4Units Construction & Engineering Co.,LTD

4Units Construction & Engineering Co.,LTD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 4Units Construction & Engineering Co.,LTD, Construction Company, No. 29 Pathein Street, 6th fl Sanchaung Tsp, Yangon.

🌟 ကြည့်မြင်တိုင်မြို့နယ်က ရှယ်မိုက် ရှယ်သန့် ရှယ်လန်း ရှယ်တန်တဲ့ (၂၃ပေ x ၄၈ပေ) အကျယ် မီနီကွန်ဒိုအခန်းကို စျေးတန်တန်နဲ့ရမ...
19/05/2023

🌟 ကြည့်မြင်တိုင်မြို့နယ်က ရှယ်မိုက် ရှယ်သန့် ရှယ်လန်း ရှယ်တန်တဲ့ (၂၃ပေ x ၄၈ပေ) အကျယ် မီနီကွန်ဒိုအခန်းကို စျေးတန်တန်နဲ့ရမယ်နော်

ရောင်းမည့်အခန်း - ၂လွှာ

✅ ဓာတ်လှေကား
✅ အဲကွန်း (၃)လုံး
✅ ကျွန်းတံခါးများ
✅ ကျွန်းပါကေးအပြည့်၊ ကြွေပြားအပြည့်
✅ အခန်းဖွဲ့ ၂ခန်း (1Master, 1Single)
✅ မီးဖိုခန်း အသင့်ပြင်ဆင်ပြီး
✅ ရေချိုးခန်း+အိမ်သာ ၂ခန်း
✅ ပြတင်းသံပန်း နှင့် Sunshade များ

🤗 အခန်းတွင်းအားလုံးပြင်ဆင်ပြီး BCC ကျပြီး
အသင့်နေရုံပဲနော်

ဆက်သွယ်ရန်ဖုန်း - 09770668813, 09955824606
(အခန်းကြည့်မယ်ဆိုရင် ၁နာရီလောက်ကြိုဆက်ပေးပါခင်ဗျာ) 🤗



" Footing တစ်လုံး၏ အင်္ဂါရပ်များ " 💪1. Compacted grade2. Levelling course / lean concrete /C10 or C153. Structural concr...
15/03/2023

" Footing တစ်လုံး၏ အင်္ဂါရပ်များ " 💪

1. Compacted grade
2. Levelling course / lean concrete /C10 or C15
3. Structural concrete C25 or C30
4. Main bar
5. Column dowel bar / starter bar
6. Kicker
7. Tie ring for starter bar
8. Side cover
9. Bottom cover
10. Starter cover

1. Compacted grade❕

Foundation ချတဲ့အခါ အနည်းဆုံး အနက်ဘယ်လောက်အထိ ချသင့်ပါသလဲ ❓

၁။ သာမာန် လူနေအိမ်တွေမှာ တော့ ၂ ပေခွဲ ၃ပေ လောက်ချကြပါတယ်။ ၂ပေခွဲ ၃ပေ ဆိုတာ top soil ဖယ်ပြီးသားဖြစ်ရပါမယ်။ ✅

၂။ ခြံအတွင်းမှာရှိသော တနည်းအားဖြင့် footing အနီးတဝိုက်တွင်ရှိသော မြေသားသည် ရေစီးကြောင်းထဲ ကျမနေရပါဘူး။ ❌

၃။ အဆောက်အဦးသည် ရေစီးကြောင်းထဲ၊ ရေဝေဧရိယာထဲ ကျနေပါကလည်း မြေကြီးကို ရေစားမသွားအောင် လိုအပ်သော အကာအကွယ်များ ပြုလုပ်ထားရပါမည်။ 🛡

၄။ ယခုအခါ drawing အတိုင်း တည်ဆောက်သည် ဆိုသော ပြဿနာ ရှိလာပါသည်။ drawing မှာတော့ footing များသည် အနိမ့်အမြင့် elevation တူညီကြပါသည်။ သို့သော် မြေအနေအထား စောင်းနေသည်များကို ကြုံတွေ့ရသောအခါ တော်ရိလျော်ရိ မြေခုပြီး foundation ချနေသဖြင့် drawing အတိုင်း တည်ဆောက်သည့် ပြဿနာ ပေါ်လာရခြင်း ဖြစ်ပါသည်။ 🚫

၅။ ထိုသို့ မြေစောင်းသည့်အခါ foundation ကိုနက်လိုက်သည်က စိတ်ချရပါသည်။ သို့သော် ကုန်ကျ စရိတ်တော့ တက်လာပါသည်။ 💵

၆။ မြေဆွေးကိုလွှာပြီး ၆" တလွှာခြင်း သေသေချာချာ သိပ်သည်းအောင် ဆောင်ရွက်လို့လည်း ရနိုင်ပါသည်။ ✅

၇။ ရွှံ့မြေတွင် အပေါ်ယံမြေလွှာမပါ depth of foundation သည် 1 meter ရှိမှသာလျှင် အဆောက်အဦးကောင်း တခုကို ရရှိနိုင်ပါသည်။ အလယ်အလပ်အားဖြင့် 0.9 meter၊ အဖျင်းဆုံး 0.75 meter ရှိသင့်ပါသည်။ ✅

၈။ ယခုအခါ ပုံစံအတိုင်းဆိုပြီး လေပေါ်ဝဲ footing များ ပြုလုပ်ကြပေရာ၊ လွန်စွာ မလျော်ကန် မလျောက်ပတ်သည်ကို တွေ့မြင်နေရပါသည်။ ❌

" ''

၁။ footing concrete သွန်းလောင်းရာတွင်၊ ထိစပ်မြေသည်၊ မိုးရေဝင်လို့သော်လည်းကောင်း၊ ရေစိမ့်ထွက်သောကြောင့်သော်လည်းကောင်း၊ မြေကြီး bearing capacity ကောင်းစွာမရှိဘဲ၊ ပြော့ပြဲနေတပ်ပါသည်။ ထို့အပြင် မြေကောင်းသော်လည်း ဆားပေါက်သောမြေ အချဉ်ပေါက်သော မြေများနှင့်လည်း ထိတွေ့တတ်ပါသည်။ 🚱

၂။ မြေကြီးပျော့နေပါက bearing capacity တက်လာအောင်၊ hardcore ရိုက်ခြင်း၊ လိုအပ်ပါက wood pile ရိုက်ခြင်းတို့ကို ပြုရပါမည်။ ✅

၃။ ကွန်ကရစ်လောင်စဉ်အချိန်တွင်၊ ကွန်ကရစ်ထဲမှရေကို၊ မြေကြီးက စုပ်ယူခြင်း။ မြေကြီးထဲကရေကလည်း၊ ကွန်ကရစ်ထဲသို့ ဝင်ရောက် ရောနှောခြင်းတို့၊ ဖြစ်ပေါ်ပါက ကွန်ကရစ်စွမ်းအားကို ထိခိုက်နိုင်သောကြောင့် ကွန်ကရစ်နှင့် မြေကြီးကြားတွင် လိုအပ်သော အကာအရံတခု ပြုလုပ်ပေးရမည် ဖြစ်ပါသည်။🛡

၄။ ယခုအခါ DPM ခေါ် ၊ ပလပ်စတိတ်စများကို တွင်ကျယ်စွာ၊ အသုံးပြုလာကြပြီဖြစ်ပါသည်။ ✅

1. Hardcore ခင်းပါ။
2. သဲထည့်ပါ။
3. Plate compactor ရိုက်ပါ။
4. ရေလောင်းပါ။
5. သဲညှိပြီး plate compactor အချောရိုက်ပါ။
6. DPM ခင်းပါ။
7. Lean concrete လောင်းပါ။

သို့မှသာ သံဆင်ဖို့ အဆင်ပြေမည် ဖြစ်ပါသည်။ ✅

DPM ခင်းသည့်အခါတွင်လည်း footing depth ထက်၊ အနည်းဆုံး ၆-လက်မပိုရမည်ဖြစ်ပြီး၊ ၄င်းကို မြေသားနံရံတွင် သံရိုက်ထားရပါမည်။ မြေပြိုမကျအောင် တူးမြေများကို ခပ်ဝေးဝေး လွတ်ရာသို့ ပုံထားရမည် ဖြစ်ပါသည်။ မြေတူးကတည်းက သပ်သပ်ရပ်ရပ် တူးဖို့လိုပါသည်။ ✅






''Build With Superb''

''သင်၏အိမ်တစ်လုံးကိုခမ်းနားစွာတည်ဆောက်လိုက်ပါ''
📱 09955824606, 09770668813

😲လှေကားထစ်" စုံ" ထားရင် ခိုက်တယ်❓ 🏘အိမ်တစ်အိမ် ဆောက်ရာတွင် အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သ...
03/02/2023

😲လှေကားထစ်" စုံ" ထားရင် ခိုက်တယ်❓

🏘အိမ်တစ်အိမ် ဆောက်ရာတွင် အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သည်" စုံ"" မ "နှစ်ခုလုံး တပ်ကောင်း၏ ဟုဆိုသည်။

🪜လှေကားထစ်ကို "စုံ"ထားရင် တကယ်ခိုက်တတ်တာလား?

မိမိအိမ်လှေကားထစ်ကို "စုံ"ထားတာ ကောင်းလား? "မ"ထားတာ ကောင်းလား?ဆိုပြီး ဝေခွဲမရဖြစ်နေတတ်ကြပါတယ်။

အိမ်ဆောက်ရှေးထုံးနည်းတွေအရလည်း လက်သမား ကျမ်းဆရာတို့က လှေကားထစ်ကို"မ"ဂဏန်းကိုသာ တပ်စေပါတယ်။

အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။

🔸ပထမထစ်က လာဘ။ ဒုတိယထစ်က သုခ။ တတိယထစ်က မရဏ။ လာဘ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။ မရဏက ဆုတ်ယုတ် ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။

🔸လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်/ သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်/ မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ် စသည်ဖြင့် တပ်ဆင်ကြပါတယ်။

အိမ်အနေအထား မင်္ဂလာသား အနေအထားအလိုက် လုပ်ဆောင်ကြပါတယ်။

🔸တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့ သတ်မှတ် လုပ်ဆောင် ကြပါတယ်။

🔸၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊ ၂ထစ် လာဘ်လာဘ ပေါများခြင်း၊ ၃ထစ် ဆုတ်ယုတ် ပျက်စီးခြင်း စသဖြင့် အယူမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဒေသအလိုက် ကွဲလွဲတတ်ကြပါတယ်။

အိမ်လှေခါးကို ၃ထစ်ထားသော် ဒုက်ခံ မရဏံ ကြုံစေပြန်၏။ တစ်ထစ်ထားသော်ကောင်းစားစေတက်၏။

🔸၈ ထစ်ထားလျှင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်တယ်။

🔸၉ ထစ်ထားလျှင် လာဘ်လာဘ ပေါကြွယ်ဝတက်၏။

🔸၁၂ ထစ်ထားသော် ကျန်းမာရေးကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှ ကင်းစေ၏။ တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။

လှေကားထစ်"မ "ဂဏန်း ထားရခြင်း အကြောင်းရင်းက လှေကားထစ်ကို “စုံ” ဂဏန်း မထားရလို့ ကြားဖူးကြမှာပါ။

✅လှေကား “စုံ” ဂဏန်းထားရင် ခိုက်တတ်ပါတယ်။

ဘာကြောင့် ခိုက်လဲဆိုတာကို လက်တွေ့နည်းကျ စဉ်းစားကြည့်ရအောင်။ လူ့သဘာဝအရ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်‌ဆုံးတတ်ပါတယ်။

👣လူတွေရဲ့ခြေအားသန်တဲ့အချက်ကြောင့်ပါ။ ပုံမှန်လူတစ်ယောက်ဟာ ဘယ်ရော၊ ညာရော ခြေအားမသန်ပါဘူး။ အများစုက ညာသန်တာများပါတယ်။

🚶ခြေထောက်စလှမ်းလိုက်ပြီဆိုရင် အားသန်တဲ့ခြေထောက်ကို စလှမ်းပါတယ်။
🚶လှေကားတက်ရင် ညာသန်က ညာခြေနဲ့စတက်ပါတယ်။

👣တကယ်လို့ လှေကားက စုံဖြစ်နေပြီဆိုရင် နောက်ဆုံးခြေလှမ်းဟာ ဘယ်ခြေဖြစ်သွားပါတယ်။

🚶အားမသန်တဲ့ခြေထောက်နဲ့ရပ်လိုက်ရင် ဟန်ချက်မညီဘဲ နောက်ပြန် ချော်လဲ တတ်ပါတယ်။🕺

🚶အောက်ဆင်းရင်လည်း အတူတူပါပဲ။ ကိုယ်အားမသန်တဲ့ ခြေထောက်နဲ့ ထောက်မိရင် ရှေ့ကို ဟပ်ထိုးလဲသွားနိုင်ပါတယ်။

ဥပမာ- လှေကားငါးထစ်ရှိမယ်။ညာ၊ ဘယ်၊ ညာ၊ ဘယ်၊ ညာ ဆိုပြီး ညာနဲ့ဆုံး သွားမှသာ ထိပ်ဆုံးကို အေးအေး ဆေးဆေး ကိုယ်အားသန်တဲ့ ခြေထောက်နဲ့ လှမ်းတက်နိုင်မှာဖြစ်ပါတယ်။

🚶"စုံ” ဂဏန်းထားရင် တလှမ်းလိုနေလို့ အပေါ်တက်တဲ့အခါ ခြေထောက်က အလိုအလျှောက် လှမ်းမိပြီး ဟန်ချက်ပျက်ပြီး ချော်ကျနိုင်ပါတယ်။

🚶အောက်ဆင်းတဲ့အခါ ကြမ်းပြင်ပေါ်ရောက်နေတာကို နောက်ထပ် လှမ်းမိလို့ ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်။

⚠️အဲလိုလဲရင် ထိခိုက်ဒဏ်ရာ ရပါတယ်။ အဲဒါ ခိုက်မိတာပါပဲ။

❌အဲလို ခိုက်မိတာကို လှေကား “စုံ” ထားရင် ခိုက်တယ်ဆိုပီး စကားက ကားသွားတာပါပဲ။

💯အကောင်းဆုံးက ကိုင်စရာ လှေကား လက်ရမ်းလေးတွေနဲ့သေသေချာချာ ကလေး၊ လူကြီး ခြေကုပ်တက်နိုင်အောင် ဆောက်လုပ်မယ်ဆိုရင် ထိခိုက်မှု မရှိတော့ပါဘူး..

အခုလိုအိမ်ခြံမြေနှင့် ပတ်သက်သော ဗဟုသုတရစရာများစွာကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like & Share လုပ်ထားဖို့ ဖိတ်ခေါ်ပါရစေ။

လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်များကို ယုံကြည်စိတ်ချစွာဖြင့် အပ်နှံလို့ရပါတယ်ရှင့် ...

🎉 Happy Chinese Lunar Day (A Year of Rabbit)🐰မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး​နေ့လေးဖြစ်ပါစေခဗျ ၂၀၂၃ ခုနှစ် ယုန်နှစ်လေးမှာ ...
21/01/2023

🎉 Happy Chinese Lunar Day (A Year of Rabbit)🐰

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး​နေ့လေးဖြစ်ပါစေခဗျ

၂၀၂၃ ခုနှစ် ယုန်နှစ်လေးမှာ အစစအရာရာအဆင်ပြေပြီး စီးပွားတိုးမြင့် ဂုဏ်ကျက်သရေတင့်ကြပါစေ 🙏



4Units က လက်ခံဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ်မှ ဘုန်းကြီးကျောင်းခြံစည်းရိုး Fence Wall အုတ်တံတိုင်း ပြန်လည်မွမ်းမံ...
06/01/2023

4Units က လက်ခံဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ်မှ ဘုန်းကြီးကျောင်းခြံစည်းရိုး Fence Wall အုတ်တံတိုင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုအနေအထားလေးပါ 🤗

လူကြီးမင်းတို့ရဲ့ နေအိမ် ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း ၊ ခြံစည်းရိုးအုတ်တံတိုင်းကာခြင်း၊ ကြွေပြားကပ်ခြင်း နှင့် ဆောက်လုပ်ရေးဆိုင်ရာကိစ္စ အဝဝ ကို ပစ္စည်းလက်ခ (သို့မဟုတ်) လက်ခသီးသန့်ဖြင့် စိတ်တိုင်းကျလက်ခံဆောင်ရွက်ပေးနေပါတယ် 🙏

✅ လူကြီးမင်းတို့အနေဖြင့် အသက်သာဆုံးနှုန်းထား မြန်ဆန်မှန်ကန်သောလုပ်အားတို့ဖြင့် လူကြီးမင်းတို့ရဲ့အဆောက်အအုံ​ သေသပ်လှပခိုင်မာစေဖို့ ယုံကြည်စိတ်ချစွာလက်တွဲဆောင်ရွက်နိုင်ပါတယ်

💯 4Units Construction နဲ့ လက်တွဲဆောက်ရွက်လိုပါက 09 778 179 223, 09 770 668 813
သို့ ဆက်သွယ်မေးမြန်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

''Build Superb With Passion''


4Units Construction & Engineering Co.,LTD

🧑🏻‍💻ကျည်းးဘောင် ဘယ်လိုထောင်မလဲ🧑🏻‍💻============================🧑🏻‍💻ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ...
26/12/2022

🧑🏻‍💻ကျည်းးဘောင် ဘယ်လိုထောင်မလဲ🧑🏻‍💻
============================

🧑🏻‍💻ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် ။ ထောင့်ဖြတ် အကွာအဝေး တူညီနေရင် ကျင်တွယ်ရပါတယ် ။

🧑🏻‍💻ဆေးကတ္တာရာ သုတ် ၊ ဂျာလီရိုက်ရပါ့မယ် ၊ ဒါက လူတိုင်း သိပါတယ် ။

🧑🏻‍💻ကျည်းဘောင် ထုတ်တန်းတွေ အုတ်စီမယ့်ဘက်ကို အစွန်းထွက်နေတက်ပါတယ် ။ အဲ့ဒါကို စရွေးဦးနှောက် လုံယုံလေး ထားပြီးး ဖြတ်ပေးရပါ့မယ် ။ ထားခဲ့လို့ ဘာအကျိုးမှ မရှိပါ ။ မဖြတ်ပဲ ထားရင် အဲ့နေရာက plaster crack ပေါ်တက်ပါတယ် ။ ကျည်းဘောင်ထောင့်တွေက မဆလာ အက်ကြောင်းတွေဟာ အဲ့က စတာပါ ။

🧑🏻‍💻ကျည်းဘောင် တိုင်ခြေနေရာတွေကိုကွန်ကရစ်ကို ငါးမူးလောက် ခွဲပြီးး မြုတ်ပေးရပါ့ ။ မမြုတ်ပဲထားရင် သစ်ရဲ့ ရုန်းအားကြောင့် အုတ်နံရံနဲ့ ကျည်ဘောင် အသားကွာလာတက်ပါတယ်။ ချောသား နှုတ်ခမ်းတွေလဲ ကြွေလာတက်ပါတယ် ။

🧑🏻‍💻ထောင်ပြီဆို အခြေမှာ ချောသားကြိုး ဆွဲပေးထားရပါ့မယ် ။ ချောသားကြိုးနဲ့ အညီ ကျည်းဘောင်အခြေကို အရင်ချုပ်ရပါ့မယ် ။ ချုပ်ရင် ကျည်းဘောင်ကို အနီးစပ်ဆုံးး ချိန်ရအောင် မက်ပေးထားရပါ့မယ် ။

🧑🏻‍💻အခြေချုပ်ပြီးရင် ရေချိန်ပိုက်နဲ့ Level ရ မရစစ်ရပါ့မယ် ။ အာ့ဒါ အရင်လုပ်ရမှာပါ ။ Level မရရင် ရအောင် ညှိပေးပါ ။ Levelရရင် ချောသားကြိုး တစ်ချက် ပြန်ကြည့်ပေးပါ ။

🧑🏻‍💻ပြီးရင် ဒေါင်ချိန် ချပေးပါ ။ ဘယ်ညာ နှစ်ဖက်ချပေးပါ ။

🧑🏻‍💻ကျည်းဘောင်က ကျင်တွယ်ကော Level ကော ရနေပြီ ဆိုပေမယ့် အတွင်းဘားချိန်ကို မလွတ်ထားခဲ့ရပါဘူးး ။ ချပေးရမှာပါ ။ မရရင် ရအောင် လုပ်ပေးရပါ့မယ် ။

🧑🏻‍💻အားလုံးရပြီ ဆိုရင် အစအဆုံး တစ်ချက် ပြန်စစ်ကာ အုတ်စီလို့ ရပါပြီ ။အုတ်စီပြီဆိုရင် ပန်းရံဆရာက ချိန် မျှဉ်းး တစ်ချက်ပြန်စစ်သင့်ပါတယ် ။

🧑🏻‍💻လိုအပ်တာများ ဖြည့်စွက်ပေးကြပါဦး✍





"4 Units Construction" မှ Project တစ်ခုဖြစ်သော အင်းတိုင်မြို့နယ်ရှိ (၂) ထပ် ၆ခန်းတွဲ တစ်လုံး နှင့် (၂) ထပ် ၂ခန်းတွဲ တစ်လ...
26/11/2022

"4 Units Construction" မှ Project တစ်ခုဖြစ်သော အင်းတိုင်မြို့နယ်ရှိ (၂) ထပ် ၆ခန်းတွဲ တစ်လုံး နှင့် (၂) ထပ် ၂ခန်းတွဲ တစ်လုံး တို့၏ Plinth Beam ပြီးစီးမှုအခြေအနေဖြစ်ပါသည်။

အသက်သာဆုံးနှုန်းထား မှန်ကန်မြန်ဆန်သောလုပ်အားတို့ဖြင့် လူကြီးမင်းတို့အဆောက်အအုံ အသိုက်မြုံလေး သေသပ်လှပခိုင်မာစေဖို့ 4Units Construction နှင့် ယုံကြည်စိတ်ချစွာ လက်တွဲ ဆောင်ရွက်နိုင်ပါသည်။

"ဝယ်ယူထားတဲ့ တိုက်ခန်း သက်တမ်းကုန်ဆုံး ပျက်စီးသွားရင် အခန်းပြန်ရနိုင်သလား"........❓မေး။ ။ ဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ...
22/11/2022

"ဝယ်ယူထားတဲ့ တိုက်ခန်း သက်တမ်းကုန်ဆုံး ပျက်စီးသွားရင် အခန်းပြန်ရနိုင်သလား"........

❓မေး။ ။ ဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ်းကုန်ဆုံးသွားလို့ မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင် အခန်းပြန်ရနိုင်ပါသလား။

✔️ဖြေ။ ။ဝယ်ထားတဲ့တိုက်ခန်းက သက်တမ်းကုန်ဆုံးလို. ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးရင်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အခန်းပြန်မရနိုင်ပါဘူး။

ဝယ်ထားတဲ့အခန်းကိုပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ပါဘူး။

မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင်တော့ မိမိအထပ်၊ မိမိအခန်းနေရာပြန်ရဖို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်ရှိပါတယ်။

တိုက်သစ်ဆောက်လျှင် မြေရှင်ရဲ. စိုက်ထုတ်ကုန်ကျစရိတ်တွေရှိတာကြောင့် မိမိအခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ကို ထပ်ပေးရတဲ့ သဘောပါ။

အရင်တိုက်အဟောင်း အခန်းဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေရှိနေလို. အရင်အခန်းပိုင်ရှင်ဖြစ်နေသေးပြီး အပြင်လူက လာဝယ်တဲ့ ဈေးအတိုင်းပေးစရာမလိုပဲ မိမိအခန်းအတွက် ဆောက်လုပ် ကုန်ကျစရိတ်သာ ကျခံရမည် ဖြစ်ပါတယ်။
...crd

#တိုက်ခန်း #တိုက်ဟောင်း

4Units Construction & Engineering Co.ltd မှ PAE Labour Contract စနစ်ဖြင့်လက်ခံဆောက်လုပ်လျက်ရှိသောအင်းစိန်မြို့နယ် မှ (၂)...
16/11/2022

4Units Construction & Engineering Co.ltd မှ PAE Labour Contract စနစ်ဖြင့်လက်ခံဆောက်လုပ်လျက်ရှိသော

အင်းစိန်မြို့နယ် မှ (၂) ထပ်ခွဲ RC အဆောက်အဦး၏ Foundation လုပ်ငန်း ဆောင်ရွက်နေသည့်အခြေအနေဖြစ်ပါသည်။

အသက်သာဆုံးနှုန်းထား မှန်ကန်မြန်ဆန်သောလုပ်အားတို့ဖြင့် လူကြီးမင်းတို့အဆောက်အအုံ အသိုက်မြုံလေး သေသပ်လှပခိုင်မာစေဖို့ 4Units Construction နှင့် ယုံကြည်စိတ်ချစွာ လက်တွဲ ဆောင်ရွက်နိုင်ပါသည်။


သင့်ရဲ့ အသိုက်အမြုံ အိမ်ကလေး သာယာလှပခမ်းနားဖို့ Renovation လိုအပ်နေပြီလား..?နေချင့်စဖွယ်အိမ်ကလေးတစ်ခုဖြစ်ဖို့ အကောင်းဆုံ...
21/10/2022

သင့်ရဲ့ အသိုက်အမြုံ အိမ်ကလေး သာယာလှပခမ်းနားဖို့ Renovation လိုအပ်နေပြီလား..?

နေချင့်စဖွယ်အိမ်ကလေးတစ်ခုဖြစ်ဖို့ အကောင်းဆုံးနဲ့အလှပဆုံး ပြုပြင်မွမ်းမံပေးမယ့် "UNIT" နဲ့အတူလက်တွဲလိုက်ပါ...

"UNIT Construction & Engineering Co.,LTD" မှ လူကြီးမင်းတို့အတွက် အကောင်းမွန်ဆုံးနဲ့အသေသပ်ဆုံး လက်ရာဒီဇိုင်းများကို အသက်သာဆုံးဝန်ဆောင်မှုပေးနေပါပြီ...

✅ အခန်းအတွင်း/အပြင် ပြန်လည်ပြင်ဆင်မှုများ စသည့် Renovation Services များကို လက်ခံဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ..

✅ ကျွန်တော်တို့ "UNIT" မှာ ယုံကြည်စိတ်ချရသော ကျွမ်းကျင်ဝန်ထမ်းများစွာဖြင့် ဆောင်ရွက်ပေးနေတာဖြစ်လို့ Quality ပိုင်းမှာ လူကြီးမင်းတို့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမှာနော်...

🏢 "UNIT Construction" နဲ့အတူ လက်တွဲဆောင်ရွက်မယ်ဆိုရင်...

📲 09-778179223, 09-770668813 သို့အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ..

" Build Superb With Passion"



Address

No. 29 Pathein Street, 6th Fl Sanchaung Tsp
Yangon
11111

Telephone

+959778179223

Website

Alerts

Be the first to know and let us send you an email when 4Units Construction & Engineering Co.,LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share