PAM Construction Group Co.,Ltd.

Call Directions Website Contact the business

PAM Construction Group Co.,Ltd. We Build With Passion.

PAM Group Of Constructions is based on Myanmar and offers constructions of Residential,Commercial buildings,Industrial,Hospitals,Educational,Resorts & Hotels.

BoSeinHman Residential Project ✅မိသားစုနေအိမ်များကို Quality ပြည့်ဝစွာ ကျနော်တို့နှင့် တည်ဆောက်ပါ။တိကျတဲ့အရည်အသွေး၊ ခိုင...
20/10/2026

BoSeinHman Residential Project ✅

မိသားစုနေအိမ်များကို Quality ပြည့်ဝစွာ ကျနော်တို့နှင့် တည်ဆောက်ပါ။

တိကျတဲ့အရည်အသွေး၊ ခိုင်မာတဲ့လုပ်ငန်းစဉ်၊ ကောင်းမွန်သော Quality တို့နဲ့ လူကြီးမင်းတို့နေအိမ်များအတွက် PAM Construction Group မှ တည်ဆောက်ပေးလျှက်ရှိပါတယ်။

PAM Construction Group မှ လုံးချင်းများ၊ အထပ်မြင့်အဆောက်အဦးများ၊ဆေးရုံများနဲ့ ၊ projects များကို မြန်မာတနိုင်ငံလုံးမှာ အရည်အသွေးပြည့်ဝစွာ တာဝန်ခံမှုအပြည့်နဲ့ တည်ဆောက်ပေးလျှက်ရှိပါတယ်။

လူကြီးမင်းတို့ပေးရတာထက် ပိုကောင်းတဲ့ပိုထိုက်တန်တဲ့ Quality မျိုးပေးနိုင်အောင် PAM Construction Group က အစဉ်အမြဲကြိုးစားနေပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

ကိုယ်ပိုင်အိမ်ဆောက်ဖို့ စိတ်ကူးရှိရင်….အိမ်စဆောက်မည့် မိတ်ဆွေလူကြီးမင်းတို့ ဖတ်သင့်ပါတယ်။ ပထမဆုံးအနေနဲ့ အိမ်ဆောက်ဖို့စိတ...
09/10/2026

ကိုယ်ပိုင်အိမ်ဆောက်ဖို့ စိတ်ကူးရှိရင်….

အိမ်စဆောက်မည့် မိတ်ဆွေလူကြီးမင်းတို့ ဖတ်သင့်ပါတယ်။ ပထမဆုံးအနေနဲ့ အိမ်ဆောက်ဖို့စိတ်ကူးထားတယ်ဆိုရင် စတင်စဉ်းရမှာက ကိုယ်ဘယ် Design ဆောက်မယ်ဆိုတာပါဘဲ။ Modern လား၊ Classic လား၊ Minimalist လားစသည်ဖြင့်ပေါ့.. Design တွေ အများကြီးရှိပေမယ့် နားလည်လွယ်တာဘဲ ပြောပြတာပါ။

မည်သည့် Design ကိုရွေးရွေး ကိုယ်နေထိုင်မှာဖြစ်လို့ သက်တောင့်သက်သာရှိမည့်အိမ်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

အိမ်စဆောက်မယ်ဆို မိမိဆောက်ချင်တဲ့လရဲ့ တလခွဲလောက် ကြိုတင်ပြင်ဆင်ဖို့လိုပါမယ်။ ဘာလို့လဲဆို Design ဆွဲတာတွေ၊ Drawing တွေပြင်ဆင်ဖို့အတွက်ပါ။

အိမ်ဆောက်မယ်ဆို အခြေခံကျတဲ့ Drawings တွေရှိပါတယ်။ Archi Drawing, Structure Drawing, M&E Drawing & Soil Test ပါ။ အနည်းဆုံး ဒီ ၄ မျိုးစုံမှ Quality စိတ်ချရတဲ့၊ မိမိနေဖို့အဆင်ပြေတဲ့အိမ်ကို ရရှိမှာဖြစ်ပါတယ်။ အထက်ပါ Drawing တွေကို မိမိဆောက်လုပ်မည့် Construction သို့မဟုတ် ကန်ထရိုက်တာနဲ့ အသေးစိတ်ဆွေးနွေးဖို့လိုအပ်ပါတယ်။

Archi Drawing မှာ အခန်းဖွဲ့တွေ၊ အိမ်အလှည့်တွေ၊ အိမ်အလင်းရောင်ဝင်ထွက်တာတွေ၊ ဘုရားခန်း၊ ဧည့်ခန်းနေရာတွေ၊ မိမိလိုချင်တဲ့အိပ်ခန်းအရေအတွက်တွေ၊ ပြတင်းပေါက်အကျယ်တွေ၊ လှေကား Design ကို U shape နဲ့တက်မှာလား၊ L shape နဲ့တက်မှာလားကအစ နောက်ဆုံး 3D လို့ခေါ်တဲ့ အပြင်မျက်နှာစာအိမ်ပုံစံအဆုံးအသေးစိတ်ပါဝင်ပါတယ်။

Archi Drawing ဟာ အိမ်ရှင်တွေစိတ်တိုင်းကျ ရေးဆွဲရတဲ့အတွက် 2-3 weeks အထိကြာနိုင်ပါတယ်။ အရမ်းအနုစိတ်ရင် တလကျော်အထိကြာတာတွေလဲရှိပါတယ်။

Archi ရေးဆွဲနေတုန်းမှာ Soil Test စစ်ရပါမယ်။ လူနေအိမ် တထပ်လေးမို့၊ နှစ်ထပ်လေးမို့ မစစ်ရဘူးဆိုတာမျိုး၊ တရပ်ကွက်ထဲမြေကောင်းလို့ စစ်ပြီးသားမို့ မစစ်ရဘူးဆိုတာမျိုးတွေထက် မိမိနေမည့်အိမ်အောက်ကမြေကြီး ကောင်း၊မကောင်း စစ်မှ တိကျတဲ့ Structure, ခိုင်ခံ့တဲ့ အဆောက်အဦကိုရရှိမှာပါ။

လူကြီးမင်းက Archi Drawing ကိုလည်း စိတ်တိုင်းကျပြီ၊ လိုချင်တဲ့အိမ် Design လဲရပြီ၊ မြေသားစစ်ဆေးတဲ့ result လဲထွက်လာပြီဆိုရင် Structure Drawing ရေးဆွဲရပါမယ်။ Structure Drawing ဆိုတာ တအိမ်လုံးမှာ သုံးမည့် Foundation အမျိုးအစား၊ မည်သည့်သံအမျိုးအစားသုံးမှာလဲ HRB 400 လား၊ 500 လား၊ Column တိုင်တွေမှာသံဘယ်လိုဆင်မှာလဲ၊ ဆလပ်မှာ သံဘယ်လိုသုံးမှာလဲဆိုတာကို မိမိဆောက်မည့် အိမ် Design၊ Soil Test result တွေနဲ့ Structure Engineer တွေက တွက်ချက်ပေးတဲ့ Drawing ဖြစ်ပါတယ်။

Structure Drawing တွက်ချက်တာကလည်း အနည်းဆုံး 2-3 weeks ကြာတတ်ပါတယ်။ Structure Drawing တွက်ချက်နေတုန်းမှာ စည်ပင်မှာ ဆောက်လုပ်ခွင့်တင်မည့်ကိစ္စကို ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။

အဆောက်အဦ ၆ ထပ်အောက်တွေက စည်ပင်ကို Structure Drawing တင်ပြစရာမလိုတဲ့အတွက် Archi Drawing ရယ်၊ မိမိပိုင်ဆိုင်တဲ့မြေ အထောက်အထားရယ်နဲ့တင် လုံလောက်ပါတယ်။

ဒီနေရာမှာ စည်ပင်မှာမြေချန်ရတဲ့အကြောင်းအရာလေးကို တခါထဲရှင်းပြပေးပါမယ်။ 40 x 60 မြေကွက်တွေက ရှေ့မျက်နှာစာ ၁၂ ပေ၊ နောက် ၆ ပေ၊ ဘေးဘယ်၊ညာ ၃ ပေစီချန်ရပါတယ်။ ပေ ၃၀ အကျယ်အောက် မြေကွက်တွေက ရှေ့မျက်နှာစာ ၁၂ ပေ၊ နောက် ၃ ပေ၊ ဘေးဘယ်၊ညာ ၁ ပေစီချန်ရမှာ ဖြစ်ပါတယ်။

Archi Drawing ၊ Soil Test၊ Structure Drawing လဲစုံပြီ၊ စည်ပင်ဆောက်လုပ်ခွင့်တင်ထားတာလဲ ကျပြီဆိုရင် မိမိဆောက်မည့် Construction Company သို့မဟုတ် ကန်ထရိုက်တာကို ရွေးချယ်ရပါမယ်။

ဒီနေရာမှာလဲ Image ကောင်းမွန်တဲ့၊ Quality ကောင်းမွန်တဲ့ Company တွေ၊ ကန်ထရိုက်တာတွေဖြစ်ဖို့လိုပါတယ်။ ဆောက်မည့်လူကြီးမင်းတွေအနေနဲ့ မိမိဆောက်ဖို့စိတ်ကူးထားတဲ့ Company သို့မဟုတ် ကန်ထရိုက်တာရဲ့ အကြမ်းထည်၊ အချောထည်လက်ရာတွေကို မြေပြင်ကွင်းဆင်းကြည့်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

ဆောက်လုပ်မည့်အဖွဲ့ရွေးချယ်ပြီးရင်တော့ ငွေပေးချေရမည့်အရစ်တွေ၊ စာချုပ်တွေ၊ အသုံးပြုမည့်ပစ္စည်းတွေကို တိကျစွာစာချုပ်ချုပ်ဆိုရပါမယ်။

အိမ်စဆောက်ပြီဆိုတာနဲ့ M&E Drawing တွေ၊ Interior Decoration ထပ်ထည့်မည့် အကို၊အမတွေက Interior Drawing တွေ စတင်ရေးဆွဲထားလို့ ရပါပြီ။

မိမိနေထိုင်ဖို့ အိမ်ဆောက်တဲ့အခါ အလွဲမမှားရအောင် ပြောပြထားတဲ့အကြောင်းအရာတွေပါ။ နှစ်သစ်မှာ အိမ်ကြီး၊အိမ်ကောင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒါတွေကို ခေါင်းရှုပ်ခံပြီးမစဉ်းစားချင်ဘူးဆိုရင် Construction ကနေ Interior Decoration အထိရတဲ့ ကျနော်တို့ရဲ့ရုံးခန်းမှာ ကော်ဖီလေးသောက်ရင်းအေးဆေးစွာ လာရောက်ဆွေးနွေးဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်ဗျာ။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Quality, Construction, Luxury ✨အကြမ်းထည်ရော၊ အချောထည်ရော Quality စိတ်ချရတဲ့ Construction တခုကိုရှာနေရင် PAM Construction...
07/10/2026

Quality, Construction, Luxury ✨

အကြမ်းထည်ရော၊ အချောထည်ရော Quality စိတ်ချရတဲ့ Construction တခုကိုရှာနေရင် PAM Construction Group ရှိပါတယ်။

ပစ္စည်းအရည်အသွေးကစပြီး ခိုင်မာတဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ကျွမ်းကျင်လေဘာများနဲ့ Projects တွေကို တည်ဆောက်ပေးလျှက်ရှိပါတယ်။

Foundation, Column, Slab အားလုံးကို အရည်အသွေးပြည့်ဝသော ကွန်ကိရစ်ကားကြီးများနှင့် သတ်မှတ် Grade အတိုင်း အသုံးပြုတည်ဆောက်ပါတယ်။

လူကြီးမင်းတို့ပေးရတာထက် ပိုကောင်းတဲ့၊ ပိုထိုက်တန်တဲ့ Quality မျိုးပေးနိုင်အောင် PAM Construction Group က အစဉ်အမြဲကြိုးစားနေပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Project - 37 x 56 3RCPAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Desi...
05/10/2026

Project - 37 x 56 3RC

PAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

We Build With Passion.

PAM Construction Group Co.,Ltd.
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

www.pamconstructionmm.com

Ph : 09773004600 / 09773005600

Copyright ©️ 2024 PAM Construction Group
All rights reserved.

အရည်အသွေးပြည့်ဝသော Concrete Plant များမှ စံချိန်စံညွှန်း ပြည့်မှီသောကွန်ကိရစ်များကို Structure Drawing သတ်မှတ် Grade အတိ...
23/09/2026

အရည်အသွေးပြည့်ဝသော Concrete Plant များမှ စံချိန်စံညွှန်း ပြည့်မှီသောကွန်ကိရစ်များကို Structure Drawing သတ်မှတ် Grade အတိုင်း အသုံးပြုတည်ဆောက်ပါတယ်။

Foundation ၊ Column တိုင်အားလုံး၊ Slab အားလုံးကို အရည်အသွေးပြည့်ဝသော Concrete Plant များမှ စံချိန်စံညွှန်း Grade ပြည့်မှီသောကွန်ကိရစ်များကို AG ကားကြီးများနဲ့ တည်ဆောက်အသုံးပြုပါတယ်။

အိမ်ဆောက်ဖို့အတွက် Quality ကောင်းတာလိုချင်တယ်ဆိုရင် “ဒီဇိုင်းပိုင်းကစလို့ Construction,Decoration အထိ” စိတ်တိုင်းကျရမည့် PAM Construction Group က လူကြီးမင်းတို့အတွက် အသင့်ရှိနေပါတယ်။

လူကြီးမင်းတို့ရဲ့ နေအိမ်များကို Quality ပြည့်ဝစွာ
PAM Construction Group ဖြင့်တည်ဆောက်ပါ။

Build Your Dream Home With Us.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

တစ်နှစ်မှ တစ်ခါသာ ရမည့် အထူး Promotion 🚨 September 22 မှ October 22 အတွင်း အချောထည်အပြီးအစီး လာရောက် ဆွေးနွေးအပ်နှံသူတို...
22/09/2026

တစ်နှစ်မှ တစ်ခါသာ ရမည့် အထူး Promotion 🚨

September 22 မှ October 22 အတွင်း အချောထည်အပြီးအစီး လာရောက် ဆွေးနွေးအပ်နှံသူတိုင်းရမည့် အခွင့်အရေး 🎉

လူကြီးမင်းတို့ရဲ့ နေအိမ်များကို Quality ပြည့်ဝစွာ
PAM Construction Group ဖြင့်တည်ဆောက်ပါ။

Build Your Dream Home With Us.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

High-end Residential Project တည်ဆောက်မှု အခြေအနေများ ….Upscale lifestyle, Luxury Living.PAM Construction Group မှ တောင်ဥ...
22/09/2026

High-end Residential Project တည်ဆောက်မှု အခြေအနေများ ….
Upscale lifestyle, Luxury Living.

PAM Construction Group မှ တောင်ဥက္ကလာပမြို့နယ်တွင် တာဝန်ယူတည်ဆောက်မည့် Luxury Project ရဲ့ Archi Drawing များ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဓာတ်လှေကားပါဝင်ပြီး အထပ်တိုင်းမှာ Luxury & comfort ဖြစ်မည့် design ကို ဖန်တီးထားပါတယ်။

Structure Design ပိုင်းကို Soil Test စစ်ဆေးချက်များနှင့်အတူ Earthquake & Wind ထည့်တွက်ပြီး ငလျင်ဒဏ်ခံ Seismic Design တည်ဆောက်မှာဖြစ်ပါတယ်။

PAM Construction Group မှာ အရည်အသွေးပြည့်ဝတဲ့ အဆောက်အဦတွေရရှိဖို့ အကောင်းဆုံး Archi & Structure Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

We Build With Passion.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Copyright ©️ 2025 PAM Construction Group
All rights reserved.

(PAM Construction Group ရဲ့ အိမ် Design များကို ထပ်တူ၊ တစိတ်တဒေသ ကူးယူရေးဆွဲခွင့်မပြုပါ)

18 x 45 Modern Residential 3RCPAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ...
20/09/2026

18 x 45 Modern Residential 3RC

PAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

We Build With Passion.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Copyright ©️ 2025 PAM Construction Group
All rights reserved.

Quality ပိုင်းနဲ့ လက်ရာပိုင်းကောင်းမွန်တဲ့ နေအိမ်တလုံးဆောက်မယ်ဆိုရင် မရှိမဖြစ်လုပ်ရမည့်အဆင့် ၄ ခုရှိပါတယ်။- Soil Test မိ...
18/09/2026

Quality ပိုင်းနဲ့ လက်ရာပိုင်းကောင်းမွန်တဲ့ နေအိမ်တလုံးဆောက်မယ်ဆိုရင် မရှိမဖြစ်လုပ်ရမည့်အဆင့် ၄ ခုရှိပါတယ်။

- Soil Test

မိမိဆောက်မည့်အိမ်ဟာ တစ်ထပ်ဖြစ်စေ၊ နှစ်ထပ်ဖြစ်စေ သို့မဟုတ် အထပ်မြင့်ဖြစ်စေ မြေသားစစ်ဆေးခြင်း ( Soil Test ) ဟာ လုပ်ကိုလုပ်ရမည့်အရာဖြစ်ပါတယ်။ မိမိနေထိုင်မည့်အိမ်အောက်က မြေသားကောင်းခြင်း၊ မကောင်းခြင်း ၊ ဘယ်နှစ်ပေအနက်မှာ သိပ်သည်းဆဘယ်လောက်ရှိတယ်ဆိုတာ သိရဖို့လိုသလို Soil Test အဖြေရရှိမှသာ တိကျတဲ့ Structure Drawing ကို ရေးဆွဲဖို့ အချက်အလက်ရရှိမှာဖြစ်ပါတယ်။

- Archi Drawing

တည်ဆောက်မည့် နေအိမ်ရဲ့ သက်တောင့်သက်သာရှိရမည့်အခန်းအကျယ်အဝန်းတွေ၊ မိမိလိုချင်တဲ့ အခန်းအရေအတွက်တွေ၊ နေအိမ်ရဲ့အလင်းရောင်ဝင်ရောက်မှု၊ ထားရမည့် ပြတင်းပေါက်အရေအတွက် ၊ လှေကားဒီဇိုင်းတွေ၊ အကျော်အနင်း သက်တောင့်သက်သာရှိမှုတွေ စသည်ဖြင့် အသေးစိတ်လေးတွေကစပြီး မိမိအိမ်ရဲ့ မျက်နှာစာ Design ပုံအထိ Archi Drawing ကလည်း အရေးကြီးပါတယ်။ မိမိအိမ်ကို စိတ်ကူးနဲ့ အရင်ဖန်တီးလို့ရတဲ့၊ လက်တွေ့မှာ ထပ်တူပေါ်ပေါက်လာမည့် အရေးကြီးတဲ့ Drawing တခုလဲဖြစ်ပါတယ်။

- Structure Drawing

ငလျင်နောက်ပိုင်း အိမ်ဆောက်မည့်သူတွေ စိတ်ဝင်စားလာတဲ့ Drawing ဖြစ်ပါတယ်။ Structure Drawing တခုမှာ Structure အင်ယာ၊ဆရာများကနေ မြေသားစစ်ဆေးမှု အဖြေတွေ၊ ဆောက်မည့် Archi Design တွေကို အသေးစိတ်ကြည့်ရှုပြီး Column တိုင်မှာ သံဘယ်လောက်၊ ဘယ်အမျိုးအစားသုံးမယ်၊ Beam မှာ beam size ဘယ်လောက်ထားမယ်၊ နောက်ဆုံး Tiles ကွင်းလို့ခေါ်ကြတဲ့ သံတွေချည်တဲ့ကွင်းလေးတွေကအစ ဘယ်သံသုံးမယ်၊ ဘယ်နှစ်လက်မခြား ချည်မယ်အထိ သံများရဲ့ခံနိုင်ရည်အားတွေ၊ ပေါင်းစပ်မည့် ကွန်ကိရစ် အရည်အသွေး Grade 20 လား၊ 25 လား၊ 30 လားစသည်ဖြင့် SDC (Seismic Design Category) တွေနဲ့ အသေးစိတ် တိကျစွာ Calculation ထုတ် တွက်ချက်ရတဲ့ Drawing လဲဖြစ်ပြီး အဆောက်အဦရဲ့ အသက်လည်းဖြစ်ပါတယ်။

- M&E Drawing

ဒါကတော့ အိမ်တလုံးရဲ့ ရေလိုင်း၊မီးလိုင်း၊ Aircon ကစပြီး CCTV၊ Wifi ၊ Internet Fiber လိုင်းအထိ အသေးစိတ်ပါတဲ့ Drawing ဖြစ်ပါတယ်။ M&E တွက်ချက်တဲ့အခါ တအိမ်လုံးအသုံးပြုမည့် Load ဝန်အားကစပြီး တအိမ်လုံးရဲ့ မီးအလင်းအမှောင်၊ခံနိုင်စွာ အသုံးပြုနိုင်မည့် မီးကြိုး size ကအစ လုံလောက်သော သုံးရေပမာဏအဆုံး အသေးစိတ်တွက်ချက်ထားတဲ့ M&E Drawing ရှိထားမှသာ ပြန်လည်ပြင်ဆင်ရေးလုပ်တဲ့အခါ ဘယ်နေရာမှာမီးကြိုးရှိတယ်၊ ရေပိုက်လိုင်းရှိတယ်စသည်ဖြင့် သိရှိမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက် ( ၄ ) ချက်ဟာ အခြေခံအားဖြင့် နေအိမ်တလုံးတည်ဆောက်တဲ့နေရာမှာ လိုအပ်သောအဆင့်များ ဖြစ်ပါတယ်။

မိမိတို့စိတ်ကူးထားသော အိမ်ကြီးအိမ်ကောင်းများကို Quality
ပြည့်ဝစွာ၊ စနစ်တကျတည်ဆောက်နိုင်ကြပါစေ။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Modern Luxury, Beyond Limits.Building size - 70 x 45 2RCDesign - Modern Luxury PAM Construction Group မှာ အကောင်းမွန်ဆုံ...
13/09/2026

Modern Luxury, Beyond Limits.

Building size - 70 x 45 2RC
Design - Modern Luxury

PAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Copyright ©️ 2026 PAM Construction Group
All rights reserved.

Disclaimer: PAM Construction Group ရဲ့ Archi Design များကို တခြားမည်သည့်နေရာတွင်မှ ပြန်လည်ကူးယူသုံးစွဲခွင့်မပြုပါ။

Address

Aung Si Gon Pagoda Street
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959773004600

Alerts

Be the first to know and let us send you an email when PAM Construction Group Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PAM Construction Group Co.,Ltd.:

Shortcuts

Share