23/03/2026
နေပြည်တော်မှာ အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်သွား
Updated - ငလျင်ပြင်းအားကိုပြသတဲ့ အပလီကေးရှင်းတွေမှာ ပျဥ်းမနားကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်ရဲ့ အင်အားက မဂ္ဂနီကျု ၄ ဒသမ ၄ အဆင့်ရှိတယ်လို့ ပြောပြီး မိုးဇလကတော့ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မတ် ၂၃ ရက်ညပိုင်း ၆ နာရီ ကျော်က နေပြည်တော်နဲ့ အနီးတဝိုက်မှာ အင်အားသိသာစွာခံစားရတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ နေပြည်တော်မှာ ရောက်ရှိနေသူတွေကပြောပါတယ်။
ငလျင်အင်အားကိုပြသတဲ့ အပလီကေးရှင်းတွေကတော့ အင်အားမဂ္ဂနီကျုကို ပြသတာမရှိသေးဘဲ နေပြည်တော်မှာ ရောက်ရှိနေသူတချို့ကတော့ အင်အားပြင်းထန်တာကို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
''အဆောက်အဦထဲကနေ ပြေးဆင်းကြတယ်။ တော်တော်ကြမ်းတယ်။ ငလျင်က အသံအရင်လာတာပြီးမှ ဒုန်းဆိုပြီးလှုပ်သွားတာ'' လို့ နေပြည်တော်မှာရှိနေသူတစ်ဦးက ပြောပါတယ်။
နေပြည်တော်မှာ ငလျင်လှုပ်ခတ်တာကို ကြုံရသူတွေအနေနဲ့ ကိုယ်တွေ့ကြုံအခြေအနေကို မှတ်ချက်ပေး မျှဝေပေးနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #နေပြည်တော် #ငလျင်