United Tetra Masters

United Tetra Masters Design and Construction

01/02/2026

အကျဉ်းချုပ်အားဖြင့်

Joint Plain Concrete Pavement (JPCP)

- Dowel bars နှင့် Tie bars များထည့်သွင်းတည်ဆောက်
- Steel mesh များထည့်သွင်းတည်ဆောက်ခြင်းမရှိ
- Transverse contraction joint များပါဝင်
- Low & medium Traffic volume အတွက်သင့်လျော်

အားသာချက်
- Construction နည်းလမ်းရိုးရှင်း
- Initial cost နည်း
- Slab တစ်ချပ်ပျက်ရင် တစ်ချပ်ချင်းဖြုတ်ပြင်နိုင်

အားနည်းချက်
- Transverse joints တွေများလို့ maintenance cost များနိုင်
- Riding quality မကောင်း
- ESAL မြင့်ရင် joint တွေ distress ဖြစ်လွယ်
- Design life ရဖို့ maintenance မဖြစ်မနေလုပ်ဖို့လိုအပ်
- Expressway/ Industrial Road တွေအတွက် မသင့်လျော်



Joint Reinforced Concrete Pavement (JRCP)

- Dowel bars နှင့် Tie bars များထည့်သွင်းတည်ဆောက်
- Steel mesh (area 0.06 – 0.25%) ထည့်သွင်းတည်ဆောက်
- Transverse contraction joint များပါဝင်
- Medium Traffic volume အတွက်သင့်လျော်

အားသာချက်
- Construction နည်းလမ်းရိုးရှင်း
- Initial cost နည်း
- Slab တစ်ချပ်ပျက်ရင် တစ်ချပ်ချင်းဖြုတ်ပြင်နိုင်
- JPCP ထက် slab length ကို ပိုရှည်စွာထားနိုင်တဲ့အတွက် joint အရေအတွက်လျော့နည်းနိုင်
- Steel mesh များပါဝင်တဲ့အတွက် crack များကိုလျော့ချပေးနိုင်/differential settlement ပို ကောင်း/load distribution ပိုကောင်း
- လမ်းပေါ် Unexpected load တက်လာရင်အနည်းငယ်ခံနိုင်


အားနည်းချက်
- Transverse joints တွေများလို့ maintenance cost များနိုင်
- Riding quality မကောင်း
- JPCP ထက် steel cost ပိုများ
- Steel mesh များထည့်ထားသော်လည်း joint များကို ဖြုတ်လို့မရ
- JPCP ထက် maintenance cost အနည်းငယ်သာလျော့နိုင်
- Joint ရှိနေသည့်အတွက် maintenance cost မလွတ်နိုင်
- အခုခေတ် highway design မှာ recommend မလုပ်တော့



Continuously Reinforced Concrete Pavement (CRCP)

- Dowel bars နှင့် Tie bars များထည့်သွင်းတည်ဆောက်
- Steel mesh (area 0.6 – 0.85%) ထည့်သွင်းတည်ဆောက်
- Transverse contraction joint များမပါဝင်
- Heavy Traffic volume အတွက်သင့်လျော်
- AC ကို အပေါ်မှာ တင်ခင်းတဲ့လမ်းမျိုးအတွက် သုံးသင့်

အားသာချက်
- Long-term performance အတွက် အကောင်းဆုံး
- Maintenance cost နည်း
- Heavy traffic တွေအတွက် သင့်တော်
- Joint မရှိ (terminal joint များသာရှိ)
- Cracks တွေကို သေးသေး/အကွာအဝေးညီညီ ထိန်းပေးနိုင်
- ESAL မြင့်တဲ့ Expressway/ Industrial Road တွေအတွက်သင့်တော်
- Joint တွေမရှိတဲ့အတွက် riding quality ကောင်း

အားနည်းချက်
- Initial cost များ
- Design & Construction အရမ်း ဂရုစိုက်ရ
- Punchout ဖြစ်တဲ့အခါ full-depth repair လုပ်ရရင် Repair ခက်ခဲ

Continuously Reinforced Concrete Pavement (CRCP)​CRCP ကို ၁၉၁၇ ခုနှစ်ခန့်မှစပြီး တည်ဆောက် လာခဲ့ကြခြင်းဖြစ်ပါတယ်။ ကွန်ကရစ...
29/01/2026

Continuously Reinforced Concrete Pavement (CRCP)

​CRCP ကို ၁၉၁၇ ခုနှစ်ခန့်မှစပြီး တည်ဆောက်

လာခဲ့ကြခြင်းဖြစ်ပါတယ်။ ကွန်ကရစ် လမ်းတွေ

မှာ Transverse contraction joint များမဖြတ်ချင်

တဲ့အခါ CRCP ကို တည်ဆောက်ကြပါတယ်။

JRCP မှာ dowel bar ၊ tie bar တွေအပြင် steel

mesh များကိုလည်း (area 0.06 – 0.25%) အထိ

ထည့်သွင်းတည်ဆောက်ကြသော်လည်း mid-

panel crack များပေါ်နေတုန်းဖြစ်ပါတယ်။ ဒါ့

ကြောင့် steel mesh များကို area (0.6 – 0.85%)

အထိတိုးပြီးတည်ဆောက်လာခဲ့တဲ့အတွက် CRCP

ပေါ်ပေါက် လာခြင်းဖြစ်ပါတယ်။ CRCP က

JRCP နဲ့ JPCP ထက် initial cost ပိုများပါတယ်။

ဒါပေမယ့် သက်တမ်း အားဖြင့် နှစ် ၃၀ - ၄၀

လောက်ခံတာဖြစ်တဲ့အတွက် maintenance cost

က တော့များစွာ သက်သာမှု ရှိပါ တယ်။ AADT

အလွန်များတဲ့လမ်းတွေအတွက်သုံးသင့်ပါတယ်။

Concrete pavement ပေါ် (AC) တင်ခင်း တဲ့

(composite pavement) လိုနေရာမျိုးမှာ CRCP

ကိုခင်းသင့်ပါတယ်။ CRCP မှာ transverse

contraction joint တွေဖြတ်စရာမလိုတဲ့အတွက်

riding quality မှာလည်းပိုပြီး comfort ဖြစ်စေပါ

တယ်။ ဒါ့အပြင် AC လမ်းတွေမှာဖြစ်ပေါ်တတ်တဲ့

reflection crack များကို လျော့နည်းစေပါတယ်။

အပိုင်း (၂)(၂) Jointed Reinforced Concrete Pavement (JRCP) နှင့်American Concrete Pavement Association (ACPA) အဆိုအရ JRC...
08/06/2024

အပိုင်း (၂)

(၂) Jointed Reinforced Concrete Pavement (JRCP) နှင့်

American Concrete Pavement Association (ACPA) အဆိုအရ JRCP ကို ၁၉၁၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကြပါတယ်။ အဲ့ဒီလို JRCP တွေတည်ဆောက်တဲ့အခါ Mid-panel crack များ ဖြစ်ပေါ် ခဲ့ကြပါတယ်။ ထို့ကြောင့် JRCP အစား Spacing length တိုတိုထားနိုင်သော JPCP ကို တည်ဆောက် လာကြခြင်းဖြစ်ပါတယ်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် JRCP သည် JPCP ထက် အရင် ပေါ်ပေါက် ခဲ့သည့်ဟု ကောက်ချက်ချနိုင်ပါတယ်။
JRCP ဆိုသည်မှာ Concrete Pavement များ၏ Transverse joint နှင့် Longitudinal joint များတွင် Dowel bar နှင့် Tie bar များထည့်သွင်းတည်ဆောက်ခြင်းအပြင် Concrete လမ်း cross sectional area တွင် steel reinforcement mesh များကိုပါ ထည့်သွင်း တည်ဆောက်သော ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပါတယ်။ သို့သော် steel reinforcement mesh များကို ကွန်ကရစ်လမ်း တစ်လျှောက်လုံးတွင် ထည့်သွင်း တည်ဆောက်ခြင်းမျိုး မဟုတ်ပဲ Concrete လမ်း area ရဲ့ 0.06% မှ 0.25% အတွင်း ထည့်သွင်း တည်ဆောက်တဲ့ လမ်းအမျိုးအစား ဖြစ်ပါတယ်။
JRCP ရဲ့အားသာချက်က Transverse joint spacing များကိုလည်း JPCP ထက်ပိုပြီး ကျယ်ကျယ်ထားနိုင်ခြင်းဖြစ်ပါတယ်။ JRCP အတွက် Joint spacing များကို အမျိုးမျိုး သတ်မှတ် ထားပါတယ်။ အီရတ်နိုင်ငံဘက်ကဒက်မြို့၊ Al-Mustansiriyah University, HWY and Transportation မှ Dr. Noor Moutaz Asmael က JRCP များ၏ Transverse spacing ကိုယေဘုယျ အားဖြင့် 25-40 ပေ အတွင်းထားပြီး တစ်ခါတစ်ရံမှာ ပေ 100 အထိထားနိုင်တယ်လို့ ရေးသား ထားပါတယ်။
ကွန်ကရစ်လမ်းများတွင် Joint များမဖြတ်ပဲအသုံးပြုပါက ပေ ၄၀ မှ ၈၀ ကြားတွင် cracks များ ဖြစ်ပေါ်တတ်ပါတယ်။ ထို crack များကိုထိန်းချုပ်ရန်အတွက် Joint များ နှင့် reinforcement များကို ထည့်သွင်းအသုံးပြုကြခြင်းဖြစ်ပါတယ်။ JRCP တွင် steel mesh reinforcement များ ထည့်သွင်း တည်ဆောက်ခြင်းဖြင့် Transverse joint spacing များကို ကျယ်ကျယ်ထားနိုင်ခြင်းဖြစ်ပါတယ်။ Transverse joint spacing များကို ပေ 30 (9 m) နှင့် အထက် ထားနိုင်ပါတယ်။ တစ်ချို့ တိုင်းပြည် များတွင် Joint spacing များကို ပေ 100 (30.5 m) အထိထားလေ့ရှိပါတယ်။ ACPA ကတော့ ပေ 30 ခြား Joint spacing ဖြတ်ခြင်းကို Recommend ပေးထားပါတယ်။
JRCP ၏ အားနဲချက်က steel mesh reinforcement များထည့်သွင်းတည်ဆောက်သော်လည်း transverse joint 15 ပေ မှ ပေ 20 အတွင်းတွင် Mid-panel crack များ ဖြစ်ပေါ်တတ်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် တစ်ချို့ အဖွဲ့အစည်းများသည် JRCP အစား JPCP ကိုအစားထိုး အသုံးပြုလာကြပါတယ်။

General Knowledges and Specifications of Rigid Pavementအပိုင်း(၁)ကမ္ဘာ့ပထမဦးဆုံး concrete road ကို ၁၈၆၅ တွင် Scotland, i...
07/06/2024

General Knowledges and Specifications of Rigid Pavement

အပိုင်း(၁)

ကမ္ဘာ့ပထမဦးဆုံး concrete road ကို ၁၈၆၅ တွင် Scotland, inverness မှာစတင်တည်ဆောက်ခဲ့ပါ တယ်။ အမေရိကန်ရဲ့ ပထမဦးဆုံး concrete road ကိုတော့ ၁၈၉၃ တွင် Bellefontaine, Ohio မှာ တည်ဆောက်ခဲ့ပြီး ထို လမ်းအား ယနေ့အထိ အသုံးပြုကြပါတယ်။

ကွန်ကရိလမ်းအမျိုးအစား များစွာ ရှိသည့်အနက် ယေဘူယျအားဖြင့် အသုံးများသည့် ကွန်ကရိ လမ်း (၃) မျိုးမှာ-
(၁) Jointed Plain Concrete Pavement (JPCP)
(၂) Jointed Reinforced Concrete Pavement (JRCP) နှင့်
(၃) Continuous Reinforced Concrete Pavement (CRCP) ဟူ၍ဖြစ်ပါတယ်။

(၁) Jointed Plain Concrete Pavement (JPCP)
JPCP သည် ယနေ့တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော ကွန်ကရစ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ JPCP သည် အခြားကွန်ကရစ်လမ်းအမျိုးအစားများထက် ကုန်ကျစရိတ် ပိုမို သက်သာပြီး၊ ပိုမိုလွယ်ကူစွာ လုပ်ကိုင်နိုင်သောကြောင့် ဖြစ်ပါတယ်။ JPCP တွင် steel reinforcement များအား ထည့်သွင်းအသုံးပြုခြင်းမရှိကြပေ။ သို့သော် Transverse joint များတွင် Load များကို transfer ပြုလုပ်ရန်အတွက် Dowel bar နှင့် Longitudinal joint များတွင် concrete လမ်းများ တစ်လမ်းနှင့် တစ်လမ်း ကွဲထွက်မှုများကိုကာကွယ်နိုင်ရန်အတွက် Tie bar များကိုတော့ အသုံးပြုကြ ပါတယ်။ JPCP ရဲ့အရေးကြီးသော အချက်တစ်ချက်မှာ သတ်မှတ်ထားသော design အတိုင်း Transverse joints များကို ဖြတ်ပေးရခြင်းဖြစ်ပါတယ်။ Pavement Thickness အပေါ်မူတည်ပြီး JPCP အတွက် အသုံးပြုရမည့် Transverse joint spacing များကို Table မှာ ဖော်ပြပေးထားပါတယ်။

Address

Zayar Khaymar Street
Yangon
11062

Telephone

+959251753244

Website

Alerts

Be the first to know and let us send you an email when United Tetra Masters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to United Tetra Masters:

Share