေပါပြီ။

အိမ်ခေါင်မိုး အသစ်ပဲ မိုးမလား❓
အိမ်ခေါင်မိုး အဟောင်းတွေကို အသစ်နဲ့ အစားထိုးမလား❓
မိုးထားတာ ကြာပြီဖြစ်တဲ့ အိမ်ခေါင်မိုးဟောင်းတွေကို အသစ်နီးပါဖြစ်အောင် သန့်ရှင်းရေးလုပ်မလား....

စကူပေါက်လေးတစ်ခုကို ဆီလီကွန်ပိတ်ပေးတာကစလို့၊ စလပ်တစ်ခုလုံးကို ရေလုံဆေး (Waterproofing) သုတ်ပေးတာအထိ အမိုးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကိုယ်တိုင် အာမခံချက်အပြည့်နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ 💯

အိမ်ရဲ့ မြေပြင်အခြေအနေကို Survey လာရောက်ကြည့်ရှုပြီးမှ ကုန်ကျစရိတ်ကို တိတိကျကျ တွက်ချက်ဝန်ဆောင်မှုပေးတာဖြစ်လို့ ခုပဲ ဖုန်းဆက်စုံစမ်းလိုက်တော့နော်🤩

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 : ☎️
09 974 225 000
09 974 226 000
09 777 989 237
09 265 495 942



ကျွန်းပြတင်းချစ်သူများအတွက်..😘      Photo crd
19/03/2026

ကျွန်းပြတင်းချစ်သူများအတွက်..😘



Photo crd

အိမ်ရဲ့ Slab အမိုးနဲ့ နံရံတွေကနေ ရေတွေ စိမ့်ထွက်နေပြီလား? 🤔သွပ်မိုးရေယိုတာက ဘယ်နားအပေါက်ရှိလဲဆိုတာ ရှာရလွယ်ပေမယ့် ကွန်ကရ...
18/03/2026

အိမ်ရဲ့ Slab အမိုးနဲ့ နံရံတွေကနေ ရေတွေ စိမ့်ထွက်နေပြီလား? 🤔

သွပ်မိုးရေယိုတာက ဘယ်နားအပေါက်ရှိလဲဆိုတာ ရှာရလွယ်ပေမယ့် ကွန်ကရစ် Slab အမိုးတွေ ရေယို/ရေစိမ့်တာကတော့ မျက်စိနဲ့ တန်းမမြင်ရလို့ တော်တော်လေး ဒုက္ခပေးတဲ့ ပြဿနာပါ။ 😓
Slab အမိုးက ရေစိမ့်တာကို ဒီတိုင်း အကြာကြီး ပစ်ထားမယ်ဆိုရင် -
✅အိမ်တွင်း စိုထိုင်းဆတွေ မြင့်လာမယ် 🌡️
✅နံရံတွေမှာ မှိုတွေတက်လာမယ် 🍄
✅နောက်ဆုံး အဆောက်အဦရဲ့ Structure ပိုင်းကိုပါ ထိခိုက်လာနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

ဒါဆိုဘယ်လို ဖြေရှင်းကြမလဲ?
Slab အမိုးရေယိုတာကို သွပ်မိုးတွေလို ဆီလီကွန်ထိုး၊ တိပ်ကပ်ရုံနဲ့ ဖြေရှင်းလို့ မရပါဘူး။ ကွန်ကရစ်အတွက် အကောင်းဆုံးနဲ့ ရေရှည်စိတ်အချရဆုံး အဖြေကတော့ စနစ်တကျ "ရေလုံဆေး (Waterproofing) သုတ်ခြင်း"ပါပဲ။
ဒီလို ခေါင်းခဲစရာ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ United Power Construction Company မှ အသင့်ရှိနေပါတယ်နော် 💪

𝐔𝐏𝐂𝐂 မှ လူကြီးမင်းတို့ရဲ့ အမိုးဟောင်းများ ပြန်လည်ပြုပြင်ခြင်း၊ ဆေးကြောသန့်စင်ခြင်း နှင့် အိမ်အတွင်းအပြင် ဆေးသုတ်ခြင်း လုပ်ငန်းများအတွက် အသေးစိတ်ကစလို့ စိတ်တိုင်းကျဖြစ်အောင် အာမခံမှု 💯 အပြည့် ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။ ✨

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 : ☎️
09 974 225 000
09 974 226 000
09 777 989 237
09 265 495 942



13/03/2026

𝟗 𝐌𝐢𝐥𝐞 𝐒𝐢𝐭𝐞 - 𝐑𝐨𝐨𝐟𝐢𝐧𝐠 & 𝐏𝐚𝐢𝐧𝐭𝐢𝐧𝐠 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ✨

𝐔𝐧𝐢𝐭𝐞𝐝 𝐏𝐨𝐰𝐞𝐫 မှ 9 mile ရှိ site တွင် အမိုးနှင့် ဆေးသုတ်ခြင်း အသေးစားပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

𝐔𝐏𝐂𝐂 မှ လူကြီးမင်းတို့ရဲ့ အမိုးဟောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် ဆေးရောင်သစ်ခြယ်သခြင်းလုပ်ငန်းများကို အသေးစိတ်ကစလို့ စိတ်တိုင်းကျဖြစ်အောင် အာမခံမှု 💯 အပြည့် ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။ ✨

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 : ☎️
09 974 226 000
09 974 225 000
09 777 989 237
09 265 495 942



ဆေးကာလာကို သမားရိုးကျသုတ်ရတာရိုးနေရင်..ဒါမျိူးလေးတွေ ပြောင်းသုတ်ကြည့်လို့ရတယ်နော်😍😍😍
10/03/2026

ဆေးကာလာကို သမားရိုးကျသုတ်ရတာရိုးနေရင်..

ဒါမျိူးလေးတွေ ပြောင်းသုတ်ကြည့်လို့ရတယ်နော်😍😍😍


ကိုယ့်အိမ်ကိုယ့်ယာမှာတင် mini barလေးနဲ့ chillချင်တဲ့ clientများအတွက်..✨
09/03/2026

ကိုယ့်အိမ်ကိုယ့်ယာမှာတင် mini barလေးနဲ့ chillချင်တဲ့ clientများအတွက်..✨




🏠 နွေအပူဒဏ်ကို အံတုမယ့် ဆေးသုတ်နည်း (၄) ချက်နွေရာသီမှာ အိမ်တွင်းအေးမြနေစေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်နိ...
04/03/2026

🏠 နွေအပူဒဏ်ကို အံတုမယ့် ဆေးသုတ်နည်း (၄) ချက်

နွေရာသီမှာ အိမ်တွင်းအေးမြနေစေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ် -

၁။ အပူပြန်ဆေး (Heat Reflective Paint) ကို ရွေးချယ်ပါ။

နေရောင်ခြည်ထဲမှာပါတဲ့ UV ရောင်ခြည်တွေကို ပြန်ကန်ထုတ်ပေးနိုင်စွမ်းရှိတဲ့ Solar Reflect Index (SRI) မြင့်မားတဲ့ ဆေးမျိုးကို အသုံးပြုပါ။ ဒီလိုဆေးမျိုးဟာ အိမ်တွင်းအပူချိန်ကို 3°C ကနေ 5°C အထိ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
မှတ်ချက် - ဒီလို အပူပြန်ဆေးမျိုးကို မြန်မာနိုင်ငံစျေးကွက်ထဲမှာတော့ အတွေ့ရနည်းပါသေးတယ်။

၂။ အရောင်နုကို ဦးစားပေးပါ။

အရောင်ရင့်တွေဟာ အပူကို စုပ်ယူတတ်ပါတယ်။ ဒါကြောင့် အပူစုပ်ယူမှုနည်းပြီး အပူကို ပြန်ကန်ထုတ်ပေးနိုင်စွမ်း ပိုကောင်းတဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ လေးတွေကိုပဲ ရွေးချယ်သုတ်သင့်ပါတယ်။

၃။ မျက်နှာပြင်ကို စနစ်တကျ ပြင်ဆင်ပါ။ (Surface Preparation)

ဆေးမသုတ်ခင်မှာ နံရံပေါ်က ဖုန်မှုန့်တွေနဲ့ ဆေးဟောင်းတွေကို စင်ကြယ်အောင် အရင်ဆုံး ဆေးကြောသန့်စင်ရပါမယ်။ အကယ်၍ နံရံမှာ အက်ကွဲကြောင်းတွေရှိနေရင် Wall Putty နဲ့ သေချာဖာထေး ပြုပြင်ပြီးမှသာ ဆေးသုတ်ခြင်းကို စတင်ပါ။

၄။ အောက်ခံဆေး (Primer) သုံးဖို့ မမေ့ပါနဲ့။

အရည်အသွေးကောင်းမွန်တဲ့ Primer (အောက်ခံဆေး) ကို အသုံးပြုတာဟာ ဆေးသားကို နံရံမှာ မြဲမြံစေရုံတင်မကဘဲ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ဆေးသားကွာကျတာ၊ အရောင်ပြောင်းတာတွေကိုပါ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

🎨နွေရာသီမှာ အေးမြတဲ့ အိမ်လေးတစ်လုံးဖြစ်ဖို့ အထက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျ ဆေးသုတ်ချင်တယ်ဆိုရင်တော့ United Power Construction ရှိပါတယ်။

𝐔𝐧𝐢𝐭𝐞𝐝 𝐏𝐨𝐰𝐞𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ ပေးအပ်နေသော ဝန်ဆောင်မှုများ -
✅ Building
✅ Renovation
✅ Painting
✅ Roofing & Ceiling

မိတ်ဆွေတို့ စိတ်တိုင်းကျစေမယ့် UPCC မှ Service များ ရယူလိုပါက -
📩 Page Messenger (သို့)
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 : ☎️
09 974 225 000
09 974 226 000
09 777 989 237
09 265 495 942 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သင့်အိမ်လေးကို လှပအေးမြအောင် ကျွန်တော်တို့ ဖန်တီးပေးပါရစေ။ ✨

တောင်သူလယ်သမားနေ့ 🌾🌾🌾လက်မှုလယ်ယာစနစ်မှသည် စက်မှုလယ်ယာစနစ်သို့ ရောက်သည့်တိုင်အောင် မလျှော့သောဇွဲနဲ့ စိုက်ပျိုးလုပ်ကိုင်နေ...
02/03/2026

တောင်သူလယ်သမားနေ့ 🌾🌾🌾

လက်မှုလယ်ယာစနစ်မှသည် စက်မှုလယ်ယာစနစ်သို့ ရောက်သည့်တိုင်အောင် မလျှော့သောဇွဲနဲ့ စိုက်ပျိုးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများကို အထူးပင်လေးစား ကျေးဇူးတင်ရပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

#တောင်သူလယ်သမားနေ့

Address

No. 222, Ingyin St(3), Paungnu Nyar Na Ward, Mingalardone Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959779778783

Website

Alerts

Be the first to know and let us send you an email when United Power Construction Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to United Power Construction Company:

Share