iPower - Solar, Inverter & Battery Distributor

Directions Website

iPower - Solar, Inverter & Battery Distributor We're authorized distribution of solar products such as Solar panel, Inverter and Battery.

23/10/2026

BOS-G Control Box မှာ အဖြစ်နည်းတဲ့ Error ကို အားလုံးသိရှိစေဖို့ ...
မျှဝေပေးလိုက်ပါတယ်ခင်ဗျ ...

Service Hotline 📞 09 409 549 911, 09 409 549 922




-G

☀️ Solar တပ်မယ်ဆိုရင် ... ဘာကြောင့် Bifacial ကို ရွေးသင့်တာလဲ? Solar တပ်ဆင်သူတွေကြားမှာ Bifacial အကြောင်း ရေပန်းစားနေတာ ...
22/10/2026

☀️ Solar တပ်မယ်ဆိုရင် ... ဘာကြောင့် Bifacial ကို ရွေးသင့်တာလဲ?

Solar တပ်ဆင်သူတွေကြားမှာ Bifacial အကြောင်း ရေပန်းစားနေတာ တွေ့ရပါလိမ့်မယ်... Monofacial နဲ့ ဘာတွေ ကွာခြားသွားတာလဲ?

ဟုတ်ကဲ့ ... Monofacial က အရှေ့ဘက်မှာ မှန်တစ်ချပ်ထဲသာပါပြီး ...အရှေ့မျက်နှာပြင်ကနေပဲ Solar စွမ်းအင်ကိုစုပ်ယူနိုင်ပါတယ် ... Bifacial Solar Panel ကတော့ အရှေ့ဘက်တင်မက အနောက်ဘက်ကပါ အလင်းရောင်ကို လက်ခံအသုံးပြုနိုင်တာကြောင့် Solar စွမ်းအင်ကို ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်ခင်ဗျ ...

ဒါဆို Bifacial ကို ရွေးချယ်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ? 👇

🌞 မြေပြင်၊ ကွန်ကရစ်၊ အမိုးဖြူစတဲ့ အလင်းပြန်အားကောင်းတဲ့ မျက်နှာပြင်တွေပေါ်က အလင်းရောင်ကို Bifacial Solar Panel ရဲ့ အနောက်ဘက်မျက်နှာပြင်ကပါ လက်ခံအသုံးပြုနိုင်တာကြောင့် Bifacial ကိုသုံးမယ်ဆိုရင် ... Efficiency ပိုတိုးလာနိုင်ပါတယ်။

🛡️ အရှေ့ဘက်မျက်နှာပြင်တစ်ခုတည်းပါတဲ့ Monofacial က နေဒဏ်၊ အပူဒဏ်ကြောင့် ပျက်စီးလွယ်ပြီး ... Bifacial မှာ အရှေ့နဲ့အနောက် မျက်နှာပြင်နှစ်ခုပါတဲ့အတွက်ကြောင့် ရာသီဥတုဒဏ်ကိုပိုမိုခံနိုင်ရည်ရှိပြီး ရေရှည်အသုံးပြုနိုင်စေမှာပါ။

⚠️ တစ်ခုတော့ သတိပြုရမယ်နော် ...
Bifacial ဆိုတိုင်း Solar စွမ်းအင်ထုတ်လုပ်မှုပိုများမယ်လို့တော့ တစ်ထစ်ချ မှတ်ထားလို့မရပါဘူးနော် ... အဓိကက တပ်ဆင်တဲ့ အနေအထား၊ မြေပြင်အလင်းပြန်မှုနည်းတာမျိုး နဲ့ Panel နောက်ဘက်မှာ အရိပ်ကျ/မကျ ပေါ်မှာ အများကြီး မူတည်ပါတယ်။

ဒါကြောင့် Panel ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ရရှိပြီး စနစ်တကျ စွမ်းအင် ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် ... ကျွမ်းကျင် Installer တွေနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီးမှ တပ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ ...

💬 Jinko Solar Panel နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ... Page Chatbox ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ် ...




Deye BOS-G Pro နဲ့ စက်ရုံ/ လုပ်ငန်းသုံး Energy Storage ကို အဆင့်မြှင့်လိုက်ပါ ... 🏢 စက်ရုံနဲ့ လုပ်ငန်းလုပ်ငန်းသုံး Syste...
21/10/2026

Deye BOS-G Pro နဲ့ စက်ရုံ/ လုပ်ငန်းသုံး Energy Storage ကို အဆင့်မြှင့်လိုက်ပါ ...

🏢 စက်ရုံနဲ့ လုပ်ငန်းလုပ်ငန်းသုံး System တွေမှာ စွမ်းအင်လိုအပ်ချက် (Load Demand) ကြီးမားလာလေ...
လုပ်ငန်း လိုအပ်ချက်နဲ့အညီ တိုးချဲ့အသုံးပြုနိုင်တဲ့ 🔋 Energy Storage စနစ်တစ်ခုကို ရွေးချယ်ထားဖို့ကလည်း ပိုအရေးကြီးလာလေပါပဲ။

ဒီလိုအခြေအနေမျိုးမှာ Deye 51.2V, 100Ah BOS-G Pro (High Voltage) LiFePO₄ Battery နဲ့ဆိုရင် ... လုပ်ငန်းရဲ့ စွမ်းအင်လိုအပ်ချက်အလိုက် Battery Module တွေကို ထပ်တိုးတပ်ဆင်ပြီး Capacity ကို တိုးချဲ့နိုင်တာကြောင့် စက်ရုံနဲ့ လုပ်ငန်းသုံး Project များအတွက် အဆင်ပြေစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျ။

◾️ Charging / Discharging Current အမြင့်ဆုံး 100A အထိ အသုံးပြုနိုင်တာကြောင့် နေ့ဘက် Solar မှ ရရှိတဲ့ Energy ကို လုံလောက်စွာ သိမ်းဆည်းပေးနိုင်ပြီး လိုအပ်တဲ့အချိန်မှာ ထိရောက်စွာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

◾️ Control Box တစ်လုံးကို Battery Module ၄ လုံးမှ ၁၇ လုံးအထိ တပ်ဆင်အသုံးပြုနိုင်ပြီး ... လိုအပ်ချက်အလိုက် Battery Cluster များကိုလည်း ထပ်တိုးတပ်ဆင်နိုင်တဲ့တာကြောင့် ... စက်ရုံ၊ လုပ်ငန်းသုံးနဲ့ စွမ်းအင်လိုအပ်ချက်မြင့်တဲ့ Project များအတွက် Flexible ဖြစ်စွာ အသုံးပြုနိုင်ပါတယ်ခင်ဗျ ...

📩 ဈေးနှုန်းအသေးစိတ် သိရှိလိုပါက Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




-GPro

☀️ ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ ... Solar တပ်ဆင်သူ၊ သုံးစွဲသူတွေအနေနဲ့ ဘယ်အချက်တွေကို သတိထားသင့်လဲ? 🔌အပူချိန်ပြင်းထန်တဲ့ ရ...
21/10/2026

☀️ ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ ... Solar တပ်ဆင်သူ၊ သုံးစွဲသူတွေအနေနဲ့ ဘယ်အချက်တွေကို သတိထားသင့်လဲ? 🔌

အပူချိန်ပြင်းထန်တဲ့ ရာသီဥတုမျိုးမှာ ဆိုလာစနစ်ကို စနစ်တကျနဲ့ အမှားအယွင်းမရှိဘေးကင်းစွာ တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် အောက်ပါအချက်တွေကို အထူးသတိပြု ဆင်ခြင်ဆောင်ရွက်သင့်ပါတယ်ခင်ဗျ ...

ခေါင်မိုးပေါ် နေပူထဲမှာ Solar တပ်ဆင်တဲ့အခါ 👷‍♂️ Installer များအတွက် Safety First ဘေးကင်းလုံခြုံရေးကို အရင်ဦးစားပေးပါ။ 💪
- အပူဒဏ်ကာကွယ်နိုင်တဲ့ အဝတ်အစားများ ဝတ်ဆင်ပါ။
- ရေကို လုံလောက်စွာသောက်သုံးပေးပြီး ရေဓာတ်မခန်းခြောက်စေပါနဲ့။
- လုံခြုံရေးခါးပတ်နဲ့ သက်ဆိုင်ရာ Safety Gear များ အသုံးပြုပြီး ထိခိုက်ဒဏ်ရာမရရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပါ။

🔌 ရာသီဥတု ပူပြင်းချိန်မှာ လျှပ်စစ်အန္တရာယ်ကင်းစေဖို့ ဝါယာကြိုးနှင့် တပ်ဆင်မှု ပစ္စည်းပိုင်းဆိုင်ရာကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။
- သတ်မှတ်ထားတဲ့ Current Rating နဲ့ အပူဒဏ်ခံနိုင်ရည်ရှိတဲ့ ကြိုးများကို ရွေးချယ်ပါ။
- Trunking နဲ့ Piping များကို စနစ်တကျ တပ်ဆင်ပါ။
- MC4 Connector များကို Connection Lose မဖြစ်အောင် သေချာတပ်ဆင်မှသာ အပူလွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်များကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

☀️ အပူချိန်မြင့်တက်မှုကြောင့် စက်ပစ္စည်းတွေအန္တရာယ်ကင်းပြီး စွမ်းဆောင်ရည် မကျဆင်းစေဖို့... 🔋
- Inverter နဲ့ Battery တပ်ဆင်သည့်နေရာတွင် လေဝင်လေထွက် (Ventilation) ကောင်းမွန်အောင် ပြုလုပ်ပေးရပါမယ်။
- အပူချိန် လွန်စွာမြင့်မားလွန်းသည့် အခန်းမျိုးဖြစ်ပါက အဲကွန်း (Aircon) သို့မဟုတ် ပန်ကာ စသည့် Cooling System ကို အသုံးပြုပေးပါ။

📌 အပူဒဏ်ကို ကြိုတင်ကာကွယ်ပါ၊ လျှပ်စစ်အန္တရာယ်ကို သတိထားပါ၊ Solar စနစ်ရဲ့ စွမ်းဆောင်ရည်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ မှန်ကန်တဲ့ တပ်ဆင်မှုနဲ့ သတိထားရမယ့်အချက်လေးတွေ မမေ့မလျော့ ဆောင်ရွက်ကြပါစို့ခင်ဗျာ ...

Service Hotline 📞 09 409 549 911, 09 409 549 922




⚠️ Inverter မီးနီပြပြီး ... Alarm မြည်ရင် ဘာတွေစစ်ဆေးရမလဲ?ဟုတ်ကဲ့ ... Inverter မှာ Alarm မြည်ပြီး ... မီးနီပြနေရင် ထိတ်လ...
20/10/2026

⚠️ Inverter မီးနီပြပြီး ... Alarm မြည်ရင် ဘာတွေစစ်ဆေးရမလဲ?

ဟုတ်ကဲ့ ... Inverter မှာ Alarm မြည်ပြီး ... မီးနီပြနေရင် ထိတ်လန့်စရာမလိုပါဘူးနော် ... အောက်ပါအခြေခံအချက်လေးတွေကို အရင်ဆုံး စစ်ဆေးပေးပါခင်ဗျ ...
*Display မျက်နှာပြင်မှာပြနေတဲ့ Error Code အရင်ကြည့်ရှုပြီး ... Inverter ကို Reset ပြုလုပ်ကာ ပြန်စမ်းကြည့်ပေးပါ။
* AC/ DC Breaker တွေ ကျသွားလား (ဒါမှမဟုတ်) ပိတ်သွားလားဆိုတာ စစ်ဆေးပါ။
* Inverter ဆီလာတဲ့ကြိုးတွေ ပြုတ်နေတာမျိုး ရှိ/ မရှိ စစ်ဆေးပေးပါ။
* Inverter ရဲ့ လေ၀င်/ လေထွက် ပိတ်ဆို့နေရင် ... အပူလွန်ကဲမှုဖြစ်နိုင်တာကြောင့် ... လေ၀င်/ လေထွက် ပိတ်ဆို့မှု ရှိ/မရှိကိုလည်း စစ်ဆေးပေးပါခင်ဗျ ...

အခက်အခဲတစ်စုံတစ်ရာ ရှိပါက ... ကျွန်တော်တို့ရဲ့ Service Hotline 📞 09 409 549 911, 09 409 549 922 ထံဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်ခင်ဗျ ...




SOLNEX 1.6kW Inverter — နေ့စဉ်အိမ်သုံး လျှပ်စစ်လိုအပ်ချက်တွေအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှု ...    🏡 အိမ်သုံး Solar ...
17/10/2026

SOLNEX 1.6kW Inverter — နေ့စဉ်အိမ်သုံး လျှပ်စစ်လိုအပ်ချက်တွေအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှု ...

🏡 အိမ်သုံး Solar Inverter ရွေးချယ်တော့မယ်ဆိုရင် ... စွမ်းဆောင်ရည်ကောင်းဖို့အပြင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ဖို့လည်း အရေးကြီးပါတယ် ...
SOLNEX 1.6kW (NXT-1600L) Off-Grid Hybrid Solar Inverter လေးက Low Frequency Coil Type ဖြစ်လို့ ... Heat တက်တာ သက်သာစေပြီး ... နေ့စဉ်အသုံးပြုနေတဲ့ Lighting၊ ပန်ကာ၊ Air Cooler စတဲ့ အိမ်သုံးပစ္စည်းတွေကို စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ် ...

🔋 24V Battery System နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့အပြင် Max. Charging Current 60A အထိ ပံ့ပိုးပေးနိုင်တာကြောင့် Battery ကို အချိန်တိုအတွင်း အားပြန်ဖြည့်နိုင်ဖို့ အထောက်အကူပြုပါတယ်။

🔌 BMS Function ပါဝင်ခြင်း ကလည်း အရေးပါတဲ့ အားသာချက်တစ်ခုပါပဲ ... Lithium Battery နဲ့ တွဲဖက်အသုံးပြုတဲ့အခါ Charging / Discharging လုပ်ငန်းစဉ်တွေကို စနစ်တကျ ထိန်းချုပ်ပေးနိုင်လို့ ဘက်ထရီ သက်တမ်းကို ပိုမိုရှည်ကြာခံစေမှာဖြစ်ပါတယ်ခင်ဗျ ...

🌟 Warranty - 1 Year ပေးထားပြီး ...
📩 ဈေးနှုန်းနဲ့ Specification အသေးစိတ်အချက်အလက်များအတွက် Chat Box မှာ မေးမြန်းနိုင်ပါတယ်။




#1.6kW

ပြင်းထန်လာမယ့် ☀️🌡️ အယ်လ်နီညို (El Niño) ရာသီဥတုအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ?လတ်တလောမှာ အများကြားဖူးပြီးသားဖြစ်နေ...
16/10/2026

ပြင်းထန်လာမယ့် ☀️🌡️ အယ်လ်နီညို (El Niño) ရာသီဥတုအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ?

လတ်တလောမှာ အများကြားဖူးပြီးသားဖြစ်နေတဲ့ အယ်လ်နီညိုဆိုတာ ... ရာသီဥတု အလွန်အမင်း ပူပြင်းတာ (သို့မဟုတ်) ဆိုးဆိုးဝါးဝါး အေးတာ၊ မိုးရွာတာ၊ ရေကြီးတာတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အာရှတိုက်နဲ့ မြန်မာနိုင်ငံအနီးတဝိုက်က ပူပြင်းတဲ့ဒဏ်ကို ပိုမိုခံစားကြရမှာ ဖြစ်ပါတယ်။

ဒီလို ပြင်းထန်တဲ့ အပူချိန်မြှင့်တက်မှုဒဏ်ကြောင့် ... မိသားစုထဲက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် ... ကျန်းမာရေးနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာရနိုင်ပါတယ်။

ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုခံနိုင်ဖို့အတွက် ...
🏠 အနီးအနားပတ်၀န်းကျင်နဲ့ အိမ်တွင်းအပူချိန်က အေးမြနေဖို့လိုအပ်ပါတယ် ...
ပန်ကာ၊ အဲကွန်းနဲ့ လေဝင်လေထွက်ကောင်းစေမယ့် နည်းလမ်းတွေကို အသုံးပြုပြီး အိမ်တွင်းအပူချိန်ကို သင့်တင့်မျှတအောင် ထိန်းသိမ်းထားဖို့ အတွက် ... ⚡ လျှပ်စစ်မီးလိုအပ်ချက်ကလည်း မြင့်တက်လာနိုင်ပါတယ်ခင်ဗျ ...

လျှပ်စစ်မီးမလုံလောက်တဲ့အခြေအနေတွေကြုံလာရတဲ့အခါမျိုးမှာ ... အပူဒဏ်အတွက် လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆက်လက်အသုံးပြုနိုင်ဖို့ ... Solar, Inverter နဲ့ Battery အစရှိတဲ့ ပစ္စည်းတွေကို Backup System အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျ ...

Solar, Inverter နဲ့ Battery နဲ့ပတ်သက်ပြီး
YGN Hotline 📞 09 409 549 977, 09 409 549 988
MDY Hotline 📞 09 409 549 955, 09 409 549 966 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ် ...




#အယ်နီညို

iPower မှ Supply ပေးထားသော High Voltage Solar Project များ ⚡️စက်ပစ္စည်းကောင်းတွေကို ရွေးချယ်တပ်ဆင်ရုံသာမက မှန်ကန်တိကျတဲ့...
14/10/2026

iPower မှ Supply ပေးထားသော High Voltage Solar Project များ ⚡️

စက်ပစ္စည်းကောင်းတွေကို ရွေးချယ်တပ်ဆင်ရုံသာမက မှန်ကန်တိကျတဲ့ System Design၊ စနစ်ကျတဲ့ Installation နဲ့ ယုံကြည်စိတ်ချရတဲ့ Service တို့ပေါင်းစပ်မှသာ Quality Solar Project တစ်ခု ဖြစ်လာတာပါ ...

ကျွန်တော်တို့ iPower မှ Deye Solar Inverter နှင့် LiFePO4 Battery System များကိုအသုံးပြုပြီး စွမ်းဆောင်ရည်ကောင်းမွန်မှု၊ ရေရှည်အသုံးပြုနိုင်မှုနဲ့ လုံခြုံစိတ်ချရမှုတို့ကို ဦးစားပေးကာ အောင်မြင်စွာ အကောင်အထည်ဖော် တပ်ဆင်ပေးထားသော High Voltage Solar Project များကို လေ့လာကြည့်ရှုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ခင်ဗျ ...

YGN Hotline 📞 09 409 549 977, 09 409 549 988
MDY Hotline 📞 09 409 549 955, 09 409 549 966




သီတင်းကျွတ်မှာ ⚡ SOLNEX 1.2kW Inverter နဲ့ဆို … 🪔 ဆီမီးမြိုင်မြိုင် … မီးလည်းထိန်ထိန်လင်းပြီပေါ့!🏡 ဒီသီတင်းကျွတ်မှာ တစ်အ...
13/10/2026

သီတင်းကျွတ်မှာ ⚡ SOLNEX 1.2kW Inverter နဲ့ဆို …
🪔 ဆီမီးမြိုင်မြိုင် … မီးလည်းထိန်ထိန်လင်းပြီပေါ့!

🏡 ဒီသီတင်းကျွတ်မှာ တစ်အိမ်လုံးထိန်ထိန်လင်းပြီး ... နွေးထွေးပျော်ရွှင်တဲ့ အချိန်လေးတွေကို ဖြတ်သန်းနိုင်ဖို့ SOLNEX 1.2kW, 12V (NXT-1200L) Off-Grid Hybrid Solar Inverter လေးရှိထားဖို့လိုမယ်နော် ...

🔹 Single Phase System ဖြစ်တဲ့အတွက် အိမ်သုံးလျှပ်စစ်အသုံးပြုမှုတွေအတွက် သင့်တော်ပြီး Low Frequency Type ဖြစ်တာကြောင့် ဝန်အားခံနိုင်ရည်ကောင်းမွန်ပါတယ်။

🔹 12V Battery System နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး ... Battery အားသွင်းရာမှာလည်း အများဆုံး 40A Charging Current အထိ ထောက်ပံ့ပေးနိုင်ပါတယ်။

🔹 Solar Input လည်းပါဝင်တာကြောင့် Solar System နဲ့ တွဲဖက်အသုံးပြုချင်သူတွေအတွက် အဆင်ပြေတဲ့ Inverter တစ်လုံးဖြစ်ပါတယ်။

📩 ဈေးနှုန်းနဲ့ Specification အသေးစိတ်အချက်အလက်များအတွက် Chat Box မှာ မေးမြန်းနိုင်ပါတယ်။




#1.2kW

11/10/2026

⚠️ Inverter ထဲ အိမ်မြှောင် မ၀င်ရောက်အောင် ဘယ်လိုကာကွယ်မလဲ?

Inverter တွေမှာ No Power Error တက်ပြီး စက်အလုပ်မလုပ်တော့တဲ့ အဓိက အကြောင်းအရင်းထဲမှာ "အိမ်မြှောင် သို့မဟုတ် အင်းဆက်ပိုးမွှားဝင်ရောက်ခြင်း" က ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဒါကြောင့် ... Inverter ထဲ အိမ်မြှောင်တွေမ၀င်နိုင်အောင် ... Power Input အပေါက်တွေကို သေချာလုံခြုံအောင် ပြုလုပ်ထားသင့်ပါတယ်ခင်ဗျ ...

Service Hotline 📞 09 409 549 911, 09 409 549 922




Address

Yangon

Alerts

Be the first to know and let us send you an email when iPower - Solar, Inverter & Battery Distributor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share