24/08/2026
'အကြမ်းထည်' ဆိုတာ ဘာကို ပြောတာလဲ?" 🏠🏗️
အိမ်ဆောက်ဖို့ Developer တွေနဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် ကွန်ဒိုတွေ ဝယ်တဲ့အခါ "အကြမ်းထည်" ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြပါလိမ့်မယ်။ အိမ်တစ်လုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီ "အကြမ်းထည်" အဆင့်မှာ ဘာတွေပါပြီး ဘာတွေမပါဝင်ဘူးလဲဆိုတာ T.K.O Construction ကနေ ရှင်းပြပေးချင်ပါတယ်..
အလွယ်ဆုံးပြောရရင် အကြမ်းထည်ဆိုတာ အဆောက်အအုံတစ်ခုလုံးရဲ့ "ပင်မကိုယ်ထည်ဖရိမ်ကြီး" ကို ပြောတာပါ။ အုတ်မြစ် (Foundation) တူးတာကနေစလို့ တိုင်၊ ရက်မ၊ ကြမ်းခင်းလောင်းတာ၊ အုတ်စီတာ၊ ကွန်ကရစ်ပလာစတာ ဆေးသုတ်ပြင်ဆင်ဖို့အတွက် မျက်နှာပြင်ချောတာနဲ့ အမိုးမိုးတဲ့အထိ အဆင့်ကို ခေါ်တာ ဖြစ်ပါတယ်။
❌ အကြမ်းထည်ထဲမှာ ဘာတွေ လုံးဝ (လုံးဝ) မပါဝင်ဘူးလဲ?
အကြမ်းထည်ပြီးရင် လုပ်ရမယ့် နောက်ဆက်တွဲ သန့်စင်ခန်း ကြွေပြားကပ်လုပ်ငန်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မီးကြိုးဆွဲမီးပလပ်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း လုပ်ငန်းတွေ လုံးဝမပါဝင်သလို၊ ကျည်းဘောင်ထောင်တာ၊ တံခါးတပ်တာ၊ Topping ကွန်ကရစ်ထပ်လောင်းတာနဲ့ လှေခါးအချောကိုင်တာတွေလည်း မပါဝင်ပါဘူး။
🚪 "အိမ်ဆောက်တာပဲ... တံခါးနဲ့ ကျည်းဘောင်တော့ ပါရမှာပေါ့" လို့ တွေးနေပါသလား?
ဒါက Developer တွေ ဘာလို့ အကြမ်းထည်ကို သီးခြားခွဲပြီး ဈေးဖြတ်ရသလဲဆိုတဲ့ အဓိကအချက်ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ တံခါးတစ်ခုတည်းတင်ကို ကျွန်းတံခါး၊ ပျဉ်ကတိုးတံခါး၊ uPVC တံခါး၊ အလူမီနီယံ ဒါမှမဟုတ်Mild Steel (သံမဏိ) ဆိုပြီး အမျိုးမျိုးရှိသလို၊ မှန်ထည့်မလား၊ ဖန်ဘလောက်တုံးတပ်မလား စသဖြင့် စိတ်ကြိုက်ပြင်ဆင်နိုင်လို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Developer တွေက သေချာတိကျတဲ့ Structure ကိုယ်ထည်နဲ့ အုတ်စီ/ပလာစတာချောတာ ကိုပဲ အကြမ်းထည်အဖြစ် သီးသန့်ဈေးဖြတ်ပြီး တွက်ချက်ရခြင်း ဖြစ်ပါတယ်
သင့်စိတ်ကြိုက် ခေတ်မီအိမ်မက်အိမ်လေးကို စံချိန်စံညွှန်းမီ 3D Design များဖြင့် စနစ်တကျ ပုံဖော်ဆောက်လုပ်ချင်တယ်ဆိုရင် T.K.O Construction သို့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 🏗️ Hotline: 09-940 178 400
🏢 ရုံးလိပ်စာ
No (275) A Head Office: Waizayandar Road, Near Dammayone Bus Stop, (6) Ward , South Okkalapa Tsp, Yangon.
Let’s build with T.K.O; for your future life