23/02/2026
မင်္ဂလာပါရှင်🙏🙏🙏
ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ငါးအစာထုတ်လုပ်သော အစာကုမ္ပဏီများအတွက်
𝐆𝐨𝐥𝐝𝐞𝐧 𝐀𝐩𝐞𝐱 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨. 𝐋𝐭𝐝. ၏ တော်ဝင်ရွှေပုစွန် မွေးမြူရေးအစာစက်ရုံမှ
မွေးမြူရေးအစာစပ်ဆေးလောကတွင် စွမ်းဆောင်ရည်ကောင်းမွန်မှုဖြင့် သတင်းကြီးသော နယ်သာလန်နိုင်ငံ အခြေစိုက် 𝐃𝐒𝐌 ကုမ္ပဏီမှထုတ်လုပ်သော စီးပွားဖြစ်မွေးမြူသောငါးအမျိုးအစားများအတွက် မရှိမဖြစ်လိုအပ်သည့် ဗိုက်တာမင်နှင့် သတ္ထုဓါတ်များ အပြည့်စုံဆုံးပါဝင်သော ငါးပရီမစ်အားဆေးတမျိုးဖြစ်သည့် 𝐑𝐨𝐡𝐮 𝐂𝐚𝐫𝐩 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐚𝐧𝐝 𝐌𝐢𝐧𝐞𝐫𝐚𝐥𝐬 𝐏𝐫𝐞𝐦𝐢𝐱 ကို မိတ်ဆက်တင်ပြလိုက်ပါတယ်ရှင့်။
𝐑𝐨𝐡𝐮 𝐂𝐚𝐫𝐩 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐚𝐧𝐝 𝐌𝐢𝐧𝐞𝐫𝐚𝐥𝐬 𝐏𝐫𝐞𝐦𝐢𝐱 ငါးပရီမစ်အားဆေးတွင် ပါဝင်သော ဗိုက်တာမင်များအကြောင်းအကျဉ်းမိတ်ဆက်ကို ရေးသားဖေါ်ပြလိုက်ပါတယ်ရှင်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀
ငါးကြီးထွားမှုနှင့် ငါး၏ကျန်းမာရေး၊ ငါးမျိုးပွားခြင်း စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင်အေ ချို့တဲ့လျှင် ငါးသွားလာခြင်း ပုံမှန်မဟုတ်သည့်အပြင် ငါးကျောရိုး၊ မေးရိုးများ ပုံသဏ္ဍာန်မမှန်ခြင်း၊ မြင်လွှာချို့ယွင်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း၊ သွေးယိုစိမ့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း ငါးအရောင်ဖျော့တော့ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑
ငါး၏ အရိုးအဆစ် တည်ဆောက်မှုအတွက် အဓိကလိုအပ်သော ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ဓါတ်တို့ကို စုပ်ယူနိုင်ရန်အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် D3 ချို့တဲ့လျှင် သတ္ထုဓါတ်ချို့တဲ့ခြင်း၊ အရိုးပျော့ခြင်း ပုံပျက်ခြင်း၊ အသဲအဆီဖုံးခြင်း၊ ကြီးထွားမှုနှေးခြင်း စသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄
စွမ်းအားကောင်းသော Antioxidant ဓါတ်ဖြစ်ပြီး အသား၏အရည်အသွေးကောင်းမွန်မှု၊ အသား၏လတ်ဆတ်မှုတို့အတွက် အဓိကလိုအပ်ပြီး မျိုးပွားခြင်းနှင့် ခုခံစွမ်းအား စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် အီး ချို့တဲ့ပါက ဝမ်းသွားခြင်း၊ ကိုယ်ခံအားလျော့ကျခြင်း၊ ကြုံလှီခြင်းတို့အပြင် ပန်ကရိယ၊ ကျောက်ကပ်၊ အသည်း၊ အူ စသည့်ကိုယ်တွင်းအင်္ဂါဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐊𝟑
ငါးကဲ့သို့သော ရေနေသတ္တဝါများအတွက် အဓိကအရေးကြီးသည့် သွေးခဲခြင်းနှင့် အရိုးအစစ်သန်မာမှုနှင့် ပရိုတင်းဖွဲ့စည်းမှုလုပ်ငန်းစဉ်အတွက် ပူးတွဲအင်ဇိုင်း အဖြစ်လုပ်ဆောင်ခြင်း စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် K3 ချို့တဲ့ပါက သွေးယိုခြင်းဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟏
အင်ဇိုင်းလုပ်ဆောင်ချက် ၂၅ မျိုးခန့်တွင် ပူးတွဲအင်ဇိုင်းအဖြစ်လုပ်ဆောင်ပေးခြင်း၊ ဂလူးကို့စ်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲခြင်း လုပ်ငန်းစဉ်၊ အာရုံကြောလုပ်ငန်းစဉ် စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် B1 ချို့တဲ့ပါက ကြီးထွားမှုနှေးခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အစာစားချင်စိတ်နည်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟐
အဆီနှင့်ပရိုတိန်းဇီဝဖြစ်စဉ်ဆောင်ရွက်ခြင်း၊ စွမ်းအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော Flavin coenzyme (FMN နှင့် FAD) ပူးတွဲအင်ဇိုင်းအဖြစ်ဆောင်ရွက်ပေးခြင်း၊
စတီးရွိုက်များ၊ သွေးနီဥများနှင့် glycogen ပေါင်းစပ်မှုတို့တွင် ပါဝင်ဆောင်ရွက်ခြင်း စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် B2 ချို့တဲ့ပါက သွားလာခြင်း ပုံမှန်မဟုတ်ခြင်း၊ ကျောရိုး၊ မေးရိုး၊ နှာတံစသည်တို့ တိုပြီး ပုံမှန်မဟုတ်ခြင်း၊ မျက်လုံးရောဂါများဖြစ်ခြင်း၊ တစ်ရှူးများနှင့် အကျိအမြှေးပါးများ ဒဏ်ရာများဖြစ်ခြင်း စသည့်လက္ခဏာများ
ဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟔
အမိုင်နိုအက်ဆစ်၊ အဆီနှင့် ကာဘိုဟိုက်ဒရိတ် ဇီဝဖြစ်စဉ်များ စသည်တို့အတွက် အဓိက အလိုအပ်ဆုံး ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် B6 ချို့တဲ့ပါက အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များ မှားယွင်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
Rohu Carp Premix ငါးအားဆေးသည် ငါးအတွက် အရေးကြီး လိုအပ်ချက်များဖြစ်သည့် အထက်ပါ ဗိုက်တာမင်ဓါတ်များ အပြည့်အဝပါဝင်သည့်အပြင် အောက်ပါဓါတ်များလည်း ပြည့်ဝစွာပါဝင်သည့် ပရီမစ်အားဆေးဖြစ်ပါသည်။
⏩𝐍𝐢𝐚𝐜𝐢𝐧 𝐨𝐫 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟑
အမိုင်နိုအက်ဆစ်၊ အဆီနှင့် ကာဘိုဟိုက်ဒရိတ် ဖြစ်စဉ်တို့တွင် ပူးတွဲအင်ဇိုင်းအဖြစ် ဆောင်ရွက်ရန် စသည်တို့အတွက် အဓိကလိုအပ်သော ဗိုက်တာမင်အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် B3 ချို့တဲ့ပါက အာရုံကြောစနစ် ပုံမမှန်ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ သွေးယိုခြင်း၊ ထုံထိုင်းခြင်းတို့အပြင်၊ အစာစားချင်စိတ် ဆုံးရှုံးခြင်း၊ အကျိအမြှေးပါးများ ရောင်ရမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
⏩𝐏𝐚𝐧𝐭𝐨𝐭𝐡𝐞𝐧𝐢𝐜 𝐀𝐜𝐢𝐝 𝐁𝟓
ပရိုတိန်း၊ အဆီနှင့် ကာဘိုဟိုက်ဒရိတ် ဖြစ်စဉ်တို့တွင် ပူးတွဲအင်ဇိုင်းအဖြစ် ဆောင်ရွက်ရန် စသည်တို့အတွက် အဓိကလိုအပ်သော ဗိုက်တာမင်အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင် B5 ချို့တဲ့ပါက အာရုံကြောစနစ် လုပ်ဆောင်မှု မူမမှန်ခြင်း၊ ပဋိဇီဝဖွဲ့စည်းတည်ဆောက်မှုနှေးကွေးခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
⏩𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂
Intracellular ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ၊ Immune system modulation ၊ Collagen များပေါင်းစပ်ဖွဲ့စည်းခြင်း၊ တွယ်ဆက်တစ်ရှူးများ၊ အရိုးနုများနှင့် အရိုးများဖွဲ့စည်းခြင်း၊ ကော်တီကိုစတီရွိုက်များပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဗီတာမင်ဒီကို အကျိုးပြုပေးခြင်း စသည်တို့အတွက် အဓိကလိုအပ်သော ဗိုက်တာမင်အမျိုးအစားဖြစ်ပါသည်။
ဗိုက်တာမင်စီ လျော့ကျပါက စိတ်ဖိစီးမှုကို ခံနိုင်ရည် မရှိခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရေပြားနှင့် ကြွက်သားတို့တွင် သွေးယိုခြင်း၊ မျက်လုံးရောဂါများ ရရှိနိုင်ခြင်း၊ ကျောရိုး၊ မေးရိုးများ ပုံပျက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
⏩𝐈𝐧𝐨𝐬𝐢𝐭𝐨𝐥
တိရစ္ဆာန်အများစုအတွက် မရှိမဖြစ်လိုအပ်သော B-Complex ဗိုက်တာမင်များ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ဦးနှောက်၊ အရိုးအဆစ်၊ နှလုံးနှင့် မျိုးပွားတစ်သျူးများတွင် အဓိကလုပ်ဆောင်ပေးသော ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
My-inositol သည် အချို့သော ငါးမျိုးစိတ်များ၏ အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါသည်။ အစာမချေနိုင်ခြင်း၊ အစားသေချာမစားနိုင်ခြင်း၊ ကြီးထွားမှုအားနည်းခြင်း၊ ဆူးတောင်များတိုက်စားခြင်း၊ အသားအရောင်ညိုမဲခြင်း၊ အသည်းတွင် Lipid များစုပုံခြင်း စသည့် ငါးနှင့်ပုစွန်မျိုးစိတ်များတွင်တွေ့ကြုံရသည့် ချို့ယွင်းမှုများကို ကာကွယ်ရန်အတွက် အဓိကလိုအပ်သော ဗိုက်တာမင် အမျိုးအစားဖြစ်ပါသည်။
𝐈𝐧𝐨𝐬𝐢𝐭𝐨𝐥 ချို့တဲ့ပါက အစာမကြေခြင်း၊ ကြီးထွားမှုမကောင်းခြင်း၊ အစာအစားနည်းခြင်း၊ ဆူးတောင်များအနာဖြစ်ခြင်း၊ အသားအရောင်မဲခြင်း၊ အသဲနှင့်ကြွက်သားအဆီဖုံးခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
DSM ၏ ငါးပရီမစ်တွင် ပါဝင်သော အခြားသတ္ထုဓါတ်များမှာ -
𝐅𝐨𝐥𝐢𝐜 𝐀𝐜𝐢𝐝, 𝐁𝐢𝐨𝐭𝐢𝐧, 𝐂𝐨𝐩𝐩𝐞𝐫, 𝐈𝐫𝐨𝐧, 𝐌𝐚𝐧𝐠𝐚𝐧𝐞𝐬𝐞, 𝐙𝐢𝐧𝐜, 𝐂𝐨𝐛𝐚𝐥𝐭, 𝐈𝐨𝐝𝐢𝐧𝐞, 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦
စသည့် သတ္ထုဓါတ်များလည်းပြည့်ဝစွာပါဝင်သည့်အတွက် ~
☑️အစာမှ အသားဖြစ်နှုန်းကောင်းခြင်း၊
☑️ငါးကြီးထွားနှုန်းကောင်းခြင်း၊
☑️ကိုယ်ခံအားကောင်းခြင်း၊
☑️ရာသီဥတု ပြောင်းလဲမှုဒါဏ်၊
☑️အပူချိန်ဒါဏ်နှင့် ရေညစ်ညမ်းမှုဒါဏ်တို့ခံနိုင်ရည်ရှိခြင်း၊
☑️ကိုယ်ခံအားကောင်းပြီး ရောဂါပိုးဝင်ရောက်မှုကို တားဆီးပေးခြင်း၊
☑️ငါးအရွယ်အစားညီခြင်း၊
☑️မွေးမြူချိန်သက်တမ်းတိုတောင်းခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်တဲ့အကြောင်း~
𝐁𝐢𝐨𝐦𝐢𝐧/𝐃𝐒𝐌 ၏ ငါးပရီမစ်အားဆေး 𝐑𝐨𝐡𝐮 𝐂𝐚𝐫𝐩 𝐏𝐫𝐞𝐦𝐢𝐱 (Aqua) ကို မိတ်ဆက်တင်ပြလိုက်ရပါတယ်ရှင့်။
ဆေးအသုံးပြုပုံ -
☑️𝐑𝐨𝐡𝐮 𝐂𝐚𝐫𝐩 𝐏𝐫𝐞𝐦𝐢𝐱 ငါးအားဆေးကို အစာစပ်ဆေးအဖြစ် အစာထဲတွင် ရောစပ်အသုံးပြုရပါမည်။
ဆေးအညွန်း -
☑️ငါးအမျိုးမျိုး အရွယ်အားလုံးအတွက် အစာတတန်တွင် ဆေး 1Kg မှ 2.5Kg အထိ ရောစပ်အသုံးပြုနိုင်ပါသည်။
𝐁𝐢𝐨𝐦𝐢𝐧/𝐃𝐒𝐌 ၏ ငါးပရီမစ်အားဆေးကို ဆက်သွယ်မှာယူချင်ပါက 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သို့မဟုတ် 𝟎𝟗𝟓𝟎𝟗𝟖𝟎𝟐𝟖, 𝟎𝟗𝟒𝟎𝟒𝟗𝟗𝟗𝟎𝟒𝟗, 𝟎𝟗𝟕𝟒𝟎𝟖𝟎𝟎𝟒𝟓𝟗 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်…
ခုနှစ်ရက်သားသမီးအပေါင်း ကပ်ရောဂါအပေါင်းမှကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ရှင့်...
Google Map Location -Taw Win Factory
https://maps.app.goo.gl/u3kv9vtyRDKUtFLo7