02/11/2025
💥စီနီယာ တစ်ယောက်ဖြစ်လာလျှင်....
💥ကိုယ့် ရဲ့ JD ကဘာလဲ သိရမယ်...
💥ကိုယ့်ရဲ့ JD နဲ့ ကိုက်ညီတဲ့ ပညာနဲ့ အရည် အချင်းလုပ်ရည်ကိုင်ရည်ရှိရမယ်....
💥ကိုယ့်အလုပ်ကို အောက်ခြေကနေ ကိုယ်တာ၀န်ယူထားတဲ့ level အထိအားလုံးကျွမ်းကျင်ပိုင်နိုင်နေရမယ်....
💥ပညာမာန ထောင်လွှား မနေရဘူး...
💥မာန ဆိုတဲ့ အရာကို မသိသော မတတ်သော စိတ်ထားမပြည့်၀သော သူများမှာ တွေ့ရတာပိုများတယ်ဆိုတာ သတိပြုပါ....
💥တချို့သူတွေက သူတို့မသိတာကို ချေမိုးပြီး မာနတွေ ဒေါသတွေနဲ့ ကာကွယ်ထားတက်လို့ စီနီယာ ဂျူနီယာ အရုပ်ဆိုးတဲ့ ဆက်ဆံရေးတွေဖြစ်စေတယ်...
💥နေရာ တနေရာကို လူမရှိလို့ ရောက်လာတာနဲ့ ထိုက်တန်လို့ ရောက်လာတာလား သဲကွဲပါစေ...
💥ဘာကြောင့်ရောက်လာလာ ရလာတဲ့နေရာနဲ့တန်အောင် ကိုယ့်အလုပ်ကို လေ့လာပါ... ဆည်းပူးပါ...
💥ရောက်နေတဲ့ နေရာထက် အပေါ်ကို အဆင့် (၂)ဆင့်စာလောက် ဆောင်ရွက်နိုင်အောင် အစဉ်သဖြင့် လေ့လာဆည်းပူးထားပါ....
💥အရေးကြီးဆုံး အချက်က ဘက်မလိုက်ပါနဲ့ ...
💥တကယ် မတတ်သူ၊ ဘက်လိုက်သူ၊ မာနကြီးသူ၊ ဒေါသထောင်လွှားသူ ဂျူနီယာကို နှိမ်သူတွေ မဖြစ်ပါစေနဲ့....
💗နာယကဂုဏ် (၆)ပါး...
၁)တက်ကြွမှုရှိခြင်း
၂)နိုးကြားမှုရှိခြင်း
၃)သနားညှာတာမှုရှိခြင်း
၄)သည်းခံမှုရှိခြင်း
၅)ဝေဖန်ပိုင်းခြားတတ်ခြင်း
၆)ဝေဖန်ထောက်ရှု၍ သုံးသပ်လုပ်ကိုင် ဆောင်ရွက်တတ်ခြင်း
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
💥ရှောင်ရမှာတွေက
၁)ဂဏာန်းကဲ့သို့ လက်မ ထောင်ခြင်း
၂)သူတစ်ပါးပြောတိုင်း ပုတ်သင်ကဲ့သို့ ခေါင်းညိတ်ခြင်း
၃)ဝါးပင်ကဲ့သို့ အဖြား အရှူးခြင်း
၄)လိပ်မျိုးကဲ့သို့ မိမိဘက်သို့ ယက်ခြင်း
၅)နွားကဲ့ သို့ ကမူးရှူးထိုး လုပ်ခြင်း
၆)မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်းလဲစိတ် ထားခြင်း
တို့ ရှောင်ရပါမယ်....
💗💗💗💗💗💗💗💗💗💗💗💗💗💗💗
နောက်ပြီးတော့ ဂျူနီယာတွေနဲ့ ပတ်သက်လျှင်....
💥ကိုယ်နဲ့ လာတွဲနေတဲ့ သူတွေရဲ့ အားသာချက်၊ အားနည်းချက်ကို သိရမယ်...
💥သူတို့ရဲ့ အားသာချက်တွေကို ဘယ်လို အသုံးချရမလဲ ငါဘယ်လို ချီးကျူး ပေးရမလဲ သိရမယ်....
နင်းတတ်တာမျိုးမဖြစ်စေရ...ကိုယ်ကပြည့်နေလျှင် မည်သူ့ကိုမျှ နင်းတက်စရာမလိုပါ.....
💥ဂျူနီယာတွေရဲ့ အားနည်းချက်တွေကို ဘယ်လိုပြင်ပေးရမလဲ..ဘာတွေငါထပ်ဖြည့်ပေးရမလဲ သိရမယ်...
💥သူတို့ ရောက်နေတဲ့ Level နဲ့ သူတို့ရှိနေတဲ့ အရည်အချင်းကို ကြည့်တတ်ရမယ်...
💥ကိုယ်ကိုယ်တိုင် ဂျုနီယာ အတွက် စံပြဖြစ်အောင်နေရမယ်....
💥ထောင့်မကျိုး၊ ပိုးမကျိုး ဂျူနီယာတွေလည်း တွေ့နိုင်တာမို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ သိရမယ်...
💥အဲဒီလို ဂျူနီယာနဲ့ တွေ့လျှင် သွားပြိုင်မပြောနဲ့ အလုပ်နဲ့ပဲ သက်သေပြလိုက်ပါ.....
💥အနေမှန်လျှင် အခြေအနေမှန်ကို ရောက်လာပါလိမ့်မယ်....
💥ကိုယ့်ကို လေးစားစေချင်လျှင် သူတို့ကိုလည်းလေးလေးစားစား ဆက်ဆံပါ .....
💥နောက်ဆုံး အချက်က ကိုယ့် organization ကိုဘယ်သူမှ လာမထိအောင် ကာကွယ်နိုင်ရပါမယ်....
အဲဒီလိုကာကွယ်ဖို့ဆိုတာရဲ့ အကောင်းဆုံး အချက်က ဂျူနီယာတွေကို တော်အောင်၊ ထက်အောင် လုပ်ပေးလိုက်တာက အရေးအကြီးဆုံးပါ...
ဂျူနီယာအပေါ်မှာ
၁)ရင်းနှီးချစ်ကြည်စွာနေပါ
၂)ချို့ယွင်းချက်ကို ပြုပြင်ပါ
၃)အကျင့်စာရိတ္တကို လေ့လာပါ
၄)စောင့်ရှောက်ပါ၊ စေတနာထားပါ
၅)ဘက်မလိုက်ပါနဲ့ ၊အဂတိ မလိုက်စားပါနဲ့
၆)ခေတ်နဲ့ အညီ တိုးတက်အောင်နေပါ
( အောက်က လင့်မှာ ဂျူနီယာနေနည်းရသားထားပါတယ်...အားလုံးသော စီနီယာ ဂျူနီယာများ ချစ်ကြည်ရင်းနှီးစွာ နေနိုင်ကြပါစေ....)
Daw Aye Aye Win
💗မြို့ပြအက္ခရာ💗
https://www.facebook.com/share/p/17rqhgdd1s/