CG Myanmar

CG Myanmar An ISO 9001:2015 certified company for construction, interior decor and mechanical & electrical work.

05/10/2025
Another Quality Project by CG Myanmar(20,000 sq.ft Luxury Villa @ Thanlwin Road, YANGON)
20/09/2024

Another Quality Project by CG Myanmar
(20,000 sq.ft Luxury Villa @ Thanlwin Road, YANGON)

Completed Quality Projects by CG Myanmar The Coffee Bean & Tea Leaf (Outlets-1 & 2 at Yangon International Airport, Outl...
26/07/2024

Completed Quality Projects by CG Myanmar

The Coffee Bean & Tea Leaf
(Outlets-1 & 2 at Yangon International Airport, Outlet-3 at Yangon Domestic Airport)

Completed in 2016 & 2017

🏗️ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်တဲ့အခါမှာ နှစ်ဦးနှစ်ဖက် လုပ်ငန်းဆောင်ရွက်မှု ပဋိပက္ခများ မဖြစ်ရန်အတွက် ကနဦး အစ စာ...
06/05/2024

🏗️ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်တဲ့အခါမှာ နှစ်ဦးနှစ်ဖက် လုပ်ငန်းဆောင်ရွက်မှု ပဋိပက္ခများ မဖြစ်ရန်အတွက် ကနဦး အစ စာချုပ်ချုပ်ဆိုကတည်းက သေချာစေ့စပ်စွာ ချုပ်ဆိုရမှာပဲ ဖြစ်ပါတယ် 🏗️

🖊️ ဆောက်လုပ်ရေးဆိုင်ရာစာချုပ်များတွင်အဓိကပါဝင်ရမည့်အချက်များမှာ -
📌 သဘောတူညီချက်စာချုပ်ချုပ်ဆိုမည့် လုပ်ငန်းအပ်နှံသူနှင့်လုပ်ငန်းလက်ခံသူတို့၏အချက်အလက်များ(ဥပမာအားဖြင့် အမည်နာမည်နှင့်မှတ်ပုံတင်အမှတ် (သို့) company မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ရုံးခန်းလိပ်စာ)
📌 စာချုပ်ချုပ်ဆိုသည့်ဆောက်လုပ်ရေးလုပ်ငန်း၏အသေးစိတ်အချက်အလက်များ (ဥပမာအားဖြင့် လုပ်ငန်းခွင်တည်‌နေရာ၊ အဆောက်အဦးအမျိုးအစားနှင့် အကျယ်အဝန်း)
📌 လုပ်ငန်းတန်ဖိုးသတ်မှတ်ချက်နှင့်အတူ လုပ်ငန်းကုန်ကျစရိတ်အသေးစိတ်တွက်ချက်မှု
📌 လုပ်ငန်းကာလသတ်မှတ်ချက်နှင့် အသေးစိတ်အချိန်ဇယား
📌 ငွေပေးချေမှုနှင့်ပတ်သက်ပြီးလိုက်နာရမည့်အချက်များ
📌 လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူ၏ တာဝန်နှင့်ဝတ်တရားများ
📌 လုပ်ငန်းကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီးလိုက်နာရမည့်အချက်များ
📌 လုပ်ငန်းကာလအတွင်းပေါ်ပေါက်လာသောပြုပြင်ပြောင်းလဲမှုများအတွက်လိုက်နာရမည့်အချက်များ
📌 မလွန်ဆန်နိုင်သောဖြစ်ရပ်များအတွက်လိုက်နာရမည့်အချက်များ
📌 လျော်ကြေးငွေ/ ရက်လွန်ကြေးသတ်မှတ်ခြင်း
📌 လုပ်ငန်းပြီးစီး၍လုပ်ငန်းလွှဲပြောင်းလက်ခံခြင်းနှင့်ပတ်သက်‌ပြီးလိုက်နာရမည့်အချက်များ
📌 လုပ်ငန်းနှင့်ပတ်သက်သောအပြစ်အနာဆာများကိုပြန်လည်ပြုပြင်ခြင်းအတွက်လိုက်နာရမည့်အချက်များ
📌 အာမခံကာလသတ်မှတ်ခြင်း
📌 စာချုပ်ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီးလိုက်နာရမည့်အချက်များ
📌 အငြင်းပွားမှုများပေါ်ပေါက်လာပါကလိုက်နာရမည့်အချက်များ
📌 အကြောင်းကြားစာပေးပို့ရန်လိပ်စာနှင့် လိုက်နာရမည့်အချက်များ
📌 စာချုပ်အပေါ်လွှမ်းမိုးသောဥပဒေနှင့်စီရင်ပိုင်ခွင့်များ
📌 စာချုပ်အရေအတွက်ဖော်ပြခြင်း

🖊️ ဒါ့ အပြင်စာချုပ်နှင့်အတူ နောက်ဆက်တွဲအချက်အလက်များဖြစ်တဲ့
📌လုပ်ငန်းနှင့်သက်ဆိုင်သောပုံများ (Drawings)
📌 လုပ်ငန်းတန်ဖိုးအသေးစိတ်တွက်ချက်မှု
📌 လုပ်ငန်းကာလဖော်ပြသောအသေးစိတ်အချိန်ဇယား (Project Schedule)
📌 ပါဝင်အသုံးပြုရမည့်ကုန်ပစ်စည်းများ၏အရေအသွေးသတ်မှတ်ချက်များ (Specifications)
📌 သက်ဆိုင်ရာစမ်းသပ်မှုအစီရင်ခံစာများ
📌 သဘောတူစာချုပ်မချုပ်ဆိုမှီလုပ်ငန်းနှင့်ပတ်သက်ပြီးဆွေးနွေးထားသောအစည်းအဝေးမှတ်တမ်းများ၊ emails များ

ပါဝင်ရမှာပဲ ဖြစ်ပါတယ်….



Construction Contracts shall be drafted properly in order to avoid any potential disputes and conflicts. Following items shall be included in the Construction Contracts:
📌 Detailed Information of Client and Contractor such as NRIC Numbers, Company Registration Numbers, Address
📌 Detailed Information of the Project such as location of the project site, Scope of Work
📌 Contract Sum and cost breakdown
📌 Project Time Frame and Schedule
📌 Payment Terms
📌 Client’s Responsibilities and Contractor’s Responsibilities
📌 Extension of Time
📌 Variation
📌 Force majeure
📌 Liquidated Damages
📌 Handover / Taking Over
📌 Defect Rectification
📌 Warranty
📌 Termination
📌 Dispute Settlement
📌 Notices
📌 Governing Law

Following documents shall be attached as appendices to the Contract:
📌 Drawings
📌 Quotation / Cost Breakdown
📌 Project Schedule
📌 Material Specifications
📌 Test Report
📌 Meeting Minutes of all meetings, tender interviews and emails between the parties before signing the Contact

ဆောက်လုပ်ရေးဆိုင်ရာ project‌ တွေကို သတ်မှတ်ဘတ်ဂျက်အတွင်း အချိန်မီပြီးစီးနိုင်ဖို့ဆိုရင် ထိရောက်တဲ့ Project Management က ...
29/04/2024

ဆောက်လုပ်ရေးဆိုင်ရာ project‌ တွေကို သတ်မှတ်ဘတ်ဂျက်အတွင်း အချိန်မီပြီးစီးနိုင်ဖို့ဆိုရင် ထိရောက်တဲ့ Project Management က အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Project Team က အချိန်ဇယားဆွဲခြင်း၊ အရင်းအမြစ်ခွဲဝေပေးခြင်း၊ Risk Management လုပ်ဆောင်ခြင်းနှင့် စီမံကိန်းအောင်မြင်မှုသေချာစေရန် သက်ဆိုင်သူများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အမြဲ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။

လူကြီးမင်းတို့လည်း ကိုယ့်ရဲ့ အိမ်၊ Showroom၊ Office Tower၊ Hotel၊ ဆေးရုံ project များကို အချိန်၊ ငွေကြေး အလေအလွင့်မရှိ အချိန်မှီ တည်ဆောက်ချင်တယ်ဆိုရင် CG Myanmar မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။



Effective project management is crucial for delivering construction projects on time, within budget, and to the required quality standards. Thus, our Project Team is always overseeing the scheduling, resource allocation, risk management, and coordination among stakeholders to ensure project success.

1. Project Manager / Senior Engineer (Mechanical – ACMV / P&S / Fire)Job Responsibilities:• Involved in M&E (ACMV / P&S ...
26/04/2024

1. Project Manager / Senior Engineer (Mechanical – ACMV / P&S / Fire)

Job Responsibilities:
• Involved in M&E (ACMV / P&S / Fire) projects
• Coordinate with clients, consultants, suppliers and sub-contractors
• Coordinate to produce coordinated services drawings (CSD) and shop drawings
• Coordinate with other departments within company (Structure, Interior & Architecture, Electrical)
• Manage project schedule, cost, quality and site safety
• Manage, plan and lead project teams
• Ensure successful, cost-effective and timely project delivery
• Project procurement
• Submit weekly reports to project director and clients
• Attend meetings with clients / consultants / sub-contractors
• Perform other tasks as required
Job Requirements:
• BE or BTech Degree in (Mechanical or Electrical)
• 6 – 8 years of relevant experience in small to mid-sized building projects
• Strong knowledge of Air-conditioning & Mechanical Ventilation, Plumbing & Sanitary
• Proficiency in Auto CAD and Microsoft office
• Strong leadership and supervision skills
• Able to work under pressure to meet deadlines

2. Senior Quantity Surveyor (Mechanical – ACMV / P&S / Fire)

Job Responsibilities:
• Source for quotations for items required in tenders
• Preparation of price comparison and costing summary
• Preparation of tender submission and tender pricing verification
• Site verification of variation and taking records for submission of claim
• Lead and guide junior QS(s) at work
• Responsible for claims, variation orders, budget & cost control.
• Taking the BQ for ACMV, Fire Protection and Plumbing & Sanitary Systems
Job Requirements:
• BE or BTech Degree in Mechanical or Electrical
• Minimum 6 years of relevant experience in small to mid-sized building projects
• Well verse in MS Office applications with strong Auto CAD background.
• Strong knowledge of Air-conditioning & Mechanical Ventilation, Plumbing & Sanitary Systems
• Strong leadership and supervision skills
• Able to work under pressure to meet deadlines

3. Senior Site Engineer (Interior Decoration & Construction) – 1 Post
Job Responsibilities:
• To set out the works in accordance with the drawings and specification
• To liaise with the project manager regarding construction programme and assist PM in the supervision and management of construction activities to assigned project
• To liaise with procurement to ensure that purchase orders adequately define the specified requirements
• To check materials and work in progress for compliance with the specified requirements
• To act as day-to-day managers on a construction site and provide technical advice as well as quality control for everyone working on it
• To perform as part of the site management team and take some of the responsibility for security, health & safety and supervising materials and people
• To attend coordination meetings organized by client and consultants etc., to solve technical issues and other related matters
• To comply with company policies, procedures and instructions at all times
• To enforce the relevant safety rules at site and make sure personal protective equipment is worn as and where required by the staff under their responsibility
• To conduct regular inspections and assess the work performance done by all subcontractors, installers
• To take immediate corrective action to avoid any cumulative effect of such deviation and recover the delay to finish the task in due time
• To evaluate and resolve any discrepancies and problems arising during construction which affect the quality of works performed
• To provide data in respect of variation orders and site instructions
• To coordinate the handing over of completed work to client and completion of necessary rectification works
• To report to the Project Manager/ Project Director of Construction.
Job Requirements:
• Bachelor's degree in civil engineering
• Must know process of work as well as sequence of works for work arrangement.
• 3-5 years of working experiences in interior related fields.
• AutoCAD and MS office is a must.

If you are interested, please send your detailed CV to [email protected]. Please indicate your expected salary (in Myanmar Kyats) in your CV.

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ နှစ်ကူးအချိန်အခါ သင်္ကြန်မှာ အန္တရာယ်ကင်း ဘေးဘယာဝေးလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး...
13/04/2024

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ နှစ်ကူးအချိန်အခါ သင်္ကြန်မှာ အန္တရာယ်ကင်း ဘေးဘယာဝေးလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါစေကြောင်း CG Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



CG Myanmar wishes safe and sound Thingyan when the old year ends and new year begins. May your days fill with full of laughter, endless joys and unlimited blessings.

ကျွန်တော်တို့ CG Myanmar Company ဟာဆိုရင် အရည်အသွေးဆိုင်ရာ မူဝါဒများကို ချမှတ်ပြီး Client များကို အကောင်းဆုံး ဝန်ဆောင်မှ...
10/04/2024

ကျွန်တော်တို့ CG Myanmar Company ဟာဆိုရင် အရည်အသွေးဆိုင်ရာ မူဝါဒများကို ချမှတ်ပြီး Client များကို အကောင်းဆုံး ဝန်ဆောင်မှုများပေးနိုင်ရန် အစဥ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

သင့်အိမ်ကို ပြင်ဆင်မွမ်းမံမှု ပြုလုပ်တော့မယ်ဆိုရင် ဂရုတစိုက်နဲ့ စနစ်တကျ စီမံကိန်း ရေးဆွဲပြင်ဆင်ခြင်းက သင့်ရဲ့ လိုအပ်ချက်...
12/03/2024

သင့်အိမ်ကို ပြင်ဆင်မွမ်းမံမှု ပြုလုပ်တော့မယ်ဆိုရင် ဂရုတစိုက်နဲ့ စနစ်တကျ စီမံကိန်း ရေးဆွဲပြင်ဆင်ခြင်းက သင့်ရဲ့ လိုအပ်ချက်နဲ့ နှစ်သက်သဘောကျတဲ့ လိုအင်အတိုင်း ရရှိစေမှာဖြစ်ပြီး ကောင်းမွန်အောင်မြင်စွာ ပြီးစီးဖို့အတွက်လည်း အရေးကြီးဆုံး အခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ပြီးပြည့်စုံတဲ့ ပြင်ဆင်မွမ်းမံမှု ဖြစ်လာစေဖို့အတွက် စီမံကိန်း ချမှတ်ရာမှာ ပါဝင်သင့်တဲ့ အဓိက အဆင့်တွေနဲ့ တဆင့်ချင်းစီရဲ့ အထောက်အကူပြုမှုတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပြင်ဆင်မွမ်းမံမှု ပြုလုပ်မယ့်နေရာနဲ့ အဓိက ရည်ရွယ်ချက်ကို သတ်မှတ်ခြင်း။
အဓိကထား အာရုံစိုက်မွမ်းမံချင်တဲ့ နေရာများ နဲ့ ရည်ရွယ်ချက်ကို ကြိုတင်သတ်မှတ်ခြင်းဖြင့် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ နေရာအနေအထား၊ အသုံးဝင်မှု ကို ရရှိစေတဲ့ အပြင် အလှအပပိုင်းအရလည်း ပိုမို တင့်တယ်သော နေရာတခုအဖြစ် ဖန်တီးနိုင်ပါတယ်။

၂။ ကုန်ကျသုံးစွဲမယ့် ငွေကြေး ပမာဏ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံမှု လုပ်ငန်းမှာ လက်တွေ့ကုန်ကျမယ့် အသုံးစရိတ်များဖြစ်တဲ့ ပစ္စည်းဖိုးနဲ့ လက်ခ၊ အထွေထွေ လုပ်သားစရိတ်၊ ဌာနဆိုင်ရာ ခွင့်ပြုမိန့်အတွက် ပေးသွင်းရမယ့် ငွေကြေး များအပြင် မမျှော်လင့်ဘဲ ဆက်စပ်ကုန်ကျနိုင်တဲ့ အသုံးစရိတ် များကိုပါ ထည့်သွင်းစဉ်စားပြီး လျာထားဖို့ လိုပါတယ်။ ဒါမှသာ တကယ်ကုန်ကျနိုင်တဲ့ ပမာဏကို ပြင်ဆင်မွမ်းမံမှု မစခင် ကတည်းက ကောင်းစွာ သိရှိသတ်မှတ်ပြီး ဖြစ်ပါမယ်။

၃။ ပြင်ဆင်မွမ်းမံခြင်းမှာ ထည့်ဝင်အသုံးပြုချင်တဲ့ အရာများကို စူးစမ်းရှာဖွေ စုဆောင်းခြင်း။
ပြင်ဆင်မွမ်းမံခြင်းမှာ ထည့်သွင်းအသုံးပြုလိုတဲ့ အပြင်အဆင် အခြယ်အသများ၊ စိတ်ကူးစိတ်သန်းနဲ့ လိုက်လျောညီတဲ့ အလှဆင် ပစ္စည်းများ၊ အရောင် အစပ်အဟပ်များ စသဖြင့် နှစ်သက်သဘောကျတဲ့အရာတွေကို အတွင်းပိုင်း ပြင်ဆင်ခြင်းဆိုင်ရာ မဂ္ဂဇင်းတွေနဲ့ အင်တာနက်ပေါ်က ဓာတ်ပုံတွေအပြင် ပြင်ဆင်မွမ်းမံထားမှုတွေကို လူတိုင်း အလွယ်တကူ ကြည့်ရှူလေ့လာနိုင်အောင် စုဆောင်း ဖန်တီးထားတဲ့ အင်တာနက်ပေါ်က ပရိုဂမ်တွေမှာ ရှာဖွေစုဆောင်းပြီး ကိုယ့်ရဲ့ နှစ်သက်သဘောကျတဲ့ စိတ်ကူးပုံစံတွေကို အလွယ်တကူ မှီငြမ်းနိုင်အောင် ပြုစုထားဖို့ လိုပါတယ်။

၄။ ဦးစားပေးရမယ့်အရာ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံချင်တဲ့ နေရာ၊ ပုံစံတွေနဲ့ အသုံးပြုမယ့် ငွေကြေးပမာဏပေါ် အခြေခံပြီး ဘယ်အရာက မဖြစ်မနေ ပြင်ဆင်ရမယ့်အရာ၊ ဘာတွေက နောက်မှ ပြင်ဆင်ရင် ရနိုင်တဲ့အရာ ဆိုပြီး လိုအပ်ချက်နဲ့ ချင့်ချိန်ကာ ဦးစားပေးအဆင့် သတ်မှတ်ဖို့ လိုပါတယ်။ ဒါမှသာ စီမံကိန်း ချမှတ်ပြင်ဆင်တဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။

၅။ ကျွမ်းကျင် ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ငန်း ဆောင်ရွက်ခြင်း။
ကျွမ်းကျင် ပညာရှင်များဖြစ်တဲ့ ဗိသုကာ၊ အင်ဂျင်နီယာ၊ ဒီဇိုင်းနာ တွေကို လိုအပ်သလို ခန့်အပ်ပြီး ပြင်ဆင်မွမ်းမံတဲ့ ကိစ္စတွေအတွက် တိုင်ပင်ဆွေးနွေး အကြံပြုချက် ယူဖို့လိုသလို ကျွမ်းကျင်တဲ့ ကန်ထရိုက်တာကို ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်တာ လုပ်ဖို့ လိုပါတယ်။ ဒါမှသာ သူတို့ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေအရ ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲတွေကို ကြိုမြင်ပြီး လိုအပ်တဲ့ ပြင်ဆင်မှု၊ ညှိနှိုင်းပြောင်းလဲမှုတွေ လုပ်နိုင်မှာဖြစ်တဲ့အပြင် သူတို့ရဲ့ ဖန်တီးနိုင်စွမ်းအရ ကိုယ်နှစ်သက်တဲ့ အပြင်အဆင် အခြယ်အသပိုင်းတွေမှာပါ ပိုပြီး သင့်လျော်လိုက်ဖက်ကောင်းမွန်အောင် အကြံပြုပေးနိုင်မှာ ဖြစ်ပါတယ်။

၆။ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအတွက် အချိန်ကာလ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအဆင့်ဆင့်အတွက် လိုအပ်တဲ့ လုပ်ငန်းကြာမြင့်ချိန်၊ လုပ်ငန်းဆောင်ရွက်မယ့် ကန်ထရိုက်တာမှ စတင်လုပ်ဆောင်နိုင်မယ့် အချိန်အပိုင်းအခြား၊ လုပ်ငန်းဆောင်ရွက်ဖို့ သင့်လျော်တဲ့အချိန်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်မွမ်းမံဖို့ အချိန်ဇယားနဲ့ ကာလကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါမှသာ အစီအစဉ် စနစ်တကျ ဖြစ်ပြီး သွေဖည်မသွားအောင် စောင့်ကြည့်တည့်မတ်နိုင်ပါမယ်။

၇။ ပြင်ဆင်မွမ်းမံမှုအတွက် လိုက်နာရမယ့် အချက်များနဲ့ ခွင့်ပြုမိန့် လိုအပ်ချက်များကို စစ်ဆေးခြင်း။
ပြင်ဆင်မွမ်းမံခြင်းအတွက် သက်ဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများရဲ့ သတ်မှတ်ထားတဲ့ လိုက်နာရမယ့် အချက်များအပြင် ခွင့်ပြုမိန့် လိုအပ်ခြင်း ရှိ၊မရှိ ကိုပါ ရှာဖွေစုံစမ်းထားပြီး လိုက်နာဆောင်ရွက်ဖို့လိုပါမယ်။ ဒါမှသာ ဥပဒေကြောင်းအရ ညှိစွန်းလို့ လုပ်ငန်းတားမြစ်ခံရခြင်းမျိုး မရှိနိုင်သလို လုပ်ငန်းခွင်မှာလည်း အန္တရာယ်ကင်းပြီး အရည်အသွေးပိုင်းမှာပါ ကောင်းမွန်သေချာမှု ရှိလာမှာ ဖြစ်ပါတယ်။

၈။ အသုံးပြုမယ့် ပစ္စည်းများနဲ့ အလှဆင် ပစ္စည်းများကို ရွေးချယ်ခြင်း။
အသုံးပြုမယ့် ပစ္စည်းများနဲ့ အလှဆင် ပစ္စည်းများကို တာရှည်ကြံ့ခိုင်မှု၊ အသုံးခံမှု၊ ထိန်းသိမ်းပြုပြင်မှု အပြင် လုံလောက်သော အရေအတွက် ရရှိနိုင်မှု စတဲ့ အချက်များနဲ့ စိစစ် ရွေးချယ်ပြီး စနစ်တကျ စာရင်းပြုစုထားဖို့လိုပါတယ်။ ဒါမှသာ နောက်ဆုံးအချိန်ကပ်မှ ပြောင်းလဲရတာမျိုး ကင်းဝေးပြီး လျာထား ကုန်ကျစရိတ်ထက် ကျော်လွန်ကျသင့်တာအပြင် လုပ်ငန်းပြီးစီးမှုက သတ်မှတ်အချိန်ထက် ကျော်လွန်သွားတာမျိုးကို ရှောင်ရှားနိုင်စေမှာ ဖြစ်ပါတယ်။

၉။ လုပ်ငန်းအတွက်လိုအပ်တဲ့ အသေးစိတ် ပုံများ ပြင်ဆင် ပြုစုခြင်း။
ခန့်အပ်ထားတဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြင်ဆင်မွမ်းမံခြင်းအတွက် လိုအပ်မယ့် အသေးစိတ် ပုံတွေကို ပြင်ဆင်ဆွဲသားထုတ်လုပ်စေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကန်ထရိုက်တာဘက်က လုပ်ဆောင်ရမယ့် လုပ်ငန်းအသေးစိတ်ကို တိကျသေချာစွာ သဘောပေါက်နေမှာ ဖြစ်ပြီး နားလည်မှု လွဲမှားလို့ အချိန်နဲ့ ငွေ ထပ်ကုန်မယ့် ပြန်လည်ပြင်ဆင်ရတာမျိုး ကင်းဝေးစေမှာ ဖြစ်ပါတယ်။

၁၀။ အစဉ်တစိုက် ပြောဆိုဆွေးနွေးခြင်းနဲ့ လိုက်လျောညီထွေ ရှိခြင်း။
ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း လုပ်နေစဉ် တလျှောက်လုံး ခန့်အပ်ထားတဲ့ ပညာရှင်တွေနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အခြေအနေနဲ့ အချိန်အခါအရ ဖြစ်လာတဲ့ အပြောင်းအလဲတွေအပြင် မျှော်မှန်းမထားဘဲ ပေါ်လာတဲ့ အခက်အခဲ၊ လျာထားတဲ့အတိုင်း ဆက်လုပ်လို့ မရနိုင်တဲ့ အလုပ် စတာတွေကိုလည်း လိုက်လျောညီထွေဖြစ်စွာနဲ့ ပြောင်းလဲလက်ခံ ပေးဖို့ လိုအပ်ပါတယ်။

အနစ်ချုပ်အနေနဲ့ သင့်အိမ်ကို ပြင်ဆင်မွမ်းမံမှု ပြုလုပ်ဖို့ရာမှာ စနစ်တကျနဲ့ စီမံကိန်း ပြင်ဆင်ရေးဆွဲခြင်းက အလွန်တရာမျှ အရေးကြီးပြီး အထက်မှာ ဖော်ပြထားတဲ့ အချက်တွေက အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် သင့်အိမ် မွမ်းမံပြင်ဆင်တော့မယ်ဆိုရင် အချိန်သေသေချာချာ ပေးပြီး အထက်ပါအချက်တွေကို သုံးသပ်လို့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်းက ဆုံးဖြတ်ချက် ချရာမှာ လွယ်ကူစေပြီး သင် စိတ်ကူးမျှော်မှန်းထားတဲ့၊ သင့်ရဲ့ လိုအပ်ချက်နဲ့ နှစ်သက်သဘောကျတဲ့ လိုအင်ဆန္ဒအတိုင်း ကောင်းမွန်အောင်မြင်စွာနဲ့ ပြင်ဆင်မွမ်းမံနိုင်မှာပဲ ဖြစ်ပါတယ်။

Planning a home renovation involves several key steps to ensure a successful and well-executed project. Here's a step-by-step guide to help you get started:
1. Define Your Goals:
Clearly outline your objectives for the renovation. Identify the specific areas of your home that need attention and the goals you want to achieve, whether it's creating more space, improving functionality, or enhancing aesthetics.
2. Set a Budget:
Establish a realistic budget for your renovation. Consider all potential costs, including materials, labor, permits, and unexpected expenses. It's essential to have a clear understanding of your financial constraints from the beginning.
3. Research and Inspiration:
Gather inspiration for your project. Look for design ideas, color schemes, and materials that resonate with your vision. Use magazines, websites, and platforms like Pinterest to create a mood board that reflects your style.
4. Prioritize:
Prioritize the renovation tasks based on your goals and budget. Identify critical areas that need immediate attention and those that can be addressed later. This will help you make informed decisions during the planning process.
5. Consult Professionals:
Engage with professionals such as architects, contractors, and interior designers. Their expertise can be invaluable in providing insights, identifying potential challenges, and offering creative solutions. Obtain multiple quotes and references before making decisions.
6. Create a Timeline:
Develop a realistic timeline for your renovation project. Consider the scope of work, the availability of contractors, and any external factors that could impact the schedule. Having a timeline will help you stay organized and on track.
7. Check Building Codes and Permits:
Research local building codes and permit requirements. Ensure that your renovation plans comply with regulations in your area. Obtaining the necessary permits is crucial to avoid legal issues and ensure the safety and quality of the work.
8. Select Materials and Finishes:
Choose the materials, finishes, and fixtures for your renovation. Consider factors such as durability, maintenance, and style. Create a detailed list of all the items needed to avoid last-minute changes that could affect your budget and timeline.
9. Create a Detailed Plan:
Work with your professionals to create a detailed plan that includes floor plans, elevations, and any necessary construction drawings. This plan will serve as a guide for the project and help prevent misunderstandings during the construction phase.
10. Communication and Flexibility:
Maintain open communication with your professionals throughout the process. Be flexible and prepared for unexpected challenges. Regular updates and discussions will help ensure that the project stays on course.
Remember that careful planning is crucial to the success of your home renovation. Taking the time to thoroughly assess your goals, budget, and resources will help you make informed decisions and create a space that meets your needs and preferences.

🏛️ Client များရဲ့ ယုံကြည်မှုကို အလေးထားတဲ့ CG Myanmar အနေနဲ့  သံလွင်လမ်းမှာ တည်ရှိတဲ့ Modern Classic ဆန်ဆန် Residential ...
29/02/2024

🏛️ Client များရဲ့ ယုံကြည်မှုကို အလေးထားတဲ့ CG Myanmar အနေနဲ့ သံလွင်လမ်းမှာ တည်ရှိတဲ့ Modern Classic ဆန်ဆန် Residential Housing project ကို တာဝန်ယူစီမံဆောင်ရွက်ပေးနေပါတယ်။
🏛️ Thai Architect နဲ့ Myanmar Architect တို့မှ Design ကို ပူးပေါင်းရေးဆွဲထားပြီး floor area Sqft 20000 ဝန်းကျင်ခန့်ရှိကာ လှပတဲ့ Swimming Pool နဲ့ Landscape design များ ပါဝင်ပါတယ်။
ကျွန်တော်တို့ CG Myanmar အနေနဲ့ Design Initiation Stage မှစတင်ကာ Project တစ်ခုလုံးကိုတာဝန်ယူကြီးကြပ်ဆောင်ရွက်ပေးနေတဲ့အပြင် ရနိုင်သမျှ အကောင်းဆုံး Materials များ၊ Installer နှင့် ကျွမ်းကျင်ပညာရှင် လုပ်သားများကို အသုံးပြုပြီး ကနဦးဖန်တီးထားတဲ့ Design ကို အနီးစပ်ဆုံးရရှိအောင်ပြုလုပ်ထားလျက်ရှိပါတယ်။
Client ရဲ့ လိုချင်တဲ့အတိုင်း အနီးစပ်ဆုံးရအောင် အသေးစိတ် တာဝန်ယူစီမံဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် CG Myanmar ရဲ့ ဂုဏ်ယူရတဲ့ project တစ်ခုအဖြစ် Mock Up ခန်းနဲ့ Architectural work လတ်တလော ပြီးစီးမှု အခြေအနေကို အောက်ပါအတိုင်း မျှဝေပေးလိုက်ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ နေအိမ်အဆောက်အအုံ ၊ ရုံးခန်း၊ Showroom များ တည်ဆောက်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ( 09 977 247 622 ) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



At CG Myanmar, we prioritize our clients' trust, and it reflects in our dedication to constructing the modern classic friendly residential housing project on Thanlwin Street.

🏛️ Collaborating closely with Thai and Myanmar architects, we've designed a space spanning 25,500 Sqft, boasting exquisite features like a stunning swimming pool and crafted landscaping.

From the initial design stage to flawless project management, we spare no effort in sourcing the finest materials, skilled installers, and professional workers to bring our client's vision to life. Every detail is attended to, ensuring it aligns perfectly with our client's aspirations.

As a testament to our commitment, we're thrilled to share the progress of the mock-up room and recent architectural milestones. If you're keen to explore further, you're welcome to reach out to us at (09977247622). We'd love to hear from you!

💯Client များအတွက် အမြဲတမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနေတဲ့ CG Myanmar မှ Design & Build ဂုဏ်ယူစွာ တာဝန်ယူဆောင်ရွ...
20/02/2024

💯Client များအတွက် အမြဲတမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနေတဲ့ CG Myanmar မှ Design & Build ဂုဏ်ယူစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ 85 SOHO SERVICED APARTMENT

🏠ပန်းဆိုးတန်းအထက်လမ်းမှာ တည်ရှိသော 12 ထပ်ခွဲ Condominium အဆောက်အဦး (sqft 65000 ခန့်) အား အခန်း 88 ခန်းပါဝင်သော Serviced Apartment အဖြစ် တာဝန်ယူ ပြုပြင်ပေးခဲ့ပါတယ်။

🏢 မူလရှိပြီးသော Condo တစ်ခန်းစီတိုင်းကို Serviced Apartments unit 4 ခုအဖြစ် ဖွဲ့စည်းခဲ့ပြီး Penthouse အထပ်ကိုလည်း Indoor နှင့် Outdoor ပါဝင်သော စားသောက်ဆိုင်အပြင် ဂျပန်စတိုင်ရေချိုးကန်ပါတဲ့ Gym အဖြစ်ပြောင်းလဲပေးခဲ့ပေးပါတယ်။

မြေညီထပ် ကိုReception နဲ့ Lift lobby အဖြစ်ပြောင်းလဲပေးခဲ့ပြီး အဆောက်အအုံအပြင်ဖက်ရှိ နေရာလွတ်များကို အသုံးပြုကာ ကားပါကင်နေရာအဖြစ် ဖန်တီးပေးခဲ့ပါတယ်။

🚗 မူလကားပါကင်နေရာကိုတော့ ရုံးခန်း၊ စတိုခန်းနဲ့ Convenience Store ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။
ထပ်တိုး Passenger lift အသစ် တစ်စင်းနှင့်အတူ ၎င်းအတွက် လိုအပ်သော အကြီးစား Structure ပြင်ဆင်မှုကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။

မူလရှိသော မီးလိုင်းနှင့် ရေပိုက်လိုင်းများမှာ အခန်း 22 ခန်းစာအတွက် ကနဦး ပြုလုပ်ထားသော်လည်း Structure အသစ်အတွက် လုံလောက်သော Load များဖြင့် မီးလိုင်းအသစ်များနှင့် ရေလိုင်းအသစ်များအပြင် 250 KVA မှ 500 KVA အထိတိုးထားတဲ့ မီးစက်ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။

📌အဆောက်အအုံရဲ့ တည်နေရာအရ‌အပြင် တည်ဆောက်ရတဲ့ အချိန်ကာလက မိုးတွင်းဖြစ်နေတဲ့အတွက်ကြောင့် project အချိန် တိုတောင်းခဲ့ပေမယ့်လည်း ကနဦးအစကတည်းက အကြံပေးများ ကျွမ်းကျင်သူများနဲ့ project အဖွဲ့ဝင်မှာ အားလုံး အကြိမ်များစွာတွေ့ဆုံခဲ့ပြီး ဖြစ်ပေါ်လာမယ့် issue များကို ဖြေရှင်းရန်နဲ့ ဖြစ်နိုင်တဲ့ design များကို အသေအချာဆွေးနွေးခဲ့ပြီးနောက် အချိန်တိုအတွင်း ပြီးဆုံးအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

🏆ဒီအဆောက်အအုံဟာ Myanmar Property Awards 2018 ရဲ့ Best Hotel Interior Design နဲ့ Best Service Apartments ဆုရခဲ့အတွက် CG Myanmar မှာ ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်

💯 လူကြီးမင်းတို့လည်း ကိုယ်ရဲ့ အိမ်နေရာ အဆောက်အဦးအတွက် ကောင်းမွန်တဲ့ Construction & Decoration Company ကို ရှာဖွေနေတယ်ဆိုရင်တော့ CG Myanmar က အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်မှာပါ…

📱ဒါကြောင့် စိတ်ပါဝင်စားတယ်ဆိုရင်တော့ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ တိုက်အမှတ် (၈) ကို လာရောက်နိုင်သလို ဖုန်းနံပါတ် ( 09977247622 ) မှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



Introducing 85 SOHO Serviced Apartment Condo by CG Myanmar! 🏙 We're proud to share our quality project – a 12-story building on upper Pansodan road, featuring 88 rooms tailored to perfection.

Each apartment is custom-designed to suit client's needs, with options ranging from cozy studios to spacious penthouses. Enjoy dining at our restaurants, staying fit at the gym, and relaxing in our Japanese-style bathroom on the penthouse. Car parking lots was transformed into lift lobby, reception and convience store where the orginal car parking was with lift lobby only. Also some of the car parking area was expanded into office, store and convience store.

Safety is paramount: we've upgraded fire system and installed a more powerful generator which provides 100% back up power for the serviced apartment building.
Our commitment to excellence has been recognized with awards for Best Hotel Interior Design and Best Service Apartments in 2018.

📞 For more information, contact us at (09977247622) or visit us at Kyungtaw Road, Section No. (8) in Sanchaung Township. Let us turn your vision into reality! ✨

အဆောက်အဦးတစ်ခုကို ဆောက်လုပ်တဲ့နေရာမှာ Foundation နဲ့ Structure က အရေးကြီးဆုံးအပိုင်းဖြစ်တာ အားလုံးအသိပဲဖြစ်ပါတယ်.. ✔️CG...
08/02/2024

အဆောက်အဦးတစ်ခုကို ဆောက်လုပ်တဲ့နေရာမှာ Foundation နဲ့ Structure က အရေးကြီးဆုံးအပိုင်းဖြစ်တာ အားလုံးအသိပဲဖြစ်ပါတယ်.. ✔️

CG Myanmar အနေနဲ့ Client တွေအတွက် လုံခြုံစိတ်ချရတဲ့ ခိုနားရာဖြစ်စေမယ့် အဆောက်အဦးအိမ်နေရာအတွက် အခြေခံအရေးကြီးဆုံးအပိုင်းတွေကို သေချာစွာ လုပ်ဆောင်ပေးနေလျက်ရှိပါတယ်… 🏠
Client ရဲ့ ယုံကြည်စွာ အပ်နှံမှုကြောင့် မင်းဓမ္မလမ်းမှာ ရှိတဲ့ Sqft 20000 ကျော် residence မှာ Pile Points 150 ကျော် Piling Work အပါအဝင် Foundation လုပ်ငန်း ကို In progress လုပ်ဆောင်ပေးလျက်ရှိပါတယ်။
လုံခြုံနွေးထွေးပြီး နေချင်စဖွယ် အိမ်အဆောက်အအုံအတွက် စိတ်ကျေနပ်နိုင်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေရှိတဲ့ ကျွန်တော်တို့နဲ့အတူတူ အခုပဲတိုင်ပင်ဆွေးနွေးလိုက်ကြရအောင်နော်။ 💯

ဒါကြောင့် စိတ်ပါဝင်စားတယ်ဆိုရင်တော့ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ တိုက်အမှတ် (၈) ကို လာရောက်နိုင်သလို ဖုန်းနံပါတ် ( 09977247622 ) မှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



As we all know that the Foundation and Structure of a building is the most important part when we start building a house, CG Myanmar is making sure that the most important parts of the building site will be a safe and secure shelter for our client.
Due to the trust and love of the client, foundation work including piling work on more than 150 pile points is in progress at a residence of more than 20000 sqft on Mindhama Road by CG Myanmar.
Let's consult with our experts now to be satisfied with your construction of a safe, warm and pleasant home.

So, if you are interested, Kyungtaw Road, You can visit Section No. (8) in Sanchaung Township or contact us through phone number (09977247622).

Address

No 8 Kyuntaw Road , SanChaung Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 13:00

Telephone

+959977247622

Website

Alerts

Be the first to know and let us send you an email when CG Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CG Myanmar:

Share