28/07/2026
🌕 မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)
ယနေ့တွင် ကျရောက်သည့် မွန်မြတ်လှသော ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) မှစ၍ XinPZ ၏ လေးစားချစ်ခင်ရပါသော မိတ်ဟောင်း၊ မိတ်သစ်များနှင့် စီးပွားဖက် မိတ်ဆွေများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာအေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨
သန့်ရှင်းစင်ကြယ်သော စိတ်ဓာတ်ဖြင့် ကုသိုလ်ကောင်းမှုအပေါင်းကို ဆောက်တည်နိုင်ကြပြီး အိမ်ထောင်စုတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် အစဉ်ထာဝရ ပြည့်စုံနိုင်ကြပါစေကြောင်း XinPZ မိသားစု မှ အလေးအနက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
#ဝါဆိုလပြည့်နေ့ #ဓမ္မစင်္ကြာအခါတော်နေ့