Anicad Studio

Anicad Studio Engineering Art

21/08/2026

To All Anicad MEK Myanmar Group members

မနေ့ကအထိ Access Key တောင်းထားတဲ့ Member အားလုံးကို free ပို့ထားပေးပါမယ်။ (key ပို့ထားပြီးသူများအပါအဝင် Key request လုပ်ထားတဲ့ Member 300 ကျော် 400 နီးပါး ရှိပါတယ်။ အားလုံးကို အစီစဉ်အတိုင်း free ပို့ပေးသွားမှာပါ။)

ဒီနေ့ကစပြီး Access Key လိုချင်တဲ့ member များ Extra Fees တစ်သောင်းခွဲ ပေးရပါမယ်။ (Extra fees ယူရတဲ့အကြောင်းရင်း ရှင်းပြပြီးဖြစ်ပါတယ်။)

ဒီနေ့ 21 ရက်နေ့ကစပြီး Access Key ရယူလိုတဲ့ old members များ Facebook Group ထဲဝင်ကြည့်ထားတဲ့ SS နဲ့အတူ (Member ဝင်စဉ်ကအတိုင်း) ကျနော့်ဆီ extra fees လွှဲထားတဲ့ SS ပါ ပြပေးရမှာဖြစ်ပါတယ်။ (July 13 နောက်ပိုင်း new member များ Web App အတွက် Access key သီးခြားတောင်းရန်မလိုပါ။ Member ဖြစ်တာနဲ့ တခါတည်း ပို့ပေးပါတယ်။)

Web App အတွက် Access Key နဲ့ပက်သက်ပြီး Group ထဲမှာ အကြိမ်များစွာ အသိပေးထားပြီး အချိန်ပေးထားပြီးဖြစ်ပါတယ်။

Access Key ကိစ္စအတွက် နောက်ဆုံးပို့စ်ဖြစ်ပါတယ်။

Key ကိစ္စ၊ ကျောင်းတစ်ခုအတွက် ရေးပေးနေတဲ့ Course outline and Textbook ကိစ္စတွေပြီးတာနဲ့ ပုံမှန်အတိုင်း စာပြန်ရေး ပို့စ်တွေပြန်တင်ဖို့ အချိန်ပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

Welding Defects Welding Defects တွေအကြောင်း Note  ရေးပြီး AI  ကို ဆွဲခိုင်းထားတာပါ။မှန်ရင် ကျနော် တော်လို့.... မှားရင် အ...
04/08/2026

Welding Defects

Welding Defects တွေအကြောင်း Note ရေးပြီး AI ကို ဆွဲခိုင်းထားတာပါ။
မှန်ရင် ကျနော် တော်လို့.... မှားရင် အေအိုင် ညံ့လို့... 😁😁

အချိန်ရမှပဲ မြန်မာလို notes အပြည့်အစုံရေးတင်ပါဦးမယ်။

ကျနော်တို့ Web App လေးက စာဖတ်ရုံသက်သက် Web page မဟုတ်ပါဘူး... ဒီ Web App လေးမှာ Seafare တွေ အသုံးတည့်မယ့် Application တွ...
31/07/2026

ကျနော်တို့ Web App လေးက စာဖတ်ရုံသက်သက် Web page မဟုတ်ပါဘူး... ဒီ Web App လေးမှာ Seafare တွေ အသုံးတည့်မယ့် Application တွေကိုလည်း integrated လုပ်သွားမှာပါ။

အခု ပထမဆုံး Integrated Application လေးက Sea Service Calculation ဖြစ်ပါတယ်။ Vessel Name, Sing on/off date, Rank.. စတဲ့ Service data တွေထည့်ပေးလိုက်ရုံနဲ့ Sea Service ကို တွက်ပေးပါတယ်။

Rank အလိုက်၊ Total Service တွေကို ကိုယ့်ရဲ့ Web App လေးထဲမှာ (ကိုယ်တစ်ယောက်တည်းကြည့်လို့ရအောင်) Record လုပ်ပေးထားမှာ ဖြစ်သလို လိုအပ်ရင် Print ထုတ်လို့လည်း ရပါတယ်။ Sea Service တွက်ရတာ၊ Rank အလိုက် ရက် လ၊ နှစ်၊ အတိအကျသိချင်ရင် ခြေတွေ လက်တွေထောင်ပြီး ပေါင်း နှုတ်နေစရာမလိုအောင် ခက်အခဲမရှိဘဲ အလွယ်တကူသိနိုင်တဲ့ App လေးဖြစ်ပါတယ်။

နောက်ထပ်လည်း ဆီတွက်တဲ့နေရာမှာ Interpolation အတိအကျတွက်တာ၊ Port Stay, Sea, Manoeuvreing စတဲ့ R.H အတိအကျ တွက်တာ... စတာတွေ Anicad MEK Myanmar ရဲ့ Web App လေးထဲမှာ ထပ်တိုးလာဦးမှာပါ။

Anicad Studio ရဲ့ Web App လေးကို လိုချင်တဲ့ Specifications တွေအတိုင်း ရအောင်အမြဲတမ်း Update လုပ်၊ ကူညီဆောင်ရွက်ပေးနေတဲ့ Awaken Tech Myanmar ကိုလည်း ကျေးဇူးတင်ပါတယ်။

https://www.facebook.com/awakentechmm

Web App ထဲမှာ တင်ထားတဲ့ ပို့စ် ၁၃ ခု ရှိပါပြီ။Anicad MEK Myanmar ရဲ့ Main platform က Facebook Private Group ဖြစ်ပါတယ်။ ၄...
27/07/2026

Web App ထဲမှာ တင်ထားတဲ့ ပို့စ် ၁၃ ခု ရှိပါပြီ။

Anicad MEK Myanmar ရဲ့ Main platform က Facebook Private Group ဖြစ်ပါတယ်။ ၄ နှစ်ကျော်အချိန်အတွင်း Guide (၉) ခုအောက်မှာ တင်ခဲ့တဲ့ ပို့စ်အားလုံး (၂၂၀ ကျော်)က main group ဖြစ်တဲ့ Facebook group ထဲမှာပဲ ရှိပါတယ်။

VPN မလို၊ Offline သုံးလို့ရ.. စတဲ့ အားသာချက်တွေကြောင့် Backup အနေနဲ့ Telegram private group နဲ့ အခု Web App တွေကို လုပ်ထားတာပါ။ အဲ့ဒီ backup platform တွေမှာ‌တော့ launch လုပ်တဲ့နောက်ပိုင်း ပို့စ်အသစ်တွေပဲ တင်သွားမှာဖြစ်ပါတယ်။

Group member ဝင်တဲ့အခါမှာ messenger ကနေတဆင့် Facebook group ထဲကို အရင်ဆုံး add ပေးမှာပါ။ Facebook group members တွေကိုပဲ Telegram နဲ့ Web App အတွက် link and access key တွေကို ပို့ပေးသွားမှာပါ။

Main Group ဖြစ်တဲ့ Facebook private group တစ်ခုအတွက်ပဲ Member fees ပေးရမှာပါ။ 3 in 1 Group ဖြစ်ပါတယ်။ Platform သုံးခုလုံးကို lifetime access အသုံးပြုနိုင်ပါတယ်။ (ဒီတစ်လက Web App launch လုပ်နေချိန်ဖြစ်လို့ New post တွေကို Web App မှာပဲ တင်ထားသေးတာပါ။) အသစ်အသစ်သော post အားလုံးကို platform သုံးခုလုံးမှာ တင်သွားမှာဖြစ်ပါတယ်။ ကိုယ်အဆင်ပြေတဲ့ platform ကနေ သုံးလို့ရပါတယ်။

Anicad Studio နဲ့ ပက်သက်သော ကိစ္စအားလုံးကို Page message နဲ့ page မှာဖေါ်ပြထားတဲ့ ဖုန်းနံပါတ် ၀၉- ၇၉၉ ၈၄၈ ၃၂၇ ကို ဆက်သွယ်နိုင်ပါတယ်။ တခြားနံပါတ် မရှိပါ။

Anicad MEK Myanmar Group အကြောင်းကို ဒီ video ထဲမှာကြည့်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1045792314632042&id=100076038489845&mibextid=Nif5oz

P-11 (BWT 12 tanks)Anicad Engineering Excel ရဲ့ (၁၁) ခုမြောက် Excel Project ပါ။ BWT Calculation အနေနဲ့ဆိုရင် ဒုတိယမြောက်...
23/07/2026

P-11 (BWT 12 tanks)

Anicad Engineering Excel ရဲ့ (၁၁) ခုမြောက် Excel Project ပါ။ BWT Calculation အနေနဲ့ဆိုရင် ဒုတိယမြောက် ဖြစ်ပါတယ်။

BW Tank ၁၂ ခုစာအတွက် ရေ (Ballast Water) တွက်တဲ့ Excel Sheet ဖြစ်ပါတယ်။ တွက်ထားတဲ့ Result sheet အပြင် ကိုယ်တိုင် ချတွက်ကြည့်၊ ပြန်စစ်ကြည့်လို့ရတဲ့ Check Sheet ပါ တပါတည်း ပါမှာပါ။

Deal Done. Project in progress.

အလုပ်အပ်ပြီးအားပေးကြတဲ့ Onboard က Engineer and Deck Officer ညီအကိုများအားလုံးကို ကျေးဇူးတင်ပါတယ်။ လုပ်ငန်းများ အဆင်ပြေပြီး ဘေးရန်ကင်းဝေးကြပါစေ။

ဒုတိယပုံက Tank (၂၂) ခုစာ ဆွဲပေးခဲ့တဲ့ P-4 ရဲ့ Format ဖြစ်ပါတယ်။

တခါတလေ ... တိတ်တိတ်ကလေးအလုပ်လုပ်ပေးနေကြတဲ့သူတွေကို အလေးမထား တန်ဘိုးမထားဘဲ အမှုမဲ့အမှတ်မဲ့ ပစ်ထားမိတာတွေ ရှိခဲ့ဖူးမှာပေါ့...
21/07/2026

တခါတလေ ... တိတ်တိတ်ကလေးအလုပ်လုပ်ပေးနေကြတဲ့သူတွေကို အလေးမထား တန်ဘိုးမထားဘဲ အမှုမဲ့အမှတ်မဲ့ ပစ်ထားမိတာတွေ ရှိခဲ့ဖူးမှာပေါ့။

Machinery တို့ရဲ့သဘောတရားမှာတော့ အရေးမကြီးတာ ဘာမှမရှိ၊ စောင်ပိုတွေလုပ်ထားတာ ဘာမှမရှိ။ Thread သားလေး...(အရစ်လေး သေးသေးလေး) ကအစ အကုန် အရေးကြီးပါတယ်။

MAN B&W MC Engine တွေမှာ F.O circulation အတွက် လူမသိ သူမသိ တိတ်တိတ်လေး (silent in components) အလုပ်လုပ်ပေးနေတဲ့ Arrangement နှစ်ခု...

တစ်ခုက Fuel Pump ထဲမှာ၊ နောက်တစ်ခုက Fuel Injector ထဲမှာ...😍

See Details in Anicad MEK Myanmar Group (Only in Web App.)

MEK Group အကြောင်းက ဒီ video မှာကြည့်ပါ။
https://www.facebook.com/share/v/1DxPLhweQo/

19/07/2026

Video : Anicad MEK Myanmar Group ထဲမှာ ဘယ်လိုစာတွေပါလဲ.... ဘာတွေပါလဲ။

(MC Engine တွေမှာ) F.O Circulation Pump ရဲ့  pressure ကို ဘာလို့ 8 bar အထက်မှာ ထားဖို့လိုတာလဲ။Anicad MEK Myanmar Group ရ...
19/07/2026

(MC Engine တွေမှာ) F.O Circulation Pump ရဲ့ pressure ကို ဘာလို့ 8 bar အထက်မှာ ထားဖို့လိုတာလဲ။

Anicad MEK Myanmar Group ရဲ့ Web App မှာတင်ထားတဲ့ MEK post အသစ်ပါ။ အခု Currently မှာတော့ Web App မှာပဲ ဖတ်လို့ရပါဦးမယ်။ Facebook နဲ့ Telegram Group တွေမှာ မတင်ရသေးပါဘူး။

✅ လိုင်းမိတဲ့အချိန် ခဏလေးမှာ Refresh and Update လုပ်ထားရုံနဲ့ အချိန်မရွေး offline mode နဲ့ သုံးလို့ရတာမို့ Onboard က ညီအကိုတွေအတွက် Web App က ပိုအဆင်ပြေမှာပါ။ VPN မလိုဘဲ သုံးလို့ရတာမို့ ရွာကလူတွေအတွက်လည်း Web App က အိုကေနေတာပါပဲ...

✅ Web App အပြင် Facebook နဲ့ Telegram Group တွေကိုပါ တပြိုင်တည်း သုံးလို့ရပြီး ဒီဂရုတွေမှာ ၄ နှစ်အတွင်းတင်ထားခဲ့တဲ့ Knowledge Sharing ပို့စ်ပေါင်းက 220 ကျော် ရှိနေပါပြီ။ (စာအုပ် သုံးအုပ်စာလောက်က အသာလေးပဲ.. 😁)

✅ printed book တွေလို Fixed content မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ အသစ်အသစ်သော စာတွေနဲ့ Content တွေကလည်း အချိန်နဲ့အမျှ များများလာနေဦးမှာပါ။

✅ လက်တွေ့လုပ်ငန်းခွင်မှာ ကျင်လည်ခဲ့ဖူးတဲ့ experience နဲ့ စာသင် စာဖတ်ပြီး လိုအပ်ချက်တွေကို ရှာဖွေဖြည့်ဆည်းနေရင်း အမြဲတမ်း Active ဖြစ်နေမယ့် Online စာအုပ်ကြီးတစ်ခုလို အသုံးပြုလို့ရအောင်လည်း အစဉ်မပြတ် ကြိုးစားနေပါတယ်။

✅ ကိုယ့်ရဲ့ Professional မှာ အသုံးဝင်မယ့် ဒီလို Group တစ်ခုအတွက် မဆိုစလောက်တဲ့ Member fees လေး တစ်ခါပေးသွင်းရုံနဲ့ lifetime access ပါ သုံးလို့ရဦးမယ်လေ...

➡️ Please contact to Page Message (or) 09 799 848 327.

18/07/2026

MEK Myanmar Group ရဲ့ Web App ကို ဒီနေ့ကစပြီး စတင်အသုံးပြုနိုင်ပါပြီ။

Group ရဲ့ (4) နှစ်တာကာလအတွင်း Guide (Topic) ၉ ခုအောက်မှာတင်ခဲ့တဲ့ post ပေါင်း ၂၂၀ ကျော်ရှိပါတယ်။ စာတွေ ပုံတွေ pdf file တွေအပါအဝင် ဒီပို့စ်တွေအားလုံးကိုတော့ Web App မှာ ပြန်တင်ပေးဖြစ်မှာမဟုတ်ပါဘူး။ Selection ပို့စ်(အဟောင်း)တချို့ကိုဖြည်းဖြည်းချင်း ပြန်တင်ပေးသွားပါမယ်။

Anicad MEK Myanmar Facebook Group မှာ တင်မယ့် New post များအားလုံးကိုတော့ Telegram private Group မှာရော ဒီ Web App မှာပါ တပြိုင်တည်း တင်သွားမှာဖြစ်ပါတယ်။ One Group on 3 Platforms ဖြစ်ပါတယ်။

Web App ကို အသုံးပြုဖို့အတွက် Member များအားလုံး Extra Member fees ထပ်ပေးဖို့ မလိုပါဘူး။ အသစ်ဝင်ကြမယ့် New Member များလည်း Page message (or) 09799848327 ကို ဆက်သွယ်ပြီး သတ်မှတ်ထားတဲ့ New Member fees ကို တစ်ကြိမ်ပဲပေးသွင်းရမှာဖြစ်ပါတယ်။

Member များ Web App ကို စတင်အသုံးပြုဖို့အတွက် အောက်မှာဖေါ်ပြထားတဲ့ link ကို ကိုယ်အသုံးပြုမယ့် ဖုန်း၊ Tablet, Computer စက်တစ်ခုခုကနေ အဆင်ပြေတဲ့ ဘယ် Browser ကမဆို ဝင်ရောက်ပြီး Installed လုပ်ထားရပါမယ်။

(ယခင်ကအတိုင်းပဲ) Member fees ပေးပြီး message မှာ SS လာပြရင် Facebook နဲ့ Telegram Group တွေကို ဝင်ဖို့ Link နဲ့ Passcode ပေးပါမယ်။ Web App ကိုဝင်ဖို့ Access Key ကိုပါ တခါတည်း ပေးသွားမှာ ဖြစ်ပါတယ်။

Web App ရဲ့ Access key က စက်တစ်လုံးမှာတစ်ကြိမ်ပဲ သုံးလို့ရမှာဖြစ်ပါတယ်။ စက်ပျောက်၊ ပြင်၊ Account change များအတွက် (မည်သူ့ကိုမဆို) Access key အသစ်ထပ်ပေးမှာမဟုတ်ပါဘူး။ အသစ်ပေးရရင် New Member အတိုင်း Fees ပြန်ပေးရမှာဖြစ်ပါတယ်။

Member ဝင်ထားပြီးသူ Old members များက Message or Telegram ကနေ Group ထဲဝင်ထားတဲ့ SS လာပြပေးရင် Access Key ပို့ပေးပါမယ်။ နီးစပ်ခင်မင်သူများ၊ msg ကနေ အလွယ်တကူဆက်သွယ်လို့ရသူများကို Access Key ပို့ထားပေးပါမယ်။

Old members များကို Access Key (free) ပေးဖို့ အချိန် တစ်လ သတ်မှတ်ထားပါတယ်။ လုံလောက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီတစ်လထက်ကျော်သွားရင်တော့ သတ်မှတ်ထားတဲ့ extra fees ပေးမှ Access Key ပို့ပေးပါမယ်။ Old members (၈၀၀) နီးပါးကို အချိန်ပေးပြီး စီစဉ်ရမှာဖြစ်လို့ Time limit သတ်မှတ်ထားတာကို နားလည်ပေးကြပါ‌ဗျ။

SS လာပြတဲ့ Message တွေကို ချက်ချင်း reply မလုပ်နိုင်ရင်လည်း စိတ်မပူကြဖို့နဲ့ နားလည်ပေးကြဖို့ကိုပါ ကြိုတင်အသိပေးထားပါရစေ။

Web App အတွက်ကုန်ကျစရိတ်တွေရှိပေမယ့် Professional ပီသစွာ အားပေးလာခဲ့ကြတဲ့ Old Member များအားလုံးကို လေးစားသောအားဖြင့် free ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အားလုံး အဆင်ပြေအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီး ထမင်းစားဖို့ ဝမ်းဝဖို့ စာသင်နေရ ရုန်းကန်ပြေးလွှားနေရတဲ့ အချိန်များအတွက် ချက်ချင်း reply မလုပ်နိုင်၊ ကြန့်ကြာမှုများရှိခဲ့ရင်လည်း နားလည်ပေးကြပါ။

Old and New Member များ(အားလုံး) Web App ကို စတင်အသုံးပြုဖို့အတွက် အောက်မှာဖေါ်ပြထားတဲ့ link ကို ကိုယ်အသုံးပြုမယ့် ဖုန်း၊ Tablet, Computer စက်တစ်ခုခုကနေ အဆင်ပြေတဲ့ ဘယ် Browser ကမဆို ဝင်ရောက်ပြီး Installed လုပ်ထားနိုင်ပါပြီ။

Address

Yangon

Telephone

+959799848327

Website

Alerts

Be the first to know and let us send you an email when Anicad Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Anicad Studio:

Shortcuts

Share