30/04/2026
Med City Academy မှ မကြာမီ ဖွင့်လှစ်မည့် ထိုင်းဘာသာစကားသင်တန်းများအတွက် စိတ်ထက်သန်ပြီး အရည်အချင်းရှိသော အောက်ဖော်ပြပါ ပညာရှင် (၂) ဦးကို အမြန်အလိုရှိနေပါသည်။
၁။ Thai Language Curriculum Developer
(ထိုင်းဘာသာစကားသင်ရိုးညွှန်းတမ်း ရေးဆွဲသူ) - (၁) ဦး
တာဝန်နှင့် ဝတ္တရားများ -
• ထိုင်းဘာသာစကား (4 Skills) ကို အခြေခံ (Basic) မှ အဆင့်မြင့် (Advanced) အထိ စနစ်ကျသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန်။
• သင်ခန်းစာအလိုက် လေ့ကျင့်ခန်းများ၊ စစ်ဆေးမှု (Test) များနှင့် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ရန်။
• ခေတ်စနစ်နှင့်အညီ ထိုင်းစကားပြော၊ အရေး၊ အဖတ် ကဏ္ဍစုံ တိုးတက်စေမည့် သင်ကြားမှုပုံစံကို ဖန်တီးရန်။
လိုအပ်ချက်များ -
• ထိုင်းဘာသာစကား ကျွမ်းကျင်မှု အဆင့်မြင့် (ဥပမာ - PAT 7.1 သို့မဟုတ် TQU Level မြင့်မားသူ) ဖြစ်ရမည်။
• သင်ရိုးညွှန်းတမ်း ရေးဆွဲဖူးသည့် အတွေ့အကြုံ (သို့မဟုတ်) သင်ကြားမှုအတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။
• တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် ရှိရမည်။
၂။ Thai Language Instructor (ထိုင်းဘာသာစကား သင်ကြားရေးဆရာ) - ၁ ဦး
တာဝန်နှင့် ဝတ္တရားများ -
• သတ်မှတ်ထားသော သင်ရိုးအတိုင်း ထိရောက်စွာ သင်ကြားပြသပေးရန်။
• သင်တန်းသားများ၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ပေးရန်။
• သင်တန်းသားများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး သင်ယူလိုစိတ်ထက်သန်အောင် လှုံ့ဆော်ပေးနိုင်ရန်။
လိုအပ်ချက်များ -
• B.A (Thai) သို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်။
• ထိုင်းဘာသာစကား 4 Skills ကျွမ်းကျင်ရမည်။
• သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူကို ဦးစားပေးမည်။
• လူမှုဆက်ဆံရေးကောင်းမွန်ပြီး စိတ်ရှည်သည်းခံစွာ သင်ကြားပေးနိုင်သူ၊ သင်တန်းကျောင်းတွင် လာရောက်သင်ကြားနိုင်သူ ဖြစ်ရမည်။
လျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို Page Messenger သို့ 10.05.2026 နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။