05/02/2026
❝ ဆိုလာပြားတွေ သက်တမ်းမကုန်ခင် ပျက်စီးသွားစေမယ့် အမှား (၃) ချက် ❞
ဆိုလာပြားတွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ ဖုန်တွေ၊ သဲတွေနဲ့ ငှက်ချေးတွေ ပေကျံပြီး မီးအားထွက်နှုန်း လျော့ကျလာတတ်တာကတော့ သဘာဝပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ရေဆေးသန့်စင်ကြလေ့ရှိပေမယ့် "ကောင်းစေချင်လို့ လုပ်တာကနေ ဆိုးကျိုးဖြစ်သွားတဲ့" အခြေအနေမျိုးတွေ မကြုံရလေအောင် အထူးဂရုပြုရှောင်ကြဉ်ရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
ပထမဦးဆုံး သတိထားရမှာကတော့ နေပူကျဲကျဲအချိန်မှာ ရေလောင်းချခြင်း ပါ။ ဒါက တော်တော်များများ အမှတ်တမဲ့ လုပ်မိတတ်ကြတဲ့ အမှားတစ်ခုပါ။ နေရောင်အောက်မှာ ပူခြစ်နေတဲ့ ဆိုလာချပ်တွေရဲ့ အပူချိန်ဟာ ၆၀ ဒီဂရီစင်တီဂရိတ်အထက်မှာ ရှိနေတတ်တာကြောင့် ဒီအချိန်မှာ အေးစက်နေတဲ့ ရေနဲ့ ပက်ဖျန်းလိုက်မယ်ဆိုရင် အပူချိန်ရုတ်တရက်ပြောင်းလဲသွားပြီး (Thermal Shock) ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ဆိုလာမှန်သားတွေ အက်ကွဲနိုင်သလို၊ မျက်စိနဲ့မမြင်ရတဲ့ Microcracks လေးတွေဖြစ်ပြီး ဆိုလာဆဲလ်တွေကို ပျက်စီးစေနိုင်တာမို့ နေအေးတဲ့ မနက်စောစော ဒါမှမဟုတ် ညနေပိုင်းလောက်မှ ဆေးကြောတာက အကောင်းဆုံးပါပဲ။
နောက်တစ်ချက်ကတော့ ဖိအားပြင်းထန်သော ရေပိုက်များဖြင့် ထိုးဆေးခြင်းကို ရှောင်ကြဉ်ရပါမယ်။ ကားဆေးတဲ့ High-pressure ဝါရှာတွေနဲ့ အနီးကပ် ထိုးဆေးတာမျိုးက အရမ်းအန္တရာယ်များပါတယ်။ ရေဖိအားပြင်းလွန်းရင် ဆိုလာပြားဘောင်ကြားက Silicon Seal တွေ ပွင့်ထွက်ပြီး အတွင်းထဲကို ရေငွေ့ဝင်ကာ အချိန်တိုအတွင်း Short ဖြစ်ပြီး လောင်ကျွမ်းသွားနိုင်လို့ပါ။ ဒါကြောင့် ရိုးရိုးရေပိုက် (သို့မဟုတ်) လောင်းချတဲ့ပုံစံမျိုးကိုပဲ အသုံးပြုသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ မာကျောတဲ့ ပစ္စည်းတွေနဲ့ ဓာတုဆပ်ပြာများ သုံးခြင်း ကလည်း ဆိုလာပြားကို ထိခိုက်စေပါတယ်။ "ပြောင်အောင်ဆေးမယ်" ဆိုတဲ့ စိတ်နဲ့ သံချေးတိုက် ဘရပ်ရှ်တွေ၊ အဝတ်ကြမ်းတွေ၊ ဆပ်ပြာမှုန့်အပြင်းစားတွေ သုံးလိုက်ရင် ဆိုလာမှန်ပေါ်က အလင်းပြန်ဆန့်ကျင်လွှာ (Anti-reflective coating) တွေ ပွန်းပဲ့ပျက်စီးသွားနိုင်ပါတယ်။ ဒီလိုဖြစ်သွားရင် နေရောင်ခြည်စုပ်ယူမှု အားနည်းသွားပြီး Performace ၂၀% ကျော်လောက်အထိ ကျဆင်းသွားနိုင်သလို ဖြစ်ကျန်ခဲ့တဲ့ ခြစ်ရာတွေက ဖုန်တွေကို ပိုပြီးတွယ်ကပ်စေနိုင်တာကြောင့် နူးညံ့တဲ့ Microfiber အဝတ် (သို့) ဘရပ်ရှ်အပျော့တွေကိုပဲ သုံးစွဲသင့်ပါတယ်။
ဆိုလာပြားဆိုတာက သေချာဂရုစိုက်ရင် နှစ်ပေါင်း ၂၀ ကျော်အထိ အသုံးခံတဲ့ ရင်းနှီးမြှုပ်နှံမှုမို့လို့ ကိုယ်တိုင်သန့်ရှင်းရေးလုပ်တဲ့အခါ "သန့်ရှင်းရေးလုပ်တာက ဖျက်ဆီးသလို မဖြစ်ရလေအောင်" အခုပြောပြခဲ့တဲ့ အချက်လေးတွေကို သတိထားပြီး စနစ်တကျ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
➧ NeoX Energy (Yangon)
• No.41, Myay Ni Gone Zay Street, Myay Ni Gone, Sanchaung Township, Yangon.
• Location: https://goo.gl/maps/5iPZE696PRHFUxAHA
• Phone: 09 79701 5556, 09 79701 5557, 09 79701 5558, 09 79701 5559
• Email: [email protected]
➧ NeoX Energy (Mandalay)
• No.12, Corner of 26th Street × 79th Street, Chan Aye Thazan Township, Mandalay, Myanmar.
• Phone: 09 765686174, 09 765686175, 09 765686177, 09 765686187
• Email: [email protected]