15/02/2026
သင်တန်းတက်ဖို့လျောက်ထားသူများ 21.2.2026, 7:30pm မှစပြီး Zoom application ဖြင့ သင််တန်းတက်လို့ရပါပြီ
♦️ Basic Boiler Technologies and Boiler Operator Online Training (အခြေခံဘွိုင်လာနည်းပညာများနှင့် ဘွိုင်လာမောင်းနှင်ထိန်းသိမ်းနည်းသင်တန်း) အမှတ်စဉ် 1/2026 ကို (21.2.2026) မှာ ဖွင့်လှစ်မှာဖြစ်တဲ့အတွက် သင်တန်းလျောက်လွှာများလက်ခံနေပါပြီ📋
💬CB(messenger) မှတဆင့် ဆက်သွယ်စာရင်းပေးနိုင်ပါတယ်
Viber phone 09 540 7927 သို့လည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
☎️09 540 7927
09 760 379 855📞 သို့လည်းဖုန်းခေါ်ဆိုနိုင်ပါတယ်
🌐သင်တန်းကို Zoom application နဲ့သင်ကြားမှာဖြစ်ပြီး သင်တန်းချိန်ကတော့ တစ်ပတ်မှာ (၂)ရက် Saturday and Sunday ည ,
7:30pm to 9:30pm ကျော်ထိသင်ကြားပါမယ် သင်တန်းကာလ တစ်လခွဲ (၅ ပတ်)ကြာပါမယ်
📜Certificate ချီးမြှင့်မှာဖြစ်ပါတယ်
📖သင်ခန်းစာ Power point များကို သင်တန်းသားများသို့ပေးအပ်သွားမှာဖြစ်ပြီး
သင်ကြားတဲ့ Video files များအားလုံးလည်းပို့ပေးမှာဖြစ်တဲ့အတွက် သင်တန်းချိန်ပျက်ကွက်ခြင်းများ ရှိခဲ့ပါကလည်း အားလပ်ချိန်မှာ Video file များနားထောင်ပြီး အလျဉ်းသင့်တဲ့အချိန်မှာမေးမြန်းဆွေးနွေးနိုင်ပါတယ်⌚
🌈သင်ကြားပေမယ့်ဘာသာရပ်များကိုတင်ပြပေးပါမယ်
🔹1.ဘွိုင်လာအမျိုးအစားများနှင့် အသုံးပြုလေ့ရှိသောလုပ်ငန်းများ
🔹2.ဘွိုင်လာတပ်ဆင်ကိရိယာများနှင့် စမ်းသပ်စစ်ဆေးနည်းများ
🔹3.ဘွိုင်လာမောင်းနှင်ခြင်းနှင့်စစ်ဆေးခြင်းများ
🔹4.ဘွိုင်လာပျက်စီးယိုယွင်းခြင်းအကြောင်းများနှင့်ပြုပြင်ကာကွယ်နည်းများ
🔹5.ဘွိုင်လာပေါက်ကွဲခြင်းနှင့်မတော်တဆထိခိုက်မှုဖြစ်ပွားခြင်း
🔹6.ဘွိုင်လာသံပြားများအကြောင်း
🔹7.အားဖြည့်လောင်စာများအကြောင်း
🔹8.ဘွိုင်လာသုံးရေများအကြောင်း
🔹9.လောင်စာဓာတ်ငွေ့ပေါက်ကွဲခြင်း
🔹10.ဘွိုင်လာစွမ်းရည်အမြင့်ဆုံးအသုံးချခြင်း
🔹11.ဘွိုင်လာအလိုအလျောက်ထိန်းချုပ်ကိရိယာများ
စတဲ့ဘာသာရပ်များကိုသင်ကြားပေးမယ့်အပြင် မြန်မာနိုင်ငံဘွိုင်လာဥပဒေအရလိုက်နာကျင့်သုံးရမယ့် အရေးကြီးအချက်များကိုလည်း Sharing လုပ်ပေးမှာဖြစ်ပါတယ်
🗣️သင်ကြားပို့ချမယ့်ဆရာကတော့ ဘွိုင်လာ Engineering လုပ်ငန်းများနှင့် သင်တန်းပို့ချခြင်းအတွေ့အကြုံ နှစ်(၂၀)ကျော်ရှိသူ B.E(Mechanical)Y.T.U, Boiler Engineering and Steam System Expert (UNIDO) ဖြစ်ပါတယ်
👷သင်တန်းတက်ရောက်သင့်သူများကတော့
1. စက်ရုံ /အလုပ်ရုံ🏭ဟော်တယ်🏨 ဆေးရုံ🏥 စသောဘွိုင်လာအသုံးပြုလုပ်ငန်းများမှ Boiler Operator, Supervisor and Manager များ
2. သင်္ဘောအင်ဂျင်နီယာများ🚢
3.လုပ်ငန်းခွင်ဝင်ရောက်ကြမည့် Engineer and Operator များ🧑🔧
4. နည်းပညာတစ်ခုခုအား လေ့လာလိုသောကျောင်းသားများ🧑💻
ဖြစ်ပါတယ်