Linn Htet Nay Wun Construction Group

Linn Htet Nay Wun Construction Group Welcome From "Linn Htet Nay Wun" Construction Group🙏🙏

Hidden Beam ဆိုတာဘာလဲဗျ???ပြောရရင်တော့ စလပ်ပြင်ပေါ်မှာ ဝန်သေနံရံအခန်းကန့်တာတွေ လုပ်ချင်ရင် ထည့်ရပါတယ်။မထည့်ပဲ စလပ်ပြင်ပေ...
26/04/2024

Hidden Beam ဆိုတာဘာလဲဗျ???
ပြောရရင်တော့ စလပ်ပြင်ပေါ်မှာ ဝန်သေနံရံအခန်းကန့်တာတွေ လုပ်ချင်ရင် ထည့်ရပါတယ်။
မထည့်ပဲ စလပ်ပြင်ပေါ် ဝန်သေနံရံတွေတင်တဲ့အခါ စလပ်ကနေဝန်ပျံ့နှံ့မှုက ညီတူညီမျှဖြန့်ကျက်မသွားပဲ တိုက်ရိုက်ဒေါင်လိုက်ဖိအားဖြစ်ပြီး အန္တရာယ်ဖြစ်‌စေပါတယ်။ ရေရှည်ဒဏ်ခံရပါတယ်။
အတိုချုံ့ပြောရရင်တော့ အိမ်ရှင်လိုချင်တဲ့ အခန်းဖွဲ့တွေက ပင်မဘင့်လိုင်းအပြင်ရောက်တဲ့အခါ၊ ဘင့်ထုတ်တွေ ဖျောက်ချင်တဲ့အခါ၊ ဘင့်မထည့်တဲ့ Flat Slab ပြင်ညီကြမ်းခင်းတွေထားချင်တဲ့အခါ Hidden Beam ကို ထည့်ပေးရပါတယ်။
အသေးစိတ်ပြောရရင်တော့
What is HIDDEN BEAM/CONCEALED BEAM?
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Hidden Beam ဆိုသည်မှာ slab ၏ thickness ထုနဲ့ တူညီပြီး slab အတွင်း နစ်မြုပ် ဖျောက်ထားသော beam ကို ဆိုလိုသည်။ Hidden beam များကို concealed beam ဟုလည်း ခေါ်ဆိုသည်။
သာမန် beam များသည် ၎င်းထမ်းထားသော slab ထက် thicknesses ပိုများသော်လည်း hidden beam များသည် slab ထုနဲ့ ညီမျှပြီး အားကူသံချောင်းများ၊ စတားကွင်းများကို slab ၏ အားကူသံချောင်းနှင့် တဆက်တည်း မဆင်ပဲ သီးသန့်အဖြစ် ပိုင်းခြားပြီး hidden beam ကို အားကူသံချောငိး ဆင်ရပါတယ်။
Bar size များအနေဖြင့် သာမန် beam ကဲ့သို့ ဒီဇိုဂ်းတွက်ချက်ပြီး အသုံးပြုရသည်။
ထို့ကြောင့် hidden beam များသည် ကွန်ကရစ်လောင်းပြီးသည့်အခါ မမြင်ရတော့ပဲ slab ထဲတွင် ပျောက်ကွယ်သွားသည်။
Hidden beam များကို ယေဘုယျ အားဖြင့် suspended slab များတွင် အသုံးပြုသည်။
Flat slab များတွင် အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေသည်။
Hidden Beam အသုံးပြုရခြင်း ရည်ရွယ်ချက်
=========================
- Supporting slab ပေါ် သက်ရောက်သည့် ၀န်အားများ ပြန့်နှံ့သွားစေရန်။
- ကျယ်ပြန့်သော slab ဧရိယာကို သင့်တော်သော အရွယ်အစားရရှိစေရန်။
- Maximum floor height ကို ရရှိနိုင်ရန်။
- Electromechanical duck work လုပ်ငန်းများ၏ လမ်းကြောင်းများ ရှင်းလင်းစေရန်။
- ဗိသုကာဆိုင်ရာ အလှအပများအတွက် ရှင်းလင်းပေါ်လွင်သော ceiling surface များ ရရှိနိုင်ရန်။
Hidden Beam ၏ အကျိူ းကျေးဇူးများ
¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹
- Beam ဖျောက်ထားရသောကြောင့် floor height ကို ရှင်းရှင်းလင်းလင်း ဖြစ်စေသည်။
- Slab အပေါ်ပိုင်းတွင် အုတ်စီလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။
- တည်ဆောက်ပစ္စည်းများ၊ formwork နှင့် လုပ်အားခ ကုန်ကျစရိတ်များ သက်သာစေသည်။
- အခန်းတွင်းပိုင်း လှပတင့်တယ်စေသည်။

ဗဟုသုတအနေဖြင့်သာ မျှဝေခြင်းဖြစ်ပါသည်။ ကျွမ်းကျင်ပညာရှင်များနဲ့ ညိနှိုင်းတင်ပင်ပြီးဆောင်ရွက်သင့်ပါသည်။

်ပီး(TP-CONSTRUCTION)

24/04/2024

သစ်သားတွေကို ဘယ်လိုဆေးသုတ်ကြမလဲ။
-------------------------------------------
သစ်သားဆိုတာ တန်ဖိုးကြီးပါတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျွန်း၊ ပိတောက်၊ သစ်မာ၊ ပျဥ◌်းကတိုးကနေစလို့ ကုက္ကိုယ်သားထိ အစုံ သုံးကြပါတယ်။ သေသေချာချာ ဆေးမသုတ်ဘဲ မိုးရေလေထဲ ဖြစ်သလို ထားမယ်ဆိုရင်တော့ ကြာလာရင် ဆေးမြေ့ပျက်စီး ခြကိုက်သွားမှာမို့ သစ်သားတွေကို စနစ်တကျဆေးသုတ်ပေးဖို့ လိုအပ်ပါတယ်။

သစ်သား၊ ပရိဘောဂဆေးအမျိုးအစားပေါင်းများစွာရှိသလို ဆေးသုတ်နည်းလည်း အမျိုးမျိုးရှိပါတယ်။ သုတ်မဲ့ ဆေးအမျိုးအစား၊ သစ်သားအမျိုးအစား၊ သစ်သားအသုံးပြုမဲ့နေရာပေါ်မူတည်ပြီး ဆေးသုတ်နည်းကွာ သွားနိုင်တာမို့ အတွေ့အကြုံရှိဆေးဆရာတွေရဲ့ အကြံပေးမှုအောက်မှာပဲ ဆေးသုတ်ပေးပါ။ အခု မြန်မာပြည်မှာ အသုံးများတဲ့ တံဆိပ်တွေပေါ်မူတည်ပြီး ဘယ်လို ဆေးသုတ်ကြမလဲ

အလွယ်ပြောထားပေးပါတယ်။ အဆင့်လိုက်သုတ်ပေးရပါမယ်။

၁။ ပတ်တီး - သစ်သားအပါက်အနာအဟတွေကို ပတ်တီးနဲ့ ဖြည့်ပေးပါ။
✔️သန့်ရှင်းရေးလုပ်
✔️ကော်ပတ်စား ၆၀ - ၁၅၀
✔️ပတ်တီး + ရေ
✔️ပတ်တီးကတ်နဲ့သုံး
၂။ အရောင်ညှိဆေး (Bleach) - သစ်သားအရောင် ရင့်နေတာမျိုး၊ မညီတာမျိုး ဖြစ်နေရင် ဒါလေး ထည့်သုံးပေးပါ။ သစ်ကြော သစ်ကွက်တွေကို မပျောက်စေဘဲ နဂိုထက်ပိုပြီး သစ်လွင် လှပသွားစေပါတယ်။ မလိုရင် ဒီအဆင့်ကျော်သွားပါ။
✔️Bleach + ရေ
✔️မြင်းမွှေးစုတ်တံ
✔️ကော်ပတ် ၁၅၀

၃။ ဖီလာ (Filler) - သစ်သားပေါ် သနပ်ခါးပျစ်ပျစ်လိမ်းသလို လိမ်းပေးပါ။ အရောင်အစုံ ရှိတာမို့ စိတ်ကြိုက်ရွေးပြီး သုတ်လို့ရပါတယ်။
✔️ဖီလာ + တင်နာ (တံဆိပ်တူရမယ်)
✔️မြင်းမွှေးစုတ်တံ
✔️ကော်ပတ် ၁၅၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်

၄။ ဆီလာ (Sealer) - သူက နှစ်ဖက်တိပ်လိုမျိုးပဲ။ အထက်ဆေး အောက်ဆေး ဆွဲချုပ်ပေးမှာ။ သူမပါရင် ဆေးသားကြွလာမှာပါ။ အိမ်တွင်းအလှဆင်ဖို့ သုတ်မယ်ဆို NC, PC, AC သုံး။ သူတို့က မိုးရေနေဒဏ် မခံနိုင်ဘူး။ AC က ဆေးသားပိုပြည့်လို့ ပိုသုံးကြတယ်။ ဒါပေမဲ့ အက်စစ်ပါတာမို့ ဆေးသုတ်တဲ့ကိုယ့်ဆရာတွေ Mask တပ်ပေးနော်။ ထမင်းစားစားပွဲ၊ ကလေးသုံးပရိဘောဂတွေမှာ သုံးရင် ရေရှည်ဆို ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အပြင်သုတ်မှာဆို ရှင်းပါတယ်။ PU ပါတာပဲ သုံးပါ။ မိုးရေနေဒဏ်ခံနိုင်တယ်။
✔️ဆီလာ+Hardener+တင်နာ(တံဆိပ်တူရမယ်)
✔️ကော်ပတ် ၃၂၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်
၅။ Top Coat - မှိန်ချင်ရင် Matt ပြောင်ချင်ရင် Gloss။
✔️Top Coat + Hardener + တင်နာ
✔️ကော်ပတ် ၃၂၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်

credit... #မန္တလေးစိန်ဒိုင်းမွန်းအိမ်သုတ်ဆေးဆိုင်

02/04/2024

အိမ်တစ်အိမ် ဆောက်ရင်
အဓိက ( ၃ ) ချက်ရှိတယ်

အိမ် ပနပ်
အိမ် ဦးရင်တိုင်
လှေကား
အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ
အိမ်ရင်ကွဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမ်ပတ်တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကြဲ...သေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ
ထုပ်ယောက် မိုက်ဖွဲ့ပြီး
၃နဲ့စားလို့ပျက်ရင်
၃လအတွင်း လူသေဖို့
၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားက
ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မှာ သစ်စုံပါရင်
သစ်မင်း စိုက္ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်
အိမ်အရင် အိမ်သာ မဆောက်ကောင်း
ခြံစည်းရိုး မရွိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကို
ကြေးပြားမှာ
စည်းချဂါထာ ရေးပြီး
အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်
မီးမခနိုင်
ဧည့်သည် ကောင်းများလာစေတက်
လောင်မီးစက် မခံ နိုင်
မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာ
ချမ်းသာချင်လည်း လှေကားဘဲ
မွဲချင်လည်း လှေကားဘဲ

လှေကားက အဓိကပါ ဘဲ။

အိမ်နဲ့ပတ်သတ်ပြီး
သိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့
မယုံကြည်ရင်
အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက္လုံး
အဖီ ဆြဲ နေ လေ ။

မြဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..ဥရုတိုင်
အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ
တစ်ထွာခန့်အမျက်ရှိတတ်၏..
ထိုအမ် က္ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏..
ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လျှ င်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်
စည်းစိမ်ဥစ္စာ တိုးပြား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်
ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏
သားသမီး မြေးမြစ်သေတတ်၏..
ပယ်လိုကပယ်..မပယ္လိုက..အရှေ့တောင်က
သစ်မင်းတိုင်နှင့်လဲ၍စိုက်..
ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်.ယက်မအောက်တွင်.. သေချာ
ကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏.
အိမ်ရှိ တိရစ္ဆာန် သေတတ်၏
ပယ်လိုကပယ်.. မပယ္လိုက.. တောင်ဘက်စဉ်
စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်
သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..အရှေ့မြောက်
ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်
အကွာအမျက်ရှိတတ်၏..
ကိုယ်ချစ်ရသူသေတတ်၏
ပယ်လိုကပယ်.. မပယ္လိုက ...ဘူမိအရပ္က
တိုင်နှင့်လဲစိုက်...စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှ င်
အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏
ရောဂါရတတ်၏..သောကရောက်တတ်၏
ပယ်လိုကပယ်.. မပယ္လိုက ..အလည်တိုင်နှင့်
လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..
အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်
အခေါင်းပါတတ်၏..
ရောဂါထူပြောအံ့
ပယ်လိုကပယ်.. မပယ္လိုက.. အလည်ဂွတိုင်
နှင့်လဲစိုက်..လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌..
စရွေးအောက်မှာ အမ် က်သေးပါတတ်၏..
မိန်းမမသေ ယောက်ျ ားသေတတ်၏..
ပယ်လိုကပယ်.. မပယ္လိုက. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်
လာဒ်ကြီးရလတ္တံ့။

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာမ်ား ။

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမွာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆေတြ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် မ်ား မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ
အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန္ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန္လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
၀ါခေါင်လ - ဥစ္စာ စီးပြား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအမ်ား ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ
ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ္ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ္ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငွာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တြဲလြဲ ကျနေသောသစ် (သစ်ဆြဲခ်)
၂။ သစြ္ခ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ္ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ္တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ္နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင်
မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင်
မပြုအပ်သော အရာမ်ား ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အေနအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး
#မူရင်း credit.
#အိမ်ဆောက်ချင်သူများ
အိမ်ဆောက်ချင်သူများနှင့်ဆောက်လုပ်ရေး
အိမ်ဆောက်ချင်သူများဆုံစည်းရာ

👷 အုတ်စီတဲ့အခါ ဘာလို့ ဂျာလီထည့်စီ ခိုင်းရတာလဲ ။ ဒီတိုင်းစီကော မရဘူးလား လို့ ပန်းရံတစ်ယောက်က မေးလာပါတယ်။           ဟုတ်ကဲ...
31/03/2024

👷 အုတ်စီတဲ့အခါ ဘာလို့ ဂျာလီထည့်စီ ခိုင်းရတာလဲ ။ ဒီတိုင်းစီကော မရဘူးလား လို့ ပန်းရံတစ်ယောက်က မေးလာပါတယ်။
ဟုတ်ကဲ့ ၊အဆောက်အဦးတွေဟာ တည်ဆောက်ပြီးရင် ကျုံ့ခြင်း ဆန့်ခြင်း ဆိုင်ရာ သဘောတရား ပိုင်ဆိုင်ထားပါတယ်။ ငလျှင်၊ မုန်တိုင်းကဲ့သို့သော သဘာဝဘေးတွေ ခံရနှိုင်ပါသေးတယ်။ ပူခြင်း အေးခြင်း ဆိုင်ရာ ရာသီဥတု ဒဏ်တွေလဲ ခံရနှိုင်ပြီး ကား ၊ ရထား သွားလာမှု့ကနေ လဲ တုန်ခါမှု့ ဒဏ်လဲ ခံရနှိုင်ပါတယ် ။
အာ့တွေကြောင့် မိမိတို့ အုတ်စီနံရံတွေဟာ တုန်ခါပြီးး ကွဲအက်လာတက်ပါတယ်။
ဒါကြောင့် ဂျာလီကို လေးလွှားတစ်ခါ ထည့်စီခိုင်းတာပါ ။
ဂျာလီ(Exmet) သူကလေ အုတ်နံရံတွေရဲ့ တုန်ခါမှု့ကို အဓိက ထိန်းကြောင်းပေးပြီးး အက်ကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဂျာလီ ထည့်စီခြင်းအားဖြင့် ခိုင်ခံ့တဲ့ နံရံတစ်ခု ပိုင်ဆိုင်မှာ ဖြစ်ပြီးး အရည်အသွေးမှီတဲ့ အဆောက်အဦး တစ်ခု ဖြစ်လာမှာပါ ။
အာ့ကြောင့် လေးလွှာတစ်ခါ ဂျာလီ ထည့်စီခိုင်းတာပါလို့ ပြောဖြစ်ပါတယ်။

Crd to Original Uploader
#ဆောက်လုပ်ရေးဝန်ဆောင်မှု့ #ကန်ထရိုက်

ထောင့်ကွက်မှာ အိမ်ဆောက်မည့်သူတွေတွက် ❣️❣️        #ကန်ထရိုက်
30/03/2024

ထောင့်ကွက်မှာ အိမ်ဆောက်မည့်သူတွေတွက် ❣️❣️
#ကန်ထရိုက်

အမိုးဧရိယာတွက်နည်း°°°°°°°°°°°°°°°°°°°°°✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိ...
29/03/2024

အမိုးဧရိယာတွက်နည်း
°°°°°°°°°°°°°°°°°°°°°

✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။

ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။

(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)

✅ နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။

✅ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်

✅ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။

✅ O A O A H H /H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။

✅ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။

✅ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။

ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။

✅ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။

✅ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။

မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်…

Column တိုင်တွေ ချိန်ကျမျဉ်းကျဖို့ဘယ်လောက်အရေးကြီးသလဲ။ကော်လံတိုင်တွေဆိုတာ ဒေါင်လိုက်ဖိအားဒဏ်ခံဖို့ အဓိကအသုံးပြုရပါတယ်။ကြ...
27/03/2024

Column တိုင်တွေ ချိန်ကျမျဉ်းကျဖို့
ဘယ်လောက်အရေးကြီးသလဲ။

ကော်လံတိုင်တွေဆိုတာ ဒေါင်လိုက်ဖိအားဒဏ်ခံဖို့ အဓိကအသုံးပြုရပါတယ်။

ကြမ်းခင်းကနေလာတဲ့ဝန်အလေးချိန်ကို ထုတ်ကနေတဆင့် ကော်လံတိုင်ကနေ လွှဲပြောင်းရယူပြီး အဆုံးသတ်အုတ်မြစ်အထိကို ကူးပြောင်းပေးဖို့ လိုပါတယ်။

အဲ့ဒီလို တဆင့်ပြီးတဆင့်စုပေါင်းသက်ရောက်လာတဲ့ဝန်တွေကို ထမ်းထားရမယ့် ကော်လံတိုင်ဟာ အရပ်ပြော ချိန်ကျမျဉ်းကျ လွှဲနေမယ် ဗဟိုဝန်ရိုးကနေသွေဖယ်ခြင်း Eccentric ဖြစ်နေမယ်ဆိုရင် ထမ်းထားရတဲ့ဝန်တွေ သူ့ဆီကနေမကူးပြောင်းခင် ကော်လံတိုင်အနေနဲ့ပျက်စီးသွားပါလိမ့်မယ်။

တုတ်တချောင်းဟာ တစောင်းထည်းရင်သူ့ဟာသူရပ်သူခက်နေသလိုပါပဲ။ အဲ့တာကို ကမ္ဘာဆွဲအားကြောင့်လို့ပြောလို့ရပါတယ်။ ဒါကြောင့် ကော်လံတိုင်တွေ ဗဟိုမှလွဲခြင်း ချိန်မကျခြင်း မျဉ်းမကျခြင်းကြောင့် အဆောက်အဦတစ်ခုလုံးအတွက် အရမ်းကို အန္တရာယ်များလှပါတယ်။

ဒါကြောင့် ကော်လံတိုင်တွေ ပုံစံရိုက်ပြီးမလောင်းခင် ချိန်ကျမျဉ်းကျဖို့အထူးဂရုစိုက်သင့်ပါကြောင်းပါခင်ဗျား☺️☺️

#ကန်ထရိုက်

သင်ဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။၃။...
26/03/2024

သင်ဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်
၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
၃။အပူအအေးအတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
၄။အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။

၅။(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

#ကန်ထရိုက်

 #ကူးယူဖော်ပြပါသည်သစ်သားတွေကို ဘယ်လိုဆေးသုတ်ကြမလဲ။-------------------------------------------သစ်သားဆိုတာ တန်ဖိုးကြီးပါတယ...
24/03/2024

#ကူးယူဖော်ပြပါသည်
သစ်သားတွေကို ဘယ်လိုဆေးသုတ်ကြမလဲ။
-------------------------------------------
သစ်သားဆိုတာ တန်ဖိုးကြီးပါတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျွန်း၊ ပိတောက်၊ သစ်မာ၊ ပျဥ◌်းကတိုးကနေစလို့ ကုက္ကိုယ်သားထိ အစုံ သုံးကြပါတယ်။ သေသေချာချာ ဆေးမသုတ်ဘဲ မိုးရေလေထဲ ဖြစ်သလို ထားမယ်ဆိုရင်တော့ ကြာလာရင် ဆေးမြေ့ပျက်စီး ခြကိုက်သွားမှာမို့ သစ်သားတွေကို စနစ်တကျဆေးသုတ်ပေးဖို့ လိုအပ်ပါတယ်။

သစ်သား၊ ပရိဘောဂဆေးအမျိုးအစားပေါင်းများစွာရှိသလို ဆေးသုတ်နည်းလည်း အမျိုးမျိုးရှိပါတယ်။ သုတ်မဲ့ ဆေးအမျိုးအစား၊ သစ်သားအမျိုးအစား၊ သစ်သားအသုံးပြုမဲ့နေရာပေါ်မူတည်ပြီး ဆေးသုတ်နည်းကွာ သွားနိုင်တာမို့ အတွေ့အကြုံရှိဆေးဆရာတွေရဲ့ အကြံပေးမှုအောက်မှာပဲ ဆေးသုတ်ပေးပါ။ အခု မြန်မာပြည်မှာ အသုံးများတဲ့ တံဆိပ်တွေပေါ်မူတည်ပြီး ဘယ်လို ဆေးသုတ်ကြမလဲ

အလွယ်ပြောထားပေးပါတယ်။ အဆင့်လိုက်သုတ်ပေးရပါမယ်။

၁။ ပတ်တီး - သစ်သားအပါက်အနာအဟတွေကို ပတ်တီးနဲ့ ဖြည့်ပေးပါ။
✔️သန့်ရှင်းရေးလုပ်
✔️ကော်ပတ်စား ၆၀ - ၁၅၀
✔️ပတ်တီး + ရေ
✔️ပတ်တီးကတ်နဲ့သုံး
၂။ အရောင်ညှိဆေး (Bleach) - သစ်သားအရောင် ရင့်နေတာမျိုး၊ မညီတာမျိုး ဖြစ်နေရင် ဒါလေး ထည့်သုံးပေးပါ။ သစ်ကြော သစ်ကွက်တွေကို မပျောက်စေဘဲ နဂိုထက်ပိုပြီး သစ်လွင် လှပသွားစေပါတယ်။ မလိုရင် ဒီအဆင့်ကျော်သွားပါ။
✔️Bleach + ရေ
✔️မြင်းမွှေးစုတ်တံ
✔️ကော်ပတ် ၁၅၀

၃။ ဖီလာ (Filler) - သစ်သားပေါ် သနပ်ခါးပျစ်ပျစ်လိမ်းသလို လိမ်းပေးပါ။ အရောင်အစုံ ရှိတာမို့ စိတ်ကြိုက်ရွေးပြီး သုတ်လို့ရပါတယ်။
✔️ဖီလာ + တင်နာ (တံဆိပ်တူရမယ်)
✔️မြင်းမွှေးစုတ်တံ
✔️ကော်ပတ် ၁၅၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်

၄။ ဆီလာ (Sealer) - သူက နှစ်ဖက်တိပ်လိုမျိုးပဲ။ အထက်ဆေး အောက်ဆေး ဆွဲချုပ်ပေးမှာ။ သူမပါရင် ဆေးသားကြွလာမှာပါ။ အိမ်တွင်းအလှဆင်ဖို့ သုတ်မယ်ဆို NC, PC, AC သုံး။ သူတို့က မိုးရေနေဒဏ် မခံနိုင်ဘူး။ AC က ဆေးသားပိုပြည့်လို့ ပိုသုံးကြတယ်။ ဒါပေမဲ့ အက်စစ်ပါတာမို့ ဆေးသုတ်တဲ့ကိုယ့်ဆရာတွေ Mask တပ်ပေးနော်။ ထမင်းစားစားပွဲ၊ ကလေးသုံးပရိဘောဂတွေမှာ သုံးရင် ရေရှည်ဆို ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အပြင်သုတ်မှာဆို ရှင်းပါတယ်။ PU ပါတာပဲ သုံးပါ။ မိုးရေနေဒဏ်ခံနိုင်တယ်။
✔️ဆီလာ+Hardener+တင်နာ(တံဆိပ်တူရမယ်)
✔️ကော်ပတ် ၃၂၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်
၅။ Top Coat - မှိန်ချင်ရင် Matt ပြောင်ချင်ရင် Gloss။
✔️Top Coat + Hardener + တင်နာ
✔️ကော်ပတ် ၃၂၀
✔️အခြောက်ခံ၊ ကော်ပတ်စား၊ လိုသလောက်ထပ်သုတ်

credit... #မန္တလေးစိန်ဒိုင်းမွန်းအိမ်သုတ်ဆေးဆိုင်

တချိန်ချိန်ကျ အသုံးဝင်လာမှာ ❣️Save လုပ်ထားရင်မမှားဘူး✌️
21/03/2024

တချိန်ချိန်ကျ အသုံးဝင်လာမှာ ❣️
Save လုပ်ထားရင်မမှားဘူး✌️

📌DPC ထည့်တာဘာအတွက်လဲ📌(Damp Proof Course)     တချို့ပန်းရံတွေဟာ အဆောက်အဦထဲမှာ DPC ဘာကြောင့်ထည့်တယ်ဆိုတာ မသိကြပါဘူး။ အတွေ့...
19/03/2024

📌DPC ထည့်တာဘာအတွက်လဲ📌
(Damp Proof Course)

တချို့ပန်းရံတွေဟာ အဆောက်အဦထဲမှာ DPC ဘာကြောင့်ထည့်တယ်ဆိုတာ မသိကြပါဘူး။ အတွေ့အကြုံများတဲ့ ပန်းရံ စီနီယာကြီးများသာသိကြတယ်။ အရင်ခေတ် RC ပေါ်ကာစက အဆောက်အဦများမှာ ground beam (မြေအောက်ရက္မ)များသာထည့်ပြီး plinth beam (ကြမ်းခင်းရက္မ)များကို ထည့်လေ့မရှိကြဘူး။ အဲဒီအဆောက်အဦမျိုးတွေ ပတ်ပတ်လည်မှာ ၉" အုတ်ရိုး မြေထိမ်းနံရံနဲ့ အဆောက်အဦခန်းဆီး (partition) ရှိတဲ့ နံရံအောက်တွေမှာလည်း ၉" မြေထိန်းနံရံတွေ တည်ဆောက်ကြတယ်။မြေထိန်းနံရံများ level (သတ်မှတ်အမြင့်)ရပြီဆိုရင် မြေကြီးအပေါ် အနည်းဆုံး ၆"ကနေ ၉" ထိ ၉" အုတ်ရိုးအပေါ်မှာ damp proof course (DPC) ဆိုတာကို ထည့်ပေးရတယ်။ ဒီအလွှာဘာကြောင့်ထည့်ရသလဲဆိုရင် မြေကြီးအောက်မှာရှိတဲ့ရေကို မြေထိန်းနံရံအုတ်များက စုပ်ယူတယ်။အဲဒီစုပ်ယူတဲ့ရေများကို အဆောက်အဦရဲ့ အုတ်နံရံများက စုပ်မယူနိုင်အောင် အဲဒီအလွှာက တားထားပေးတယ်။ ဒါကြောင့်ဒါကို `စိုထိုင်းမှုတားလွှာ´လို့ခေါ်တယ်။အဲဒီခေတ်က အဆောက်အဦတွေမှာ DPC မပါဘဲ နံရံတက်ရင် မိုးအခါမှာ နံရံအောက်ခြေများ အမြဲစိုစွတ်နေတာတွေ့ရလိမ့်မယ်။ သုတ်ထားတဲ့ဆေးများမကြာခဏကွာကျတယ်။ အဆောက်အဦထဲခြဝင်တယ်။ အတွင်းပစ္စည်းများ အမြဲစိုထိုင်းနေပြီး မှိုတက်တယ်။
အထူးသဖြင့် အုတ်ညှပ်အဆောက်အဦ (bricked knogged wall) တွေမှာ ပိုဖြစ်လေ့ရှိတယ်။ အခုခေတ်မှာတော့ အဆောက်အဦတိုင်းလိုလိုမှာ plinth beam များပါရှိနေလို့ သီးသန့် DPC ထည့်ဖို့မလိုတော့ပါဘူး။
ဒါပေမယ့် အဆောက်အဦရဲ့မြေညီထပ်ကြမ်းခင်းကို လောင်းတဲ့အခါ ၁း၃း၆ ဘိလပ်မြေအချိုးနဲ့ ၄.၅" အောက်ခံကိုအရင်လောင်းပြီးမှ အပေါ်က ၁း၂း၄ ဘိလပ်မြေအချိုးနဲ့ ၁.၅"ထု လောင်းခြင်းဟာ DPC လောင်းခြင်းပဲဖြစ်တယ်။ ဒါကိုပန်းရံများရဲ့အခေါ် `တော်ပင်´လောင်းတယ်လို့လည်းခေါ်တယ်။
ဒါပေမယ့် site တွေထဲမှာ ပြတင်းပေါက်ရဲ့ကျည်းဘောင်အောက်မှာ သံချောင်းထည့်ပြီးလောင်းရတဲ့ ထုပ်ကို ပန်းရံအများစုက DPC လို့ခေါ်နေကြတယ်။ ဒါဟာ DPC ရဲ့သဘောကိုမသိလို့ ခေါ်နေကြတယ်။ တကယ်တော့DPC ဆိုတာ သဘာဝမြေကြီး (natural ground level)အထက် ၆" ခန့်နဲ့ ၉" ခန့်မှာသာရှိတယ်။ စောစောက ပြတင်းကျည်းဘောင်အောက် မှာလောင်းထားတဲ့ထုပ်ကို stiffener လို့ခေါ်တယ်။ သူ့ကိုထည့်ရတဲ့ရည်ရွယ်ချက်က နံရံတက်တဲ့ ၄.၅" အုတ်ရိုး တောင့်တင်းအောင် ထည့်ခြင်းဖြစ်တယ်။ ဒါကို မြန်မာလို `နံရံထုပ်´လို့ ခေါ်နိုင်တယ်။ DPC တော့မခေါ်ရပါဘူး။
နိုင်ငံတကာမှာ DPC အလွှာကို ကတ္တရာပြားအလိပ်အဖြစ် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ ၁း၂း၄ ဘိလပ်မြေအချိုးကို impermo မှုန့်ကို ဘိလပ်မြေရဲ့ ၂%ထည့်ပြီး ၁.၅"ထုလောင်းကြတယ်။ အခုခေတ်မှာ water-proofing solution (ဓာတုဆေးရည်)များကို သုံးလာကြပါတယ်။

Credit Sayar Tin Maung Myaing.
crd

သံချည်သံကွေးအကြောင်း===================သံချည် သံကွေး ပြုလုပ်ရာတွင်အတိုင်းအတာ နှင့် ကုန်ကျ တာလေး ဗဟုသုတ အဖြစ် တင်ပေးလိုက်...
18/03/2024

သံချည်သံကွေးအကြောင်း
===================
သံချည် သံကွေး ပြုလုပ်ရာတွင်အတိုင်းအတာ နှင့် ကုန်ကျ တာလေး ဗဟုသုတ အဖြစ် တင်ပေးလိုက်ပါတယ်။
သံချောင်း ရှည် တစ်ချောင်း ဆိုက်မှန်ပါက ပေ ၄၀' ရှည်ပါတယ် ယခု အသုံးပြုနေ ``ရောင်းချနေသော သံ များမှာ ၃၉' ပေ ၆" သာရှိပါတယ် ။ စတားကွင်း ကွေးသော ``တစ်မတ်လုံး သံ တစ်ဟန်တွင် ၆"×၆ "လက်မ ပတ်လည် စတား ကွင်း ၄၅၀ ရရှိပါတယ် ။
၉"×၉" လက်မ ပတ်လည် စတားကွင်း ၄၀၁ ကွင်း ရရှိပါတယ် . အဆောက်ဦး. တိုင် တွေရဲ့ သံဆင်ရာတွင် စတားကွင်း အကွာအဝေး ၈" လက်မ ၉" လက်မ ခြားထားကြပါတယ် "
>>>>>>

Address

Yangon
11231

Telephone

+959443069908

Website

Alerts

Be the first to know and let us send you an email when Linn Htet Nay Wun Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share