MPlus Electrical, Myanmar Padauk Power Co., Ltd

MPlus Electrical, Myanmar Padauk Power Co., Ltd MPlus is a brand of lighting, switch socket, solar, generator and all electrical products under Myanmar Padauk Power Company Limited.

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🪷===================ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားဦးကို စတင်ဟောကြာ...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🪷
===================
ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားဦးကို စတင်ဟောကြားတော်မူခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဗုဒ္ဓသာသနာတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ပါသည်။

ဤမင်္ဂလာရှိသောနေ့တွင် တရားတော်များကို အောက်မေ့ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ စိတ်အေးချမ်းမှုနှင့် မေတ္တာတရားများ ပြည့်ဝကြပါစေ။

🙏 ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝကာ မိသားစုတိုင်း အေးချမ်းသာယာကြပါစေကြောင်း Mplus Electrical, Myanmar Padauk Power Col.,Ltd. မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


#ဓမ္မစကြာနေ့
#ဝါဆိုလပြည့်နေ့

လျှပ်စစ်မီတာခ သက်သာတဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠💡 ကြာရှည်အသုံးခံပြီး မှန်ကန်တဲ့ရွေးချယ်မှု💯💯   ==========================="ဆိုင်ခန်း၊ ရုံ...
21/07/2026

လျှပ်စစ်မီတာခ သက်သာတဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠💡
ကြာရှည်အသုံးခံပြီး မှန်ကန်တဲ့ရွေးချယ်မှု💯💯
===========================
"ဆိုင်ခန်း၊ ရုံးခန်း၊ အိမ်… နေရာတိုင်းအတွက် 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧❓❓"
ဒါဆိုရင်တော့ 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေက အကောင်ဆုံးနဲ့ အလိုက်ဖက်ဆုံး 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေပဲဖြစ်ပါတယ်...
𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တလုံးကို ရွေးချယ်တဲ့အခါမှာတော့ ကြာရှည်အသုံးခံရမယ်၊ မီတာခလည်းသက်သာရမယ်၊ အာမခံချက်လည်းပါဝင်တဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေက သာမန် 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။
အခုလိုအရာအားလုံးပါဝင်တဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ဆိုတာကတော့ ဆိုင်ရှင်တိုင်းနဲ့ အိမ်ရှင်တိုင်းရဲ့ ရှာဖွေရခက်နေတဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေလည်း ဖြစ်ပါတယ်...
သင့်အိမ်ကိုလှပစွာ ဆွဲဆောင်နိုင်ရန်သာမက သင့်ဆိုင်ရှိပစ္စည်းတွေအတွက်လည်း လှပစွာ ပြသနိုင်မယ့် 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေကို 𝐌𝐏𝐥𝐮𝐬 မှာ အာမခံတစ်နှစ်အပြင် ဈေးနှုန်းလည်းချိုသာစွာနဲ့ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
အလင်းရောင်ပေးရုံတင်မဟုတ်ပဲ အိမ်ရဲ့အလှအပနဲ့ ဆိုင်ရဲ့အခင်းအကျင်းကို ထင်ရှားပေါ်လွင်စွာပြသပေးတဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 မျိုးကို ရွေးချယ်နိုင်ဖို့ 𝐌𝐏𝐥𝐮𝐬 ကထုတ်လုပ်ထားတဲ့ 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 ကိုသာရွေးချယ်လိုက်တော့နော်.....

𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 အကြောင်း သိရှိလိုသည်များနဲ့ အသေးစိတ်အချက်အလက်များကို မေးမြန်းချင်တယ်ဆိုရင်တော့ 𝐇𝐨𝐭𝐥𝐢𝐧𝐞 ဖုန်းနံပါတ် များဖြစ်တဲ့
☎️ 𝟎𝟗 𝟒𝟎𝟖 𝟖𝟖𝟖 𝟎𝟏𝟑
☎️ 𝟎𝟗 𝟖𝟖𝟎 𝟎𝟏𝟒 𝟒𝟎𝟏 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
===========================

🏡 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐝𝐚𝐮𝐤 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐨𝐰𝐞𝐫 𝐀𝐝𝐝𝐫𝐞𝐬𝐬- အမှတ် ၅၁၉/၅၂၁၊အောက်ပုဇွန်တောင်လမ်း၊ပုဇွန်တောင်မြို့နယ်၊ညောင်တန်းအိမ်ရာအနီး (ညောင်တန်းမှတ်တိုင်)၊ ရန်ကုန်မြို့။
===========================
Location Map
https://maps.app.goo.gl/MKnLCwJs3cLE74LQ9
===========================





အာဇာနည်နေ့ ဒို့မမေ့======================တန်ဖိုးရှိသော အနာဂတ်တစ်ခုအတွက်ရဲရင့်စွာ ရပ်တည်ပေးခဲ့ကြသောအာဇာနည်ခေါင်းဆောင်ကြီး...
19/07/2026

အာဇာနည်နေ့ ဒို့မမေ့
======================
တန်ဖိုးရှိသော အနာဂတ်တစ်ခုအတွက်
ရဲရင့်စွာ ရပ်တည်ပေးခဲ့ကြသော
အာဇာနည်ခေါင်းဆောင်ကြီးများ၏
စိတ်ဓာတ်နှင့် ပေးဆပ်မှုများကို
ယနေ့တွင် အလေးပြု အောက်မေ့အပ်ပါသည်။
အာဇာနည်တို့၏ စွန့်လွှတ်မှုများကို
အစဉ်အမြဲ မှတ်တမ်းတင် ဂုဏ်ပြုလျက်…

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား MPlus Electrical, Myanmar Padauk Power မိသားစုမှ လေးစားစွာ အောက်မေ့ဂုဏ်ပြုပါသည်။



#အာဇာနည်နေ့

⚡ “အိမ်က ရေနွေးစက်အတွက် ကောင်းမွန်တဲ့ ခလုတ်တစ်ခု ရွေးချယ်ဖို့ ဘာလို့ လိုအပ်တာလဲ?” 🚿🛡️အိမ်မှာ 𝐖𝐚𝐭𝐞𝐫 𝐇𝐞𝐚𝐭𝐞𝐫 (ရေနွေးစက်) တစ...
25/06/2026

⚡ “အိမ်က ရေနွေးစက်အတွက် ကောင်းမွန်တဲ့ ခလုတ်တစ်ခု ရွေးချယ်ဖို့ ဘာလို့ လိုအပ်တာလဲ?” 🚿🛡️

အိမ်မှာ 𝐖𝐚𝐭𝐞𝐫 𝐇𝐞𝐚𝐭𝐞𝐫 (ရေနွေးစက်) တစ်လုံးရှိတာဟာ အိမ်တွင်းလူနေမှုဘဝကို ပိုမိုသက်တောင့်သက်သာ ရှိစေပါတယ်။ 😉

အထူးသဖြင့် အခုလို မိုးရာသီလည်း ရောက်လာတော့ ရာသီဥတုက အေးစိမ့်စိမ့်နဲ့မို့ ရေနွေးနွေးလေးနဲ့ ရေချိုးဖို့အချိန်ရောက်လာပြီဆိုတော့ ရေနွေးစက်ကို ပိုပြီးအသုံးများလာကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရေနွေးစက်တွေက 𝐖𝐚𝐭𝐭 အား အများကြီးသုံးရတဲ့အတွက် မီးဘေးအန္တရာယ် ကင်းဖို့က အရေးကြီးဆုံး ဖြစ်လာတာကြောင့် သာမန်မီးခလုတ်တွေနဲ့ ရောသုံးမိရင် ခလုတ်ပူပြီး အရည်ပျော်တာ၊ မီးပွားပွင့်တာမျိုးတွေ ကြုံရတတ်လို့ ရေနွေးစက်တွေအတွက် သီးသန့်ထုတ်ထားတဲ့ 𝟐𝟎𝐀/𝟒𝟓𝐀 𝐇𝐞𝐚𝐭𝐞𝐫 𝐒𝐰𝐢𝐭𝐜𝐡 တွေကိုပဲ သေချာရွေးချယ်သင့်တာ ဖြစ်ပါတယ်။ 🧐

ဒါကြောင့် ဘေးကင်းစိတ်ချရမှုအပြင် ဒီဇိုင်းပိုင်းပါ လှပတဲ့ 𝐌𝐏𝐥𝐮𝐬 ရဲ့ 𝐇𝐞𝐚𝐭𝐞𝐫 𝐒𝐰𝐢𝐭𝐜𝐡 𝐒𝐞𝐫𝐢𝐞𝐬 တွေရဲ့ ထူးခြားချက်ကတော့...

🛡️ အပူဒဏ်ခံနိုင်ရည် မြင့်မားခြင်း
ရေနွေးစက်တွေရဲ့ ကြီးမားတဲ့ လျှပ်စစ်စီးဆင်းမှုကို ကောင်းကောင်း ခံနိုင်ရည်ရှိတဲ့အတွက် ခလုတ်အပူလွန်ကဲပြီး အရည်ပျော်မယ့် အန္တရာယ်ကနေ စိတ်ချရပါတယ်။

⚡ အဆင့်မြင့် 𝐀𝐧𝐭𝐢-𝐀𝐫𝐜𝐢𝐧𝐠 စနစ်
ခလုတ်အဖွင့်အပိတ် လုပ်တဲ့အခါ အတွင်းထဲမှာ မီးပွားပွင့်တာမျိုး လုံးဝမရှိအောင် စနစ်တကျ ဒီဇိုင်းထုတ်ထားလို့ စိတ်အေးရပါတယ်။

🎨 ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း
ဘေးကင်းရုံတင်မကဘဲ အိမ်ရဲ့ ဘယ်လိုနံရံအရောင်၊ ဘယ်လို 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 နဲ့မဆို လိုက်ဖက်မယ့် သေသပ်လှပတဲ့ 𝐅𝐥𝐚𝐭 ဒီဇိုင်းမျိုးမို့ တပ်ဆင်ထားရင် 𝐏𝐫𝐞𝐦𝐢𝐮𝐦 ဆန်ပြီး စမတ်ကျနေမှာပါ။

ဒါဆိုရင်တော့ ဒီမိုးရာသီမှာ မီးဘေးအန္တရာယ် ကင်းဝေးပြီး မိသားစုဝင်အားလုံး စိတ်အေးချမ်းသာစွာနဲ့ ရေနွေးနွေးလေးချိုးနိုင်ဖို့ရာ အရည်အသွေးမြင့် 𝐌𝐏𝐥𝐮𝐬 𝐇𝐞𝐚𝐭𝐞𝐫 𝐒𝐰𝐢𝐭𝐜𝐡 များကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါရှင်။ 🥰

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐨:
𝟎𝟗-𝟒𝟎 𝟖𝟖𝟖𝟖 𝟎𝟏𝟑
𝟎𝟗-𝟖𝟖𝟎 𝟎𝟏𝟒 𝟒𝟎𝟏

📍 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐝𝐚𝐮𝐤 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐨𝐰𝐞𝐫: အမှတ် ၅၁၉/၅၂၁၊ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့- 👇
📍𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 https://goo.gl/maps/kTMU41QmaEsMGx2LA

⚡ “မီးလုံးဝယ်ရင် Watt အပြင် CRI ဆိုတာကိုပါ ဘာလို့ သေချာကြည့်သင့်တာလဲ?” 💡🎨လူအများစုကြုံတွေဖူးနေကြဖြစ်တဲ့ အဝတ်အစားဆိုင်မှာ...
23/06/2026

⚡ “မီးလုံးဝယ်ရင် Watt အပြင် CRI ဆိုတာကိုပါ ဘာလို့ သေချာကြည့်သင့်တာလဲ?” 💡🎨

လူအများစုကြုံတွေဖူးနေကြဖြစ်တဲ့ အဝတ်အစားဆိုင်မှာ ကြည့်တုန်းက အရောင်တစ်မျိုး၊ ကိုယ့်အိမ်က မီးအလင်းရောင်အောက်မှာ ကြည့်တော့မှ အရောင်က ပြောင်းသွားသလိုမျိုး သင်ကောကြုံတွေ့နေရပြီလား? 🖐️

ဒါမှမဟုတ် အိမ်မှာ ချက်ပြုတ်တဲ့အခါ ဟင်းသီးဟင်းရွက်တွေရဲ့ အရောင်က လတ်လတ်ဆတ်ဆတ် ပုံစံမပေါက်ဘဲ ညှိုးခြောက်ခြောက်ကြီး ဖြစ်နေတတ်တာမျိုးကို ကြုံတွေ့နေရပြီဆိုရင်တော့ ကိုယ်သုံးထားတဲ့ မီးလုံးရဲ့ CRI ကြောင့် ဖြစ်နိုင်ပါတယ်။ 😱

ဒါဆိုရင်တော့ CRI ဆိုတာ ဘာလဲ? ဘာလို့ အရေးကြီးတာလဲ? ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော် -

🔍 CRI ဆိုတာ ဘာလဲ?
CRI ဆိုတာ Color Rendering Index ရဲ့ အတိုကောက်ဖြစ်ပြီး "မီးအလင်းရောင်တစ်ခုက အရာဝတ္ထုတွေရဲ့ အရောင်အစစ်အမှန်ကို ဘယ်လောက်အထိ တိတိကျကျ ပြသပေးနိုင်လဲ" ဆိုတဲ့ တိုင်းတာချက် ဖြစ်ပါတယ်။ သူ့ကို (0 ကနေ 100) အထိ သတ်မှတ်ပြီး သဘာဝနေရောင်ခြည်ကိုတော့ CRI 100 (အပြည့်) လို့ သတ်မှတ်ထားပါတယ်။

🎨 CRI မြင့်ရင် ဘာထူးခြားလဲ?
မီးလုံးတစ်လုံးရဲ့ CRI က 80 သို့မဟုတ် 90 ကျော် (High CRI) ဖြစ်လေလေ... သဘာဝနေရောင်ခြည်အောက်မှာ မြင်ရတဲ့အတိုင်း အရောင်တွေကို ပိုမိုစိုပြည်၊ တောက်ပြောင်ပြီး အစစ်အမှန်အတိုင်း မြင်တွေ့ရလေလေ ဖြစ်ပါတယ်။

🏠 အိမ်ရဲ့ ဘယ်နေရာတွေမှာ CRI မြင့်တာ သုံးသင့်လဲ?
မီးဖိုချောင်နဲ့ ထမင်းစားခန်း - ဟင်းသီးဟင်းရွက်တွေ၊ အသားတွေရဲ့ လတ်ဆတ်တဲ့ အရောင်အစစ်ကို မြင်ရပြီး ဟင်းပွဲတွေကို ပိုလှပစေပြီး ထမင်းစားမြိန်စေမှာ ဖြစ်စေပါတယ်။

အဝတ်လဲခန်းနဲ့ မှန်တင်ခုံ - မိတ်ကပ်လိမ်းတဲ့အခါ၊ အဝတ်အစား ရွေးချယ်တဲ့အခါ အရောင်တွေ ကွဲလွဲမသွားဘဲ အပြင်ထွက်ရင် ကွက်တိလှနေစေပါတယ်။

ဧည့်ခန်း - အိမ်က Sofa တွေ၊ နံရံဆေးရောင်တွေနဲ့ Interior Design အလှတရားကို ပိုပြီး ထင်ရှား ပေါ်လွင်စေ ပါတယ်။

ဒါဆိုရင်တော့ CRI အကြောင်းသိရှိသွားမယ်လို့ မျှော်လင့်မိပြီး နောက်တစ်ခါ နေအိမ်အတွက် မီးလုံးတွေ၊ Downlight တွေ ဝယ်ယူတော့မယ်ဆိုရင် CRI အညွှန်းကိန်းကိုပါ သေချာစစ်ဆေးပြီး စမတ်ကျကျ ရွေးချယ်ဖို့ မမေ့ပါနဲ့ဦးနော်။ 🥰

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝘀 𝐃𝐚𝐲 👨‍🍼မိသားစုကို အမြဲတမ်း နွေးထွေးတဲ့ မေတ္တာတွေ ပေးစွမ်းပြီး အုတ်တံတိုင်းကြီးသဖွယ် ဘေးကင်းလုံခြုံစွာ ကာက...
21/06/2026

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝘀 𝐃𝐚𝐲 👨‍🍼

မိသားစုကို အမြဲတမ်း နွေးထွေးတဲ့ မေတ္တာတွေ ပေးစွမ်းပြီး အုတ်တံတိုင်းကြီးသဖွယ် ဘေးကင်းလုံခြုံစွာ ကာကွယ်ပေးထားတဲ့ ကျေးဇူးရှင် "ဖခင်" များအားလုံး ယနေ့ကျရောက်တဲ့ “အဖေများနေ့” မှာ စိတ်အေးချမ်းသာစွာနဲ့ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း 𝐌𝐏𝐥𝐮𝐬 𝗟𝗶𝗴𝗵𝘁𝗶𝗻𝗴 𝐌𝐲𝐚𝐧𝐦𝐚𝐫 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ ✨

#𝗠𝗣𝗹𝘂𝘀
#𝗛𝗮𝗽𝗽𝘆𝗙𝗮𝘁𝗵𝗲𝗿’𝘀𝗗𝗮𝘆
#𝟮𝟬𝟮𝟲

⚡ “အိမ်ရှင်မတွေ အကြိုက်တွေ့မယ့် 𝐌𝐏𝐥𝐮𝐬 ရဲ့ ဖုန်မှုန့်ကင်းစင် 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐑𝐞𝐜𝐞𝐬𝐬𝐞𝐝 𝐒𝐞𝐫𝐢𝐞𝐬” 💡✨နေအိမ်တစ်အိမ်ရဲ့ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃...
19/06/2026

⚡ “အိမ်ရှင်မတွေ အကြိုက်တွေ့မယ့် 𝐌𝐏𝐥𝐮𝐬 ရဲ့ ဖုန်မှုန့်ကင်းစင် 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐑𝐞𝐜𝐞𝐬𝐬𝐞𝐝 𝐒𝐞𝐫𝐢𝐞𝐬” 💡✨

နေအိမ်တစ်အိမ်ရဲ့ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကို ပိုမိုလှပပြီး သပ်ရပ်အဆင်ပြေသွားစေဖို့အတွက် မီးအလင်းရောင် ရွေးချယ်မှုက အဓိက သော့ချက်တစ်ခုပါပဲ။ 🥰

အထူးသဖြင့်ဆိုရင်တော့ အိမ်ရှင်မတွေအကြိုက်တွေ့စေမယ့် 𝐌𝐏𝐥𝐮𝐬 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐑𝐞𝐜𝐞𝐬𝐬𝐞𝐝 𝐒𝐞𝐫𝐢𝐞𝐬နဲ့ဆို ဖုန်မှုန့်နှင့် အညစ်အကြေးဒဏ်ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့အတွက် သာမန်မီးလုံးတွေလိုမျိုး ဖုန်တင်ကျန်ရစ်တာ၊ ပင့်ကူအိမ်ဖွဲ့တာမျိုးတွေ လုံးဝမရှိဘဲ မျက်နှာကြက်အတွင်းထဲမှာ လုံခြုံစွာ တည်ရှိနေတာကြောင့် မကြာခဏ ဖုန်သုတ်ရမယ့် ဒုက္ခကနေ ကင်းဝေးစေပြီး အလုပ်များလှတဲ့ အိမ်ရှင်မကြီးတွေရဲ့ အဖိုးတန်အချိန်တွေကို ပိုမိုသက်သာစေပါတယ်။ 😉

ဒါ့အပြင် မျက်နှာကြက်မျက်နှာပြင်နဲ့ တစ်သားတည်း သေသပ်စွာ မြှုပ်နှံတပ်ဆင်ရသည့် 𝐑𝐞𝐜𝐞𝐬𝐬𝐞𝐝 (အမြှုပ်) ဒီဇိုင်းဖြစ်လို့ အခန်းကို ပိုမိုမြင့်မားကျယ်ဝန်းပြီး စမတ်ကျကျ ရှင်းလင်းစေတဲ့အပြင် ဖုန်မှုန့်ကြောင့် အလင်းအား မှုန်ဝါးသွားခြင်းမရှိဘဲ အမြဲတမ်း ကြည်လင်တောက်ပနေမယ့်အတွက် ဖုန်မှုန့်ကင်းစင်ပြီး သန့်ရှင်းသေသပ်တဲ့ နေအိမ်အလှတရားကို ဖန်တီးချင်တဲ့ အိမ်ရှင်မကြီးတွေရဲ့ အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ အရည်အသွေးမြင့် 𝐌𝐏𝐥𝐮𝐬 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐑𝐞𝐜𝐞𝐬𝐬𝐞𝐝 (𝟑𝟎𝟎𝟎𝐊) များကို စိတ်တိုင်းကျ အခုပဲ မှာယူတပ်ဆင်နိုင်ပါပြီ။👱‍♀️🧺

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐨:
𝟎𝟗-𝟒𝟎 𝟖𝟖𝟖𝟖 𝟎𝟏𝟑
𝟎𝟗-𝟖𝟖𝟎 𝟎𝟏𝟒 𝟒𝟎𝟏

📍 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐝𝐚𝐮𝐤 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐨𝐰𝐞𝐫: အမှတ် ၅၁၉/၅၂၁၊ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့- 👇
📍𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 https://goo.gl/maps/kTMU41QmaEsMGx2LA

#𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫𝐃𝐞𝐬𝐢𝐠𝐧 #𝐇𝐨𝐦𝐞𝐃𝐞𝐜𝐨𝐫 #𝐖𝐚𝐫𝐦𝐖𝐡𝐢𝐭𝐞 #𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐏𝐚𝐝𝐚𝐮𝐤 #𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐂𝐡𝐨𝐢𝐜𝐞

⚡ “𝐈 𝐡𝐚𝐯𝐞 𝐧𝐨𝐭 𝐟𝐚𝐢𝐥𝐞𝐝. 𝐈'𝐯𝐞 𝐣𝐮𝐬𝐭 𝐟𝐨𝐮𝐧𝐝 𝟏𝟎,𝟎𝟎𝟎 𝐰𝐚𝐲𝐬 𝐭𝐡𝐚𝐭 𝐰𝐨𝐧'𝐭 𝐰𝐨𝐫𝐤.” – 𝐓𝐡𝐨𝐦𝐚𝐬 𝐄𝐝𝐢𝐬𝐨𝐧 💡ဒီနေ့ မျှဝေပေးချင်တဲ့ ခွန်အားဖြည့်စ...
16/06/2026

⚡ “𝐈 𝐡𝐚𝐯𝐞 𝐧𝐨𝐭 𝐟𝐚𝐢𝐥𝐞𝐝. 𝐈'𝐯𝐞 𝐣𝐮𝐬𝐭 𝐟𝐨𝐮𝐧𝐝 𝟏𝟎,𝟎𝟎𝟎 𝐰𝐚𝐲𝐬 𝐭𝐡𝐚𝐭 𝐰𝐨𝐧'𝐭 𝐰𝐨𝐫𝐤.”
– 𝐓𝐡𝐨𝐦𝐚𝐬 𝐄𝐝𝐢𝐬𝐨𝐧 💡

ဒီနေ့ မျှဝေပေးချင်တဲ့ ခွန်အားဖြည့်စကားလေးကတော့ မီးသီးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ စွန့်ဉီးတီထွင်ပညာရှင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး 𝐓𝐡𝐨𝐦𝐚𝐬 𝐄𝐝𝐢𝐬𝐨𝐧 ရဲ့ အဆိုအမိန့်လေးပဲ ဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ - “ငါ ကျရှုံးခဲ့တာ မဟုတ်ပါဘူး။ အလုပ်မဖြစ်နိုင်တဲ့ နည်းလမ်းပေါင်း ၁၀,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့တာပါ။”

ပန်းတိုင်တစ်ခုကို ရောက်ဖို့ အစပျိုးတဲ့အခါ "ငါ အဆင်သင့်ဖြစ်ပြီလား" "ငါ တကယ်ရော လုပ်နိုင်ပါ့မလား" ဆိုတဲ့ ဝေခွဲမရမှုတွေနဲ့ အချိန်ဖြုန်းနေတတ်ကြပါတယ်။ တကယ်တော့ အမှောင်ထုထဲမှာ မီးခလုတ်ကို စဖွင့်လိုက်မှသာ အလင်းရောင်ကို ရရှိသလိုမျိုးပါပဲ။ ကိုယ့်ရဲ့ ကြိုးစားမှု ‘ခလုတ်’ ကို စတင်နှိပ်လိုက်တဲ့ အခိုက်အတန့်ဟာ အောင်မြင်မှုရဲ့ ပထမဆုံး အလင်းရောင်ပါ။

ဒါကြောင့် အဆင်သင့်ဖြစ်မယ့်အချိန်ကို စောင့်မနေပါနဲ့။ ဒီနေ့၊ ဒီအချိန်ကစပြီး သင်ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် အားတက်သရော စတင်လိုက်ပါ။🥰

မျက်နှာကျက်ဖောက်စရာမလိုဘဲ ကိုယ့်ဆိုင်လေးကို သပ်ရပ်လှပနေစေဖို့ ✨ဆိုင်အပြင်အဆင်ဆိုတာ မီးအလင်းအမှောင်က အရေးကြီးဆုံးပါပဲ။ 💯ဒ...
11/06/2026

မျက်နှာကျက်ဖောက်စရာမလိုဘဲ ကိုယ့်ဆိုင်လေးကို သပ်ရပ်လှပနေစေဖို့ ✨

ဆိုင်အပြင်အဆင်ဆိုတာ မီးအလင်းအမှောင်က အရေးကြီးဆုံးပါပဲ။ 💯

ဒါကြောင့် မျက်နှာကျက်အပေါက်ဖောက်ရမှာ စိတ်ပူနေတဲ့ ဆိုင်ရှင်ကြီးတို့ အတွက် 𝐌𝐏𝐥𝐮𝐬 ရဲ့ 𝐒𝐮𝐫𝐟𝐚𝐜𝐞𝐝 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 ရှိပါတယ်။ 😍

✅ 𝐒𝐮𝐫𝐟𝐚𝐜𝐞 (အကပ်) အမျိုးအစားမို့ အလွယ်တကူ တပ်ဆင်ရုံနဲ့ ဆိုင်လေးက 𝐌𝐨𝐝𝐞𝐫𝐧 ဆန်ဆန် သပ်ရပ်သွား မှာပါ။
✅ 𝐂𝐑𝐈 > 𝟖𝟎 မို့ အလင်းရောင်ကြည်လင်ပြီး ဆိုင်ကကုန်ပစ္စည်းတွေကို အရောင် အသွေး ပိုပေါ်လွင်စေပါတယ်။
✅ အရည်အသွေးမြင့် 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 တွေနဲ့ထုတ်လုပ်ထားပြီး 𝟏 𝐘𝐞𝐚𝐫 𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 ပါဝင်ပါတယ်။

♦️ 𝐖𝐚𝐭𝐭 အနေနဲ့ဆိုရင်တော့
𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐒𝐮𝐫𝐟𝐚𝐜𝐞𝐝 𝐑𝐨𝐮𝐧𝐝 မှာဆိုရင်-
💡𝟔𝐖 (𝟔𝟓𝟎𝟎𝐊)
💡𝟏𝟐𝐖(𝟑𝟎𝟎𝟎𝐊)
💡𝟏𝟖𝐖(𝟑𝟎𝟎𝟎𝐊) ဆိုပြီးရွေးချယ်နိုင်ပါတယ်။

𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐒𝐮𝐫𝐟𝐚𝐜𝐞𝐝 𝐒𝐪𝐮𝐚𝐫𝐞 မှာဆိုရင်တော့-
💡𝟔𝐖 (𝟑𝟎𝟎𝟎𝐊,𝟔𝟓𝟎𝟎𝐊)
💡𝟏𝟐𝐖(𝟑𝟎𝟎𝟎𝐊,𝟔𝟓𝟎𝟎𝐊)
💡𝟏𝟖𝐖(𝟑𝟎𝟎𝟎𝐊)
💡 𝟐𝟒𝐖(𝟔𝟓𝟎𝟎𝐊) ဆိုပြီးရွေးချယ်နိုင်ပါတယ်။

ဒါဆိုရင်တော့ ကိုယ့်ဆိုင်လေးကို ပိုမိုခန့်ညားလှပစေချင်တဲ့ ဆိုင်ရှင်ကြီးတွေအတွက် ရွေးကိုရွေးချယ်သင့်တဲ့ 𝐋𝐄𝐃 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 𝐒𝐮𝐫𝐟𝐚𝐜𝐞𝐝 𝐑𝐨𝐮𝐧𝐝 𝐚𝐧𝐝 𝐒𝐪𝐮𝐚𝐫𝐞တွေကို ဝယ်ယူချင်ပါက အောက်ပါ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐨 လေးတွေကိုသာ 𝐇𝐞𝐥𝐥𝐨 လိုက်ပါ----- 📲

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞-
𝟎𝟗-𝟒𝟎𝟖 𝟖𝟖𝟖 𝟎𝟏𝟑
𝟎𝟗-𝟖𝟖𝟎 𝟎𝟏𝟒 𝟒𝟎𝟏

စိတ်တိုင်းကျ လာရောက်ကြည့်ရှု ဝယ်ယူချင်ရင်တော့- 👇
🏡 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐝𝐚𝐮𝐤 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐨𝐰𝐞𝐫 𝐀𝐝𝐝𝐫𝐞𝐬𝐬- အမှတ် ၅၁၉/၅၂၁၊ အောက်ပုဇွန်တောင်လမ်း၊ပုဇွန်တောင်မြို့နယ်၊ညောင်တန်းအိမ်ရာအနီး(ညောင်တန်းမှတ်တိုင်)၊ ရန်ကုန်မြို့။
📍𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://goo.gl/maps/kTMU41QmaEsMGx2LA

#𝐌𝐏𝐥𝐮𝐬
#𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠

#𝗣𝗼𝘄𝗲𝗿

အိမ်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ 𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐁𝐫𝐞𝐚𝐤𝐞𝐫 ဆိုတာ... 🛡️⚙️𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐁𝐫𝐞𝐚𝐤𝐞𝐫 ဆိုတာ လျှပ်စစ်စီးဆင်းမှုကို ထိန်းချုပ်ပေးပ...
09/06/2026

အိမ်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ 𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐁𝐫𝐞𝐚𝐤𝐞𝐫 ဆိုတာ... 🛡️⚙️

𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐁𝐫𝐞𝐚𝐤𝐞𝐫 ဆိုတာ လျှပ်စစ်စီးဆင်းမှုကို ထိန်းချုပ်ပေးပြီး ဝါယာရှော့ဖြစ်ခြင်း (𝐒𝐡𝐨𝐫𝐭 𝐂𝐢𝐫𝐜𝐮𝐢𝐭) နဲ့ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲခြင်း (𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝) တို့ကနေ ကာကွယ်ပေးတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ⚡

အိမ်တိုင်း၊ အဆောက်အအုံတိုင်းမှာ လျှပ်စစ်ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ 𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐁𝐫𝐞𝐚𝐤𝐞𝐫 တွေအကြောင်းကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။ 💡🔌

🔶 𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧
အိမ်မှာ မီးပူ၊ ရေခဲသေတ္တာ၊ 𝗔𝗶𝗿𝗰𝗼𝗻 စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အကန့်အသတ်ထက် ပိုပြီး တစ်ပြိုင်နက်တည်း သုံးမိတဲ့အခါ ဝါယာကြိုးတွေ ပူလာတတ်ပါတယ်။ အဲဒီအခါ 𝗕𝗿𝗲𝗮𝗸𝗲𝗿 က အလိုအလျောက် မီးဖြတ် ပေးလိုက်လို့ ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလောင်မယ့် ဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

🔶 ရှော့ခ်ဖြစ်တဲ့ အန္တရာယ်ကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်ပေးတယ် (𝐒𝐡𝐨𝐫𝐭 𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧)
ဝါယာကြိုး အပေါင်းကြိုးနဲ့ အနုတ်ကြိုး တိုက်ရိုက်ထိမိတာမျိုး ဒါမှမဟုတ် စက်ပစ္စည်းတွေ ပျက်စီးပြီး ရှော့ခ်ဖြစ်တဲ့အခါ လျှပ်စစ်ဓာတ်အားက ရုတ်တရက် အဆမတန် မြင့်တက်သွားပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့အချိန်မှာ 𝗖𝗶𝗿𝗰𝘂𝗶𝘁 𝗕𝗿𝗲𝗮𝗸𝗲𝗿 က မီးလိုင်းကို ချက်ချင်း ဖြတ်တောက်ပေးလိုက်လို့ အဖိုးတန်တဲ့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးမသွားအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

🔶 ဓာတ်လိုက်ခြင်းနဲ့ လျှပ်စစ်ယိုစိမ့်မှုကို တားဆီးပေးတယ် (𝐄𝐚𝐫𝐭𝐡 𝐋𝐞𝐚𝐤𝐚𝐠𝐞 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧)
အဆင့်မြင့်တဲ့ ကမ္ဘာ့အဆင့်မီ 𝗕𝗿𝗲𝗮𝗸𝗲𝗿 အချို့ (ဥပမာ - 𝗥𝗖𝗖𝗕 / 𝗥𝗖𝗕𝗢) တွေဆိုရင် ပိုပြီး စမတ်ကျပါတယ်။ ဝါယာကြိုး ပေါက်ပြဲနေလို့ပဲဖြစ်ဖြစ်၊ စက်ပစ္စည်းတွေကနေ လျှပ်စစ်ယိုစိမ့်တာနဲ့ ချက်ချင်းသိပြီး မီးဖြတ်ပေးတာကြောင့် မိသားစုဝင်တွေကို လျှပ်စစ်ဓာတ်လိုက်မယ့် ဘေးအန္တရာယ်ကနေ စိတ်ချရအောင် ကာကွယ်ပေးနိုင်တာပါ။

ဒါဆိုရင်တော့ ဒီလိုအချက်လေးတွေကိုသိထားပြီဆိုရင် မိမိတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ စီမံကိန်း 𝗣𝗿𝗼𝗷𝗲𝗰𝘁 တွေမှာ ရေရှည်အသုံးပြုနိုင်ဖို့အတွက် စံချိန်စံညွှန်းပြည့်မီပြီး အရည်အသွေး စိတ်ချရတဲ့ 𝗖𝗶𝗿𝗰𝘂𝗶𝘁 𝗕𝗿𝗲𝗮𝗸𝗲𝗿 တွေကိုပဲ စနစ်တကျ ရွေးချယ်တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။

နောက်နောင်များမှာလည်း 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 နဲ့ပတ်သက်ပြီး အသုံးဝင်မယ့် ဗဟုသုတတွေကို ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

Address

No. 519/521, Lower Pazundaung Road, Pazundaung Tsp
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+9518203605

Alerts

Be the first to know and let us send you an email when MPlus Electrical, Myanmar Padauk Power Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MPlus Electrical, Myanmar Padauk Power Co., Ltd:

Shortcuts

Share