Authentic Creations Construction Co.,Ltd

Authentic Creations Construction Co.,Ltd Construction, Design & Decoration Group

12/03/2025

☑️မကြာမီ ပေါ်ထွက်လာတော့မယ့် အလှပဆုံးသော🏩

🏗️ ရွှေမန်းလေးရဲ့ ကုန်းတန်းsite🏦 ခိုင်ခံ့လှပပြီး အကောင်းမွန်ဆုံးသော အိမ်လေးတစ်လုံးဖြစ်အောင် AC Constructionမှ ဂုဏ်ယူစွာ ...
09/01/2025

🏗️ ရွှေမန်းလေးရဲ့ ကုန်းတန်းsite

🏦 ခိုင်ခံ့လှပပြီး အကောင်းမွန်ဆုံးသော အိမ်လေးတစ်လုံးဖြစ်အောင် AC Constructionမှ ဂုဏ်ယူစွာ ဖန်တီးတည်ဆောက်ပေးနေပါပြီ...

🙏 နှစ်သစ်မှာ AC Constructionရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ၊ အလုပ်ကိုင်အခွင့်လမ်းများ အဆင်ပြေကြပါစေ၊ စီးပွားဥစ္စာများလည်း ပေါများကြွယ်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ.....

" BuildYourDream,BrightYourFuture "





 #မြေသန့်မင်္ဂလာ🙏 ပရိတ်တရားတော်နာ
17/12/2024

#မြေသန့်မင်္ဂလာ

🙏 ပရိတ်တရားတော်နာ





တန်ဆောင်မုန်းလပြည့် 🌕🙏" သာမညဖလ အခါတော်နေ့ "•••••••••••••••••••တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ တန်ဆေ...
15/11/2024

တန်ဆောင်မုန်းလပြည့် 🌕🙏
" သာမညဖလ အခါတော်နေ့ "
•••••••••••••••••••

တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ တန်ဆောင်တိုင်မီးထွန်းပွဲကို ဆင်နွှဲကျင်းပတဲ့လ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတိုင်း အလေးအမြတ်ပြုအပ်သည့် ထူးခြားတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော် ဟောကြားတော်မူခဲ့သည့် နေ့လည်းဖြစ်ပါတယ်။ သာမညဖလသုတ်တော်သည် ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာသင့်သည့် သုတ်တော်တစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရား မပွင့်မီက ဘုရားလုပ်ကြတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္မလ၊ ပကုဓကစ္စာယန၊ နိဂဏ္ဍနာဋပုတ္တ၊ သဉ္စယလို့ခေါ်တဲ့ တိတ္ထိဆရာကြီးခြောက်ယောက်တို့၏ အယူဝါဒကိုလည်း ဖော်ပြထားပါတယ်။ ထို့ပြင် ရဟန်းပြုရခြင်း၏ အကျိုးကိုလည်း ဖော်ပြထား၏။

အခါတစ်ပါး၌၊ မြတ်စွာဘုရားသည်၊ တစ်ထောင့် နှစ်ရာ့ ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ၊ ရာဇဂြိုဟ်ပြည်ရှိ ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မိုးလေးလ အဆုံး၊ ကုမုဒြာကြာပွင့်ချိန် တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်၌ မင်းအမတ်အပေါင်း ခြံရံလျက်၊ မြတ်သော နန်းပြာသာဒ်၌နေကာ ဤသို့ ဥဒါန်းကျူးရင့်၏။

“ဆီးနှင်းမြူတိမ်၊ သူရိန်မီးခိုး၊ ညစ်မျိုးငါးဝ၊ ကင်းစင်ပ၍ အေးမြသာယာ၊ ညချမ်းခါသည်၊ လွန်စွာ ပျော်ဖွယ်ကောင်းပေစွ၊ ရာသီဥတု၊ သာယာမှုစွမ်း၊ စိတ်ရွှင်လန်း၍၊ ငြိမ်းချမ်းအေးမြ ရှိပေစွ။”

လသာသော ညဥ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် အလွန်လှစွတကား၊ ဤညဥ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ ဤညဥ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း''ဟု ကျူးရင့်၏။

အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ဖခင် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော ပဉ္စာနန္တိယ ကံကြီးကြောင့် အလွန်ကြည်နူး သာယာဖွယ်ကောင်းသော တန်ဆောင်မုန်းလပြည့်ည၏ အလှအပကို မခံစားနိုင်ဘဲ အိပ်စက်မရနိုင်ခဲ့ပေ။ ခမည်းတော်ကို လုပ်ကြံခဲ့သောအချိန်မှ စ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်၊ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။

ထို့အပြင်၊ ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) အမှန်တကယ် ရှိ မရှိကို စိတ်ထဲတွင် ပြဿနာဖြစ်၍နေသည် ထင်ရှားလှသော ပဏ္ဍိတ်ကြီးများထံ ချဉ်းကပ်မေးမြန်း ခဲ့ဖူးသော်လည်း၊ ကျေနပ်လောက်အောင် အဖြေမှန် မရခဲ့ချေ၊ ဤပြဿနာကို ဘုရားရှင်မှလွဲ၍ မည်သူမျှ မဖြေနိုင်မှန်းလည်း သိ၏။

သို့သော် ခမည်းတော်အား သတ်ခဲ့မိသည့်အတွက် ဘုရားရှင်ကို မဖူးတွေ့ဝံ့အောင် ဖြစ်နေရရှာ၏။
တိုင်းရေးပြည်ရေးပြဿနာ၊ အဖသတ်မိသောနောင်တ၊ သားတော်လေး ဥဒယဘဒ္ဒ ကြီးပြင်းလာသည့်အခါ မိမိကို ပြန်သတ်မှာကို စိုးရိမ်နေခြင်း၊ သိချင်သည့်ပြဿနာကို မသိရ ဖြစ်နေသဖြင့် အဇာတသတ်ဘုရင်မှာ စိတ်မရွှင်ဘဲ ရှိနေရရှာသည်။

အဇာတသတ်မင်း၏ မင်းအမတ် (၆)ဦးတို့က၊ တိတ္ထိဆရာကြီး (၆)ဦးတို့၏ ဂုဏ်တို့ကို ဖော်ညွှန်းပြီး၊ ထိုသူတို့ကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏ ဟု အသီးသီးလျှောက်ထားကြသော်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

ထိုစဉ်အခါ၌ (အဘယ) မင်းသား မွေးစားသော ဇီဝကသည်၊ အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ အဇာတသတ်မင်းသည် ဇီဝကအား ''အချင်း ဇီဝက သင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ် နေဘိသနည်း''ဟု ဆို၏။ ထိုအခါတွင်မှ ဇီ၀ကသည်၊ ဘုရင်ကို လက်အုပ်မချီ ကျောပေးကာ၊ ဘုရားရှင်ရှိရာ သရက်တောဘက်သို့ လက်အုပ်ချီမိုးပြီး ဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ချီးကျူးပူဇော်ကာ ဤသို့ဖြေကြား၏။

''မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော ဤမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ -

'ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ ထွက်ပါ၏။

"မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

'အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့''။

ဤသို့ဖြင့်၊ ဇီဝကသည် ဆင်မငါးရာနှင့် မင်း၏ စီးတော်ဆင်ကို ပြင်ဆင်စေပြီးလျှင်၊ ဆင်မငါးရာတို့၌ မောင်းမတို့ကို တစ်ဦးစီ စီးစေ၍၊ အဇာသတတ်မင်းက၊ စီးတော်ဆင်ကို စီးပြီး၊ မီးရှူးတိုင်တို့ကို ဆောင်စေလျက် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

အဇာတသတ်မင်းသည် သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင်၊ ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊
'အချင်း ဇီဝက - ငါ့ကို မလှည့်ပတ် မဖြားယောင်းသည် မှန်၏လော့၊ ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း''ဟု ဆို၏။

'မင်းကြီး... ကြောက်တော်မမူပါလင့် မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ သင့်ကို မဖြားယောင်းပါ၊ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏''ဟု လျှောက်၏။

ထိုအခါ အဇာတသတ်မင်းသည် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ ''အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း''ဟု ဆို၏။
''မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်း''ဟု လျှောက်၏။

အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ -

''ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း''ဟု ဥဒါန်း ကျူးရင့်၏။

''မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

ထို့နောက် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ရဟန်းပြုခြင်း၏ အကျိုးတရားတို့ကို မေးလျှောက်ရာ၊ မြတ်စွာဘုရားရှင်သည် သာမညဖလ သုတ္တန် ဒေသနာတော်ကို အကျယ်တ၀င့် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားတော်မူသည်။

သာမညဖလ သုတ္တန်ကို နာကြားရအပြီးတွင်၊ အဇာတသတ်မင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

"အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊
အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အရှင်ဘုရား... မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ်ဟူသော အကြောင်းကြောင့် သတ်ခဲ့မိပါ၏၊
မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ ဘုရား''ဟု လျှောက်၏။

"မင်းကြီး... မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲ့မိ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို၊ (အပြစ်ဟု) ငါတို့ လက်ခံကုန်၏။

မင်းကြီး... အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွါးခြင်းပင်တည်း" ဟု မိန့်တော်မူ၏။

ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

မြတ်စွာဘုရားသည် အဇာတသတ်မင်း ပြန်သွား၍ မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏-
''ရဟန်းတို့... ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲ့၏၊ ဤမင်းသည် (မိမိကိုယ်ကို မိမိ) ဖျက်ဆီးခဲ့၏၊ ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏''ဟု မိန့်ဆိုတော်မူ၏။

ထိုနေ့တွင် ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာသတတ်မင်းသည်၊ အိပ်မပျော်သော ရောဂါဝေဒနာ ငြိမ်းအေးသက်သာခဲ့ရ၏၊ ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်လာခဲ့၏၊ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ဧတဒဂ်ဘွဲ့ရရှိခဲ့၏၊ နောင်သောအခါ၊ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်၊ နှောင်းခေတ် ဗုဒ္ဓဘာသာ၀င်များအတွက် ဓာတ်တော်များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်၊ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။

ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်၊ ငရဲမှလွတ်ပြီး နောင်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်း၀င်ပေတော့မည်။

တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့်၊ ဤနေ့ကို သာမညဖလ အခါတော်နေ့ ဟူ၍ သတ်မှတ်ကာ၊ သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါပင် ဖြစ်လေတော့သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
▪️တန်ဆောင်တိုင် မီးထွန်းပွဲတော်။
▪️ကထိန်သင်္ကန်း အလှူပွဲတော်။
▪️မသိုးသင်္ကန်း ရက်လုပ်ပွဲတော်။
▪️မဲဇလီဖူးသုပ် ဝေငှသောပွဲတော်။
▪️ကျီးမနိုး ပွဲတော်။
▪️သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလ ဟု ဆိုရပေတော့မည်။

🙏🙏🙏🙏🙏

🏨 စိတ်ချယုံကြည်မှုအပြည့်ဖြင့် တာဝန်ယူတည်ဆောက်ဖန်တီးခွင့်ရတဲ့Siteလေး⏩ မကြာမီ ရေ၊မီး၊ဆေး၊ကြွေပြား အချောထည်လုပ်ငန်းများကို ...
07/11/2024

🏨 စိတ်ချယုံကြည်မှုအပြည့်ဖြင့် တာဝန်ယူတည်ဆောက်ဖန်တီးခွင့်ရတဲ့Siteလေး

⏩ မကြာမီ ရေ၊မီး၊ဆေး၊ကြွေပြား အချောထည်လုပ်ငန်းများကို အလှပဆုံးနှင့် အကောင်းမွန်ဆုံးဖြစ်အောင် AC Constructionမှ ဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်ပေးပါဦးမယ်ခင်ဗျာ.........

🤙 လှပခမ်းနားထည်ဝါတဲ့အိမ်လေးတစ်လုံး ဖန်တီးချင်သော မိတ်ဆွေများအနေဖြင့် 👇👇

➡️ အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက

👉 Authentic Creations Construction Co.,Ltd

☎️ 09-963200230
📲 09402792239 (viber)

📧[email protected]

🏢 No.84/1B,Thukuma street,Sayarsan Northeast Qtr,Bahan Township,Yangon.





🏨 နောက်ထပ် အိမ်ရှင်စိတ်တိုင်းကျ Luxuryဆန်ဆန် အိမ်လေးတစ်လုံးကိုလည်း မကြာမီ ပြီးစီးအပ်နှံပါတော့မယ်ခင်ဗျာ.....🤙 လှပခမ်းနားထ...
09/08/2024

🏨 နောက်ထပ် အိမ်ရှင်စိတ်တိုင်းကျ Luxuryဆန်ဆန် အိမ်လေးတစ်လုံးကိုလည်း မကြာမီ ပြီးစီးအပ်နှံပါတော့မယ်ခင်ဗျာ.....

🤙 လှပခမ်းနားထည်ဝါတဲ့အိမ်လေးတစ်လုံး ဖန်တီးချင်သော မိတ်ဆွေများအနေဖြင့် 👇

💁‍♂️ ကျွန်တော်တို့AC Constructionမှ တာဝန်ယူတည်ဆောက်နေသောSiteများ ၊ တည်ဆောက်ပြီးစီးခဲ့သော အိမ်လေးတွေကို လေ့လာကြည့်ရှုချင်တယ်ဆိုရင်လည်း လိုက်လံပြသပေးဖို့ ဝန်ဆောင်မှုပေးနေပြီဆိုတဲ့ကြောင်း သတင်းကောင်းလေး ပါးပါရစေ 🤝

➡️ အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက

👉 Authentic Creations Construction Co.,Ltd

☎️ 09-963200230
📲 09402792239 (viber)

📧[email protected]

🏢 No.84/1B,Thukuma street,Sayarsan Northeast Qtr,Bahan Township,Yangon.

 #လှေကားတင်မင်္ဂလာ 💰💎 ရွှေ၊ငွေ၊ရတနာပစ္စည်းများပြည့်လျှံလျှက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော အိမ်လေးတစ်လုံးဖြစ်ပါစေကြောင်း ...
29/07/2024

#လှေကားတင်မင်္ဂလာ

💰💎 ရွှေ၊ငွေ၊ရတနာပစ္စည်းများပြည့်လျှံလျှက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော အိမ်လေးတစ်လုံးဖြစ်ပါစေကြောင်း AC Construction မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

🏡 မိမိစိတ်ကူးထဲက အိမ်လေးတစ်လုံး ဖန်တီးချင်တယ်ဆိုရင်တော့👇👇

▶️ Contact info;

👉 Authentic Creations Construction Co.,Ltd

☎️ 09-963200230
📲 09402792239 (viber)

📧[email protected]

🏢 No.84/1B,Thukuma street,Sayarsan Northeast Qtr,Bahan Township,Yangon.

🏠 မကြာမီ ပြီးစီးအပ်နှံတော့မည့် Luxuryဆန်ဆန်အိမ်လေးတစ်လုံး ➡️ AC Construction မှ ဂုဏ်ယူစွာ တည်ဆောက်ဖန်တီးပေးနေပါတယ်ခင်ဗျာ...
16/07/2024

🏠 မကြာမီ ပြီးစီးအပ်နှံတော့မည့် Luxuryဆန်ဆန်အိမ်လေးတစ်လုံး

➡️ AC Construction မှ ဂုဏ်ယူစွာ တည်ဆောက်ဖန်တီးပေးနေပါတယ်ခင်ဗျာ...

🏡 မိမိစိတ်ကူးထဲက အိမ်လေးတစ်လုံး ဖန်တီးချင်တယ်ဆိုရင်တော့👇👇

▶️ Contact info;

👉 Authentic Creations Construction Co.,Ltd

☎️ 09-963200230
📲 09402792239 (viber)

📧[email protected]

🏢No.84/1B,Thukuma street,Sayarsan Northeast Qtr,Bahan Township,Yangon.

 #မြေသန့်ပရိတ်တရားတော်နာမင်္ဂလာ #ပန္နက်တင်မင်္ဂလာ #3-storeyed RCC building🏗️ 54A လမ်း x 117Aလမ်း၊ မန္တလေးမြို့သစ်Site🏩  ...
08/07/2024

#မြေသန့်ပရိတ်တရားတော်နာမင်္ဂလာ

#ပန္နက်တင်မင်္ဂလာ

#3-storeyed RCC building

🏗️ 54A လမ်း x 117Aလမ်း၊ မန္တလေးမြို့သစ်Site

🏩 နွေထွေးလုံခြုံတဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ဖို့ AC Construction နှင့်အတူဖန်တီးကြမယ်နော် ....

👉 Authentic Creations Construction Co.,Ltd

➡️Contact info;

☎️ 09-963200230
📲 09402792239 (viber)

📧[email protected]

🏢No.84/1B,Thukuma street,Sayarsan Northeast Qtr,Bahan Township,Yangon.

📝လုပ်ငန်းအပ်နှံမှု စာချုပ်ချုပ်ဆိုခြင်း မဂ်လာ ✍️🎊      ယုံကြည်စိတ်ချစွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော အိမ်ရှင် အကို နှင့် ...
15/06/2024

📝လုပ်ငန်းအပ်နှံမှု စာချုပ်ချုပ်ဆိုခြင်း မဂ်လာ ✍️🎊

ယုံကြည်စိတ်ချစွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော အိမ်ရှင် အကို နှင့် အမ မိသားစုများအားလုံး မဂ်လာရှိသော ယနေ့မှစ၍ စီးပွားလာဘ်လာဘများတိုးတက်ကာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း AC Construction မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)*****************************************(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခ...
09/06/2024

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)
*****************************************

(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခေတ်မှာ လုပ်ဖို့မပြောနဲ့ သိသူတောင်နည်းသွားပြီ)

ဆရာကြီးဒဂုန်ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Credit

🏗️ မအူပင်(၅)လမ်းSite (1,2)👉 ရေ၊ မီး၊ ဆေး၊ ကြွေပြား၊ မျက်နှာကျက်၊ Interior Decoration လုပ်ငန်းများ ဆောင်ရွက်လျှက်🤝 🙏ယုံကြ...
17/05/2024

🏗️ မအူပင်(၅)လမ်းSite (1,2)

👉 ရေ၊ မီး၊ ဆေး၊ ကြွေပြား၊ မျက်နှာကျက်၊ Interior Decoration လုပ်ငန်းများ ဆောင်ရွက်လျှက်

🤝 🙏ယုံကြည်စိတ်ချစွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော အိမ်ရှင်မိသားစုများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။ စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်အောင်မြင်ကြပါစေကြောင်း AC Construction မိသားစုမှ ဆုမွန်ကောင်းတောင်ပေးပါတယ်ခင်ဗျာ.....




Address

No. 84/1B, Thukuma Street, Sayarsan Northeast Qtr, Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959963200230

Website

Alerts

Be the first to know and let us send you an email when Authentic Creations Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Authentic Creations Construction Co.,Ltd:

Share