Ko Wint Thu

Ko Wint Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Wint Thu, Engineering service, Yangon.

22/04/2024
သံချောင်းထိပ်တွေဘာလို့ကွေးကြရသလဲ။ စံနှုန်းပြည့်ဖြစ်ဖို့ ဘယ်လိုကွေးရမလဲ? အရေးကြီးပါတယ်။(စံသတ်မှတ်ထားတဲ့ သံချောင်းအကွေးမျာ...
18/02/2024

သံချောင်းထိပ်တွေဘာလို့ကွေးကြရသလဲ။ စံနှုန်းပြည့်ဖြစ်ဖို့ ဘယ်လိုကွေးရမလဲ?
အရေးကြီးပါတယ်။

(စံသတ်မှတ်ထားတဲ့ သံချောင်းအကွေးများ)
စံဆိုတာဟာ အရည်အသွေးကိုထိန်းကျောင်းဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အသွေးတိုင်းပေတံ တစ်ခုပါ။ ရွာချင်းတူပေမယ့် ရွာတိုင်းဟာစံပြရွာမဖြစ်နိုင်ပါဘူး။ မြို့ချင်းတူပေမယ့် မြို့တိုင်းဟာ ခရိုင်မဖြစ်နိုင်ပါ ဘူး။ သက်ဆိုင်ရာသတ်မှတ်စံချိန်စံညွှန်းတွေနဲ့ကိုက်ညီနိုင်မှသာ ထိုက်သင့်တဲ့ အမည်နာမကိုရကြတာပါ။

ဒီလို ပဲ အားကူကွန်ကရစ် RC လို့သတ်မှတ်ခေါ်ဝေါ်နိုင်ဖို့အတွက် အရည်အသွေးပြည့်မီဖို့အတွက် ဆိုရင်လည်း ကွန်ကရစ်နဲ့ပါတ်သက်ပြီးသော်လည်းကောင်း ၊ သံချောင်းနဲ့ပါတ်သက်ပြီးသော်လည်းကောင်း ထိုက်သင့်တဲ့အရည်အသွေးစံချိန်စံညွှန်းတွေနဲ့ကိုက်ညီ ဖို့လိုပါတယ်။

ကွန်ကရစ်ဟာ ဖိအားခံနိုင်ရည်များပေမယ့် ဆွဲဆန့်တဲ့အားကျတော့ ဖိအားခံနိုင်ရည်ရဲ့ဆယ်ပုံတစ်ပုံဝန်းကျင်လောက်ကိုပဲခံနိုင်ရည်ရှိပါတယ်။ ဆိုလိုတာ က ဖိတာကို တစ်ရာခံနိုင်ရင် ဆွဲဆန့်တာကိုတစ်ဆယ်လောက်ပဲခံနိုင်တယ်။ ဒါ့ကြောင့်ဆွဲအားခံရပြီဆိုရင် ပမာဏနည်းနည်းလောက်ကိုပဲခံနိုင်ပြီး အက်ကွဲပျက်စီးတော့တာပဲ။ အဆောက်အုံတစ်ခုဖြစ်တည်ဖို့ ဒေါင်လိုက်အစိတ်အ ပိုင်းနှင့် ရေပြင်ညီ အလျားလိုက်အစိတ်အပိုင်းဆိုပြီး နှစ်ခုလိုအပ်ပါတယ်။ ဒေါင်လိုက်ထားတဲ့အစိတ်အပိုင်းတွေ ဖြစ်တဲ့ တိုင် ၊ နံရံ တွေဟာ ဖိအားကိုအများဆုံးခံကြရပြီး ဗြက်လိုက်လှဲထားတဲ့ ဘင့် ၊ ဆလက် ၊ ဖုတင်တွေဟာ ဖိအားအပြင် ဆွဲအားကိုပါခံကြရပါတယ်။ ဒီနေရာမှာ ဆွဲအားခံနိုင်ရည်နည်းတဲ့ ကွန်ကရစ်တစ်ခုတည်းတောင့်ခံဖို့ ရာ အားနည်းလွန်းတဲ့အတွက် ဆွဲအားခံနိုင်ရည်ကောင်းလွန်းတဲ့ သံချောင်းကိုအကူအညီတောင်းရပါတော့တယ်။
ဒီ​ရောမှာ အရေးကြီးတာက အတူတကွပူးပေါင်းဝန်းထမ်းကြတဲ့ ကွန်ကရစ်ရော သံချောင်းရောနှစ်ခုလုံးကတတ်စွမ်းသလောက် အစွမ်းကုန်အားထမ်းပေးကြဖို့လိုပါတယ်။ လူဆယ်ယောက်စာလုပ်ရင်ပြီးနိုင်မယ့်အလုပ်ကို ရေသာခိုနေရင် လူဆယ့်ငါးယောက်လောက်ပိုသုံးရမယ်။ ပိုကုန်တာကလွဲပြီး ပိုကောင်းသွားတာဘာမှမရှိဘူး။ ဒီလိုပဲ ကွန်က ရစ်ကိုအားကူဖို့အတွက် သံချောင်းထည့်တဲ့နေရာမှာ သံချောင်းကသူခံနိုင်ရည်ရှိသလောက်အားမထမ်းပဲရေသာ ခိုသလိုဖြစ်နေမယ်ဆိုရင် ငွေပိုကုန်ပြီးထိရောက်မှုမရှိပါဘူး။ ကုန်ကျမှုနဲ့ထိုက်တန်တဲ့အရည်အသွေးမရနိုင်ပါဘူး။

အားကူကွန်ကရစ်ရဲ့အလုပ်လုပ်ပုံက ကွန်ကရစ်နှင့်သံချောင်းကြားက အချင်းချင်းကုတ်တွယ်ချိတ်ဆက် မှု (bond) ပေါ်မှာအခြေခံပါတယ်။ ဥပမာ ကြိုးတစ်ချောင်းကို လူနှစ်ယောက်က လက်နဲ့ဆုပ်ပြီးဆွဲထားကြတယ် ဆိုပါစို့။ အဲဒီကြိုး နောက်ဆုံးပြတ်ထွက်တဲ့အခြေအနေအထိအစွမ်းကုန်အားထမ်းနိုင်ဖို့အတွက်
(၁) တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားဖို့လိုတယ်။ ဖွဖွလေးကိုင်ရင် ပြတ်ထွက်တဲ့ထိအားမထမ်းခဲ့တော့ပဲ ကျွတ်ထွက်သွားမယ်။
(၂) လုံလောက်တဲ့အလျားတစ်ခုရှိအောင်လက်မှာရစ်ပါတ်ထားဖို့လိုမယ်။ အဖျားလေးပဲကိုင်ထားရင် ခံနိုင်ရည် ကုန်အားမထမ်းရသေးခင် ကျွတ်ထွက်သွားမယ်။ ဒါဆိုကြိုးက ရေသာခိုသွားတဲ့သဘောမျိုးပဲဖြစ်မယ်။
(၃) မျက် နှာပြင်ကြမ်းတမ်းနေဖို့လည်းလိုအပ်တယ်။ ပြောင်ပြောင်ချောချောဖြစ်နေရင် ကျွတ်မထွက်ဖို့အတွက် လက်မှာမ လိုအပ်ပဲအများကြီးပါတ် ထားရမယ်။ ဒီသဘောတရားအတိုင်းပဲ ကွန်ကရစ်ထဲမှာမြှပ်ထည့်လိုက်တဲ့သံတစ် ချောင်းက ရေသာမခိုစေပဲ ခံနိုင်ရည်ရှိသလောက်အစွမ်းကုန်အားထမ်းနိုင်ဖို့အတွက်
(၁) ကွန်ကရစ်ကနေသံ ချောင်းကို ဖမ်းဆုပ်ပေးထားနိုင်တဲ့ ကျစ်လျစ်မှုအားကောင်းရမယ် ။
(၂) သံချောင်းကိုလည်းကွန်ကရစ်ထဲမှာ လုံ လောက်တဲ့အလျားတစ်ခုရှိနေအောင်မြှပ်ထားရမယ် ။
(၃) ပြောင်ချောသံချောင်းသာဖြစ်နေမယ်ဆိုရင် ကုတ်အား မကောင်းတဲ့အတွက် သံချောင်းထိပ်ဖျားတွေကို ကွေးပြီးကွန်ကရစ်သားကိုကုတ်ဆွဲထားရမယ်။

ဒါ့ကြောင့်အဓိက သံချောင်းတွေဖြစ်တဲ့ တိုင်ရဲ့ဒေါင်လိုက်သံချောင်း ၊ ဘင့် ဆလက်ပြင်တွေရဲ့ အလျားလိုက်ထည့်ရတဲ့ သံချောင်း တွေနေရာမှာ ကုတ်တွယ်အားနည်းတဲ့ ပြောင်ချောသံချောင်းကိုကိုလုံးဝမသုံးသင့်ပါဘူး။ ကွန်ကရစ်ကို ခံနိုင်ရည်မြင့်အချိုးအစားအတိုင်းရောစပ်ထားမယ်ဆိုရင် သံချောင်းကိုဆုပ်ညှစ်ထားနိုင်မှုပိုအားကောင်း မယ်။ သံချောင်းရေသာခိုမှုကိုလျော့ကျစေမယ်။ ဒီနေ့အတွက် အဓိကအရေးတကြီးပြောလိုတာက တော့ နံပါတ် (၂) အချက်ပါပဲ။

ကွန်ကရစ်ထဲမှာမြှပ်ထည့်လိုက်တဲ့သံချောင်းတစ်ချောင်း ရေသာခိုခြင်းမရှိပဲ ခံနိုင်ရည် (yield strength) ရှိသလောက်အပြည့်အဝအားထမ်းနိုင်ဖို့အတွက် ကွန်ကရစ်ထဲမှာ အနည်းဆုံးမြှပ်ထားရမယ့် အလျားကို ထပ်ချဲ့ အလျား (development length, Ld) လို့ခေါ်ပါတယ်။ သာမာန်လူရဲ့အမြင်မှာ သံများများထည့်ပေးလိုက်ရင်သိပ် ကောင်းနေပြီလို့ထင်ကြတာဟာ အင်မတန်လွဲမှားနေတဲ့အသိတစ်ခုပါပဲ။ RC ဆိုတဲ့အနှစ်သာရပြည့်ဝဖို့ ၊ ကုန်ကျမှုနဲ့ ထပ်တူညီတဲ့အရည်အသွေးရဖို့ဆိုရင် သံချောင်းတွေဟာ လုံလောက်တဲ့ Ld ရှိနေဖို့လိုအပ်ပါတယ်။ ဆလက်ပြင်သံချောင်းတွေရေသာခိုပြီး လျော့ရဲကျွတ်ထွက်ခြင်းမျိုးမဖြစ်စေဖို့ ဘင့်ထဲမှာလုံလောက်တဲ့ Ld ရှိအောင် မြှပ်ထားပေးဖို့လိုသလို ဘင့်သံချောင်းတွေရေသာခိုလျော့ရဲခြင်းမျိုးမဖြစ်အောင် တိုင်ထဲမှာလုံလောက်တဲ့ Ld မြှပ်ထားပေးဖို့လိုအပ်ပါတယ်။ သို့ပေမယ့် အခြေအနေအများစုမှာ Ld ကိုအဖြောင့်အတိုင်းထည့်ဖို့ရာမလုံလောက် ပါဘူး။ ဥပမာ ဘင့်သံချောင်းအတွက်လိုအပ်တဲ့ အဖြောင့်အတိုင်းမြှပ်ထားရမယ့် ထပ်ချဲ့အလျား Ld တန်ဖိုးက ၁၄ လက်မဖြစ်မယ် တိုင်က ၁၂ လက်မပဲရှိနေတယ်ဆိုရင် အဖြောင့်အတိုင်းသွားဖို့ရာမလုံလောက်တော့တဲ့အတွက် ကွေးချလိုက်ပြီး ကွန်ကရစ်သားကိုထပ်ဆင့်ကုတ်ယူထားတဲ့ နည်းလမ်းမျိုးကိုသုံးရပါတယ်။ အဲဒါကို ၉၀ ဒီဂရီ ကျင်တွယ်ကွေးလို့ပြောပါတယ်။ ဒီလိုကွေးလိုက်ပြီဆိုရင် အဖြောင့်အတိုင်းဝင်တဲ့အလျား (Ldh) နှင့် ကျင်တွယ်အ ဖြစ်ချိုးချထားတဲ့ ချဲ့ထုတ်အလျား (extension length, Lext) ဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။ နှစ်မျိုးလုံးကို တွက် ချက်မှုနဲ့သွားရတာဖြစ်ပြီး အလျားပြည့်မီအောင်ပြုလုပ်ပေးရတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျင်တွယ်ကွေးသွားဖို့တောင်မလုံလောက်တဲ့အခြေအနေမျိုးလည်းရှိလာပြန်ပါတယ်။ ဥပမာ ဖုတင်ရဲ့ဇကာသံကို အပေါ်ဘက် ကိုကျင်တွယ်ကွေးလှည့်ပြီးထောင်တဲ့အခါ ကျင်တွယ်ကွေးရဲ့ ထောင်နေတဲ့သံချောင်း (တနည်းအားဖြင့် extension length, Lext) က ၁၀ လက်မဖြစ်မယ် ဖုတင်ထုက ၉ လက်မလောက်ပဲရှိမယ်ဆိုရင် ကျင်တွယ်ကွေးထားဖို့ နေရာ မလုံလောက်တော့တဲ့အတွက် ငါးမျှားဂျိတ်ပုံစံ ၁၈၀ ဒီဂရီဟုကွေးတွေအဖြစ်ပြောင်းလဲပြီး ကွန်ကရစ်သားကု ကုတ်ဆွဲယူရပါတယ်။ ဒီမှာလည်းပဲ အကွေးရဲ့ရှိရမယ့် အချင်း ၊ အဖြောင့်တိုင်းရှိနေရမယ့်အလျား သတ်မှတ်ချက်တွေကို တွက်ချက်မှုလုပ်ပြီးပြည့်မီအောင်လုပ်ဖို့လိုပါတယ်။
ဆိုတော့သံချောင်းထိပ်တွေဘာလို့ ကွေးကြရသလဲမေးရင် ရေသာခိုပြီး လျော့ရဲကျွတ်ထွက်ခြင်းမျိုးမဖြစ်စေပဲ အစွမ်းကုန်အားထမ်းနိုင်ဖို့လို့နားလည် ရပါမယ်။ ကွေးရုံနဲ့မပြီးသေးပဲ တွက်ချက်မှုစံနှုန်းတွေအတိုင်းပြည့်မီမှသာ ကုန်ကျမှုနဲ့ပြန်ရတဲ့အရည်အသွေး ထပ်တူညီမှာပါ။ သံချောင်းတွေတော့ ရှုပ်ရှက်ခပ်နေအောင်ထည့်ထားပြီး စံအတိုင်းအတာတွေမပြည့်မီဘူးဆိုရင်တော့ ငွေကုန်လူပန်း ရုံကလွဲပြီး ပိုကောင်းသွားတာမျိုးမရှိပါဘူး။ ဒါ့ကြောင့် ကျင်တွယ်ကွေး ၊ ဟုကွေးတွေရဲ့ရှိရမယ့် စံအတိုင်းအတာ သတ်မှတ်ချက်တွေကိုပုံထဲမှာဖေါ်ပြပေးထားပါတယ်။

ပြောင်ချောသံချောင်းတွေကျတော့ အဖြောင့်အတိုင်းသွားဖို့နေရာရှိတယ်ဆိုရင်တော့ လုံလောက်တဲ့ ကုတ်အားကိုမပေးစွမ်းနိုင်တဲ့အတွက် အမြဲတမ်းဆိုသလို သူတို့ရဲ့ထိပ်တွေကိုမဖြစ်မနေကွေးထားပေးရပါတယ်။ ခုနောက်ပိုင်းသုံးနေကြတဲ့ ဖေါင်းလုံးအရစ်ပါတဲ့ပန်းသံတွေကျတော့ မျက်နှာပြင်အဖုအထစ်တွေကကွန်ကရစ် သားကိုပြန်လှန်ဖိတွန်းကုတ်ယူထားနိုင်တဲ့အတွက် အဖြောင့်အတိုင်းသွားဖို့နေရာရှိနေတယ်ဆိုရင် ကွေးစရာမလို ပါဘူး။ ဒါကိုမသိပြန်တော့ သံချောင်းဆိုရင်ကွေးရမယ်မှတ်ပြီးအကုန်ကွေးကြပြန်ပါရော။ ကွေးတာကိုပဲသိထားတဲ့ အိမ်ရှင်တွေကျပြန်တော့ မလိုအပ်တဲ့အခြေအနေမို့မကွေးတာကို ရေသာခိုတယ်လို့မြင်တတ်ပြန်ပါတယ်။ ဒါက အမှားကိုအမြင်များပြီး အမှန်ထင်သွားတဲ့သဘောပါပဲ။ ဥပမာအားဖြင် သံတစ်ချောင်းနဲ့တစ်ချောင်းပူးဆက် တဲ့နေရာမျိုးတွေမှာ အဖြောင့်အတိုင်း သွားလို့ရတဲ့နေရာလုံလောက်နေတာမို့ သံစထိပ်ကိုကွေးနေစရာမလိုအပ် ပါဘူး။ အဲလိုပဲ ဖုတင်ထဲကိုဝင်တဲ့ဘဲခြေထောက်သံချောင်းတွေဟာလည်း အခြေအနေအများစုမှာ လိုရာဘက်ကို လှည့်ပြီးချဲ့ထုတ်လို့ရနေတာပဲမို့ ထိပ်ဖျားကို ငါးမျှားဂျိတ်ပုံစံဟုကွေးမျိုးကွေးနေစရာမလိုအပ်ပါဘူး။ ဒါ့အပြင် အတက်အဆင်းလမ်းကြောင်းတစ်ဖက်တည်းကိုပဲ ဝန်ဖြန့်တဲ့လှေကားလိုနေရာမျိုးတွေမှာလည်း လမ်းကြောင်းကို ကန့်လတ်ဖြတ် (သို့) ထောင့်မတ်ကျထည့်ထားတဲ့ သံချောင်းအတိုတွေဟာ ဆွဲအားကိုအဓိကထမ်းနေရတဲ့သံ ချောင်းတွေမဟုတ်ပဲ ဝန်ကိုအညီအမျှဖြန့်ကျက်ပေးဖို့နှင့် အပူချိန်အကျုံ့အကြွကြောင့်ဖြစ်လာနိုင်တဲ့ အက် ကြောင်းတွေကိုထိန်းချုပ်ဖို့အတွက်သာထည့်သွင်းထားတဲ့ သံချောင်းတွေဖြစ်တာကြောင့် ထိပ်ဖျားကိုကွေးနေဖို့ မလိုအပ်ပါဘူး။ နည်းမှန်နဲ့ သဘောတရားကိုအတွင်းကျကျမသိကြတော့ လိုတဲ့နေရာမှာပြည့်မီအောင်မလုပ်ပဲ မလိုတဲ့နေရာမှာအပိုလုပ်တတ်ကြတာပါပဲ။ ဒါဆိုနစ်နာမှုက နှစ်ဆပါပဲ။

ဆိုတော့ ဒီနေ့ပြောလိုတာက RC အ ဆောက်အုံတွေမှာ သံချောင်းတွေကိုစံနှုန်းအတိုင်းပြည့်မီအောင်ပြုလုပ်ထားမှသာ ကုန်ကျမှုနဲ့ထပ်တူညီတဲ့အ ရည် အသွေးရမယ်ဆိုတာရယ် ၊ အဓိကနဲ့သာမညကိုခွဲခြားတတ်ပြီး တကယ်လုပ်ရမယ့်အလုပ်နှင့်မလိုအပ်တဲ့ အလုပ်ပိုတွေကိုလျှော့ချနိုင်ဖို့ရာရည်ရွယ်ပြီး အကြံံပြုရေးသားလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

WTH
(MTG family group)
Solar power installation and Engineering service group
09793297815
09799893259
Bogalay, Ayarwady.

07/02/2024

ရှေးဟောင်းသမိုင်းဝင် ကျိုက်မွေနွမ်း ပြည်လုံးချမ်းသာ ဆုတောင်းပြည့်နန်းဦးစေတီတော်မြတ် ဘုရားကြီး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ko Wint Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Wint Thu:

Share