06/10/2023
ကိုယ်ကကောင်းနေသလားဆိုတော့....
မကောင်းဘူးနော်။ ဒါပေမယ့် သူများမကောင်းတဲ့ အကြောင်းတွေကို သိပ်ပြီးပြောချင်နေမိတာ ။
ကိုယ့်မှာလည်း အတိတ်ဟောင်းဆိုတာ
မရှိဘူးလားဆိုတော့ ......
ရှိတယ်နော် ။ ဒါပေမယ့် သူများအတိတ်ကိုတော့ အရမ်းတူးဆွပြီး ဖေါ်ကောင်လုပ်ပစ် ချင်မိတာ။
ကိုယ်အမှားမရှိဘူးလားဆိုတော့ ....
ရှိတာပေါ့ ။ ဒါပေမယ့် ကိုယ်လုပ်တာလေးဖုံးပြီး သူများအမှားဆိုရင်တော့ မီးမောင်းထိုးပြီး သိပ်ချဲ့ကားချင်နေမိတာ။
ကိုယ်ရောပြည့်စုံနေသလားဆိုတော့ မပြည့်စုံဘူးဆိုပေမယ့် သူများရဲ့ မပြည့်စုံမှုတွေ၊ အားနည်းချက်ဆိုရင် အရသာခံပြောလို့ သိပ်ကောင်းကြတာ ။
လူထဲကလူတွေမှာ ....
ကိုယ့်တန်ဘိုးတွေကို ကိုယ်ကိုယ်ကို ချမိမှန်းမိ ချသွားကြတဲ့လူတွေ အများကြီးပဲ ။
—— မာရင်ရင်