10/07/2025
#ဆရာကြီးများကျော်သွားပါ
Site ထဲမှာ မြင်တွေ့နေရတာ အဆင်မပြေတာလေးတွေ နည်းနည်းပြောချင်ပါတယ်,
ဒီတခါတော့
အဓိက Beam - Column Joint တွေပါခမျ
Column နဲ့ Beam နဲ့ ဆုံတဲ့နေရာမှာ ပုံထဲက အတိုင်း , တိုင်ခေါင်းပေါ့ , အဲ့နေရာမှာ Tie ကွင်းတွေဟာ အခြားနေရာမှာ လိုအပ်တာထက် ပိုပြီးစိပ်စိပ်ထည့်ပေးရပါတယ်, ဘာဖြစ်လို့လဲ ဆိုတော့ Column တစ်လုံးသည် အဲ့နေရာမှာ Compression အားတင် မဟုတ်ပဲ Beam တွေက လာပြီးပေးတဲ့ သက်ရောက်အားတွေပါ ခံရတဲ့ Tensile(ဆွဲဆန့်အား) ကော Compression(ဖိနှိပ်အား) ကော အဲဒီ Joint မှာ ခံနေရပါတယ်။ ဒါကြောင့်မို့ အဲ့နေရာမှာ Column Tie ကွင်းတွေ ခပ်စိပ်စိပ်ထည့်ရတာပါခမျ
Tie ကွင်း ထည့်ထားတဲ့ အားသာချက်က - ငလျှင်ဒဏ် စတဲ့အကြောင်းတွေကြောင့် အဲ့ Column - Beam Joint နေရာကို အားတွေစုဆုံပြီး ဆွဲဆန့်ခံရတဲ့ အခါ ခါထုတ်သလို ဖြစ်ပြီး Failure ဖြစ်ခဲ့လျှင် Tie ကွင်းတွေ ခပ်စိပ်စိပ်ထည့်ပေးခြင်းဖြင့် ဒီဒဏ်တွေကို ခံနိုင်မှာပါ , Design Eng ကလဲ ဆွဲပေးထားရက်သားနဲ့ မထည့်ခဲ့ရင်တော့ တော်တော်ဆိုးပါတယ် ၊ အဲ့နေရာလေးတွေတော့ အထူးဂရုစိုက်ပေးစေချင်ပါတယ်ခမျ
နောက်ပြီး Long Column အခြေတွေမှာ ဘိလပ်မြေစက္ကူထိုးပိတ်တဲ့ ကိစ္စ ,
ဒီကိစ္စကလဲ တော်တော်ဆိုးပါတယ် , မလုပ်သင့်တဲ့ကိစ္စပါ,
Column Formwork အခြေတွေမှာ ဘိလပ်မြေအနှစ်ရည် မထွက်ဖို့ အရေးကြီးပေမယ့် ဘိလပ်မြေစက္ကူဖြင့်အရမ်း ထိုးထည့်ပိတ်တာမျိုး မလုပ်သင့်ပါဖူး၊
စက္ကူ ထိုးပိတ်လို့ ဘိလပ်အနှစ်ရည် မထွက်အောင် ကာကွယ်နိုင်ပေမယ့် စက္ကူ ဟာ သံချောင်းထဲထိ တိုးဝင်ပြီး ကွန်ကရစ်နေရာ အစားထိုးနေရာယူခဲ့လျှင် သံချောင်းနဲ့ ကွန်ကရစ် ကုတ်တွယ်ကပ်အား မရနိုင်တော့သလို သံချေးတက်မှုဒဏ်ကိုလဲ မကာကွယ် နိုင်င်တော့ပါဖူး,
တစ်ကယ့် အရေးကြီးတဲ့ Column တိုင်ခြေနေရာတွေမှာ စက္ကူ ဖြင့် ထိုးပိတ်ပီး ပြန်မခွာ Grouting Cement ဖြင့် နည်းစနစ်ကျကျ ပြန်မဖာခြင်း, ထိုးပိတ်ထားသည့် တိုင်တွေ များခြင်း,ဟာ Load ဝန်တွေ ထမ်းအား အရမ်း များတဲ့ အထပ်မြင့် အဆောက်အဦးတွေမှာ ပြဿနာ ဖြစ်နိုင်င်တယ်လို့ ဆရာတွေက သင်ပေး ဖူးပါတယ်ခမျ,
ဒါကြောင့် Column Formwork အခြေတွေမှာ ဘိလပ်မြေ စက္ကူ ဖြင့် အလွန်အကျွံထိုးပိတ်ခြင်းကို ရှောင်ကြစေချင်ပါတယ်ခမျာ,