12/03/2022
Logitech Group
အခုလိုCovid ကာလနှင့် တိုးတက်ပြောင်းလဲလာတဲ့ လူမှုဆက်သွယ်မှု ပုံစံများအနေဖြင့် Online Meeting များကိုအဓိကထား ပြုလုပ်တာဖြစ်တဲ့အတွက် mmCloud အနေဖြင့် Video Conferencing ပြုလုပ်ရာမှာ ခေတ်မီနည်းပညာများဖြင့် ထုတ်လုပ်ထားပြီး စျေးကွက်ဝေစုများစွာရရှိထားတဲ့ Logitech ကထုတ်တဲ့ Logitech Group လေးနဲ့ Customer များအား မိတ်ဆက်ပေးပါရစေ။
Logitech Group Package တစ်ခုမှာ ပါဝင်မှာကတော့ -
1. Camera - (1)
သူရဲ့ camera စွမ်းဆောင်ရည်ကတော့ HD 1080p video quality at 30 frames-per-second) ဖြင့် ရရှိမှာဖြစ်ပြီးတော့ မြင်ကွင်းအနေနဲ့ကတော့ Field View 90°၊ အလျားလိုက်ကို 260° နှင့် ဒေါင်လိုက်ကို 130° ထိဆိုတော့ Conference Room တစ်ခုအနေနဲ့ အရမ်းကို အဆင်ပြေမှာဖြစ်ပါတယ်။ ဒါအပြင် 10xlossless HD zoom ဖြစ်ပြီး Autofocus ပါဝင်တဲ့အတွက် အစည်းအဝေး တက်ရောက်တဲ့သူတွေကို ပြတ်သားထင်ရှားစွာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ 5 Camera Preset Feature ပါဝင်တာဖြစ်တဲ့အတွက် အစည်းတက်ရောက်သူတွေရဲ့ နေရာများအား Memory ထည့်သွင်း၍ Camera Setting ကိုကြိုတင်ချိန်ညှိထားလို့ရမှာ ဖြစ်တဲ့အတွက် အစည်းအဝေးမှာ Camera အား Manual ချိန်ရတဲ့ ပြသနာလည်း ကင်းဝေးမှာဖြစ်တဲ့အပြင် အစည်းအဝေးပြုလုပ်ရာမှာ အရမ်းကိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
2. Hub - (1)
Hub အနေနဲ့ ကတော့ Camera နဲ့ Speak Phone တွေကို ချိတ်ဆက်ရမှာဖြစ်ပြီးတော့ Laptop (သို့) Computer ချိတ်ဆက်ရမည့် USB Cable ပါဝင်မှာဖြစ်ပါတယ်။ Computer OS အနေနဲ့ကတော့ Windows® 7, Windows 8 or Windows 10, Mac OS X® 10.7 or higher, Google Chromebook Version 29 or higher စသည့် အသုံးများ OS တို့နဲ့အသုံးပြုနိုင်မှာဖြစ်တဲ့ အတွက် OS Compactible မဖြစ်တဲ့ ပြသနာလည်းကင်းဝေးမှာ ဖြစ်ပါတယ်။
3. Speaker Phone - (1)
Speaker Phone အနေနဲ့ကတော့ Speaker နှင့် Microphone တွဲဖက်ပါဝင်မှာဖြစ်ပြီးတော့ Full duplex performance ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Acoustic echo cancellation နှင့် Noise reduction technology များအသုံးပြုထားသဖြင့် Speaker နှင့် Microphone Feedback ဝင်ခြင်း၊ Noise များဝင်ခြင်းများအား ဟန်တားဆောင်ရွက်ပေးနိုင်သဖြင့် Ultra-wideband audio ကြည်လင်ပြတ်သားသည့် အသံနှင့် Noise ကင်းမဲ့တဲ့ Mic အသံများဖြင့် Video Conferencing အား စိတ်ချမ်းသာစွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
4. Expansion Mic - (2)
Expansion Microphone (၂)လုံးပါဝင်တာဖြစ်တဲ့အတွက် 27.89 ft(8.5 m) အတွင်း အသံများအား ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ Frequency response 100Hz to 11KHz အထိဖမ်းယူနိုင်မှာဖြစ်ပြီးတော့ Sensitivity အနေဖြင့် -28dB +/-3dB အထိအာရုံခံနိုင်မှာဖြစ်ပြီး Four omnidirectional, beamforming microphones များဖြစ်တဲ့အတွက် စကားသံများအားပုံမှန်အတိုင်းပြောရုံဖြင့် အသံများအား ကြည်လင်စွာ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်သူများအနေဖြင့် အစည်းအဝေးအတွင်း မည်သည့် နေရာကမဆို ဝင်ရောက်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
5. Remote Control - (1)
Camera အားချိန်ညှိခြင်း၊ Preset Feature ထည့်သွင်းခြင်း၊ အသံ အတိုး/ကျယ် စသည်တို့ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Video Conference Meeting ပုံစံအမျိုးမျိုးအတွက် အသုံးပြုရတာ လွယ်ကူတဲ့အပြင် လုပ်ငန်းခွင်တိုင်းအတွက် အဆင်ပြေချောမွေ့စေနိုင်မယ့် video conferencing device လေးတစ်ခုပဲဖြစ်ပါတယ်။
မှာယူချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်များအား စုံစမ်းမေးမြန်းနိုင်ပါတယ်နော်.
Phone: 09796979711, 09258788786
In stock - 2 စုံ