Anicad Studio

Call Directions Contact the business

Anicad Studio Engineering Art

22/09/2026

Crankshaft Deflection (Part 1)
Recorded Video Lesson

မီးစက်ကိုင်ရမယ့် 3E လေးတွေအတွက် Crankshaft Deflection အကြောင်း online သင်ထားတဲ့ Record video  ကို    Facebook group ထဲမှ...
22/09/2026

မီးစက်ကိုင်ရမယ့် 3E လေးတွေအတွက် Crankshaft Deflection အကြောင်း online သင်ထားတဲ့ Record video ကို Facebook group ထဲမှာ အပြည့်အစုံတင်ပေးပါမယ်။

▶️ Deflection gauge ကို ဘယ်မှာ တပ်ရမလဲ၊ ဘယ်လိုဖတ်ရမလဲ
▶️ Deflection ယူပြီးရင် ဘာဆက်လုပ်ရမလဲ... Gauge Error ဘယ်လိုစစ်မလဲ..
▶️ Deflection ယူထားတဲ့ Data တွေနဲ့ Crankshaft Alignment ပုံ ဘယ်လိုဆွဲရလဲ...

ဆိုတာတွေပါ တဆင့်ချင်း ရှင်းပြထားပါတယ်။ Lesson Video စ-ဆုံးက (၁၇) မိနစ်ကြာပါတယ်။ ဆရာဦးဌေးအောင် စာအုပ်ထဲပါတဲ့ Deflection data တွေနဲ့ပဲ Crankshaft Alignment ပုံ ဆွဲတဲ့နည်းကို video ထဲမှာ တဆင့်ချင်း ဆွဲပြထားပါတယ်။

Currently မှာ Facebook ရဲ့ Restrictions ထိထားလို့ Sept 24 ကျော်မှ FB Group တွေထဲ ပို့စ်တင်လို့ရမှာပါ။ ဒါကြောင့်မို့ Group တွေထဲ တင်လို့မရသေးခင်မှာ အဲ့ video ထဲက အပိုင်း (၁) ကို TikTok channel, Telegram နဲ့ ဒီ page မှာ Reel video အဖြစ် အရင်တင်ပေးပါမယ်။ (Page မှာ ပုံနဲ့ video အတူတင်လို့မရလို့ Video ထဲပါတဲ့ ပုံတချို့ကို အခု ခွဲတင်ထားတာပါ။)

OJT သင်တန်းကို တစ်လ တစ်ကြိမ် လူဦးရေ အကန့်အသတ်နဲ့ဖွင့်နေပါတယ်။ လာမယ့် Monday (Sept 28 ရက်နေ့) မှာ In-class batch 2 သင်တန်း စပါမယ်။ Mercury သင်တန်းကျောင်းကို ဆက်သွယ်ပြီး သင်တန်းအပ်ထားလို့ ရပါတယ်။

ဆက်သွယ်ရန် : 09 423721590, 09 401200702, 099 43 717 518
Viber : +95 9 792799181, +95 9 423721590


Crankshaft Deflection Record Video (part 1) on page က ဒီမှာပါ။ https://www.facebook.com/share/v/1BupMhuhFJ/

😍

စနစ်သစ်နဲ့ မေးနေတယ်ဆိုတဲ့ MEO Class 3 Oral မှာ candidates တွေကို piping system ပုံတွေ ဆွဲခိုင်းတယ်လို့ သိရပါတယ်။တဆင့်စကာ...
20/09/2026

စနစ်သစ်နဲ့ မေးနေတယ်ဆိုတဲ့ MEO Class 3 Oral မှာ candidates တွေကို piping system ပုံတွေ ဆွဲခိုင်းတယ်လို့ သိရပါတယ်။

တဆင့်စကားတွေနဲ့ ပြန်ကြားရတာကတော့ Hydrophore ပုံဆွဲပါ... Purifier line diagram ဆွဲပါလို့... system နာမည်ပဲပြောတာမဟုတ်ဘဲ Hydrophore မှာ ဘာ... ဘာ.. ဘာ ပါအောင်ဆွဲပါ၊ Purifier line diagram မှာ ဘာ... ဘာ.. ဘာ ပါအောင်ဆွဲပါလို့ (အဖြေပါ ပါပြီးသား) ဆွဲခိုင်းတာတောင်မှ ပေးထားတဲ့အချိန်အတွင်း ကျေနပ်လောက်အောင် မဆွဲနိုင်ကြဘူးလို့ ကြားရပါတယ်။

စနစ်သစ်ရဲ့ အစပိုင်းမို့ ထင်ပါတယ်။ ဒီလိုတွေမေးမယ်ဆိုတာကို exam နီးမှ သိရတာလား... အချိန် (၅) လကျော်ပေးပြီး တက်ရောက်ခဲ့ရစဉ်မှာ သင်ကြားလေ့ကျင့်ခဲ့ရလား.... Candidates တွေကိုယ်တိုင် အရင်ကတည်းက အစဉ်တစိုက် လေ့လာထားရဲ့လား... ဒီအချက်တွေက အဓိက အရေးကြီးမယ်လို့ ထင်ပါတယ်။

ဟိုး....ရှေးရှေးတုန်းက.. 😁 (ကျနော်တို့တုန်းက) Pressure Gauge နဲ့ Thermometer အစစ်ကြီး အခု ၂၀ လောက်ကို ခုံပေါ်မှောက်ထား(မျက်နှာပြင်ကိုကွယ်ထား)ပြီး candidate က ခုံမှာဝင်ထိုင်လိုက်တာနဲ့ မေးတော့တာပဲ.....။

ဟေ့... အလယ် row.... မင်း ညာဘက်ကနေ သုံးခုမြောက် က gauge ကိုယူကြည့်လိုက်၊ အဲ့ဒါဘာ Gauge လဲ၊ ဘယ်မှာ သုံးလဲ....

အဲ့လို လက်တွေ့ မေးခဲ့တာပါ။ ပြောချင်တာက အဲ့လို (စနစ်နဲ့) မေးမယ်ဆိုတာကို ကြိုသိထားတော့ သင်္ဘောမှာကတည်းက လေ့လာဖြစ်တယ်... ကျောင်းတက်ချိန်မှာ စာပြန်ကြည့်လို့ရတယ်..။ စာစစ်တဲ့စနစ်က နေသားတကျဖြစ်လာရင်တော့ အဆင်ပြေသွားမှာပါ။ အစမို့ပါ....(လို့ ထင်တာပါပဲ။)

စကားကို အတင်းစပ်ယူပြီးပြီဆိုတော့.... 😁😁 စကားစပ်လို့ပြောရရင် အဲ့ပုံတွေကလေ... Ratings လေးတွေ (III-4, III-5) လေးတွေကို သင်နေတဲ့စာတွေပါ။ Pictures in my computer folder ဆိုတဲ့ ပုံတွေမှာ ကြည့်ပါ....😁 ပြီးတော့ Anicad MEK Myanmar Group ရဲ့ Guide 3 Efficient Engine Ratings (EER) topic အောက်မှာ ဟိုး....ရှေးရှေးတုန်းကတည်းက.. 😁 တင်ထားတာလည်း Steam Heating လိုင်းတွေပါမကျန် စုံတကာစေ့နေတာပဲ....။

ပထမဆုံးပုံ (Hydrophore ပုံ) က Hydrophore မှာ ဘာတွေ ဘာတွေ ဘာတွေ ပါရမယ်ဆိုတဲ့.... (study လုပ်ဖို့) Group ထဲက ပုံတစ်ပုံကို လက်ဆောင်ပေးတာနော်...။ အာကြီးသာ မနေ့ကပွဲနိုင်ရင် ဒီပုံတွေအကုန် present ပေးမလို့ဟာကိုကွာ..... ကတောက်စ်...😁😁

Ancad C3 Oral သင်တန်းအကြောင်းက ဒီမှာကြည့်ပါ။

17/09/2026

Actual Trim ဆိုတာဘာလဲ၊ ဘာလို့ Actual Trim ရှာရတာလဲ။ Actual Trim ဘယ်လိုရှာမလဲ.. (A classroom video lesson of )

DC က တန်ဖိုးအားဖြင့်ရော direction အားဖြင့်ပါ တသမတ်တည်းရှိတဲ့ Current...AC ကတော့ သူ့နာမည် Alternating ဆိုတဲ့အတိုင်း တန်ဖိ...
16/09/2026

DC က တန်ဖိုးအားဖြင့်ရော direction အားဖြင့်ပါ တသမတ်တည်းရှိတဲ့ Current...

AC ကတော့ သူ့နာမည် Alternating ဆိုတဲ့အတိုင်း တန်ဖိုးအားဖြင့် နဲရာကများ၊ များရာကနဲ.. ပြီးတော့ direction အားဖြင့်လည်း အပြန်ပြန် အလှန်လှန်...တချိန်လုံး ပြောင်းလဲနေတာပါ။ အပြောင်းအလဲမြန်ပါတယ်ဆိုတဲ့ နင့်ရည်းစားတောင် 😁😁 အေစီလောက် အပြောင်းအလဲ မမြန်ပါဘူး။

AC မှာ တန်ဖိုးအားဖြင့် သုညကနေ maximum, ပြီးတော့ maximum ကနေ သုည... အဲ့လို တစ်ကြောင်းပြေးလိုက်ပြီး အဲ့အတိုင်းပဲ သုညကနေ maximum, ပြီးတော့ maximum ကနေ သုည... ကို နောက်တစ်ကြောင်း ထပ်ဖြစ်တယ်။ အဲ့လို direction မတူတဲ့ အပြောင်းအလဲ နှစ်ကြိမ်ကို သရုပ်ဖေါ်ရင် (page 2 က ပုံလို)AC wave လို့ခေါ်တဲ့ လှိုင်း တစ်ကြိမ်ဖြစ်လာတယ်။ Frequency 60 Hz ရှိတဲ့ AC မှာ အဲ့လို အပြောင်းအလဲလှိုင်းတွေ အကြိမ် ၆၀ တောင် ဖြစ်နေတာပါ။

အေစီ 440 V, 60 Hz မှာ အများဆုံးတန်ဖိုးက (622.35 V) ဖြစ်ပြီး ဒီ maximum တန်ဖိုးတစ်ခုတည်းက တစ်စက္ကန့်မှာ အကြိမ် ၁၂၀ ဖြစ်ခဲ့တာပါ။ ဒါဆိုရင် အဲ့လို ဖျတ်ဖျတ်လူးနေတဲ့ AC wave မှာ ကျနော်တို့ပြောနေကြတဲ့ 440 V, 220 V တွေက ဘယ်နေရာတွေကို ပြောတာလဲ။ ကျနော်တို့တိုင်းကြည့်ထားတဲ့ ဗို့မီတာကြီးက ဘာလို့ 440 V ပဲ ပြနေတာလဲ။

အဲ့ 440 တန်ဖိုးကိုတော့ Effective valve လို့ခေါ်တယ်။ RMS value လိုလည်းခေါ်တယ်။

Effective, RMS, maximum...ဟာ.. ဘာတွေလဲ... မင်းဟာက များလှချည်လားကွာ...

ဟုတ်ကဲ့ များပါတယ်။ ကျနော့်ဟာတော့ မဟုတ်ပါဘူး ကျနော့်ဟာက တစ်ခုတည်းပါ...😁😁

(လက်တွေ့မှာ အသုံးကျတယ် မကျဘူး မသိပေမယ့်... 😁) အေစီ မှာ တန်ဖိုးတွေက (၅) ခုတောင် ရှိပါတယ်။ အဲ့တန်ဖိုး ၅ ခုက Voltage လို့ခေါ်နေကြတဲ့ e.m.f မှာပဲ ရှိနေတာမဟုတ်ပါဘူး။ Ampere နဲ့ တိုင်းတဲ့ Current မှာလည်း အဲ့ဒီတန်ဖိုး ၅ ခု ရှိပါတယ်။

ကယ်ရီဆွဲတဲ့ ကိုကြီးဖိုးတုတ်တို့လည်း အားရင်အားသလို ရပ်ကွက်ထဲကအိမ်တွေမှာ မီးလိုက်ဆင်မီးလိုက်ပြင်‌နေတာပါ... ဒါတွေ တခါမှ မပြောဖူးပါဘူး...😁😁

ဟုတ်ကဲ့... အေစီတန်ဖိုးတွေအကြောင်းဟာ လက်တွေ့မှာ အသုံးဝင်ချင်မှ ဝင်ပါမယ်။ ဒါပေမယ့် ခင်ဗျားက အေစီလျှပ်စစ်အကြောင်းကို အခြေခံကအစ သိထားဖို့လိုတယ်ဆိုရင်တော့ Frequency ဘာလဲ... Voltage ဘာလဲ သိထားရမှာပါ။ ...ဟို V လို့ရေးထားတဲ့ မီတာက လက်တံလေးက ပြတာ ဗို့ ပေါ့ကွ ငါ့ကောင်ရ... ဒူလိုက်တာ ဆိုတာ ကယ်ရီဖိုးတုတ်က သူ့တပည့် မီးကြိုးကူဆွဲပေးနေတဲ့ကောင်လေးကို သင်ပေးတဲ့ lecture ပါ။ ခင်ဗျားက ပရိုကြီးလုပ်နေပြီး RMS ဘာလဲ မသိရင်တော့ မဖြစ်ဘူးလေ...😍😍

AC တန်ဖိုးတွေအကြောင်းကို Anicad MEK Myanmar Group ရဲ့ Guide 5: Basic Electrical and Electronics အောက်မှာ အခန်းဆက်ရေးခဲ့တာ 2024 ကတည်းကပါ။ အကြောင်းကြောင်းကြောင့် အခုမှပဲ အပြီးသတ်ရေးနိုင်ပါတော့တယ်။ စာလာမေး သတိလာပေးတဲ့ members များကိုလည်း ကျေးဇူးတင်ပါတယ်။ အခန်းဆက် ရေးလက်စပို့စ်တွေနဲ့ အတော်ကြာအောင် အဆက်ပြတ်ခဲ့ရတာမို့ အခုလက်စသတ်ပြီးချိန်မှာတော့ ပို့စ်အားလုံးကို အလွယ်တကူပြန်ဖတ်နိုင်အောင် AC တန်ဖိုးများ... ခေါင်းစဉ်နဲ့ pdf file လေးပါ လုပ်ထားပါတယ်။ Reference နဲ့ ကိုယ်တိုင်ဆွဲထားတဲ့ ပုံ ၅ ခုအပါအဝင် အေဖိုးစာမျက်နှာ ဆယ်မျက်နှာ ရှိပါတယ်။

MEK Group members များ (For your Self-study ONLY) အတွက် download ရယူနိုင်ပါတယ်။ Group ထဲကစာတွေကို ဘယ်နည်းနဲ့မှ အပြင်ကို မဖြန့်ကြပါနဲ့။ ကိုယ့် professional အတွက် လိုအပ်တဲ့သူ လိုချင်တဲ့သူ တန်ဖိုးထားတဲ့သူတွေ..အတွက်ပဲ ကျနော် စာရေးချင် အပင်ပန်းခံချင်ပါတယ်။ လိုအပ်သူ လိုချင်သူက တန်ဖိုးသိပါတယ်။

တချို့က.. ဒေါက်တာချက်ကြီး ဂရုထဲဝင်ဖို့ လစဉ်ကြေး ရှိတယ်။ ကိုယ့် ပရော်ဖက်ရှင်နယ်အတွက်သာ ငါးပြားတစေ့ မသုံးချင်ကြတာပါ...😁😁

Anicad Studio ဖြစ်တည်လာဖို့အတွက် Professional ပီသစွာ အစဉ်တစိုက်အားပေးခဲ့ကြတဲ့ Members များအားလုံးနဲ့ Pages followers များအားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးမှုနဲ့ အဆများစွာထိုက်တန်အောင် လိုအပ်ချက်များကို ဖြည့်ဆီးပြီး ဆက်လက်ကြိုးစားနေပါဦးမယ်။

ကျေးဇူးတင်ပါတယ်။

MEK Myanmar Group အကြောင်း ဒီမှာကြည့်နိုင်ပါတယ်။
https://www.facebook.com/share/v/1cAwQM2P4K/

2024 July ကတည်းက Anicad MEK Myanmar  Group ထဲမှာ တင်ထားပြီး လက်စမသတ်နိုင်သေးတဲ့ AC တန်ဖိုးများအကြောင်း ပို့စ်ကို (Member...
15/09/2026

2024 July ကတည်းက Anicad MEK Myanmar Group ထဲမှာ တင်ထားပြီး လက်စမသတ်နိုင်သေးတဲ့ AC တန်ဖိုးများအကြောင်း ပို့စ်ကို (Member တယောက် မေးတာနဲ့) ရေးစရာကျန်သေးတာတွေ ဆက်ရေး၊ ပုံတွေပါထပ်ဖြည့်ပြီး အခု အစ အဆုံး ပြန်တင်ထားပေးပါတယ်။

Facebook group ထဲ စာရေးလို့မရသေးတာကြောင့် Telegram Group နဲ့ Web App ထဲမှာ အေစီတန်ဖိုးများအကြောင်းကို စ-ဆုံး ပြန်တင်ထားပါတယ်။

Group member တွေ Download လုပ်လို့ရတဲ့ pdf file လေးပါ ဒီညနေ တင်ထားပါမယ်။ ဖိုင်က A4 စာမျက်နှာ (၁၀) မျက်နှာ ရှိပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ပုံလေးတွေပါ။ Memory ပြန်တက်လာလို့.... အိမ်က မိန်းမကြီးလိုမဟုတ်.... 😁😁 ဘယ်တော့မှ နောင်တမရ၊ ဘယ်အချိန်ကြ...
14/09/2026

လွန်ခဲ့တဲ့ ၅ နှစ်က ပုံလေးတွေပါ။ Memory ပြန်တက်လာလို့.... အိမ်က မိန်းမကြီးလိုမဟုတ်.... 😁😁 ဘယ်တော့မှ နောင်တမရ၊ ဘယ်အချိန်ကြည့်ကြည့် ချစ်နေရ...တဲ့ ပုံလေးတွေ.. 😍😍

Anicad MEK Myanmar Group ထဲက ပို့စ်အဟောင်းတစ်ခုဖြစ်ပါတယ်။

3/2 Solenoid Valve
(Normal) Port A to C
(Energize) Port C to B drain back without stopping from Port A

Electrically operat လုပ်လို့ရတဲ့ Valve တွေကို Solenoid Valve လို့ခေါ်ပါတယ်။ Control Air လိုင်း၊ Pilot Oil line လို့‌ခေါ်တဲ့ Hydraulic control လိုင်း နဲ့ Pneumatic control လိုင်းတွေမှာ အသုံးပြုကြပါတယ်။

Valve မှာပါတဲ့ အဝင်အထွက်လိုင်းတွေ၊ ပြောင်းလဲလို့ရတဲ့ Valve position အနေအထား နဲ့ Manually / Electrically operate လုပ်လို့ရ/မရ ပေါ်မူတည်ပြီး control လိုင်းတွေမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြကြပါတယ်။

control လိုင်းတွေကို နားလည်ဖို့ အစဟာ ဒီ valve တွေက စပါတယ်။ အခုပြထားတဲ့ valve မှာ ဝင်ပေါက် ထွက်ပေါက် ၃ ခုရှိပြီး အထဲက valve/piston လေးရဲ့ position က ၂ နေရာပြောင်းပေးနိုင်လို့ 3/2 valve လို့‌ခေါ်ပါတယ်။ တနေရာကို oil/air ပို့လွှတ်/ supply လုပ်ထားပြီး ပြန်ပြီး drain လုပ်ချင်တဲ့အခါ supply လုပ်ထားတာကို ရပ်ပစ်စရာမလိုဘဲ drain ပြန်လုပ်ပေးနိုင်ပါတယ်။

Engineering Basic တခုပါ။ Crane Hydraulic လိုင်းတွေ control air လိုင်းတွေကို နားလည်ချင်ရင် သေချာပေါက် ဒါတွေ သိထားရမှာပါ။

ပထမပုံက 4 stroke Engine တစ်ခုရဲ့ Pi လို့ခေါ်တဲ့ Indicated Power ကို တွက်ခိုင်းတဲ့ Question ပုစ္ဆာပါ။ Power တွက်ရာမှာ အခြ...
12/09/2026

ပထမပုံက 4 stroke Engine တစ်ခုရဲ့ Pi လို့ခေါ်တဲ့ Indicated Power ကို တွက်ခိုင်းတဲ့ Question ပုစ္ဆာပါ။ Power တွက်ရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ P L A N ဆိုတဲ့ တွက်နည်းနဲ့ တွက်ရပါတယ်။ အဲ့မှာ 4 stroke ဖြစ်တဲ့အတွက် 2 revolution မှာမှ power တစ်ကြိမ်ပဲထွက်လို့ ပါဝါမတွက်ခင် rpm ကို 2 နဲ့စားရပါသေးတယ်။

ဒီပုစ္ဆာက Deck Officer ကြီးများ ကြိုးစားတွက်ကြရတဲ့ Engine Power Calculation ပုစ္ဆာဖြစ်ပါတယ်။

ဒုတိယပုံကတော့ F.W မှာ even keel ဖြစ်နေတဲ့ သင်္ဘောတစ်စင်းရဲ့ draught တစ် စင်တီမီတာတိုးလာဖို့ Cargo ဘယ်နှတန်များလာဖို့လိုလဲ... ဆိုတဲ့ TPC နဲ့ Trim တစ် စင်တီမီတာပြောင်းဖို့ Trimming moment ဘယ်လောက်လိုအပ်လဲ ဆိုတဲ့ MCT1cm ကိုပေးထားပါတယ်။ ဒီသင်္ဘောဟာ ရေချိုထဲကနေ ပင်လယ်ထဲရောက်သွားရင် ရှေ့ နောက် draught တွေ ဘယ်လောက်ဖြစ်သွားမလဲလို့ new draught ကို တွက်ခိုင်းတာပါ။

ဒီပုစ္ဆာကတော့ စက်ခန်းထဲက Engineers ကြီးများ ကြိုးစားတွက်ကြရမယ့် Trim Calculation ပုစ္ဆာဖြစ်ပါတယ်။

😁😁😁.... ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုရှိတယ်။

သိုင်းကျင့်နေတဲ့ သင်တန်းသား သိုင်းသမားလေးကို သူ့ဆရာ သိုင်းဆရာကြီးက မေးတယ်။ အခုလို ရေတံခွန်နံဘေးမှာ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး (၇) လ လုံးလုံး သိုင်းကျင့်စဉ်တွေကို လေ့ကျင့်နေတော့ မင်း ဘာတွေ သတိထားမိလာသလဲ... လို့ မေးတယ်။

သိုင်းသမားလေးက ပြန်ဖြေတယ်.... တသွင်သွင်စီး‌ကျနေတဲ့ ရေစီးသံလေးမှာ မနက်မနက်ဆို ငှက်ကလေးတွေ တေးသီကျူးပြီး ပျံသွားကြတာတွေက အင်မတန် နှစ်လိုဖွယ်ကောင်းတယ်။ နံနက်ခင်း နေခြည်ဖြာဆင်းလာတဲ့အခါ ရေတံခွန်က ရေမှုန်ရေမွှားတွေကို နေရောင်ခြည်ကရိုက်ခတ်ပြီး သက်တံ့ရောင်စဉ်တွေ ဖြာထွက်လာတာကလည်း အင်မတန် လှပလွန်းတယ်။ တခါတခါ တောင်ကျရေနဲ့ တဝုန်းဝုန်းရိုက်ခတ်နေတဲ့ ရေစီးသံတွေက rock သံစဉ် အပြင်းစားတစ်ပုဒ်ထက် နားထောင်လို့ကောင်းတယ်။ တခါတခါ ရေနဲချိန်မှာ ရေတံခွန်ရဲ့ ရေစီးသံတွေက စောင်းတူရိယာကို သွယ်လျတဲ့လက်ကလေးတွေနဲ့ တချောင်းချင်း တီးခတ်နေသလိုပဲ နားဝင်ချိုလွန်းလှတယ်လို့.... သိုင်းသမားလေးက ပြန်ဖြေတယ်။

အဲ့မှာ ၇ လ လုံးလုံး ကျောင်းတက်ပြီး....အဲလေ... သိုင်းကျင့်ပြီး ဘာသိုင်းတစ်ကွက်မှတောင် မရသေးတဲ့ သိုင်းသမားလေးရဲ့ အဖြစ်ကို သိုင်းဆရာကြီးက သိသွားတယ်။

မအိမ်လုံး‌နှယ်..... ကိုယ်နဲ့မဆိုင်တာတွေကို ဒီလောက်တောင် သိနေမှတော့ လိ...လိုလုပ် သိုင်းတတ်ပါတော့မလား...လို့ ဆဲပါ‌လေရောလား.... 😁😁😁

Electrical Diagram တွေကို ဖတ်တတ်ချင်တယ်၊ နားလည်ချင်တယ်... ဆိုရင်..ကျနော်တို့ လေ့လာပြင်ဆင်ထားရမှာ၊ လုပ်ရမှာ (အဓိက) သုံးခု...
11/09/2026

Electrical Diagram တွေကို ဖတ်တတ်ချင်တယ်၊ နားလည်ချင်တယ်... ဆိုရင်..

ကျနော်တို့ လေ့လာပြင်ဆင်ထားရမှာ၊ လုပ်ရမှာ (အဓိက) သုံးခု ရှိတယ်လို့ ထင်ပါတယ်။

1. အဲ့ဒီ Diagram တွေမှာ အသုံးများတဲ့ ပါတတ်တဲ့ (PB- push/press button ကစပြီး Toggle switch, Breaker, Contactor, Relay...etc ) Components တွေရဲ့ functions တွေကို သိထားရမယ်။ Contactor က ဘာလုပ်ပေးတယ်၊ Timmer ရဲ့ functions က ဘာ... စသဖြင့်ပေါ့။ သိထားရပါမယ်။ ပြီးရင်...

2. Diagram ထဲက အဲ့ဒီ components တွေရဲ့ Symbols တွေကို သိထားရပါမယ်။ ဘယ်ဟာက ဘာ symbol ဆိုတာနဲ့ Normal နဲ့ Activate မှာ ရှိနေမယ့် symbol တွေ၊ short form အတိုကောက်စာလုံးတွေ...။ Diagram တွေက Symbol တွေနဲ့ ဖွဲ့စည်းထားတာမို့ Symbol တွေကို မသိလို့ မရပါဘူး။နောက်တစ်ခုက....

3. ကိုယ်ဖတ်ချင်တဲ့ Diagram အတွက် Machinery or Device ရဲ့ functions and working principle ပါ။ Boiler Auto burning ဆိုရင် ဘယ်လို၊ ဘယ်ကစတယ်... ရေတင်တာ ဘယ်အချိန်တင်တယ် စတဲ့ အလုပ်လုပ်ပုံတွေကို (အကြမ်းအားဖြင့်) သိထားမှ Diagram ဖတ်ရတာလည်း ပို လွယ်ကူမှာပါ...။

For example: Main Air Compressor ရဲ့ Unloader (Solenoid) ရဲ့ function ကိုသိတယ်၊ သူ့ရဲ့ Symbol ကိုသိတယ်၊ လက်တွေ့အပြင်မှာ ဘယ်နားတပ်ထားတယ်၊ ဘယ်အချိန် drain လုပ်တယ် ဆိုတာတွေသိထားမှ Diagram ထဲမှာ အဲ့ဒီနေရာလေးကို ရှာတတ် ကြည့်တတ်မှာပါ။

Machinery ပိုင်းက Piping Diagram များလိုပါပဲ.... (တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ လေ့လာသင်ကြားမှုရဲ့ သဘောသဘာဝကြောင့်လည်း) Diagram ဖတ်တတ်မှ အလုပ်ကို ပိုနားလည်သွားတာမျိုးရှိသလို အလုပ်ကိုနားလည်ပြီးမှ Diagram ဖတ်လို့ရတာတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်... ကျနော်တို့ရဲ့ Professional အတွက် Electrical Diagram ဖတ်တတ်ခြင်းဆိုတဲ့ skill တစ်ခု ရှိသင့်တာကတော့ သေချာပါတယ်လေ...😍😍

ဟိုတရက်က Anicad MEK Myanmar Group ရဲ့ Telegram နဲ့ Web App တွေထဲ တင်ထားခဲ့တဲ့ Contactor Basic ဆိုတဲ့ ပို့စ်က...

1. Contactor တစ်ခု ဘာလုပ်ပေးတယ်ဆိုတာကို အရင် သိအောင်လုပ်တယ်
2. သူ့ Symbol တွေကို နားလည်တယ် ကြည့်တတ်တယ်
3. Diagram ထဲ အဲ့ဒီ Contactor ကို ရှာတတ်တယ် တခြား components တွေနဲ့ တွဲဘက်အလုပ်လုပ်ပုံကို သိတယ်၊ ဖတ်တတ်တယ် ဆိုတာအထိ တဆင့်ချင်း လေ့လာသွားတဲ့ ပုံစံအတွက် ရည်ရွယ်ပါတယ်။

ပြီးရင်တော့ တခြား Contactor ပုံစံမျိုးစုံ Symbol မျိုးစုံကိုပါ နားလည်ဖို့ ကိုယ်တိုင်က ဆက်စပ်လေ့လာသွားရမှာပါ။ ဒီတော့မှ Diagram ဖတ်တတ်မှာပေါ့လေ။

ကိုယ်တိုင်က အခြေခံကိုမဖြည့်ဆီးထားရင်တော့... AI သွားမေးလည်း (ဟိုက တူရာစုထားတဲ့ စာတွေကို ပြန်ဖြေပေးတာကို) ဘာမှသိမှာမဟုတ်ပါဘူး။ စာနဲမှ အရုပ်များမှ ဆိုပေမယ့်... (ကိုယ့်မှာ ဝမ်းစာမှ ဖြည့်မထားရင်တော့)စာနဲပြီး အရုပ်တွေအများကြီးပါတဲ့ Diagram တွေကလည်း ဘာမှ မထူးပါဘူး.... 😁😁

ပုံက contacts and functions တွေပိုများလာတဲ့ တခြား Contactor တွေရဲ့ Symbols တွေပါ။ (Group မှာတင်ထားတဲ့ ပို့စ်ရဲ့ ပုံတွေထဲက တစ်ပုံဖြစ်ပါတယ်။)

Restrictions ထိထားလို့ Facebook Group တွေထဲမှာ ပို့စ်တင်တာ September 24 နောက်ပိုင်းမှ စာရေး ပို့စ်တင် လုပ်လို့ရမှာပါ။ဒီအ...
09/09/2026

Restrictions ထိထားလို့ Facebook Group တွေထဲမှာ ပို့စ်တင်တာ September 24 နောက်ပိုင်းမှ စာရေး ပို့စ်တင် လုပ်လို့ရမှာပါ။

ဒီအရေးတွေကြိုမြင်လို့ Anicad MEK Myanmar Group ကို Facebook တစ်ခုတည်းမှာပဲ မထားဘဲ Telegram နဲ့ Web App တွေနဲ့ပါ သုံးလို့ရအောင် စီစဉ်ထားခဲ့တာပါ။

အခု Facebook Group ထဲရေးလို့မရသေးပေမယ့် Telegram နဲ့ Web App မှာ Contactor အကြောင်း New post တင်ထားပါတယ်။

Contactor တစ်ခုရဲ့ အတွင်းပိုင်း construction နဲ့ working principle အကြောင်းကို 3D ပုံဆွဲပြီး animation video တင်ထားခဲ့ပြီး ဖြစ်ပါတယ်။

အခုအသစ်ရေးတဲ့အကြောင်းအရာက Contactor တစ်ခုရဲ့ အပြင်ပိုင်း အသေးစိတ်ဖြစ်ပါတယ်။ Ampere ဘယ်လောက်သုံးလို့ရတယ်၊ NO NC contacts တွေ ဘယ်နှခုပါတယ်၊ Main နဲ့ Auxiliary contacts အရေအတွက်နဲ့ ဘယ်လို connect ဖြစ်တယ်ဆိုတာကို circuit diagram မှာ ဖတ်တတ်ဖို့နဲ့ Contactor တစ်ခု ကောင်း မကောင်း စစ်ဆေး စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေအကြောင်းဖြစ်ပါတယ်။

Contactor ဘာလုပ်ပေးလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊ ကောင်းမကောင်း ဘယ်လိုစစ်လဲ ဆိုတာတွေက 3E Oral exam မေးခွန်းတွေပါပဲ...

Very simple Contactor တစ်ခုကို sample ထားပြီး ဒီအကြောင်းတွေကို နားလည်လွယ်အောင် ရေးထားပါတယ်။ ပုံနဲ့စာ တွဲဖတ်ရတာ ပိုအဆင်ပြေတဲ့ MEK Myanmar Facebook Group ထဲမှာတော့ စက်တင်ဘာ ၂၄ ကျော်မှပဲ စာပြန်တင်ပေးပါမယ်။

Address

Yangon

Telephone

+959799848327

Website

Alerts

Be the first to know and let us send you an email when Anicad Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Anicad Studio:

Shortcuts

Share