Kaung Khant Construction & decoration Group

Kaung Khant Construction & decoration Group ႀကိဳဆိုပါတယ္ခင္ဗ်ာ

2025 ရဲ့ နှစ်ဆန်း မှာ လုပ်ငန်း ကာလ တစ်နှစ် ရှိ့ လုပ်ငန်း တစ်ခု ကို အိမ်ရှင် ထံ လွဲပြောင်း အပ်နှံ ခဲ့ပါတယ်။ အိမ်ရှင် တစ်မ...
11/02/2025

2025 ရဲ့ နှစ်ဆန်း မှာ လုပ်ငန်း ကာလ တစ်နှစ် ရှိ့ လုပ်ငန်း တစ်ခု ကို အိမ်ရှင် ထံ လွဲပြောင်း အပ်နှံ ခဲ့ပါတယ်။ အိမ်ရှင် တစ်မိသားစုလုံး စိတ်ချမ်းသာ ကိုယ် ကျန်းမာခြင်းနဲ့ ပြည်စုံကြပါစေ။

🏣သိမ်ကျောင်းဆောက်လုပ်လျူဒါန်းချင်သူများ..🏣​​စျေးနှုန်းမှန်ကန်စွာ အရည်အသွေးမှီ ပစ္စည်းများနဲ့..🏣အကောင်းဆုံး လက်ရာကိုသာ ကြ...
19/01/2020

🏣သိမ်ကျောင်းဆောက်လုပ်လျူဒါန်းချင်သူများ..

🏣​​စျေးနှုန်းမှန်ကန်စွာ အရည်အသွေးမှီ ပစ္စည်းများနဲ့..

🏣အကောင်းဆုံး လက်ရာကိုသာ ကြိုက်နှစ်သက်သူများအတွက်....

ဒီသိမ်ကျောင်းဆောင်လေးကတော့ ကျွန်တော်တို့Kaung Khant Construction မှ တာဝန်ယူဆောက်လုပ်ပေးသော အလျား 39ပေ ရှေ့နောက် 36ပေ RCC 2ထပ် ကို သိန်း700 ကျသင့်ပါတယ်....

ဒီအိမ်လေးကတော့ မြောက်ဒဂုံ ၃၉ရပ်ကွက်ကဖြစ်ပါတယ်။17×40 RC ၂ထပ်Roof slabအိပ်ခန်း၂ခန်း မီးဖိုခန်း၁ခန်းရေချိုးခန်း အိမ်သာ တွဲလ...
29/09/2019

ဒီအိမ်လေးကတော့ မြောက်ဒဂုံ ၃၉ရပ်ကွက်ကဖြစ်ပါတယ်။
17×40 RC ၂ထပ်
Roof slab
အိပ်ခန်း၂ခန်း မီးဖိုခန်း၁ခန်း
ရေချိုးခန်း အိမ်သာ တွဲလျက်၂ခန်း
ရေ.မီး.ဆေး ကြွေပြား– လှေကားနှင့်ဝရန်တာ စတီးလက်ရန်း
အပြီး အစီး သိန်း၃၄၀ကုန်ကျပါတယ်။

မြေနေရာကျဉ်းနေလား?? ဒီလိုလေးဆောက်ကြည့်လို့ရတယ်နော်  credit
05/09/2019

မြေနေရာကျဉ်းနေလား?? ဒီလိုလေးဆောက်ကြည့်လို့ရတယ်နော်

credit

မိမိတို့ နေအိမ်အဆောက်အဦးမျာအိမ်အကြောင်း သိကောင်းစရာ​By Social Media, Shweproperty.comUpdated at 28 January 2019အိမ်၏ခေါ...
03/09/2019

မိမိတို့ နေအိမ်အဆောက်အဦးမျာအိမ်အကြောင်း သိကောင်းစရာ

By Social Media, Shweproperty.com
Updated at 28 January 2019

အိမ်၏ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက် မြင့်မည် ၊ ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်အိမ်ပုခက်ဟု ခေါ်သည် ။နေသောမိသားစုသည်စီးပွားတက်၏ ။

ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ၊ ကိုယ့်အိမ်ခြေရင်းကလဲအမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည် ။ လူကြီးမိဘတို့ကိုခေါင်းရင်းဘက်ထား၍ ပြုစုလုပ်ကျွေးကာ သဒ္ဓါပြည့်ကအထူး ကောင်းမွန်၏ ။

ကိုယ့်အိမ်၏ ခေါင်းရင်းက မြင့်မည် ၊ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။ တစ်စိမ့်စိမ့် စီးပွားဖြစ်၏ ။

ကိုယ့်အိမ်၏ခေါင်းရင်းက နိမ့်၍ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွား အသည်းအသန်ရှာရတတ်သည် ။ ရေဆန်အိမ်ဟု ခေါ်သည် ။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏ ။

ကိုယ့်အိမ်၏ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကို ဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ် အမိုး ထပ်မြှင့်ခြင်း ပြုအပ်၏ ။

မကျန်းမမာဖြစ်တတ်၏ ။ ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏ ။

ကိုယ့်အိမ်၏ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံ ၊ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်း ပြုလုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟု ခေါ်သည် ။

အမင်္ဂလာအသံကြားတွင် ညပ်နေ၍ဖြစ်၏ ။ မေတ္တသုတ်မပြတ်သရဇ္ဈယ်အပ်၏ ။

အလွန် စပ်စပ်စုစုနိုင်သော အိမ်နီးပါးချင်း ၊ငွေအချေးအငှား အလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့် နေထိုင်ရပါက မရှိပါဟူသော စကားကို လိမ်ညာ ပြောတတ်ရ၍ သီလမလုံသော ကံကို စီရင်ဖန်တီး မိနေတတ်၍ အလိမ္မာဖြင့်ဝစီကံ ထိမ်းထိမ်း သိမ်းသိမ်းသတိထား ပြောရတတ်၏ ။

ဝစီဗေဒထိတိုင်းရှဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။


credit

အိမ်ဆောက်လရွေးနည်း🍀တန်ခူးလ - အဖျားအနာများတတ်အံ့။ ချမ်းသာကြွယ်ဝအံ့။ကဆုန်လ - ဆန်ရေစပါးပေါကြွယ်အံ။ အဖျားနာအနည်းငယ်ရှိအံ့။နယ...
03/09/2019

အိမ်ဆောက်လရွေးနည်း🍀

တန်ခူးလ - အဖျားအနာများတတ်အံ့။ ချမ်းသာကြွယ်ဝအံ့။

ကဆုန်လ - ဆန်ရေစပါးပေါကြွယ်အံ။ အဖျားနာအနည်းငယ်ရှိအံ့။

နယုန်လ - အခြွေရံပရိတ်သတ်များအံ့။ မယားများအံ့။

ဝါဆိုလ - ပစ္စည်းဥစ္စာရတနာအလွန်ပေါများအံ့။

ဝါခေါင်လ - ပစ္စည်းဥစ္စာအလွန်ကြွယ်ဝတတ်အံ့။

တော်သလင်းလ - အနာရောဂါဝေဒနာခံစားရအံ့။

သီတင်းကျွတ်လ - အပျက်အစီးများစွာဖြစ်တတ်အံ့။

တန်ဆောင်မုန်းလ - စိတ်နှလုံးပူပန်ရ၍ စိတ်မကြည်မလင် ဖြစ်အံ့။

နတ်တော်လ - ကျော်ဇောသောဂုဏ်သတင်းရှိအံ့။ သားကောင်းမယားကောင်းရအံ့။ ရန်သူအပေါင်းကိုနိုင်အံ့။

ပြာသိုလ - လူတကာတို့၏ချီးမွှမ်းခြင်းခံရတတ်အံ့။

တပို့တွဲလ - လာဘ်လာဘရတတ်အံ့။ ပစ္စည်းဥစ္စာ ပျောက်တတ် အခိုးခံရတတ်အံ့။

တပေါင်းလ - လိုတရပြီးချမ်းသာကြွယ်ဝအံ့။

အိမ်ဆောက်ရက်ရွေးနည်း🍀

တနင်္ဂနွေနေ့ - ဆင်းရဲဒုက္ခဖြစ်တတ်အံ့။

တနလာင်္နေ့ - အိမ်ဆောက်ပြီးမကြာမီချမ်းသာအံ့။

အင်္ဂါနေ့ - ဆန်ရေစပါးပေါများတတ်အံ့။

ဗုဒ္ဓဟူးနေ့ - အလွန်ချမ်းသာကြွယ်ဝအံ့။

ကြာသပတေးနေ့ - ချမ်းသာသုခရှိအံ့။

သောကြာနေ့ - အခြံအရံပေါများအံ့။

စနေနေ့ - အလွန်ချမ်းသာတတ်အံ့။

မဂ်လာပါ ခင်ဗျာ.. 👩‍🔧လူကြီးမင်းပိုင်ဆိုင်သောမြေနေရာပေါ်၌ နေအိမ်အဆောက်အဦးများ တည်ဆောက်လိုပါ ကကျွန်တော်တို့Kaung Khant Co...
21/08/2019

မဂ်လာပါ ခင်ဗျာ..
👩‍🔧လူကြီးမင်းပိုင်ဆိုင်သောမြေနေရာပေါ်၌ နေအိမ်အဆောက်အဦးများ တည်ဆောက်လိုပါ ကကျွန်တော်တို့Kaung Khant Construction & Decoration Groupနှင့် ဆက်သွယ်နိုင်ရန် မိတ်ဆက်ပေးပါမယ်

ကျွန်တော်တို့Kaung khant Construction & Decoration Groupအနေဖြင့် လူကြီးမင်းစိတ်တိုင်းကျနေအိမ် ဒီဇိုင်းပုံစံအတိုင်း အတိအကျတည်ဆောက်ပေးခြင်း၊နေအိမ်တည်ဆောက်ပုံဒီဇိုင်း (structure Design)အရလိုအပ်သော အရည်အသွေးစံချိန်မှီ ကုန်ကြမ်း ပစ္စည်း၊ကျွမ်းကျင်သော နည်းပညာတို့ဖြင့် လှပသေသပ် ခိုင်ခံ့စွာ တည်ဆောက်ပေးမည် ဖြစ်ပါသည်။

⏭လုပ်ငန်းခွင်တွင်းအသုံးပြုသော ပစ္စည်းများ အရည်အသွေးပြည့်မှီမှု၊ လက်ရာသေသပ်လှပမှု၊ အဆောက်အဦးခိုင်ခံကောင်းမွန်မှုတို့အတွက်လုပ်ငန်းခွင် အချိန်ပြည့် ကြီးကြပ် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပေးသွားပါမည်။

⏭သို့ ဖြစ်ပါ၍ သတ်မှတ်အဆောက်အဦးဒီဇိုင်း၏ဧရိယာအရှိအတိုင်း
(PAE)အား ၁ပေ ပတ်လည်လျှင် (၂၅၀၀၀)ကျပ်နှုန်းဖြင့် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။

၎င်းကြမ်းခင်း ဧရိယာအရှိတိုင်း(PAE)ဈေးနှုန်းတွင် မပါဝင်သောလုပ်ငန်းများ
(၁)အဆောက်အဦး ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း
(၂)အဆောက်အဦး အိမ်ပုံစံဒီဇိုင်း(Architecture Design)ရေးဆွဲခြင်း။
( ၃)အဆောက်အဦး တည်ဆောက်ပုံဒီဇိုင်း(Structure Design)တွက်ချက်ခြင်း။
(၄)အဆောက်အဦး နှင့်ပတ်သတ်သောဋ္ဌာနဆိုင်ရာ စာရွက်စာတမ်းကိစ္စများ ပြုလုပ်ခြင်း
(၅)အဆောက်အဦး ကြမ်းခင်းဧရိယာအရှိအတိုင်း(PAE)တွက်ချက်ဈေးနှုန်း ဖြစ်ပါ၍ အဆောက်အဦး ပြင်ပလုပ်ငန်းများဖြစ်သောအိမ်ရှေ့ ၊အိမ်ဘေး၊အိမ်နောက်ဘက် ကြမ်းခင်းလောင်းခြင်း(Apron)၊ရေမြောင်းပြုလုပ်ခြင်း၊အိမ်ခြံစည်းရိုး ပြုလုပ်ခြင်းနှင့်အခြားအိမ်ပြင်ပလုပ်ငန်းအမျိုမျိုးပြုလုပ်ခြင်း၊ကြမ်းခင်းပါကေးခင်းခြင်း၊မျက်နှာကျက်တပ်ဆင်ခြင်း။
👉👉မှတ်ချက်။ အထက်ပါ အမှတ်စဉ်(၁)မှ(၄)အထိ လုပ်ငန်းများကို လုပ်ငန်းအပ်နှံသောသူများ အခက်အခဲမရှိစေရန် ကျွန်တော်တို့ Groupမှ မေတ္တာ စေတနာဖြင့်အဆင်ပြေသည်အထိ လိုက်လံအပ်နှံ လမ်းညွှန် ကူညီဆောင်ရွက်ပေးသွားပါမည်။

👉၎င်းကြမ်းခင်းဧရိယာအရှိတိုင်း(PAE)ဈေးနှုန်းတွင်ပါဝင်သောလုပ်ငန်းများ

(၁)နှစ်ဦးသဘောတူ သတ်မှတ်နေအိမ်ပုံစံအတိုင်း နေအိမ် အုတ်မြစ်(foundation)ချခြင်းမှ အမိုး(Amcan Roof)မိုးပြီးသည်အထိ အဆောက်အဦးကိုယ်ထည်အချောကိုင် တည်ဆောက်ခြင်း။

သံချောင်း- နိုင်ငံခြားဖြစ်(Original HRB400
ဘိလပ်မြေ-ALpha(0r)ကြံ့ အနီ
အုတ်- ရှစ်ပေါက်စက်အုတ်

(၂)ရေလိုင်းသွယ်တန်းခြင်း(Export Tye.နံရံအပြင်သွယ်တန်းခြင်း)
👉အထပ်တစ်ထပ်လျှင်ရေချိုးခန်း အိမ်သာတွဲလျက်အခန်း(၁)ခန်းဖွဲ့ခြင်း
👉၎င်းအခန်းအတွင်း ဘိုထိုင်အိမ်သာ(၁)လုံး၊
👉မျက်နှာသစ်ဘေစင် (၁)လုံး
👉ရေပန်း(၁)ခု
👉ဘုံဘိုင်(၁)ခု(Vietnam Made)နှင့်အခြားသတ်မှတ်(Accessaries)များ

၎င်းရေချိုးခန်းအိမ်သာ တွဲလျက်၏ကြမ်းခင်းနှင့်နံရံအမြင့် ၅ပေအထိကြွေပြားကပ်ခြင်း(ကြမ်းခင်းကြွေပြား 500နှုံး၊ နံရံကြွေပြား 300နှုံး)

👌လိုအပ်ချက်အတိုင်းရေတင်လိုင်း၊ မိလ္လာလိုင်း၊ ရေဆိုးလိုင်း၊မိုးရေဆင်းလိုင်းမျာတပ်ဆင်ခြင်း
(သတ်မှတ် Grade class 5,8.5,13.5)Pipe fitting(standard) )
(၃)ရေဂါလံ (၂၀၀)ဆန့် Fibre Glass ရေတိုင်ကီ(၁)လုံး တပ်ဆင်ခြင်း
⏭⏭မှတ်ချက်။ စည်ပင်ရေလိုင်းမှရေပိုက်ဆက်သွယ်ခြင်း၊ မော်တာနှင့် မော်တာအိမ် ပြုလုပ်ခြင်း၊ရေပူလိုင်း(Heater)နှင့်အိမ်ပြင်ပ ရေပိုက်လုပ်ငန်းများ ပြုလုပ်ခြင်း မပါဝင်ပါ။

(၄)မီးလိုင်းသွယ်တန်းခြင်း- (PVC. Trunking Type ပလတ်စတစ်ပိုက်ပြားရိုက်သွယ်တန်းခြင်း)

👉(1) လျပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသုံးပြုသော မီးတစ်လိုင်းခြင်း သတ်မှတ်မီးလိုင်းပတ်လမ်း(one line diagram)ဖြင့် မီးလိုင်းများအားသတ်မှတ် စံချိန်မှီ မီးကြိုး၊မီးခလုတ်၊မီးပလပ်၊Breaker(MCCB,MCB)များအသုံးပြုခြင်း၊မီးကြိုး -RR Cable(sizes-1.5,2.5,4,6mm)

👉(2)မီးအလင်းရောင် လိုအပ်ချက်အတိုင်း မီးသီး၊မီးချောင်း၊မီးဝိုင်းနှင့် (Aircon၊TV၊ရေခဲသေတ္တာ၊ပန်ကာ၊မော်တာ၊မီးဖိုချောငိနှင့် အခြားလိုအပ်ချက်အတိုင်း မီးပလပ် ပွိုင့် ၁ခုစီ တပ်ဆင်ပေးခြင်း)

🙅‍♂️🙅‍♂️မှတ်ချက်။ EPCမှ serviceကြိုးသွယ်တန်းခြင်း၊ လုံခြုံရေးမီး၊ခြံစည်းရိုးမီးနှင့်အခြားအိမ်ပြင်ပ လျှပ်စစ် လုပ်ငန်းများမပါဝင်ပါ။

👉(3) ဆေးသုတ်ခြင်း

အတွင်းဆေး(Inter)- UPG(orient)
အပြင်ဆေး(Exter)- UPG(weather shild)
ကျည်းဘောင်- ဆီဆေး
🙅‍♂️🙅‍♂️မှတ်ချက်။ (သံပန်း၊သံဘာဂျာတံခါး၊အိမ်ပြင်ပဆေးသုတ်ခြင်း လုပ်ငန်းများ)မပါဝင်ပါ။

👉(4)ကျွန်းတံခါး၊ကျည်းဘောင်
တံခါး-ကျွန်းတံခါး(တစ်ထပ်လျှင် (50)sqtအတွက်(၅) ၁ပေပတ်လည်(5000)နှုံး
ကျည်းဘောင်-ပျဉ်းကတိုး ကျည်းဘောင်။

🙅‍♂️🙅‍♂️မှတ်ချက်။ ကျွန်းတံခါးများအား Polish ဆေးသုတ်ခြင်းနှင့် ပစ္စည်းအစုံဖြင့် တပ်ဆင်ခြင်းလုပ်ငန်းများမပါဝင်ပါ)

👉(5)ပြတင်းတံခါး-UPVC(SLIDING DOORထိုးတံခါး) STANDARD GRADE

👉(6)ဝရံတာလက်ရန်း-တစ်ထပ်လျှင်(10')ပေ
လှေခါးလက်ရန်း-တစ်ထပ်လျှင်(15')ပေ
ပစ္စည်း- Hollowသံပိုက်(၁)ပေလျှင်
(၄၅၀၀)နှုံး

👉(7) မီးဖိုချောင်နံရံကာရံခြင်းနငိ့ စတီးဘေစင်နှင့်တွဲလျက် အလျား(3)'ပေရှိမီးဖိုခုံ၁ခု

အထက်ပါလုပ်ငန်းများတွင် အသုံးပြုသော(Standard Grade) ပစ္စည်းများအစား လူကြီးမင်းစိတ်ကြိုက်(Premium Grade)ပစ္စည်းများအသုံးပြုလိုပါ ကအခြေ ခံပစ္စည်းများ၏ တန်ဖိုးအား ခုနှိမ်ပေးခြင်း၊ထပ်မံလုပ်ကိုင်လိုသောလုပ်ငန်းများအားလည်း လုပ်ငန်းမစတင်မီ သင့်တော်သော ဈေးနှုန်းဖြင့်တွက်ချက်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။လုပ်ငန်းတစ်ခုလုံး ပြီးစီးသည့် အချိန်တွင် အိမ်အတွင်းသန့်ရှင်းရေးနှင့် အမှိုက်များ စွန့်ပစ်ခြင်းတို့အား အပြီးအစီး ဆောင်ရွက်ပြီးမှသာ နေအိမ်အားလက်ဝယ်အပ်နှံသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းထပ်မံ သိရှိလိုသည်များ ညှိနှိုင်း ဆွေးနွေး စုံစမ်းလိုသည်များရှိပါက ကျွန်တော်များKaung Khant Construction & Group ph(09-515 2135)သို့ အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

✔✔✔✔✔✔✔✔✔
Thz for all my sweet customers

မဂ်လာပါ ခင်ဗျာ......Kaung Khant Construction & Decoration Groupမှ ဆောက်လုပ် ပြီးစီးခဲ့တဲ့အဆောက်အဦး အမှတ်တရ ပုံရိပ်လေးတေ...
13/08/2019

မဂ်လာပါ ခင်ဗျာ......

Kaung Khant Construction & Decoration Groupမှ ဆောက်လုပ် ပြီးစီးခဲ့တဲ့အဆောက်အဦး အမှတ်တရ ပုံရိပ်လေးတွေပါ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

095152135

Website

Alerts

Be the first to know and let us send you an email when Kaung Khant Construction & decoration Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Khant Construction & decoration Group:

Share