06/12/2023
Cutting process knowledge sharing အပိုင်း (3)
ဒီတစ်ခါမှာတော့ Cutting machine တွေထဲက CNC router /CNC nesting machine တွေအကြောင်း sharing လုပ်ပေးပါမယ်ဗျ၊
CNC machine တွေကတော့ Cutting machine တွေထဲမှာ အတိုင်းအတာ အတိကျဆုံး ဖြတ်တောက်ပေးနိုင်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်၊
ဖြတ်ချင်တဲ့ အတိုင်းအတာတွေကို သတ်မှတ်ထားတဲ့ ပုံစံအတိုင်း အလိုအလျောက်ဖြတ်တောက်ပေးတဲ့စက်အမျိုးအစားပါ၊
ဒါ့အပြင် board ပြား မျက်နှာပြင်ပေါ်မှာ လိုအပ်တဲ့ size အတိုင်း အပေါက်ဖောက်တာတွေ၊တံခါး ကြိုးလိုင်းထိုးတာတွေ၊ engraving (ပန်းပုထွင်း)တာတွေ စသဖြင့် ကိုယ်ရေးဆွဲထားတဲ့ ပုံစံအတိုင်း တိကျစွာ ဖြတ်တောက်ပုံဖော်ပေးနိုင်ပါတယ်၊
CNC router machine တွေမှာ စက်အမျိုးအစားပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေ ကွဲပြားနိုင်ပါတယ်၊ ထို့အတွက် CNC router တစ်လုံးကို ၀ယ်ယူ အသုံးပြုမယ်ဆိုရင် ကိုယ်ထုတ်လုပ်မယ့် product နဲ့ ကိုယ်၀ယ်ယူမယ့်စက် အမျိုးအစား ကိုက်ညီဖို့ အင်မတန်မှ အရေးကြီးပါတယ်ခင်ဗျ၊
ကျွန်တော်တို့ တိုင်းပြည်မှာ အသုံးများတဲ့ CNC router အမျိုးအစားတွေကတော့
-CNC router (one spindle,two spindle)စသည့် basic grade (engraving ပန်းပုထွင်းရာတွင် သင့်တော်ပါသည်)
-Auto tool change CNC nesting machine (Nesting machine) (modern furniture ထုတ်လုပ်ရာတွင် အသုံးပြုရန် သင့်တော်ပါသည်)
-Four head CNC nesting machine (Modern furniture ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်)
စသည်များဖြစ်ပါတယ်၊
ယခုလက်ရှိ ကျွန်တော်များစက်ရုံတွင်လည်း CNC router ATC /Four Spindle machine များအသုံးပြုပြီး ထုတ်လုပ်လျှက် ရှိပါတယ်၊ထုတ်လုပ်ချိန် လျင်မြန်၍ တိကျသေသပ်စွာ ထုတ်လုပ်နိုင်ပါတယ်၊
ထုတ်လုပ်ရေး process အနေဖြင့်
-ပထမဦးစွာ ကိုယ် ထုတ်လုပ်မယ့် ပုံစံလိုပါတယ်
-ဒုတိယအနေဖြင့် software တစ်ခုခု အသုံးပြုပြီး Gcodeပြောင်းပေးရပါမယ်၊
ပြီးရင်တော့ Gcode ကို စက်ထဲထည့်ပြီး ထုတ်လုပ်ရေးစလို့ရပါပြီခင်ဗျ၊
ထုတ်လုပ်မှု အချိန် လျင်မြန်မှု ကို မြင်သာအောင်ပြောရရင်တော့ 4ft x 2ft စားပွဲ mobile pedestal အပါကို မိနစ်ပိုင်း အတွင်း ထုတ်လုပ်ပေးနိုင်ပါတယ်၊
လူကြီးမင်း တို့ ၀ယ်ယူထားပြီသော CNC စက်များနဲ့ ပတ်သတ်ပြီး အခက်အခဲရှိလျှင်ဖြစ်စေ၊အသစ်၀ယ်ယူလိုလျှင်ဖြစ်စေ၊လက်ရှိလည်ပတ်နေသော စက်ရုံကို လေ့လာလိုလျင်ဖြစ်စေ ဖုန်းနံပါတ် 09788339615 ကို ဆက်သွယ်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်ခင်ဗျ။
ယခုလက်ရှိ လည်း modern furniture ထုတ်လုပ်ရေး အတွက် သင့်တော်သော ATC CNC nesting machine နဲ့ Four Spindle CNC nesting machine များ instock ရှိပါတယ် ခင်ဗျာ
EAZY WOOD MACHINARY