12/10/2022
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် လိုအပ်သည့်အဆင့်များကို ချစ်သော Customer များအတွက် တင်ပြလိုက်ရပါသည်ခင်ဗျာ
*************************************
👉လူကြီးမင်းတို့ရဲ့ တိုက်အသစ်နံရံသားအသစ်ကို
ဆေးစမသုတ်ခင်ပထမ ဆုံး အနေနှင့်သုတ်မဲ့နံရံကို Plaster ချောပြီး အနည်းဆုံးသုံးပတ်ကြာထားပေးသင့်ပါတယ် ။သုံးပတ်ကြတဲ့အခါမှာ Plaster က ခြောက်သွေ့ပြီး moisture တွေမရှိတော့ပါဘူးခင်ဗျာ။
👉အဆင့် ၂အနေဖြင့် နံရံ Plaster ခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကိုကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို သန့်ရှင်းရေးလုပ်ရပါမယ်ခင်ဗျာ
👉အဆင့်၃ အနေဖြင့် Sealer ချုပ်ရပါမယ်ခင်ဗျာ Sealer ကိုရေအချိုးစားအတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ပြီး Sealer ခြောက်သွေ့ချိန်ထိထားရပါမယ်
👉အဆင့် ၄ အနေဖြင့် Wall Putty ရိုက်ရပါမည်ခင်ဗျာ Putty ရိုက်တဲ့အခါ First time ကို Portland Cement အနည်းငယ်အသုံးပြုလို့ရပါတယ် ထို့သို့အသုံးပြုခြင်းအားဖြင့် နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်ခင်ဗျာ
First time Putty work ခြောက်သွေ့ပြီဆိုရင် Second time putty workလုပ်ငန်း စလို့ရပါပီခင်ဗျာ။
👉 အဆင့် ၅ ကတော့ ကော်ပတ်တိုက်ရမယ်အဆင့်ဖစ်ပါတယ်ခင်ဗျာ Puttyသား ချောသွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါ
တယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့
တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး
ကော်ပတ်အစင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်ခင်ဗျာ။
👉အဆင့် ၆ ကတော့ 2nd time Sealer သုံးရပါမယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် 2nd time Sealer သုံးလို့ရပါပြီ
👉 အဆင့် ၇ အနေနှင့် မိမိတို့ စိတ်တိုင်းကျ Painting Color များကို နံရံပေါတွင်အလှဆင်လို့ရပါပြီခင်ဗျ။ ပထမတကြိမ် ဆေးသုတ်ရုံနဲ့မလုံလောက်တဲ့အတွက် အနည်းဆုံး ၂ ကြိမ်ဆေးသုတ်ရပါမယ်။ 2nd time painting work မှာတော့ နံရံအနာဆာများ repairing work ပြန်လုပ်ရပါမယ် ဆေး 1 coat ခြောက်သွေ့ပြီးရင် ကို Wall repairing work လုပ်ရပါမယ် ။ ပြီးရင် Sealer သုံးရပါမည် ။
👉အဆင့်၈ အနေနှင့် အဆိုပါ wall repairing work များ လုပ်ဆောင်ပြီးရင် ဆေးကို Final Coat သုတ်လို့ရပါပြီခင်ဗျာ ။
👷♂️ကျွန်တော်များကျင့်၀တ်စည်းကမ်းနှင့်အညီ Customer များကို စေတနာရှေ့ထားပြီးဆောင်ရွက်ပေးနေသော 👉LOYAL Professional Engineering Group မှ ကျွမ်းကျင်အသိပညာရှင် အတက်ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာလေးကို တာ၀န်ယူဆောက်လုပ်ပေးပါရစေခင်ဗျာ ။ 👷♀️🚧
From the First Step ... Towards Success
ပထမဆုံးခြေလှမ်းမှသည် ...အောင်မြင်ခြင်းဆီသို့