26/04/2024
ကျွန်တော်တို့၏ Myanmar Concrete Poles စက်ရုံသည် စဉ့်ကိုင်မြို့နယ်တွင် တည်ရှိပြီး Concrete Poles များထုတ်လုပ်ခြင်းကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ပြောင်းလဲတိုးတက်လာသော မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်ဆက်သွယ်ရေးကဏ္ဍများ၌ နိုင်ငံတော်၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် စံချိန်စံညွှန်းများအတိုင်း ကဏ္ဍတစ်နေရာမှ အားဖြည့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ကနဦးထုတ်လုပ်မှုအနေဖြင့် ပြည်တွင်းလိုအပ်ချက်များအား ထုတ်လုပ်ရောင်းချပေးနိုင်ရန် အဓိကအားထုတ်ဆောင်ရွက်လျှက်ရှိပြီး အနာဂတ်တွင် မိမိတို့နိုင်ငံ၏ လူမှုအသိုင်းအဝိုင်းနှင့် ကိုက်ညီသော၊ အရည်အသွေးပြည့်မီသောထုတ်ကုန်များအား ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုဖြင့် ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ရန် ရည်မှန်းထားရှိပါသည်။
7M,8M,9M,10Mနှင့်12M Concrete Poles များ ကို အဓိက ထားထုတ်လုပ်လျှက် ရှိပြီး14M,15M,18M နှင့် 22M Poles များ ကိုလည်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် စီစဥ် ဆောင်ရွက်လျှက်ရှိပါသည်။
ထုတ်လုပ်မှုနည်းစဥ် အဆင့်ဆင့် တွင်လည်း Batching Plant ကို အသုံးပြု ထားသဖြင့် Mixed Design များ တိကျသေချာစွာ ရရှိနိုင်ခြင်း၊
Auto Feeding Machine များ ကို အသုံးပြုထားသဖြင့် Weight များ မှန်ကန်ခြင်း၊ Diesel Boiler ဖြင့် Curing ပြုလုပ်ထားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲ ကောင်းမွန်သော Concrete Strength များရရှိစေ အောင် စီမံထားရှိပါသည်။
ဝယ်ယူလိုသည့် မိဘ ပြည်သူများ၏ လိုအပ်ချက်များ ပေါ်မူတည်ရျ် ဝန်ဆောင်မှု ကောင်းများ ရရှိစေ ရန် စီစဥ် ဆောင်ရွက် ပေးလျှက်ရှိပါသည်။
သို့ပါရျ် လူကြီးမင်းများ အနေဖြင့် ကွန်ကရစ်တိုင် နှင့် ပတ်သက်သော ဝန်ဆောင်မှုများ ကို ရယူ လိုပါက မိမိ တို့ ထံသို့ အမြန် ဆက်သွယ် လိုက်ပါ။ မိမိတို့ အနေဖြင့် တိကျ၊သေချာ၊ကောင်းမွန် ၊မြန်ဆန်၊သက်သာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည် ခင်ဗျား။
ဆက်သွယ်ဝယ်ယူလိုပါလျှင်-
ဦးကျော်ဝင်းအောင်-09977248879
သို့ ဆက်သွယ် ဝယ်ယူနိုင်ပါသည်။