T - ONES Construction & Decoration Group

T - ONES   Construction & Decoration Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T - ONES Construction & Decoration Group, Construction Company, No(752). Shukhinthar Mayopat Road Thaketa, Yangon.

ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)1. Peg out -ပန္နက်2. Stake  /peg   -တိုင်ငုတ်ချွန်၊ပန္နက်တိုင်3. Pole/Colum...
11/04/2024

ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

crd to original writter
- ONES Construction & Decoration Group

ရွှေတောင်ကြား ဆိုဒ်ရဲ့ပထမဆုံး footing concrete casting နှင့် lean concrete casting # T - ONES   Construction & Decoratio...
27/03/2024

ရွှေတောင်ကြား ဆိုဒ်ရဲ့ပထမဆုံး footing concrete casting နှင့် lean concrete casting

# T - ONES Construction & Decoration Group

နွယ်ခွေကျေးရွာ၊ထောက်ကြန့်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ထပ်ခိုး(Mezzanine)များနှင့်တည်ဆောက်ထားတဲ့ ၂ထပ်လုံးချင်းလေးပါ။ # T - ON...
26/03/2024

နွယ်ခွေကျေးရွာ၊ထောက်ကြန့်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ထပ်ခိုး(Mezzanine)များနှင့်တည်ဆောက်ထားတဲ့ ၂ထပ်လုံးချင်းလေးပါ။

# T - ONES Construction & Decoration Group

အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ကလေးမြို့၊ စစ်ကိုင်းတိုင်းမှာ သွားရောက်တပ်ဆင်ပြုလုပ်ဖြစ်ခဲ့တဲ့ Aluminium& Glass လုပ်ငန...
26/03/2024

အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ကလေးမြို့၊ စစ်ကိုင်းတိုင်းမှာ သွားရောက်တပ်ဆင်ပြုလုပ်ဖြစ်ခဲ့တဲ့ Aluminium& Glass လုပ်ငန်းလေးပါ။

# T - ONES Construction & Decoration Group

အိမ်ကောင်းကောင်းနဲ့လှလှလေးဆောက်ချင်ရင် မြောင့်ကိုသတိရလိုက်ပါ🐱အလုပ်လုပ်ရင်းအိပ်ပျော်သွားတတ်တာတော့ မြောင့်ရဲ့အားသာချက်ပါပဲ...
25/03/2024

အိမ်ကောင်းကောင်းနဲ့လှလှလေးဆောက်ချင်ရင် မြောင့်ကိုသတိရလိုက်ပါ🐱
အလုပ်လုပ်ရင်းအိပ်ပျော်သွားတတ်တာတော့ မြောင့်ရဲ့အားသာချက်ပါပဲ😁😝🐱❤️။

just funny
Crd Photo

T- ONES T - ONES Construction & Decoration Group

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။===========================♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ န...
14/03/2024

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။

===========================

♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။



♦️Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။



♦️Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။



♦️Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။



♦️Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။



♦️အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။



♦️အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။



♦️ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။



♦️ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…

အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။ ဘယ်လိုဆင်ဆင် ဇကာကို နှစ်ထပ်ဆင်ရမယ်လို့ လေ့လာဖူးတယ်။ နှစ်ထပ်ဆို ၄ လွှာ ဆင်ရမယ့်သဘောပေါ့။ တချို့က နားလှည့်ပါးရိုက် ၃ လွှာပဲ ဆင်ကြတယ်။ လက်မတွေ အကျယ်ခြားဆင်ကြတယ်။ Drawing က ၆ လက်မခြား ဆို ၈ လက်မ ၉ လက်မ ခြားပြီး ဆင်ကြတယ်။ တည့်တည့်မဆင်ဘဲ ကွက်ကြားဆင်တော့ ၄ လက်မ ၅ လက်မ ခြား မြင်ရတယ်ပေါ့။ အဲတော့ နားမလည်တဲ့ အိမ်ရှင်ဘက်က နစ်နာလေရော။



♦️နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ္တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။



♦️ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။



♦️အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။



♦️အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။



♦️ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။



♦️ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား crd ပေးပါသည်။
# T - ONES Construction & Decoration Group

ရွှေတောင်ကြားမှာ စတင်ဆောက်လုပ်နေတဲ့ ၂ထပ်ခွဲ RCC  အဆောက်အဦးလေးပါ(Architecrural Design နှင့် Structural Design တွက်ချက်၍ဆ...
14/03/2024

ရွှေတောင်ကြားမှာ စတင်ဆောက်လုပ်နေတဲ့ ၂ထပ်ခွဲ RCC အဆောက်အဦးလေးပါ(Architecrural Design နှင့် Structural Design တွက်ချက်၍ဆောက်လုပ်ပါသည်)
# T - ONES Construction & Decoration Group

2016 ခုနှစ် THILAWA  SEZ -ZONE A မှာပြုလုပ်ခဲ့ရတဲ့ PEKA  Formworkနဲ့တပ်ဆင်အသုံးပြုတဲ့ pile capလုပ်ငန်းလေး # T - ONES   C...
27/12/2023

2016 ခုနှစ် THILAWA SEZ -ZONE A မှာပြုလုပ်ခဲ့ရတဲ့ PEKA Formworkနဲ့တပ်ဆင်အသုံးပြုတဲ့ pile capလုပ်ငန်းလေး
# T - ONES Construction & Decoration Group

ဒိုက်ဦးမြို့ ကုန်သည်လမ်းမှာ ဆောက်လုပ်ဖြစ်တဲ့ တစ်ထပ်ခွဲ RCC အဆောက်အဦးလေး -Ones Construction & Decoration Group
29/05/2023

ဒိုက်ဦးမြို့ ကုန်သည်လမ်းမှာ ဆောက်လုပ်ဖြစ်တဲ့ တစ်ထပ်ခွဲ RCC အဆောက်အဦးလေး

-Ones Construction & Decoration Group

တစ်ထပ်လုံးချင်းလေးကို ပါကေးခင်းပြီးစက်ပေါ်လစ်မကိုင်ရသေးမှီ ခြေနေ​မြန်မာနိုင်ငံအတွင်း မည်သည့်​ နေရာ​​ဒေသမဆို တာဝန်ယူမှုတာ...
18/02/2023

တစ်ထပ်လုံးချင်းလေးကို ပါကေးခင်းပြီးစက်ပေါ်လစ်မကိုင်ရသေးမှီ ခြေနေ

​မြန်မာနိုင်ငံအတွင်း မည်သည့်​ နေရာ​​ဒေသမဆို တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် လက်ခံဆောက်လုပ်ပေးပါသည်။

-Ones Construction & Decoration Group

မျက်နှာကျက်ဒီဇိုင်းအလှဆင်ခြင်း အနုပညာ -Ones Construction & Decoration Group
18/02/2023

မျက်နှာကျက်ဒီဇိုင်းအလှဆင်ခြင်း အနုပညာ
-Ones Construction & Decoration Group

စော်ဘွားကြီးကုန်း သုံးထပ်ခွဲအဆောက်အအုံရှိ ရေချိုးခန်း အိမ်သာများ ရေလုံဆေးသုတ်ခြင်း။Water Proofing Compound at Sawbwargyi...
18/02/2023

စော်ဘွားကြီးကုန်း သုံးထပ်ခွဲအဆောက်အအုံရှိ ရေချိုးခန်း အိမ်သာများ ရေလုံဆေးသုတ်ခြင်း။

Water Proofing Compound at Sawbwargyigone Site.
-Ones Construction & Decoration. Group.

Address

No(752). Shukhinthar Mayopat Road Thaketa
Yangon

Telephone

+959426266558

Website

Alerts

Be the first to know and let us send you an email when T - ONES Construction & Decoration Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share