09/08/2026
🎉 ရန်ကုန်က Designer တွေအတွက် တကယ်ကို အံ့သြဝမ်းသာစရာကောင်းတဲ့ တနင်္ဂနွေနေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်
UXMM အနေနဲ့ Cursor Myanmar နဲ့ Community Partner အဖြစ် ပထမဆုံး ပူးပေါင်းကျင်းပတဲ့ "Cursor for Designers Yangon" ပွဲလေးကို ပြီးခဲ့တဲ့ အပတ်ကအောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
တနင်္ဂနွေနေ့လို နားရက်မျိုးမှာတောင် စိတ်အားထက်သန်စွာနဲ့ လာခဲ့ကြတဲ့ Designer တွေ, Developer တွေနဲ့ AI ဝါသနာရှင် အယောက် (၁၀၀) နီးပါးလောက် လာရောက်ပြီး အတူတကွ လေ့လာသင်ယူ၊ ချိတ်ဆက်ဆွေးနွေးခဲ့ကြတာကို မြင်တွေ့ရတာ တကယ်ကို အားတက်စရာပါပဲ။ ပွဲလာရောက်တဲ့သူတွေရဲ့ တက်ကြွမှုတွေက AI ခေတ်ကြီးမှာ ကျွန်ုပ်တို့ရဲ့ Local Community က ဘယ်လောက်အထိ စိတ်အားထက်သန်စွာနဲ့လေ့လာပြီး အောင်မြင်ချင်စိတ်တွေ ရှိနေကြသလဲဆိုတာကို သက်သေပြနေပါတယ်။
အချိန်ပေးပြီး လာရောက်အားပေးကြသူ တစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ "AI ခေတ်မှာ မြန်မာ Designer တွေအနေနဲ့ ဘယ်လို ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်ကြမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Mobbin နဲ့ Cursor ကို အသုံးပြုပြီး လက်တွေ့ကျတဲ့ Design နည်းဗျူဟာတွေ၊ AI Workflows တွေအကြောင်း တန်ဖိုးရှိတဲ့ အမြင်တွေကို ဆွေးနွေးမျှဝေပေးခဲ့ကြတဲ့ Panelist များဖြစ်ကြတဲ့ Brandon Lee (Cursor Ambassador)၊ Hendra Saputra၊ Pyit Sone Oo နဲ့ UXMM ရဲ့ Founder Wai Yi Mon Soe တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒီပွဲလေးဖြစ်မြောက်ဖို့အတွက် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ Sponsor များဖြစ်ကြတဲ့ Cursor Community, uab bank နဲ့ Mobbin တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ပွဲလေး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားဖို့အတွက် နောက်ကွယ်ကနေ ကြိုးကြိုးစားစား ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ UXMM Team Member တွေကိုလည်း အရမ်းကို ကျေးဇူးတင်ဂုဏ်ယူမိပါတယ်လို့ ပြောပါရစေ။
ဒီလို ပူးပေါင်းလုပ်ဆောင်မှုဟာ Local Product Ecosystem ကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်အတွက် လှပတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဒီထက်ပိုပြီး အကျိုးရှိစေမယ့် ပွဲကောင်းတွေကို ယူဆောင်လာပေးဖို့ စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေပါတယ်။ ✨