08/08/2026
“အိမ်ဆောက်ဖို့ စျေးလာမေးတဲ့သူတိုင်းကို အလုပ်အပ်မယ့် Customer လို့ ကျွန်တော်တို့ မမြင်ပါဘူး…”
အိမ်ဆောက်ဖို့ လာတိုင်ပင်တဲ့အခါ
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က
စာချုပ်တစ်စောင်ရဖို့ထက်…
အိမ်ရှင်တစ်ယောက်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချနိုင်အောင် ကူညီပေးဖို့က ပိုအရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့…
အိမ်တစ်လုံးဆောက်တာက
နေ့တိုင်းလုပ်ပြီး ပြန်ပြင်လို့ရတဲ့အရာ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ငွေတွေ၊
မိသားစုရဲ့ အိပ်မက်တွေ၊
ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့ ဆောက်တာပါ။
ဒါကြောင့်
“ဒီအိမ်ကို ဘယ်လိုဆောက်ရင် ပိုကောင်းမလဲ?”
“ဘယ်နေရာမှာ ငွေကို ချွေတာသင့်လဲ?”
“ဘယ်နေရာမှာတော့ ငွေမချွေတာသင့်ဘူးလဲ?”
ဆိုတာတွေကို ကျွန်တော်တို့မှာရှိတဲ့ ပညာနဲ့ လက်တွေ့အတွေ့အကြုံပေါ်ကနေ
တတ်နိုင်သလောက် ရိုးရိုးသားသား အကြံပေးပါတယ်။
ကျွန်တော်က Marketing သမားတစ်ယောက်လို
စကားအရမ်းချိုချိုပြောတတ်တဲ့သူတော့ မဟုတ်ပါဘူး။
ပြီးတော့ Site တွေမှာ ကိုယ်တိုင်လုပ်ငန်းခွင်ကြီးကြပ်နေရတာဆိုတော့
စျေးလာမေးတဲ့သူတိုင်းကို
ဖုန်းတောက်လျှောက်ဆက်ပြီး Follow-up လိုက်နေဖို့လည်း အချိန်မရပါဘူး။
ဒါပေမယ့်…
“အလုပ်အပ်ရင် Customer၊ မအပ်ရင် မဆိုင်တော့ဘူး”
ဆိုတဲ့စိတ်နဲ့တော့ ဘယ်တော့မှ မဆက်ဆံပါဘူး။
လာတိုင်ပင်တဲ့ အိမ်ရှင်တစ်ယောက်ကို
Customer တစ်ယောက်ထက်ပိုပြီး
ကိုယ့်ညီအစ်ကို မောင်နှမတစ်ယောက်လိုပဲ မြင်ပါတယ်။
အဲဒီအတွက်
မလိုအပ်တာကို မလိုအပ်ဘူးလို့ ပြောမယ်။
သင့်တော်တာကို သင့်တော်တယ်လို့ ပြောမယ်။
ငွေသုံးသင့်တဲ့နေရာမှာ သုံးဖို့ ပြောမယ်။
ငွေမကုန်သင့်တဲ့နေရာမှာလည်း မကုန်အောင် ပြောမယ်။
ပြီးတော့ အရေးကြီးဆုံးက…
လာတိုင်ပင်တာနဲ့ ကျွန်တော်တို့ကို အလုပ်အပ်ရမယ်ဆိုတဲ့ ဖိအား လုံးဝမရှိပါဘူး။
အရင်ဆုံး သိချင်တာမေးပါ။
နားမလည်တာဆွေးနွေးပါ။
ကိုယ့်အတွက် သင့်တော်မသင့်တော် ချိန်ဆပါ။
ပြီးမှ ဆုံးဖြတ်ပါ။
အလုပ်အပ်တာ မအပ်တာထက်
ကိုယ့်အိမ်ကို ကိုယ်မှန်မှန်ကန်ကန် ဆောက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
ဒါကြောင့် အိမ်ဆောက်ဖို့ စဉ်းစားနေပြီဆိုရင်
“အလုပ်အပ်ဖို့” မဟုတ်ဘဲ
“အရင်တိုင်ပင်ကြည့်မယ်” ဆိုတဲ့စိတ်နဲ့ လာခဲ့လို့ရပါတယ်။
April Construction မှာ
ကိုယ့်အိမ်ဆောက်မယ့်အကြောင်းကို
ညီအစ်ကိုမောင်နှမတွေလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ်။
အိမ်တစ်လုံးက ကျွန်တော်တို့အတွက်
အလုပ်တစ်ခုမဟုတ်ပါဘူး…
အိမ်ရှင်တစ်ယောက်ရဲ့ အိပ်မက်တစ်ခုပါ။ 🏗️
အဲဒီအိပ်မက်ကို တတ်နိုင်သလောက်
မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပေးချင်တာပါ။
April Construction Service Co., Ltd.
မြန်ရမယ် • မှန်ရမယ် • တန်ရမယ်