Toyo and Lion Battery Myanmar

Toyo and Lion Battery Myanmar Keeps you Going >>> (PTIC) is one of the leading firms in Myanmar that manufacture a number of high-tech industrial products.

Proven သည် မြန်မာနိုင်ငံ၏ မော်တော်ကား၊ယာဉ်စက်ယန္တရား၊လုပ်ငန်းသုံးယာဉ်အမျိုးမျိုး အစရှိသည်တို့တွင်အသုံးပြုရန်အတွက် Maintenance Free Battery၊Conventional (Dry Charged)battery၊Motorcycle( Valve Regulated Lead-Acid)battery များ ဦးဆောင်ထုတ်လုပ်လျက်ရှိသည့်အပြင် အထူးလိုအပ်သောbatteryအမျိုးမျိုးကိုလည်းထုတ်လုပ်ဖြန့်ချီရောင်းချလျက်ရှိသော ကုမ္ပဏီ ဖြစ်ပါသည်။
၁၉၉၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး Proven သည်အရည်အ

သွေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ISO 9001:2015(QMS)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ISO 14001:2015(EMS) ၊လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (OHS) ISO 45001-2018 စသည့်နိုင်ငံတကာ Certifications များကိုလိုက်နာကျင့်သုံးလျက်ရှိသောကုမ္ပဏီ ဖြစ်ပါသည်။လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ အကောင်းဆုံးလေ့ကျင့်ရေးဆုတံဆိပ်ကိုလည်း ၂၀၁၆ ခုနှစ်တွင်ရရှိခဲ့သော ကုမ္ပဏီဖြစ်သည့်အပြင် တာဝန်သိစောင့်ရှောက်မှု Responsible Care ကိုဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ပါသည်။

Established in 1996 in accordance with legal permission from the Myanmar Investment Commission, the Proven Technology Co., Ltd. These include lead acid automobile batteries, industrial stand-by batteries and other various types of specialized batteries. Among them, many of the specialized types include locomotive batteries and fork lift batteries. In the year 2001, the PTIC Company was chosen as a model company by the ‘Japanese Standards Association’. Through this, the company was selected as a leading participant to attend a training and development program on ‘Total Quality Management’ held in Yokohama, Japan. Ever since the training, the company has been involved in quality issues and standardized procedures in the work environment. According to the company policy of continuous improvement of quality in both products and services, the company has committed itself to ISO standard procedures since 2005. Achievement and rewards quality and credibility includes the ISO 9001-2015 (Quality Management System). In further strengthening the quality circles in all spheres of the company, the “Responsible Care (RC)” system was incorporated and implemented in early 2011. Now, our company is practicing the ISO 14001:2015(EMS) to compliance with green environmental society and Occupational Health and Safety Management System ISO 45001:2018. Overall, the company is strongly committed and dedicated to manufacture high quality TOYO Batteries in accordance with prescribed international procedures and technologies with the primary objective of achieving high customer value and customer satisfaction.

ကိုယ့်သားသမီး မျိုးဆက်သစ်တွေလက်ထဲကိုတော့ ကိုယ်ကိုယ်တိုင် သုံးကြည့်လို့ တကယ်စိတ်ချရတဲ့ အရာမျိုးကိုပဲ လက်ဆင့်ကမ်းပေးချင်တယ...
18/05/2026

ကိုယ့်သားသမီး မျိုးဆက်သစ်တွေလက်ထဲကိုတော့ ကိုယ်ကိုယ်တိုင် သုံးကြည့်လို့ တကယ်စိတ်ချရတဲ့ အရာမျိုးကိုပဲ လက်ဆင့်ကမ်းပေးချင်တယ်လေ။

ဒါကြောင့်လည်း နှစ် (၃၀) တာ အားကိုးခဲ့ရတဲ့ Lion ဆိုင်ကယ် ဘတ္ထရီက မျိုးဆက်သစ်တွေအတွက်ပါ ထပ်ပြီးရွေးချယ်ဖြစ်တဲ့ အယုံကြည်ရဆုံး အမှတ်တံဆိပ် ဖြစ်လာခဲ့တာပေါ့။ ရှေ့ဆက်မယ့် မိုင်တိုင်သစ်တိုင်းမှာ Lion ဆိုင်ကယ် ဘတ္ထရီကတော့ အမြဲလိုက်ပါဖို့ အသင့်ပါပဲ။

❝Keeps You Going… ❞

#တိုယို #ဘတ္ထရီ
#ကားဘတ္ထရီ

လမ်းခရီး ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ... TOYO Battery ပါရင် စိတ်အေးရပါပြီ။💯 ဂျပန်နည်းပညာနဲ့ ISO အသိအမှတ်ပြု အရည်အသွေးတို့ကြေ...
16/05/2026

လမ်းခရီး ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ... TOYO Battery ပါရင် စိတ်အေးရပါပြီ။

💯 ဂျပန်နည်းပညာနဲ့ ISO အသိအမှတ်ပြု အရည်အသွေးတို့ကြောင့် ဘယ်လိုရာသီဥတုမျိုးမှာမဆို ယုံကြည်စိတ်ချရတဲ့ ခရီးဖော်ကတော့ TOYO Battery ပါပဲ။ လိုရာခရီးကို မရပ်မနား ရှေ့ဆက်နိုင်ဖို့ TOYO Battery နဲ့အတူ ခရီးစဉ်တိုင်းကို စတင်လိုက်ပါ။

❝ Keeps You Going… ❞

#တိုယို #ဘတ္ထရီ #ကားဘတ္ထရီ

ဆယ်စုနှစ်တစ်ခုစီဟာ.. အပြောင်းအလဲတွေနဲ့ အမြဲဆန်းသစ်နေခဲ့တာပါ။ဒီလို အပြောင်းအလဲတွေအလိုက် ခေတ်သစ်စိန်ခေါ်မှုတွေကို ရင်ဆိုင်...
14/05/2026

ဆယ်စုနှစ်တစ်ခုစီဟာ.. အပြောင်းအလဲတွေနဲ့ အမြဲဆန်းသစ်နေခဲ့တာပါ။

ဒီလို အပြောင်းအလဲတွေအလိုက် ခေတ်သစ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆယ်စုနှစ် (၃) ခုကို ဖြတ်သန်းခဲ့ပြီးတဲ့ TOYO Battery က အသင့်ဖြစ်နေပါပြီ။ ပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်မယ့် သင့်အနာဂတ်အတွက်⚡အယုံကြည်ရဆုံး ဘတ္ထရီ အမှတ်တံဆိပ်ဆိုရင် TOYO Battery ပဲပေါ့။

❝ Keeps You Going… ❞

#တိုယို #ဘတ္ထရီ
#ကားဘတ္ထရီ

အဖိုးလက်ထက်ကတည်းက ယုံကြည်ခဲ့ရတာ...အဖေ့လက်ထက်မှာလည်း အားကိုးခဲ့ရပြန်တယ်။၁၉၉၆ ကနေ ဒီနေ့အထိ နှစ်ပေါင်း (၃၀) အတွင်းမှာ အရာရာ...
12/05/2026

အဖိုးလက်ထက်ကတည်းက ယုံကြည်ခဲ့ရတာ...
အဖေ့လက်ထက်မှာလည်း အားကိုးခဲ့ရပြန်တယ်။

၁၉၉၆ ကနေ ဒီနေ့အထိ နှစ်ပေါင်း (၃၀) အတွင်းမှာ အရာရာဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့... မျိုးဆက်တစ်ခုကနေ တစ်ခုဆီ လက်ဆင့်ကမ်းလာတဲ့ TOYO Battery ရဲ့ စွမ်းအားကတော့ ဒီနေ့ထက်ထိ အတူတူ ရှိနေဆဲပါပဲ။💯

❝Keeps You Going… ❞

#တိုယို
#ဘတ္ထရီ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကမ္ဘာ့အလုပ်သမားနေ့ကို ကြို...
04/05/2026

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Proven Group of Companies ၏ ညီနောင်ကုမ္ပဏီများဖြစ်ကြသော Proven Technology Industry Co., Ltd နှင့် Proven Poly World Industry Co., Ltd တို့ အပြင် ယခုနှစ်တွင် Yangon Metal Industry Co., Ltd တို့ပါပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့ ၊ နံနက် (၉:၃၀) နာရီအချိန်တွင် တာမွေမြို့ အလုပ်သမားဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံ (ကုတင် – ၅၀၀) တို့အပြင် ယခုနှစ်တွင် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) တို့တွင် ဆေးကုသမှုခံယူလျက်ရှိသော အလုပ်သမားများ၊ ဝန်ထမ်းမိသားစုများ၊ လူနာများ၊ လူနာစောင့်များအတွက် လူဦးရေ (၉၀၀)ဦးစာ အာဟာရဒါန (နေ့လယ်စာ) လှူဒါန်းခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ပြုလုပ်ခဲ့ပါသည်။

Proven Group of Companies သည် တစ်နှစ်ထက်တစ်နှစ် CSR လူမှုအကျိုးပြုလုပ်ငန်းများကို ဆထက်တပိုး ပိုမိုကောင်းမွန်အောင် နှစ်စဉ် အစီအစဉ်များ စနစ်တကျရေးဆွဲ၍ ဆောင်ရွက်လာခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အာဟာရဒါနလှူဒါန်းခြင်းအစီအစဉ်ကို ရန်ကုန်တွင် (၃) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် အလုပ်သမားမိသားစုများနှင့် ဝန်ထမ်းများအတွက် ငွေပဒေသပင်အထွေထွေအသုံးစရိတ်ကိုပါ ထောက်ပံ့ခြင်းလုပ်ငန်းများကို ထပ်တိုး ဆောင်ရွက်ခဲ့ပါသည်။

အဖက်ဖက်မှ ဝိုင်းဝန်းကူညီအားဖြည့်ပေးကြသည့် တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါသည်။


.,Ltd
.,Ltd
.,Ltd
.,Ltd
.,Ltd
.,Ltd
.,Ltd

မေလ(၁)ရက်နေ့ တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား  ဂုဏ်ပြုကြိုဆိုအပ်ပါသည်။Be a happy holiday.🤩
30/04/2026

မေလ(၁)ရက်နေ့ တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Be a happy holiday.🤩



ကဆုန်လပြည့် ဗုဒ္ဓနေ့ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သောကဆုန်လပြည့်နေ့တွင် မြန်မာပြည်သူပြည်သားအပေါင်းတို့စိတ်ချမ်းသာ၊ ...
29/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သောကဆုန်လပြည့်နေ့တွင်
မြန်မာပြည်သူပြည်သားအပေါင်းတို့စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နှင့် ပြည့်စုံပါစေကြောင်း
Toyo and Lion Battery Myanmar မှ ဆုမွန်ကောင်းတောင်းပြုလိုက်ပါသည်။

အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ဧပြီလ (30.4.2026 ) မှ မေလ (3.5.2026)ရက်နေ့အထိ Proven Distribution Company ရုံးချုပ်နှင့် နယ...
29/04/2026

အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ဧပြီလ (30.4.2026 ) မှ မေလ (3.5.2026)ရက်နေ့အထိ Proven Distribution Company ရုံးချုပ်နှင့် နယ်ရုံးခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး မေလ (4.5.2026) တနင်္လာနေ့မှာတော့ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။🙏🏻


မဟာသင်္ကြန် နှစ်သစ်ကူးအချိန်အခါသမယမှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကာ စီးပွားဥစ္စာများ တိုးတက်ပါစေ...
16/04/2026

မဟာသင်္ကြန် နှစ်သစ်ကူးအချိန်အခါသမယမှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကာ စီးပွားဥစ္စာများ တိုးတက်ပါစေကြောင်း PROVEN DISTRIBUTION မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ ယနေ့မှာကျရောက်တဲ့ မဟာ သင်္ကြန်အကြိုနေ့ မှစ၍ နိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကို...
12/04/2026

၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့
ယနေ့မှာကျရောက်တဲ့ မဟာ သင်္ကြန်အကြိုနေ့ မှစ၍ နိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း TOYO and LION Battery မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ပျော်ရွှင်စရာ နှစ်သစ်ကူးအတာသင်္ကြန် ဖြစ်ပါစေ။ 💦💦💦


သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက် ကြေငြာခြင်း 🎊မြန်မာ့နှစ်သစ်ကူးအချိန်ဖြစ်သလို အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ဧပြီလ (11.4.20...
10/04/2026

သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက် ကြေငြာခြင်း 🎊

မြန်မာ့နှစ်သစ်ကူးအချိန်ဖြစ်သလို အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ဧပြီလ (11.4.2026 မှ 19.4.2026)ရက်နေ့အထိ Proven Distribution Company ရုံးချုပ်နှင့် နယ်ရုံးခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး (20.4.2026) တနင်္လာနေ့မှာတော့ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။🙏🏻
ဝယ်ယူအားပေးကျသော Customers များ နှစ်သစ််မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။



#နှစ်သစ်ကူးရုံးပိတ်ရက်

Address

Shwe Sabai, Shwe Pone Nyet, No. F/S, 14 Bayint Naung Road
Yangon

Alerts

Be the first to know and let us send you an email when Toyo and Lion Battery Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Toyo and Lion Battery Myanmar:

Share