Zenergy

Zenergy Z Energy was founded in 2019 and trying to become a reliable partner for Power and Energy Projects.

31/12/2024

မင်္ဂလာပါ အားလုံးအတွက် မကြာခင်ရောက်ရှိတော့မယ့် နှစ်သစ် (2025) ဟာဆိုရင်အနာဂတ်အတွက် ပန်းတိုင်များချမှတ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

လုပ်ငန်း အသစ် ၊ စွန့်စားမှု စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ကြရမှာ ဖြစ်ပြီးဆုံးဖြတ်ချက် အသစ်တွေကို ချမှတ်ကြရမှာပါ။

ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေမှာ ဝမ်းနည်းစရာ ၊ ဝမ်းသာစရာ တွေရောပြွမ်းနေတာဖြစ်ပြီး အခုလာမယ့် ၂၀၂၅ ခုနှစ် နှစ်သစ်မှာ မိတ်ဆွေတို့ အတွက်

စိတ်ချမ်းသာမှုတွေ အောင်မြင်မှုတွေကို တစ်လုံးတစ်ဝတည်းပိုင်ဆိုင်ပါစေကြောင်း

ကျွုနုပ်တို့Z-Energy Myanmar က

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်. . .







We are a generation that often hides sadness behind happy pictures. It feels like we’re always connected with our loved ...
30/12/2024

We are a generation that often hides sadness behind happy pictures. It feels like we’re always connected with our loved ones through phone calls and video chats. But when we take a closer look, we see how few moments we’re truly together in person. Our busy lifestyles and reliance on social media often create a distance we don’t realize.

Let’s treasure the real moments we have and aim for more meaningful connections in 2025.

ကျွန်တော်တို့ Generation က ပျော်ရွှင်စရာကောင်းတယ်လို့ ထင်စေရတဲ့ ပုံရိပ်တွေအောက်မှာ ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားတဲ့ မျိုးဆက်တစ်ခုပါ။ တိုးတက်လာတဲ့ နည်းပညာနဲ့ သုံးရတဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ ဗွီဒီယိုကောလ် ခေါ်ဆိုမှုတွေကနေ မိမိတို့ချစ်ရသူတွေနဲ့ အမြဲဆက်သွယ်နေရသလို ခံစားရပေမယ့် ကိုယ့်အနားမှာ တကယ်ကို အတူတူရှိနေတဲ့ အချိန်တွေက အရမ်းနည်းပါတယ်။ လူနေမှုဘဝlifestyle ပုံစံတွေ၊ Social မီဒီယာတွေက ဒါတွေကို မမြင်နိုင်အောင် ဖုံးကွယ်ထားတာပါ။

တကယ်ကို တန်ဖိုးထားရတဲ့ အချိန်အစစ်တွေကို တန်ဖိုးထားပြီး 2025 မှာ အဓိပ္ပါယ်ရှိတဲ့ အချိန်ကုန်ဆုံးခြင်းကို ရရှိနိုင်ဖို့ရည်ရွယ်ကြပါစို့ ။

14/02/2024

မြန်မာနိုင်ငံအစိုးရ၏ စီမံကိန်းပေါင်းများစွာအနက် ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် အကြီးအကျယ်ဆုံး စီမံကိန်းကြီးဖြစ်ခဲ့သည်။ မြန်မာ့သမိုင်း၌ မကြုံစဖူးသော တည်ဆောက်ရေး လုပ်ငန်းကြီးလည်း ဖြစ်သည်။ လယ်ယာစိုက် နိုင်ငံဖြစ်ခဲ့သော မြန်မာပြည်ထောင်စုအား စက်မှုနိုင်ငံအဖြစ် ပြောင်းလဲရန် အစပျိုးပေးသောလုပ်ငန်းကြီးလည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ လွတ်လပ်ရေး မရမီကပင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးရရန် တစ်ဖက်မှစိုင်းပြင်းလျက်၊ တစ်ဖက်က နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးကို ဆွေးနွေးစီစဉ်ခဲ့ကြသည်။ ခေါင်းဆောင်ကြီးများသည် နိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အရေးပါလှသောအချက်နှစ်ရပ်ကို တွေ့ခဲ့ကြသည်။ ပထမအချက်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို ခေတ်မီစွာ တိုးချဲ့လုပ်ကိုင်ရေးဖြစ်၍၊ ဒုတိယအချက်သည် စက်မှုလုပ်ငန်း တိုးတက်ထွန်းကားရေး ဖြစ်သည်။ စက်မှုလုပ်ငန်း ထွန်းကားဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားကို နိုင်ငံနှင့်အဝန်း ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဖောဖောသီသီ ရနိုင်မှ ဖြစ်နိုင်မည့် အကြောင်းကိုလည်း ခေါင်းဆောင်ကြီးများ သဘောပေါက်ကြသည်။ ထိုအခါ လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါနှင့် ဖောဖောသီသီ ရနိုင်မည့် နည်းလမ်းတို့ကို ကြံဆရလေသည်။

ရေအားဖြင့် ထုတ်ယူရရှိသော လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါဖြင့် ဖြန့်ဖြူးနိုင်သည်ကို ခေါင်းဆောင်ကြီးများ သိရှိကြသဖြင့်၊ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ဓာတ် ထုတ်ယူနိုင်ရေးကို စီစဉ်စိုင်းပြင်းကြသည်။ မြန်မာနိုင်ငံတွင် ကျောက်တောင်များ၊ ရေတံခွန်များ မရှားပါးလှပေရာ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ကြားဖြတ်အစိုးရ အဖွဲ့သည် "ဆိုရန်တိုဗီလာ စီမံကိန်း"အရ၊ ရေအားလျှပ်စစ် ထုတ်ယူရေးကို ရှာဖွေစမ်းသပ်တိုင်းထွာနိုင်ရန် ရေအားလျှပ်စစ် ရှာဖွေတိုင်းထွာရေးအဖွဲ့ကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သည်။ ထိုအဖွဲ့သည် ၁၉၄၈ ခုနှစ်မှစ၍ ရှာဖွေတိုင်းထွာရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်၌ ပြည်ထောင်စု လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့( အီး၊ အက်စ၊ ဘီ ) ကို ဖွဲ့စည်းပြီးရာ၊ ရေအားလျှပ်စစ် ရှာဖွေတိုင်းထွာရေး အဖွဲ့သည် သီးခြား တည်ရှိရန် မလိုတော့သဖြင့် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးလျှင် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင် ရေအားလျှပ်စစ်ဌာနဟူ၍သာ လက်အောက်ဌာနတစ်ခု သီးခြားဖွင့်ကာ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်မှစ၍ လုပ်ငန်း အစပျိုးခဲ့သော ရေအားလျှပ်စစ် ရှာဖွေ တိုင်းထွာရေးအဖွဲ့သည် ၁၉၆ဝ ပြည့် နှစ်အထိ ရေအားလျှပ်စစ် ထုတ်ယူနိုင်သော နေရာပေါင်း ၂၁ နေရာကို ရှာဖွေတိုင်းထွာခဲ့သည်။ ထို ၂၁ နေရာ အနက် ၁၄ နေရာကိုမူ သာမန်အားဖြင့် တိုင်းထွာခြင်းသာ ဖြစ်သော်လည်း၊ ၇ နေရာကိုမူ ပုံစံများကိုပင် ပြုလုပ် ရေးဆွဲပြီး သေချာစွာ အသေးစိတ် ကြည့်ရှုစူးစမ်းပြီးစီးခဲ့သည်။ ၂၁ နေရာစလုံးမှ ဓာတ်အားများ ထုတ်ယူနိုင်ခဲ့လျှင်၊ စုစုပေါင်း ဓာတ်အား ကီလိုဝပ်ပေါင်း နှစ်သန်းခန့်ထုတ်လုပ်နိုင်မည်။ သေချာစွာ စူးစမ်းစစ်ဆေးပြီးသော ၇ နေရာမှ ဓာတ်အားများသာ ထုတ်ယူသည့်တိုင်အောင် ဓာတ်အားကီလိုဝပ် လေးသိန်းခန့်ရရှိနိုင်မည် ဖြစ်သည်။ ထို၇ နေရာအနက် အရေးကြီးသောနေရာ၊ အသုံးအဝင်ဆုံးနှင့် အဆင်အပြေဆုံးသော လုပ်ငန်းတို့ကို ဦးစားပေး၍ လုပ်ကိုင်ရန် စဉ်းစားကြရသည်။

ဘီလူးချောင်း စီမံကိန်းသည် ပထမဆုံး စတင်ခဲ့သည့် လုပ်ငန်းမဟုတ်ပေ။ တတိယ အရေးကြီးဆုံး စီမံကိန်းသာဖြစ်သည်။ ပထမဆုံး ညောင်လေးပင် အရှေ့ဘက်ရှိ ကျောက်ကြီး-ဘောဂထတွင် ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို စတင်ဆောင်ရွက်ရန် အသေးစိတ် တိုင်းထွာရေးကို ဆောင်ရွက်နေစဉ် ကေအင်ဒီအို သောင်း ကျန်းသူများ၏ နှောင့်ယှက်မှုကြောင့် လုပ်ငန်း တစ်ပိုင်းတစ်စနှင့် ရပ်နားလိုက်ရတော့သည်။ တစ်ဖန် ရခိုင်ပြည်ရှိ စိုင်တင်ရေတံခွန်တွင် လည်းကောင်း၊ ပဲခူးအနီးရှိ ဇောင်းတူ ရေတံခွန် (ဘုရားကြီး) တွင်လည်းကောင်း ကယားပြည်ရှိ လောပီတရေတံခွန် ( ဘီလူးချောင်း ) တွင်လည်းကောင်း ရေအားလျှပ်စစ်ထုတ်ယူရေး စီမံကိန်း ၃ ခုစတင်ရန် စီမံကြပြန်သည်။ ရခိုင်ပြည်၌ စက္ကူစက်ကြီး တည်ရန် စိုင်တင်စီမံကိန်းသည် ရခိုင်ပြည်၏ မြေမျက်နှာပြင် သဘာဝကြောင့် ဓာတ်အားထုတ်ယူရနိုင်သော်လည်း ဓာတ်အား ပို့လွှတ်ရန် ခက်ခဲသော ပြည်နယ်ဖြစ်သဖြင့် ထိုစီမံကိန်းကို ရပ်လိုက်ရပြန်သည်။ ဇောင်းတူမှ ပဲခူးရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်ကြသောအခါ၊ ကြိုးကြိုးစားစားပြင်းပြင်းထန်ထန် ဆောင်ရွက်ကြသည်။ သို့သော် သောင်းကျန်းသူများ၏ နှောင့်ယှက် ဖျက်ဆီးမှုများကြောင့် လုပ်ငန်း ဆက်လက်မဆောင်ရွက်နိုင်အောင် ဖြစ်လာသဖြင့် ရပ်ဆိုင်းလိုက်ရပြန်သည်။ ထိုအ​ခြေအ​နေများ​ကြောင့် ​ဘီလူး​​ချောင်းစီမံကိန်းသည် တတိယ အရေးအကြီးဆုံး စီမံကိန်း အဖြစ်မှ ပထမ အရေအကြီးဆုံး စီမံကိန်းအဖြစ် ရောက်လာခဲ့ရသည်။ ထို့ကြောင့် ဘီလူးချောင်း စီမံကိန်းကိုသာ ဖြစ်မြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရလေတော့သည်။ ဘီလူးချောင်းဟု ဆိုသောမြစ်ငယ်ကလေးသည် ရှမ်းပြည်နယ်အင်းလေးကန်တွင်မြစ်ဖျားခံသည်။ မြစ်ဖျားခံပြီးသော် တောင်ဘက်သို့ခပ်ပြေပြေ စီးဆင်းလာရာ ကယားပြည်ကိုလည်း ဖြတ်သန်းလာခဲ့ သည်။ မိုင် ၆ဝ ခန့်စီးဆင်းမိလျှင် လွိုင်ကော်သို့ရောက်လာသည်။ လွိုင်ကော်သို့ရောက်သည်တိုင်အောင် ရေစီးပြင်းထန်ခြင်းမရှိသေးပေ။ လွိုင်ကော် အရောက် ဘီလူးချောင်း၏ ရေမျက်နှာပြင်သည် အင်လေးရေမျက်နှာပြင် ထက် ပေ ၁၅ဝ ခန့်သာ နိမ့်သေးသည်။ လွိုင်ကော်ကို ကျော်၍ ၇ မိုင်ခန့်ဆက်လက်စီးသွားသောအခါ မြေနိမ့် လာသဖြင့် ရေစီးသန်လာပြီးလျှင် ရံဖန်ရံခါ ရေတံခွန်ကြီးငယ်တို့ဖြစ်ပေါ်စေသည်။ လွိုင်ကော်မှ စီးလာသော ဘီလူးချောင်းသည် နမ့်ပွန်းမြစ်ငယ် ( ကယားပြည်၌ ပွန်ချောင်းဟု ခေါ်သည်။ )တွင်းသို့စီးဝင်သည်။ နမ့်ပွန်းမြစ်သည် သံလွင်မြစ်အတွင်းသို့မြစ်လက်တက်အဖြစ် ဆက်လက် စီးဝင်လေသည်။ ဘီလူးချောင်းသည် လွိုင်ကော်မှ နမ့်ပွန်မြစ်အတွင်း စီးဆင်းသည်အထိ လမ်းတစ်လျှောက်၌ ပေပေါင်း ၂ ဝဝဝကျော်ခန့်နိမ့်ဆင်းလာရသဖြင့် ရေစီးပြင်းထန်ခြင်း၊ ရေတံခွန်တို့ဖြစ်ပေါ်ရခြင်း ဖြစ်ပေသည်။

လွိုင်ကော်မှ ထွက်ပြီးနောက်၊ မြေနိမ့်များ ရေတံခွန်များကို ပထမဆုံး တွေ့ရသော အရပ်မှာ လွိုင်ကော်မှ ၇ မိုင်ခန့်ဝေးကွာ သော မထောကူ ( ကယားပြည် အခေါ် မာထောခု ) ဖြစ်သည်။ ထိုနေရာတွင် ရေနိမ့် မြေနိမ့် ၅ မိုင်ခန့်အတွင်း ပေ ၂၅ဝ ခန့်နိမ့်ကျသွား၍ မထောကူ ရေတံခွန်ကို ဖြစ်ပေါ်စေသည်။ ထိုနေရာသည် ပထမ မြေနိမ့် ပိုင်း ဖြစ်သည်။ ဒုတိယ မြေနိမ့်ပိုင်းသည် ၄ မိုင်အတွင်း ပေပေါင်း ၁ ၄၅ဝ အထိ နိမ့်ကျသွားသော လောပီတအရပ် ဖြစ်သည်။ ထိုအရပ်ရှိ ရေတံခွန်ကို လောပီတရေတံခွန်ဟု ခေါ်သည်။ ထို့နောက် ဆက်လက် စီးဆင်းပြန်ရာ၊ ၃ မိုင်ခန့်အတွင်း ပေပေါင်း ၄ဝဝ ခန့်ထပ်မံနိမ့်ကျသွား၍၊ အမည်မရှိသေးသော တတိယ ရေတံခွန်ကို ဖြစ်ပေါ်စေ သည်။ ထို့နောက် ဘီလူးချောင်းသည် ဆက်လက် စီးဆင်းပြီးလျှင် နမ့်ပွန်မြစ်အတွင်းသို့စီးဝင်လေသည်။

ယင်းကဲ့သို့ရေတံခွန်ကြီးများရှိခြင်း၊ နိမ့်ဆင့်သော ရေစီးလမ်းကြောင်းများ ရှိခြင်းသည်ပင်လျှင် ရေအားကို ခိုင်းစေရန် သဘဝက စီမံဖန်တီးပေးခြင်း ဖြစ်လေသည်။ ထို့ကြောင့် အထက်တွင် ဆိုခဲ့သော ဘောဂထ၊ စိုင်တင်၊ ဇောင်းတူ စီမံကိန်းများကို ရပ်ဆိုင်းလိုက်ရသောအခါ၊ ရေအင်အား ပြောကြွယ်ပြီးလျှင် အဆင်ပြေသော သဘာဝ အနေအထားရှိသည့် ဘီလူးချောင်းတွင် ရေအား လျှပ်စစ်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် စီစဉ်စိုင်းပြင်းကြရသည်။ ၁၉၅၃ ခုနှစ် ဇွန်လက စ၍ အသားပေး အရေးယူ ဆောင်ရွက်လာကြရသည်။ အထူးသဖြင့် ၁၉၅၄ ခုနှစ် ဇန်နဝါရီလမှစ၍ တကယ်တမ်း စတင်ဆောင်ရွက်ခဲ့ကြလေသည်။

ရေအား လျှပ်စစ်အဖွဲ့၏ အစီအစဉ်သည် မထောကူ ရေတံခွန်ရှိရာ အရပ်တွင် ရေအားလျှပ်စစ် စက်ရုံ အမှတ် (၁) တည်ထောင်၍၊ လောပိတ ရေတံခွန်တွင် စက်ရုံအမှတ် (၂)၊ တတိယ ရေတံခွန်နေရာတွင် စက်ရုံ အမှတ် (၃) ကို တည်ဆောက်ရန် ဖြစ်သည်။ ဤကား ရေရှည် စီမံကိန်းဖြစ်သည်။ လောလောဆယ်အားဖြင့်မူ ထိုစက်ရုံ ၃ ရုံအနက်၊ အရေးအကြီးဆုံး ဖြစ်သော စက်ရုံအမှတ် (၂) ကို ပထမ တည်ဆောက်ရန် ဆုံးဖြတ် လိုက်ကြ၍ လုပ်ငန်းစတင်ခဲ့ကြသည်။ ထို့ကြောင့် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို လောပိတအရပ်၌ စတင် ခဲ့လေရာ၊ ဘီလူးချောင်း စီမံကိန်းထက် ​လောပီတ ရေအားလျှပ်စစ်ဟူသောအမည်သည် ပို၍ထင်ရှားလူသိများ လာခဲ့လေသည်။

၁၉၅၄ ခုနှစ် ဧပြီလ ကယားပြည်နယ်တွင် တွင်ကလူပွဲတော်ကြီးကို အကြီးအကျယ်ဆုံး အစည်ကားဆုံး ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးသည် ထိုပွဲတော်သို့ကြွရောက် ချီးမြှင့်ရာ၊ ကြုံကြိုက်သဖြင့် ဘီလူးချောင်း ရေအားလျှပ်စစ် ထုတ်ယူရေးကို အုတ်မြစ်ချခဲ့သည်။ စင်စစ်စက်ရုံအမှတ် (၂) လောပိတတွင် လုပ်ငန်းစတင်ရန် ဖြစ်သော်လည်း ထိုအချိန်က လောပိတသို့သွားရန် လမ်းကောင်းမရှိ၍၊ သမ္မတကြီး ကြွရောက် ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် စက်ရုံအမှတ် (၁) အတွက် သတ်မှတ်ထားသော မထောကူ အရပ်သည်လည်း ဘီလူးချောင်း ရေအားလျှပ်စစ်လုပ်ငန်းပင်ဖြစ်၍၊ သွားလမ်းလာလမ်း လွယ်ကူသော ထိုအရပ်တွင်ပင် သမ္မတကြီး အုတ်မြစ်ချရသည်။ နောက်ပိုင်းတွင် ထိုအုတ်မြစ်ကို လောပီတသို့ပြောင်းရွှေ့စိုက်ထူကြရလေသည်။

ဘီလူးချောင်း လျှပ်စစ်လုပ်ငန်းကြီးကား မြန်မာ့သမိုင်းတွင် သစ်ဆန်းသော ကဏ္ဍတစ်ခု ဖွင့်ရသည့်အလွန်ကြီးကျယ်သော လုပ်ငန်းကြီးဖြစ်သည်။ နိုင်ငံနှင့် အဝန်းချီ၍ အသုံးပြုနိုင်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးရမည့် လုပ်ငန်းကြီးလည်း ဖြစ်သည်။ လုပ်ငန်းကြီး စတင်ရမည့် ဒေသကား တောကြိုအုံကြား လမ်းပန်း အဆက်အသွယ်ကောင်း ရစေဖို့လမ်းများ ဖောက်ကြရသည်။ လမ်းများကို တော်ရုံသဖြင့် ဖောက်ကြရသည် မဟုတ်ချေ။ တန် ၆ဝ ဝန်ပါ ယာဉ်များ ရာသီမရွေး သွားလာနိုင်သော လမ်းများ ဖောက်ရသည်။ ထို့ပြင် မြေမျက်နှာပြင် ပြေပြစ် ညီညွတ်သော ဒေသများလည်း မဟုတ်သဖြင့် ခဲယဉ်းပင်ပန်းလှစွာ တောင်များကို ဖြို၍လည်းကောင်း၊ ဖောက်၍လည်းကောင်း လမ်းများကို ဖောက်လုပ်ခဲ့ကြရလေသည်။ လွိုင်ကော်မှ လောပိတသို့၁၂ မိုင်ခန့်ဝေး၍၊ လှည်းလမ်းကြောင်းမျှသာ ရှိခဲ့ရာ၊ ကားလမ်းကို ခက်ခက်ခဲခဲ ဖောက်လုပ်ကြရသည်။ ရေအားလျှပ်စစ် လုပ်ငန်းများကို ရေတံခွန်းများရှိရာ အရပ်၌ လုပ်ကိုင်ကြရလေရာ၊ မြန်မာနိုင်ငံသာမဟုတ်၊ မည်သည့်နိုင်ငံ၌မဆို ယင်းသို့ပင် ခဲခဲယဉ်းယဉ် တည်ဆောက်လုပ်ကိုင်ကြရသည်။ လောပိတရေတံခွန်သည် ပင်လယ်ရေပြင်ထက် အမြင့် ၂၆၂၅ ပေ၌ရှိ၍ စက်ရုံသည် ချိုင့်ဝှမ်း၌ တည်ရမည်ဖြစ် ရာ၊ ပေ ၁၅ဝဝ ခန့်နိမ့်ဆင်းရသည်။ ထိုပေ ၁၅ဝဝ ခန့်ကို တတ်နိုင်သမျှ ပြေဆင်းရန် တောင်များကို ထွင်း၍ လမ်းဖောက်ကြရသည်။

လောပိတ ရေတံခွန်မှ စက်ရုံသို့၆ မိုင်ခန့်ရှိ၍၊ လွိုင်ကော်မှ ​လောပိတသို့၁၂ မိုင်ရှိရာ၊ စုစုပေါင်း ၁၈ မိုင်ခန့်ရှည်လျားသော လမ်းကို ဖောက်ကြရလေသည်။ ထို့ပြင် အောင်ပန်း-လွိုင်ကော် ကားလမ်းကိုလည်း ဖောက်ကြရသည်။ အောင်ပန်းမြို့သည် သာစည်မှ ​ရွှေညောင်သို့ခွဲထွက်သော ရထားလမ်းမြို့ဖြစ်သည်။ ရေအားလျှပ်စစ်လုပ်ငန်းအတွက် ရန်ကုန်မြို့မှ တင်ပို့သော ပစ္စည်းများကို ထိုမြို့မှတစ်ဆင့် ​လောပိတသို့ပို့ရန် လွယ်ကူသည်။ ထို့ကြောင့် အောင်ပန်းမြို့ကို လောပိတအတွက် ပစ္စည်းများ ထိန်းသိမ်း၍ တစ်ဆင့် တင်ပို့ပေးရမည့် မြို့အဖြစ် သတ်မှတ်သည်။ ထိုမြို့တွင် ပစ္စည်းများ လောပီတသို့မပို့မီ သိုလှောင်ရာဌာနများ အကြီးအကျယ် ဆောက်လုပ်ရသည်။ အောင်ပန်း-လွိုင်ကော် ကားလမ်းသည် လောပိတ လုပ်ငန်းအတွက် အရေးပါလာသည်။ ယခင်က လမ်းဟောင်း ရှိခဲ့သော်လည်း တန်ချိန် ၆ဝ ဝန်ပါသော ယာဉ်၊ ပေ ၃ဝ အရှည်ရှိသောယာဉ်များ သွားလာနိုင်အောင် ပြုပြင်ရသည်။ အောင်ပန်း-လွိုင်ကော် လမ်းသည် ၁ဝ၂ မိုင်ရှည်သည်။ ထိုကားလမ်းသည် ခရီးတစ်လျှောက်တွင် ဘီလူးချောင်းကို မိုးဗြဲတွင်တစ်ခါ၊ လွိုင်ကော်တွင် တစ်ခါ၊ နှစ်နေရာ၌ ဖြတ်ရလေရာ၊ တန်ချိန်များစွာ လေးသော ယာဉ်များကူးသန်းနိုင်ရန် တံတားကြီးများ ဆောက်လုပ်ရသည်။ လွိုင်ကော်တံတားသည် ပေ ၂၅ဝ ကျော်၊ မိုးဗြဲတံတားသည် ပေ ၃ဝဝ ကျော်ရှည်သည်။ ထို့အပြင် အခြားတံတားငယ်များ၊ ရိုးဖြတ်တံတား၊ ပေါင်းကူးတံတားများလည်း ရှိသေးရာ၊ ဝန်လေးယာဉ်၏ ဒဏ်ကို ခံနိုင်အောင် ပြုပြင်ရသော တံတားပေါင်း ၄၆ ခု ဆောက်လုပ်ရသည်။ အောင်ပန်း-လွိုင်ကော် ကားလမ်းအပြင်၊ တောင်ငူ-လွိုင်ကော် ကားလမ်းကိုလည်း ဖောက်လုပ်ရသည်။ အောင်ပန်း-လွိုင်ကော် ကားလမ်းသည် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းချိန်အတွင်း ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသကဲ့သို့၊ တောင်ငူ-လွိုင်ကော် ကားလမ်းသည် လုပ်ငန်းပြီးစီး၍ လုပ်ငန်း ကို ထိန်းသိမ်းကြသောအခါ အထူးအသုံးဝင်မည့် လမ်းဖြစ်သည်။ လုပ်ငန်းပြီးသည့် နောက်ပိုင်း ဓာတ်ကြိုးလိုင်းကြီးများ ထိန်းသိမ်းစောင့်ရှောက်ရာ၌ လည်းကောင်း၊ ရန်ကုန်သို့ဓာတ်ကြိုး ဆွဲရာ၌လည်းကောင်း များစွာ အသုံး ဝင်မည့် လမ်းဖြစ်သည်။ ထိုကားလမ်းသည်လည်း လွယ်ကူစွာ ဖောက်လုပ်ရသည် မဟုတ်ပေ။ တောတောင်လျှို မြောင်အထပ်ထပ်ကို ဖြတ်ကျော်ဖောက်လုပ်ရ၍ ၁၃၈ မိုင်ကျော် ရှည်လျားသည်။ တံတားငယ်၊ ပေါင်းကူးတံတားများလည်း ဆောက်လုပ်ရ၍ သံတံတားတိုပေါင်း ၄၉၃စင်း ဆောက်လုပ်ရလေသည်။ လမ်းပန်း ဖောက်လုပ်ရေးအတွက် တိုင်းနှစ်တိုင်းခွဲ၍ ဆောင်ရွက်ရပြီးလျှင် တိုင်းနှစ်တိုင်းအတွက် အင်ဂျင်နီယာနှင့် ကျွမ်းကျင်သူ ၁၈ဝ၊ အလုပ် သမား ၁၁ဝဝ ခန့်ကို အသုံးပြုကြရသည်။ ကုန်ကျစရိတ်မှာ တစ်ကု​ဋေခန့် ဖြစ်လေသည်။

ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်ရန် ၁၉၅၄ ခုနှစ် အောက်တိုဘာလ၌နိုင်ငံတော် အစိုးရက အမိန့်ပေးခဲ့သည်။ ထိုစီမံကိန်းကို အကောင်အထည်ဖော်ရေးသည် အလွန်ပင် တာဝန်ကြီးလေးလှသည်။ မြန်မာနိုင်ငံ သမိုင်း၌ မကြုံစဖူးသော တည်ဆောက်ရေး လုပ်ငန်းကြီးဖြစ်၍ မြန်မာနိုင်ငံသည် စက်မှုနိုင်ငံအဖြစ် အစပျိုးနေချိန်မျှသာ ဖြစ်သည်။ ဘီလူးချောင်း လျှပ်စစ်စီမံကိန်းကဲ့သို့ကြီးကျယ်သော စီမံကိန်းကြီးမျိုးအတွက် မြန်မာတိုင်းရင်းသား အင်ဂျင်နီယာကြီးများတွင် လက်တွေ့ဗဟုသုတမရှိသေးပေ။ ထို့ကြောင့် ဂျပန်နိုင်ငံမှ နိပွန်ကို အီအကြံပေး အင်ဂျင်နီယာအဖွဲ့နှင့် ကဂျီးမား ဆောက်လုပ်ရေး ကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။ နိပွန်ကို အီအကြံပေး အင်ဂျင်နီယာအဖွဲ့၏ တာဝန်သည် စီမံကိန်းအတွက် လိုအပ်သော စမ်းသပ်တိုင်းထွားမှုများ ပြုလုပ် ရန်၊ ပုံစံများ ရေးဆွဲရန်နှင့် တည်ဆောက်ရေးတွင် ဆောင်ရွက်ရန် ဖြစ်သည်။ ကဂျီးမား ဆောက်လုပ်ရေးကုမ္ပဏီ၏ တာဝန်သည် အကြမ်းအားဖြင့် စီမံကိန်းဆောင်ရွက်ရေးအတွက် လိုအပ်သော ဂျပန်အင်ဂျင်နီယာများနှင့် တတ်ကျွမ်းသူ ပညာသည် ၁၈ဝ ခန့်ကို ရှာဖွေစုဆောင်းပြီးသော် ရေအားလျှပ်စစ်လုပ်ငန်း တည်ဆောက်ရေး အတွက် တာဝန်ယူ လုပ်ကိုင်ရန် ဖြစ်လေသည်။

ထိုအဖွဲ့နှစ်ဖွဲ့လုံးသည် တိုင်းရင်းသား ရေအားလျှပ်စစ်ဌာန ရာထမ်းမှုထမ်းများကို သင်ကြားပြသယင်း၊ ယင်းတို့နှင့် ပူးတွဲ၍ လုပ်ငန်းများကို ဆောင်ရွက်စေသည်။ အချို့တိုင်းရင်းသား အင်ဂျင်နီယာများကို ဘောပီတ လုပ်ငန်းအတွက် ဂျပန်နိုင်ငံသို့စေလွှတ်သင်ကြား ဆည်းပူးစေရသည်။ ဂျပန်များသည် အရှေ့နိုင်ငံများအနက် ထိပ်တန်းစက်မှုနိုင်ငံ ထူထောင်ခဲ့သူများ ဖြစ်သည်တစ်ကြောင်း၊ ဂျပန်မှ စစ်လျော်ကြေးဖြင့် စက်ပစ္စည်းများ ဝယ်ယူနိုင်ခြင်းကြောင့် တစ်ကြောင်း ဆန်ပေးဆေးယူပြုခဲ့ရခြင်းဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းအတွက် စက်ပစ္စည်း ထုကြီးထည်ကြီးများကို အများအားဖြင့် ဂျပန်နိုင်ငံမှ တင်ဒါစံနစ်ဖြင့် ဝယ်ယူသည်။ ထိုပစ္စည်းများ၏ တန်ဖိုးငွေများကို လည်းကောင်း၊ ရေအားလျှပ်စစ်စီမံကိန်းအတွင် ငှားရမ်းသော ဂျပန်အင်ဂျင်နီယာနှင့် တတ်ကျွမ်း သူများအတွက် ငှားရမ်းခငွေများကို လည်းကောင်း မြန်မာနိုင်ငံ အစိုးရက ဂျပန်နိုင်ငံ အစိုးရထံမှ ရရန်ရှိသော စစ် လျော်ကြေးမှ ခုနှိမ် ရှင်းလင်းရလေသည်။

လောပီတ၌ ရေအားလျှပ်စစ် ထုတ်ယူပုံမှာ ဤသို့တည်း။ ဘီလူးချောင်းသည် လောပီတဖြတ်၍ စီးဆင်း နေသည်ကို ကြားဖြတ်၍ လမ်းပြောင်းလွှဲကာ ရေအားကို စေခိုင်းပြီးမှ ပြန်လည် စီးဆင်းစေခြင်းသည် အခြေခံ ဖြစ်သည်။ ထို့ကြောင့် ရေတံခွန်၏ အထက်ဘက် ၃ မိုင်ခန့်နေရာ၌ ရေတံခါးတစ်ခု ကန့်လန့်ဖြတ် တည်ဆောက် ကာဆီး၍၊ ချောင်းရေကို ထိုနေရာ၏ အောက်ဘက် ၂ မိုင် အကွာရှိ ရေလှောင်ကန်ထဲသို့ကန်ကရစ် ရေသွယ် မြောင်းဖြင့် သွယ်ယူသည်။ ရေလှောင်ကန်၏ အကျယ်အဝန်းသည် အလျား ပေ ၉ဝဝ ခန့်၊ အနံပေ ၃၆ဝ ခန့်၊ အနက် ၁၂ ပေခန့်ဖြစ်၍ နေ့စဉ် ရေဂါလန် ၁၉ သန်းခန့်ကို သိုလှောင်ထားပြီးသော် ဓာတ်အား အသုံးအများဆုံး အချိန်တွင် ရဟတ်များ လည်နိုင်စေရန်အတွက် လိုအပ်သော ရေများကို ပေးသွင်းရန် ဖြစ်လေသည်။

ထိုရေကန်မှ တစ်ဆင့် ရေများကို အချင်း ၁၄ ပေရှိ ကန်ကရစ်ပိုက်ဖြင့် လည်းကောင်း၊ အချင်း ၉ ပေရှိ သံမဏိပိုက်ဖြင့် လည်းကောင်း အဆင့်ဆင့် တောင်ထိပ်သို့သွယ်ယူပြီးလျှင် ယင်းမှတစ်ဖန် ပေ ၁၄ဝဝ ခန့်နိမ့်သော တောင် အောက်သို့ ၃ လက်မခန့်ထူသော သံမဏိရေပြွန်ဖြင့် သွယ်ယူပြန်ကာ၊ ဓာတ်အားပေးစက်ရုံကြီး အတွင်းရှိ မြင်းကောင်ရေ ၄ဝ ဝဝဝ စီအားရှိသော စက်ကြီး ၃ လုံးကို လည်စေရန် ဖြစ်သည်။ သံမဏိရေသွင်း လမ်းသည် တောင်အောက်သို့ထိုးစိုက်ဆင်းသွားရသဖြင့်၊ ရေရဟတ်ခွက်ကြီးများဖြင့် ဆက်ထားသော စက်ကြီး ၃ လုံးသည် ရဟတ်ခွက်ကြီးများထဲသို့ရေတိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ခွက်ဘီးကြီးများ လည်တော့သည်။ ထိုအခါ ဂျင်နရေတာများလည်း လည်လေရာ၊ ယင်းသို့ဖြင့် အလိုရှိသော လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်ရရှိစေသည်။

ဓာတ်အားပေး စက်ရုံကြီးသည် အလျားပေ ၃၈ဝ၊ အနံပေ ၁ဝဝ ခန့်ရှိ၍ လေးထောင့်ခပ်လျားလျား ပုံသဏ္ဌာန်ရှိသည်။ စက်ရုံကြီးအတွင်း၌ တစ်လုံးလျှင် ကီလိုဝပ် ၂၈ ဝဝဝ ဓာတ်အား ထုတ်နိုင်သော စက်ကြီး ၃ လုံး တပ်ဆင်ထားသည်။ ထို့ကြောင့် စုစုပေါင်း ဓာတ်အား ကီလိုဝပ်ပေါင်း ၈၄ ဝဝဝ ကို ထုတ်နိုင်သည်။ နောင် အခါ ထိုစက်မျိုး နောက်ထပ် ၃ လုံး တပ်ဆင်နိုင်ရန် နေရာများ အဆင်သင့် ပြုလုပ်ထားလေသည်။ စက်ရုံအတွင်းမှ ထုတ်လုပ်သော ဓာတ်အားသည် ဖြန့်ဖြူးစင်တိုင်များမှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ဖြန့်ဖြူးရသည်။ စက်ရုံးအတွင်းမှ ဓာတ်အားများကို ထရန်စဖောမားခေါ် ဓာတ်အားပြောင်း ကိရိယာဖြင့် ထိုစင် တိုင်ကြီးများသို့ဓာတ်အားပြောင်းပေးရသည်။ ထိုစင်တိုင်ကြီးများမှ ဓာတ်အားဖြန့်ဖြူးရန် ဓာတ်ကြိုးလိုင်းများ သွယ်ရန်အတွက် ဓာတ်လိုင်များ စိုက်ထူ သွယ်တန်းယူရလေသည်။

လောပီတမှ ရန်ကုန်သို့ဓာတ်အားပို့ရန် ဓာတ်တိုင်ပေါင်း ၁၁၅၅ တိုင် စိုက်ထူရပြီးလျှင်၊ မိုင် ၂၅ဝ ကျော်ရှည်သည်။ ရန်ကုန်သို့ဓာတ်အားပို့ရန် စက်ရုံခွဲကြီးတစ်ခုကို တောင်ငူ၌ ထားရှိရမည် ဖြစ်သော်လည်း ဆောက်လုပ် မပြီးစီးသေး၍ လှော်ကား၌ စက်ရုံခွဲတစ်ခု ထားရှိရမည်။ လှော်ကား စက်ရုံခွဲသည် လောပီတမှ ဓာတ်အားကို ရယူပြီးလျှင် ရန်ကုန်မြို့တွင်းသို့မရမ်းကုန်းတလိုင်း၊ ရွာမတလိုင်းအားဖြင့် ပို့ပေးသည်။ ထို့ပြင် လှော်ကားစက်ရုံခွဲမှ ပဲခူးသို့ပါ ပို့ပြီးလျှင် ပဲခူးမှတစ်ဆင့် ပြည်ဘက်သို့လည်း ဓာတ်အားပို့ရလေသည်။ ရန်ကုန်သို့ဓာတ်အားပို့သော လုပ်ငန်းကို ဂျပန်ကုမ္ပဏီ နီးချီးမင်းက ကန်ထရိုက်ရသည်။ ထိုကုမ္ပဏီက တစ်ဖန် ကန်ထရိုက်ပေးပြန်၍၊ ကန်ထရိုက်များက ဓာတ်အားလိုင်းကို အပြီးအစီး ဆောင်ရွက်ကြရပြီးလျှင် နီးချီးမင်း ကုမ္ပဏီက စစ်ဆေးကြပ်မတ်သည်။ လျှပ်စစ်အဖွဲ့ကလည်း သေချာစွာ စစ်ဆေးကြပ်မတ်ပြီးမှ လက်ခံရမည်ဖြစ်၍ ကန်ထရိုက်များနှင့် လျှပ်စစ်အဖွဲ့သားတို့တွဲဖက် ဆောင်ရွက်ကြရလေသည်။

လောပီတ လုပ်ငန်းကြီးကို ၁၉၅၉ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကစ၍ အတော်အတန် စတင်စမ်းသပ်ကြည့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စက်ကြီးကို ပထမဆုံး ရေးသွင်း၍ လှည့်လည်စမ်းသပ်ကြည့်သည်။ ထိုရက်ပိုင်းမှစ၍ စက်ကြီးများကို တစ်လုံးပြီး တစ်လုံး စက်မှုပညာဘက်မှ လည်းကောင်း၊ လျှပ်စစ် ပညာဘက်မှ လည်းကောင်း အမျိုးမျိုး စမ်းသပ်စစ်ဆေးကြသည်။ ထို့နောက် ဓာတ်အားကို အမျိုးမျိုး ထုတ်လုပ် စမ်းသပ်ကြည့်သည်။ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်မှ ရန်ကုန်လှော်ကား စက်ရုံခွဲကြီးသို့ဓာတ်အားပို့လွှတ်ကြည့်ရာ၊ အောင်မြင်သည်ကို တွေ့ရသည်။ ထိုနောက်လည်း နေ့စဉ် ရက်ဆက် ရန်ကုန်သို့ဓာတ်အား ပို့၍ အမျိုးမျိုး စမ်းသပ်ရသည်။ အဆင်သင့် ဖြစ်နေသောအခါ ဓာတ်အားကို တရားဝင် လွှတ်နိုင်ရန် အမေရိကန် အင်ဂျင်နီယာများကို ငှာရမ်းစစ်ဆေးစေရပြန်သည်။ အလွန်အရေးကြီး၍ အလွန်အဖိုးတန်သော လုပ်ငန်းကြီး ဖြစ်သဖြင့် အစစအရာရာ စိတ်ချလောက်အောင် ဖြစ်စေရန် အတန်တန် စမ်းသပ် စစ်ဆေးရခြင်း ဖြစ်လေသည်။

စမ်းသပ်စစ်ဆေးမှုများ အောင်မြင်သောကြောင့် ၁၉၆ဝ ပြည့်နှစ် ဧပြီလတွင် လောပီတမှ ဓာတ်အား ရန်ကုန်သို့ တရားဝင် ပို့လွှတ်ခြင်းကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့လေသည်။ ရန်ကုန်သို့ပို့လွှတ်နိုင်သည်နှင့် တစ်ပြိုင်နက် ရန်ကုန်တစ်ဝိုက်၊ ပဲခူးတစ်ဝိုက်၊ ပြည်တစ်ဝိုက်တို့သို့ပါ ဓာတ်အား ရောက်ရှိခဲ့၍ ထိုဒေသများတွင် လောပီတမှ လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ကြပေပြီ။ လောပီတ ရေအားလျှပ်စစ်ဟူ၍ ပို၍ လူသိများနေသော ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြီးသည် ရန်ကုန်သို့ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပြီးစီးကာမျှဖြင့် လုံးဝဥဿုံ ဆုံးခန်းတိုင်ရောက်သည် မဟုတ်သေးချေ။ မြန်မာတစ်နိုင်ငံလုံးသို့ဓာတ်အားဖြန့်ဖြူးရန် လုပ်ငန်းများ ကျန်ပေသေးသည်။ လောပီတမှ ရန်ကုန်သို့ဓာတ်အား ပို့လွှတ်ရာတွင် တောင်ငူ၌ စက်ရုံခွဲကြီးမှ တစ်ဆင့် ပို့လွှတ်ရမည် ဖြစ်ရာ၊ တောင်ငူစက်ရုံခွဲကြီးကို ဆောက်လုပ်နေဆဲ ဖြစ်သည်။ လောပီတမှ ရန်ကုန်သို့ဓာတ်အားပို့သော ဓာတ်အားလိုင်းများကို တောင်ပိုင်းလမ်းဓာတ်အားလိုင်းဟု ခေါ်သည်။ ရန်ကုန်သည် အရေးကြီးဆုံး ဖြစ်ပြီးလျှင် ဝင်ငွေအကောင်းဆုံး ဖြစ်သဖြင့် ရန်ကုန်ဓာတ်အားလိုင်းကို ဦးဆုံးဆွဲရခြင်း ဖြစ်လေသည်။

မြောက်ပိုင်း လမ်းသို့ဓာတ်အားပို့သည့်အခါ လောပီတမှ ထုတ်သည့် ဓာတ်အားကို စက်ရုံခွဲ ၅ ရုံသို့ပို့လွှတ်ရမည် ဖြစ်သည်။ ထိုစက်ရုံခွဲ ၅ ရုံတို့မှာ ကလော၊ မိတ္ထီလာ၊ မန္တလေး၊ တောင်ကြီးနှင့် ရပ်စောက်တို့၌ ဆောက်လုပ်ရမည်။ ထိုဓာတ်အားလိုင်း တစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်တို့သည် လောပီတ ဓာတ်အားကို ၁၉၆၂ ခုနှစ်ခန့်တွင် ရရှိနိုင်ကြလိမ့်မည်ဟု ခန့်မှန်းရလေသည်။ ယခုလောပီတမှ ထုတ်လွှတ်နေသော ဓာတ်အားသည် ကီလိုဝပ် ၈၄ ဝဝဝ သာ ထုတ်လွှတ်နေသေးသည်။ စင်စစ်လောပီတ စက်ရုံး၏ ထုတ်လုပ်နိုင်သော အင်အားသည် ၁၆၈ ဝဝဝ ကီလိုဝပ် ဖြစ်ရာ တစ်ဝက်တိတိ လိုသေးသည်။ ထိုတစ်ဝက်လိုနေသေးသော အင်အားကို နောက်စက်ကြီး ၃ လုံးထိုင်ပြီးလျှင် ထုတ်လွှတ်နိုင်မည် ဖြစ်ပေသည်။

ဘီလူးချောင်း၏ ရေအင်အားသည် တစ်နှစ်ပတ်လုံး မတူညီချေ။ ရေ၏ အင်အားသည် မိုးတွင်း၌ အလွန် ပိုနေပြီးသော် နွေအခါ၌ အသုံးမပြုနိုင်လောက်အောင် နည်းပါးနေလျှင် လုပ်ငန်း ထိခိုက်ဖွယ်ရာရှိသည်။ ထို့ကြောင့် ရေအားနည်းသော အနှောင့်အယှက်မှ လွတ်ကင်းရန် ရေအားများသည့် အချိန်တွင် ရေကို သိုလှောင်ထားရန် ရေလှောင်ကန်ကြီး တည်ဆောက်ရမည့် စီမံကိန်းရှိသည်။ ထိုရေလှောင်ကန်ကြီးကို လွိုင်ကော်နှင့် ၂၅ မိုင်ခန့်ဝေးသော မိုးဗြဲအရပ်၌ တည်ဆောက်ရန် တိုင်းထွာစစ်ဆေးပြီး၍ ၁၉၆၂ ခုနှစ်ခန့်တွင် အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ခန့်မှန်းရပေသည်။ ထို့ပြင် ဘီလူးချောင်းလျှပ်စစ်စီမံကိန်းအရ၊ စက်ရုံအမှတ် (၁) နှင့် အမှတ် (၂) တို့ကို ဆောက်လုပ်ရန် နေရာအသင့်ပြင်ပြီး ဖြစ်သည်။ စက်ရုံအမှတ် (၁) မှ ဓာတ်အား ကီလိုဝပ် ၂၄ဝဝဝ ထုတ်လုပ်နိုင်၍ စက်ရုံအမှတ် (၃) မှ ဓာတ်အားကီလိုဝပ် ၄၈ဝဝဝ ထုတ်လုပ်နိုင်မည်ဟု သိရှိရလေသည်။ အထက်တွင် ဆိုခဲ့သော လုပ်ငန်းများ ပြီးစီးအောင်မြင်ခဲ့ပါလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ရေအား လျှပ်စစ်ကိုဈေးနှုန်း သက်သာစွာနှင့် ဖောဖောသီသီ ဖြန့်ဖြူးနိုင်ပေလိမ့်မည်။

လောပီတအမည်ရှိသော အရပ်သည် ယခင်က လှည်းလမ်းကြမ်းကလေးသာ ရှိခဲ့သော အရပ်ဖြစ်သည်။ ဘီလူးချောင်း လျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လာသောအခါ လောပီတသည် ကြီးကျယ်စည်ကားသော လုပ်ငန်း မြို့ကြီးတစ်မြို့နှင့် တူလာခဲ့၍၊ လူဦးရေ ၇ဝဝဝ ခန့်ပင် ရှိခဲ့သည်။ လောပီတတွင် လည်းကောင်း၊ လောပီတအနီးရှိ တောဓလေ့တွင် လည်းကောင်း လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ အရာထမ်း အမှုထမ်း အလုပ်သမားများ၏ နေအိမ်တန်းလျား စသည်တို့ဖြင့် သိုက်မြိုက်ခမ်းနားစွာ ရှိနေခဲ့၍၊ ကယားမြို့တော် လွိုင်ကော်နှင့်ပင် ပခုံးချင်း ယှဉ်နိုင်အောင် နေ့ချင်းညချင်း ကြီးပွားလာခဲ့သည်။ သို့သော် လုပ်ငန်းကြီး ပြီးစီးခဲ့လျှင်၊ ထိန်းသိမ်းရန် အရာထမ်း အမှုထမ်း ၁၅ဝ ခန့်သာ လောပီတ၌ ရှိနေပေလိမ့်မည်။ မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသော လုပ်ငန်းကြီး တစ်ခု ကို ဆောင်ရွက်နေရသော ဌာနဖြစ်၍ နေ့ချင်းညချင်း ကြီးပွားလာခဲ့ခြင်း ဖြစ်ပေသည်။

ဘီလူးချောင်း လျှပ်စစ်စီမံကိန်းသည် ကယားပြည်နယ်တွင်ရှိ၍ ကယားပြည်နယ်အတွက် ဂုဏ်ယူစရာ ပြည်နယ်၏ ကျက်သရေဆောင်သကဲ့သို့ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကျက်သရေဆောင် လုပ်ငန်းကြီးလည်း ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ စီမံကိန်းပေါင်းများစွာအနက် အရေးကြီးဆုံး အရာအထင်ဆုံး လုပ်ငန်းကြီးလည်း ဖြစ်သည်။ ထိုလုပ်ငန်းကြီးကို လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အုပ်ချုပ်လျက်ရှိသည်။ ရန်ကုန်အထိ ဓာတ်အလားလွှဲနိုင်ရန် ၁၉၅၄ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ၇ နှစ်ကျော်ကြာခဲ့ပြီးသော် ခန့်မှန်းခြေ ငွေကျပ်ပေါင်း ၂၆ ကု‌ဋေခန့်ကုန်ကျ၍ တည်ဆောက်လုပ်ကိုင်ရာတွင် အရာထမ်းအမှုထမ်းနှင့် အလုပ်သမားပေါင်း ၇ဝဝဝ ကျော်ကို အသုံးပြုခဲ့ရလေသည်။

History Source: Wikipedia
Video: Htun Win

Exciting news for the petroleum industry in Myanmar! Z Energy Myanmar is planning to conduct technical training for the ...
05/01/2024

Exciting news for the petroleum industry in Myanmar! Z Energy Myanmar is planning to conduct technical training for the downstream sector of the country's petroleum operations. This initiative aims to make operations more systematic and efficient, ultimately leading to improved management and performance.

With the rapid growth of the petroleum industry in Myanmar, it is crucial to ensure that operations are conducted with the highest level of expertise and professionalism. This training program will provide employees with the necessary skills and knowledge to excel in their roles and contribute to the success of the company.

We are thrilled to see Z Energy Myanmar taking proactive steps to invest in the development of its workforce and enhance the overall operations of the downstream sector. This initiative is a testament to their commitment to excellence and continuous improvement.

We look forward to seeing the positive impact of this training program on the petroleum industry in Myanmar and the continued success of Z Energy Myanmar. Cheers to a brighter future for the industry!

Given the cost of electricity and the relatively low levels of electrification in Myanmar, it seems unlikely that electr...
16/02/2023

Given the cost of electricity and the relatively low levels of electrification in Myanmar, it seems unlikely that electric vehicles (EVs) will be commercially popular in Myanmar. EVs are typically more expensive to purchase than conventional gasoline-powered cars, so it is difficult to see how they would be an attractive option financially in the current market. Additionally, the limited infrastructure in Myanmar, such as the low percentage of electrification and the lack of charging stations, would make it difficult for EV owners to take advantage of their vehicles.

Z Energy Myanmar
Environment, Energy & Power Experts

Climate change could affect power generation and distribution as the number of very hot days rise. Hydropower is a main ...
17/01/2023

Climate change could affect power generation and distribution as the number of very hot days rise. Hydropower is a main source of renewable energy for Myanmar, may suffer from prolonged and unpredictable periods of drought, and intense rainfall.Consequently, developing an appropriate energy generation mix is crucial, including carefully managing the balance between renewable and non-renewable sources. Currently, 54 percent of the population have access to electricity in Myanmar. Roughly, 5M households are in need of electricity.Myanmar’s energy needs are largely met with hydropower, but the environmental, geopolitical and social costs are now growing concerns for the country. Solar energy is said to be one of the most eco-friendly energy generation sources – despite some its flaws such as a decrease in solar radiance by 50% during the rainy season, However, solar energy has the potential to help Myanmar on its journey to a greener future and to electrify the entire country by 2030.

Facts by: The ASEAN Post, Asia development bank and Myanmar Government.

Nowadays, power generation from renewable sources is the most effective way to alleviate environmental problems, such as...
16/01/2023

Nowadays, power generation from renewable sources is the most effective way to alleviate environmental problems, such as air pollution and global warming. Since Myanmar is a country rich in natural resources, it can be applied to create an abundant supply of renewable energy through solar farming. This can be done by carrying out research on how many solar panels are needed to meet all our needs, then establishing a system that makes sure that all of the available land is put to good use. We also have to ensure that anyone who lives close to these farms gets jobs as well as they can support themselves and their families one day.

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ အားလုံးစိတ်အေးချမ်းသာမှုရရှိကြပါစေ။ စီးပွားဥစ္စာဒီရေအလား တိုးတက်ပြီး မြဲမြံကြပါစေ။
17/04/2022

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ အားလုံးစိတ်အေးချမ်းသာမှုရရှိကြပါစေ။ စီးပွားဥစ္စာဒီရေအလား တိုးတက်ပြီး မြဲမြံကြပါစေ။

Address

Yadanarpon 3rd Street
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959954067677

Alerts

Be the first to know and let us send you an email when Zenergy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zenergy:

Share

Category