Salmons Construction

Salmons Construction Construction,Renovations & Decoration ;

🙏မင်္ဂလာပါ🙏💰 ဘယ်ပညာရပ်မှာမဆို အခြေခံဟာ အရေးကြီးသလို 🏛အဆောက်အဦး တစ်လုံးအတွက်ဆိုရင်တော့ အခြေခံ Foundation ဟာ ဘယ်လောက် အရေ...
02/09/2023

🙏မင်္ဂလာပါ🙏
💰 ဘယ်ပညာရပ်မှာမဆို အခြေခံဟာ အရေးကြီးသလို

🏛အဆောက်အဦး တစ်လုံးအတွက်ဆိုရင်တော့ အခြေခံ Foundation ဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ
ပြောဖို့လိုမယ် မထင်ဘူးနော

🏡 ကျွန်တော်တို့ Salmons Construction မှ
Foundation မှစ အသေအချာ တာဝန်ယူ တည်ဆောက်ပြီးမှ ရောင်းချနေတဲ့ မင်းနန္ဒာ လမ်းမကြီးပေါ်က

🏨 (၈ ထပ်) Minicondo ဟာဆိုရင် ရောင်းစရာ ၂ ခန်းပဲ ကျန်ပါတော့တယ်

🏝 အဆောက်ဦး မျက်နှာစာမှာလည်း သာယာလှတဲ့ ရေကန်ကြီးတည်ရှိနေတဲ့အတွက်

🌄 ညနေခင်း အပန်းဖြေမလား?

🚴 ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်မလား?

🛣 လမ်းမကြီးပေါ်မှာ တည်ဆောက်နေတာဖြစ်လို့ Business အတွက်ပဲ သုံးမလား?

🤝 အခန်းကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
09 250 576 243 ph no. ကို
Hello လေးသာ လုပ်လိုက်ပါ

☎ အခန်းထွက်ရှားတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်တဲ့အတွက် မြန်မြန် လက်ဦးဖို့တော့ လိုမယ်နော်

02/07/2022

မိတ်ဟောင်း မိတ်သစ်များခင်ဗျား ပြောင်းလဲတင်းကြပ်သော pageမူဝါဒများအရ မိမိတို့ pageအား မူလSalmons Construction မှ #ဆယ်လမွန်ဆောက်လုပ်ရေး ဟူ၍ပြောင်းလဲဖွင့်လှစ်ထားပါသည်။

VVIP🏦 Renovations & Decoration ကြည့်မြင်တိုင်မြို့နယ်မှ ယုံကြည်စွာလုပ်ငန်းအပ်နှံပါသော ကျေးဇူးရှင်🙏🙏🙏များ ကျန်းမာ ချမ်းသာ...
11/05/2022

VVIP🏦 Renovations & Decoration ကြည့်မြင်တိုင်မြို့နယ်မှ ယုံကြည်စွာလုပ်ငန်းအပ်နှံပါသော ကျေးဇူးရှင်🙏🙏🙏များ ကျန်းမာ ချမ်းသာကြပါစေကြောင်း Salmons Construction မှလှိုက်လဲစွာကျေးဇူးတင်အပ်ပါသည်။ph:📠098537317,🤳09799848200

*ယခုလိုကာလတွေမှာ 🏦အိမ်ဆောက်ချင် 💞အလုပ်အပ်ချင်သည့်မိတ်ဆွေများအားလုံးအခက်အခဲကိုယ်စီရှိကြမှာပါပဲလို့ ကျွန်တော်တို့ Salmons ...
27/04/2022

*ယခုလိုကာလတွေမှာ 🏦အိမ်ဆောက်ချင် 💞အလုပ်အပ်ချင်သည့်မိတ်ဆွေများအားလုံးအခက်အခဲကိုယ်စီရှိကြမှာပါပဲလို့ ကျွန်တော်တို့ Salmons Construction မှစိတ်မကောင်းစွာခန့်မှန်းမိပါတယ်🌄သို့ပါသော်လည်း မိမိတို့ပိုင်ဆိုင်မှုအား အဆောက်အဦးတခုဆောက်လိုက်ပါလျှင် အခြားအခြေအနေအရပ်ရပ်နှင့်နှိုင်းယှဉ်ပါက💎စိတ်ချ ယုံကြည်ရမှု 💎ကျပ်ငွေတန်ဖိုးလျှော့နည်းခြင်းအား ကာကွယ်နိုင်မှု 💎မိမိငွေ မိမိစိတ်ချစွာလက်ထဲရောက်နိုင်မှု 🙂အစရှိသည့်အားသာသည့်အချက်တို့များစွာ ရင်းနှီးမြှုပ်နှံချင်ပါသော်လည်း အသိဆောက်လုပ်ရေး မရှိဘူးမဖြစ်ရလေအောင် ရန်ကုန်မြို့တွင်း 📠098537317 📞09799848200 09250576243တို့အား အခမဲ့ လွတ်လပ်ရင်းနှီး‌ နွေးထွေးစွာတိုင်ပင်နိုင်ဖို့ ဖိတ်ခေါ်အပ်ပါသည်။ယခုပုံလေးအချို့ကတော့ ကျွန်ဝောာ်တို့Constructionမှ သေချာအချိန်ယူ အကျိုးအမြတ်မတွက်နိုင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ‌စိတ်ရှည် သည်းခံစွာ နာမည်တခုရပ်တည်နိုင်အောင်ကြိုးစားရင်း clients စိတ်တိုင်းကျ ကြိုးစား‌ ဆောင်ရွက်နေရင်း ပြုလုပ်နေသည့်မှတ်တမ်းများထဲမှ ပုံလေးအချို့ပဲဖြစ်ပါသည်။မြန်မာပြည်သူပြည်သားများ ရန် စစ် အငတ်ဘေးမှ ကင်းလွတ်နိုင်ကြပါစေကြောင်း Salomon's Construction မှ 🙏🙏🙏တောင်းဆုပြုအပ်ပါသည်။

ကျွန်တော်တို့💎 Salmons 🥰 မှတာဝန်ယူတည်ဆောက်နေသည့် ✍️PAEစနစ် လုပ်ငန်း 👷🏦ဗဟန်းproject 12storyed ‌portion1လေးအား လုပ်ငန်းအပ်...
11/04/2022

ကျွန်တော်တို့💎 Salmons 🥰 မှတာဝန်ယူတည်ဆောက်နေသည့် ✍️PAEစနစ် လုပ်ငန်း 👷🏦ဗဟန်းproject 12storyed ‌portion1လေးအား လုပ်ငန်းအပ်နှံသည့်ကျေးဇူးရှင်များစိတ်မပျက်ရ‌လေအောင် မိုးမတိုင်မှီ အတတ်နိုင်ဆုံး foundation ပြီးမြောက်အောင်ကြိုးစားဆောင်ရွက်နေသည့်ပုံရိပ်လေးများဖြစ်ပါသည်၊ 😌မကြာမှီကျရောက်တော့မည့် မြန်မာ့နှစ်သစ်မှာ🙏🙏🙏 မြန်မာပြည်သူပြည်သားများ ရန်သူမျိုးငါးပါးဘေး ရန်စစ်ငတ်ဘေးမှလွတ်ကင်းနိုင်ကြပါစေကြောင်း Salmons Construction မှတောင်းဆုပြုအပ်ပါသည်။ ✍️လူကြီးမင်းတို့ 😮‍💨ခေတ်ကာလအခြေအနေပေါ်မူတည်၍💸အစကနေဆောက်ချင်လို့ပဲဖြစ်ဖြစ် 💎ပြန်လည်ပြုပြင် ပြင်ဆင်မွမ်းမံမှုလုပ်ချင်သည်ဖြစ်ဖြစ် 💟PAE package သော်လည်ကောင်းသို့မဟုတ် မိမိပြုလုပ်ချင်သည့်အတိုင်း အလျှောက်💞ရင်းနှီး နွေးထွေးတိုင်ပင်ကာ မိမိသုံးချင်သည့်‌ ငွေပမာဏပေါ်မူတည်၍ စိတ်ချယုံကြည်စွာလုပ်ငန်းများအပ်နှံနိုင်ပါသည်။📠098537317 📱09799848200📞09250576243 Only Yangon Division ...

Up & Earth ✍️လူကြီးမင်းတို့  😮‍💨ခေတ်ကာလအခြေအနေပေါ်မူတည်၍💸အစကနေဆောက်ချင်လို့ပဲဖြစ်ဖြစ် 💎ပြန်လည်ပြုပြင် ပြင်ဆင်မွမ်းမံမှုလ...
09/03/2022

Up & Earth ✍️လူကြီးမင်းတို့ 😮‍💨ခေတ်ကာလအခြေအနေပေါ်မူတည်၍💸အစကနေဆောက်ချင်လို့ပဲဖြစ်ဖြစ် 💎ပြန်လည်ပြုပြင် ပြင်ဆင်မွမ်းမံမှုလုပ်ချင်သည်ဖြစ်ဖြစ် 💟PAE package သော်လည်ကောင်းသို့မဟုတ် မိမိပြုလုပ်ချင်သည့်အတိုင်းအ‌‌‌‌ေလျှာက် 💞ရင်းနှီး နွေးထွေးတိုင်ပင်ကာ မိမိသုံးချင်သည့်‌ ငွေပမာဏပေါ်မူတည်၍ စိတ်ချယုံကြည်စွာလုပ်ငန်းများအပ်နှံနိုင်ပါသည်။📠098537317 📱09799848200📞09250576243 Only Yangon Division ...

🔘  Salmons အား✅ယုံကြည်🙏စွာဖြင့် PAEစနစ်လုပ်ငန်းအပ်နှံထားပါသော ကိုးမိုင်Site၏ နောက်ဆုံးအလွှာလောင်းခြင်းနှင့်ပြီးစီးမှုဖြစ...
28/12/2021

🔘 Salmons အား✅ယုံကြည်🙏စွာဖြင့် PAEစနစ်လုပ်ငန်းအပ်နှံထားပါသော ကိုးမိုင်Site၏ နောက်ဆုံးအလွှာလောင်းခြင်းနှင့်ပြီးစီးမှုဖြစ်ပါသည်✅ ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးကြပါသော မြေရှင် လူကြီးမင်း သူဌေးမင်းများ 💸💸💸စီးပွားဥစ္စာများဆထက်တဘိုးတိုးတက်နိုင်ကြပါစေ💸💸💸။

ကျွန်တော်တို့ Salmons အားယုံကြည်စိတ်ချစွာဖြင့် အကြမ်းထည် ရေမီးဆေးမပါ PAE လုပ်အားသီးသန့်စနစ်ဖြင့်တည်ဆောက်ရန် ဗဟန်းမြို့နယ...
18/12/2021

ကျွန်တော်တို့ Salmons အားယုံကြည်စိတ်ချစွာဖြင့် အကြမ်းထည် ရေမီးဆေးမပါ PAE လုပ်အားသီးသန့်စနစ်ဖြင့်တည်ဆောက်ရန် ဗဟန်းမြို့နယ် 12storey အထပ်မြင့်အား လုပ်ငန်းအပ်နှံပါသော လုပ်ငန်းမြေပိုင်ရှင် အလုပ်အကိုင်စီးပွားများဆထက်တဘိုးတိုးတက်နိုင်ပါစေ။

ကျွန်တော်တို့ Salmonsအား ✅ယုံကြည်စွာ ▪️အသုံးပြုချင်သည့်ငွေပမာဏ ရင်းနှီးနွေးထွေးစွာ အခန်းလေး Decoration ❓ပြီးချင်သည့်အချိ...
18/12/2021

ကျွန်တော်တို့ Salmonsအား ✅ယုံကြည်စွာ ▪️အသုံးပြုချင်သည့်ငွေပမာဏ ရင်းနှီးနွေးထွေးစွာ အခန်းလေး Decoration ❓ပြီးချင်သည့်အချိန်⏰ နှင့်အတူ လုပ်ငန်းအပ်နှံသော ဇနီးမောင်နှံ စီးပွားဥစ္စာများဆထက်တဘိုးတိုးတက်ကြီးပွားကြပါစေ။

ဒီတစ်ခေါက်တော့ Mat Footing. ပုံလေးပါ * Mat ဆိုတာ ကြမ်းတပြင်လုံးကို ဖြန့်ခင်းချလိုက်သလိုပဲ တိုင်တွေကနေတဆင့် သက်ရောက်လာမယ်...
02/11/2021

ဒီတစ်ခေါက်တော့ Mat Footing. ပုံလေးပါ
* Mat ဆိုတာ ကြမ်းတပြင်လုံးကို ဖြန့်ခင်းချလိုက်သလိုပဲ
တိုင်တွေကနေတဆင့် သက်ရောက်လာမယ့် Load တွေ အားလုံးကို ကြမ်းတပြင်လုံးခင်းပြီး မျှဝေထမ်းစေတာပါ
*ထိုအထဲမှာမှ
(1)Mat footing ချည်းသက်သက် ဝန်ထမ်းတာမျိုးရှိသလို
(2) Mat Footing မှ တဆင့် Bore pile (or) Others piles တွေဆီ ဝန် ထပ်ပို့ပေးတာမျိုးလည်း ရှိပါတယ်

အောက်က ပုံလေးကတော့ Salmons ကနေ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တဲ့ 26" depth ရှိတဲ့ Mat Footing လေးပါ

ခိုင်ခံ့မှုအစ အုတ်မြစ်က ဆိုတဲ့အတိုင်း
အ​ဆောက်အဦးရဲ့ မူလအခြေခံဖြစ်တဲ့ Foundation လေးတွေကို အစပထမကတည်းက သေချာအောင် စနစ်တကျ ပုံဖော်ဆောင်ရွက်ပေးရပါတယ်

အခုပြပေထားတဲ့ Mat Footing လေးက 26" depth ဖြစ်နေတာရယ် တရက်တည်းနဲ့ concrete အကုန်လောင်းဖို့ အဆင်မပြေဖြစ်မှာ စိုးတဲ့အတွက် Concrete stopper လေးတွေ ကြားမှာ ထည့်ပြီး ဖြတ်လောင်းထားတာပါ

Foundation အကြောင်းလေးတွေ သိချင်ကြတဲ့ ညီငယ် ညီမငယ်တွေလည်း မြေကြီးပုံလေးတွေကတော့ ရှာမတွေ့တော့လို့ ရှာတွေ့တဲ့ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ရပါတယ်😊

လုပ်ငန်းအပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေ အ​နေနဲ့ လည်း ကျွန်တော်တို့ Salmons construction ကို ယုံကြည်စိတ်ချစွာနဲ့ လုပ်ငန်းအပ်နှံနိုင်ပါတယ် ခင်ဗျာ...

 #ရှေ့အပတ်က ကြော်ငြာထားတဲ့  #(လုပ်ငန်းခွင်မိတ်ဆက် သင်တန်းလေးကို October 23,24 Saturday,Sunday မှာ   Step သင်တန်းလေးအနေနဲ...
16/10/2021

#ရှေ့အပတ်က ကြော်ငြာထားတဲ့
#(လုပ်ငန်းခွင်မိတ်ဆက် သင်တန်းလေးကို October 23,24 Saturday,Sunday မှာ
Step သင်တန်းလေးအနေနဲ့ စပါမယ်
ကနေ Dwg ဖတ်နည်းလေးစပြီး၊ Practical On Site ကိုတော့ လုပ်ငန်းခွင်က လုပ်ကွက်လေးတွေနဲ့ချိန်ပြီး ခေါ်ပေးပါမယ်)

Salmons ရဲ့ (၂ ) နှစ်ပြည့်အနေနဲ့ ပညာမျှဝေပေးဖို့ အစီအစဉ်လေးတစ်ခုကို သတင်းကောင်းလေးတင်ပေးပါရစေ
*Civil ပညာရပ်မှ Building Project Field ဖြင့် အသက်မွေးချင်လို့ပဲဖြစ်ဖြစ်
*အလုပ်အကိုင်ရှာဖွေဖို့အတွက် လုပ်ငန်းအတွေ့အကြုံမရှိသေးလို့ပဲဖြစ်ဖြစ်
*ကျောင်းပြီးထားပေမယ့် လုပ်ငန်းအတွေ့အကြုံလိုချင်လို့ပဲဖြစ်ဖြစ်
*ကျောင်းမပြီးသေးပေမယ့် စာတွေ့လက်တွေ့ ယှဉ်ကြည့်ပြီး သိချင်လို့ပဲဖြစ်ဖြစ်

Salmons မှ Building Project Field အတွေ့အကြုံ ၁၀ နှစ်ရှိပြီး BE Civil Engineer မှ

1.Structure Dwg ကြည့်နည်း
2.Dwg ဖတ်ပြီး Bar Bending Schedule ဆွဲနည်း
3.လုပ်ငန်းခွင်မှာ လက်တွေ့ အနေဖြင့်
Str Columns,Beam & Slab သံဆင်ခြင်း၊ သံစစ်နည်း
4.ပုံစံခွက် (Formwork) တပ်ဆင်နည်း၊ စစ်ဆေးနည်း
အစရှိသည်တို့ကို စာတွေ့၊လက်တွေ့ (လုပ်ငန်းခွင်အတွင်းလုပ်နေစဉ်) သင်ကြားပေးမည် ဖြစ်ပါတယ်

(မှတ်ချက်...သင်တန်းလေးကို စပြီးခေါ်ဖြစ်တာက အခက်အခဲကာလမှာ အိမ်ထဲမှာပဲနေရင်း အချိန်မကုန်ချင်သူတွေအတွက်ရယ်၊ အလုပ်ရှာချင်ပေမယ့် အတွေ့အကြုံ မရှိသေးသူတွေ အတွက်ရယ်၊ သင်တန်းတက်ချင်ပေမယ့် သင်တန်းကြေးအများကြီး မတတ်နိုင်သူတွေ အတွက်ရယ် ရည်ရွယ်ပါတယ်)

သင်တန်းလေးကို အခက်အခဲကာလမှာ စောစောလုပ်ဖြစ်သွားတာကလည်း လက်ရှိလုပ်ပေးနေတဲ့ project က Structure ပိုင်း ပြီးခါနီးဖြစ်နေတာကြောင့် Structure ပိုင်းလေးကို မမှီလိုက်ဖြစ်သွားမှာ စိုးလို့ပါ

သင်တန်းကြေးဆိုတာထက် အဆင့်တိုင်းမှာ Dwg နဲ့ စာရွက်စာတမ်းလေးတွေ ပေးသွားမယ်၊ pdf file လေးတွေပို့ပေးသွားမှာ ဖြစ်တဲ့အတွက် သင်တန်းသား တစ်ဦးကို 15000 ကျပ်ဖြင့်သာ ပညာဒါနအနေဖြင့် သင်ပေးသွားမှာ ဖြစ်ပါတယ်

***အရေးအကြီးဆုံးဖြစ်တဲ့ လုပ်ငန်းခွင်လက်တွေ့ လေ့လာနိုင်ဖို့ကိုတော့ သတ်မှတ်ထားတဲ့အချိန် သတ်မှတ်ထားတဲ့(လုပ်ငန်းခွင်)နေရာသို့ ၅ ကြိမ်တိုင်တိုင် မဖြစ်မနေ လာပေးရမှာ ဖြစ်ပါတယ်***

ထပ်ပြီးအတွေ့အကြုံလိုချင်သူ ပိုပြီးနားလည်ချင်သူတွေကတော့ ထပ်မံလာရောက်လေ့လာဖို့ကို free အနေနဲ့ ဆက်သွယ်ပြီး ထပ်လေ့လာလို့ရပါတယ်

ပညာဒါန အနေနဲ့ ဦးစားပေးသင်ပေးတာဖြစ်တဲ့အတွက် Structure ပိုင်းပြီးလို့
Archi (အုတ်စီပိုင်း)ရောက်လို့ ထပ်မံလေ့လာချင်ရင်လည်း အထပ်မြင့်အဆောက်အဦး တစ်လုံးကို တည်ဆောက်မည့် သဘောတရား အယူအဆ မည်သို့မည်ပုံ စတင်လုပ်ဆောင်ရမည်တို့ကိုပါသင်ကြားပေးသွားမှာ ဖြစ်ပါတယ် (ပညာသင်ယူမည့်သူ လိုလားလျင်သာ)

09 79 984 8200 သို့ဖြစ်စေ
Message box မှ ဖြစ်စေ စုံစမ်း အပ်နှံနိုင်ပါတယ်

ဒီအဆင့်လေးတွေပြီးလို့ လုပ်ငန်းခွင်နဲ့ ရင်းနှီးသွားပြီဆိုရင်
Step အနေနဲ့
(1)Working Dwg ပြန်ထုတ်ပေးခြင်း
(2)Material Order ပစ္စည်းအမှာစာရင်းတွက်ခြင်း
(3)Progress Schedule ဆွဲနည်း စတာလေးတွေအတွက်လည်း ထပ်ပြီးသင်တန်းလေးလုပ်ပေးဖို့ စီစဉ်ထားပါသေးတယ်နော်

#အခက်အခဲကာလမှာ အားလုံးပဲ ကိုယ်စိတ်နှဖြာ စိုးရိမ်ပူပန်မှုတို့မှ လျော့ကျကင်းရှင်းနိုင်ကြပါစေ🙏

Salmons ကနေ ဒီတခေါက်တော့ Pile Foundation အကြောင်းလေးတင်ပေးပါမယ် အဆောက်အဦး အကြီး အသေး၊ အထပ်အနိမ့် အမြင့်၊ မြေကြီးအနေအထား...
15/10/2021

Salmons ကနေ ဒီတခေါက်တော့ Pile Foundation အကြောင်းလေးတင်ပေးပါမယ်
အဆောက်အဦး အကြီး အသေး၊ အထပ်အနိမ့် အမြင့်၊ မြေကြီးအနေအထား ( Soil Test) ရလဒ်ပေါ်မှာ မူတည်ပြီး Foundation အမျိုးအစားအမျိုးမျိုးရှိကြပါတယ်

Foundation ဘယ်နှမျိုးရှိတယ်ဆိုတာတော့ နောက်အပိုင်းတွေမှာ ဆက်တင်ပေးပါမယ်

အခုတင်ပေးမှာက Press Pile Foundation လေးပါ

***Press Pile လေးအကြောင်းကို အရင်ပြောရရင် Ready Made Mould Design လုပ်ထားတဲ့ pile လေးတွေကို လိုအပ်တဲ့ Tons ရတဲ့အထိ Hydraulic Pressure (Pile Machine) နဲ့ ညှစ်ပြီး မြေကြီးထဲဝင်အောင် ဖိသွင်းရတဲ့ Design လေးပါ အဲ့ဒီ့မှာ အဆင့် ၂ ဆင့်နဲ့ ပြောပြချင်ပါတယ်

(1)အပေါ်မှာ ပြောထားတဲ့ လိုအပ်တဲ့ Tons ဆိုတာ

အဆောက်အဦးမှာ (Dead load) ကိုယ်ပိုင်အလေးချိန်၊ (Live load) ရွှေ့ပြောင်းနိုင်တဲ့ ပုံသေရှိမနေတဲ့ အလေးချိန်၊ Wind Laod ၊ Seismic Load စတဲ့ Load တွေကို တွက်ချက်ပြီး Design လုပ်လို့ရလာတဲ့ အလေးချိန်စုစုပေါင်းပဲဖြစ်ပါတယ် (မြန်မာနိုင်ငံရဲ့ ဒေသ အနည်းငယ်ကလွဲရင် Snow Load ကိုတော့ ထည့်မတွက်ကြပါဘူး)
Pile Foundation မှာ အဲ့ဒီ့စုစုပေါင်းအလေးချိန်ကို ပုံမှန်အားဖြင့် ၂ ဆပြုထားလေ့ရှိတတ်ပါတယ် Design အရ Safety Factor ပြုလိုက်တာပေါ့
(အဖိခံရမယ့် Pile တစ်ခုချင်းကိုလည်း Structural Designer ကနေ Design ပေးပြီး ထုတ်လုပ်ရေး လုပ်ထားရပါတယ်)

(2)Ready made Design လုပ်ထားတဲ့ Pile ကိုမြေကြီးထဲ ထည့်သွင်းတဲ့ အပိုင်းလေးပါ

ဘာလို့မြေကြီးထဲ ထည့်ရတာလဲဆိုတော့ ပုံမှန်အားဖြင့် မြေကြီးရဲ့ အပေါ်ယံလွှာဟာ အလေးချိန်များများကို ခံနိုင်ရည်သိပ်မရှိပါဘူး မြေကြီးဟာ အတွင်းပိုင်းအလွှာရောက်လေ မာကြောလေ (Density များလေ) မို့ ကြီးမားလေးလံတဲ့ အဆောက်အဦးတွေအတွက်ဆိုရင် မြေကြီးကို နက်နက်တူးရလေပဲဆိုတာကို ပုံမှန်အားဖြင့် သတိထားမိကြမယ်ထင်ပါတယ်
Press Pile Foundation ရဲ့ရည်ရွယ်ချက်ဟာ မြေကြီးအနက်ကြီး မတူးချင်လို့ Design Load ကို ခံနိုင်တဲ့မြေကြီးအလွှာထိရောက်အောင် Pile ချောင်းတွေကို ထည့်သွင်းပြီး ဒေါက်ထောက်လိုက်တဲ့သဘောပါပဲ
** အားသာချက်အနေနဲ့ကတော့ Press Pile Foundation ဟာ ကုန်ကျစားရိတ်မျှတတဲ့ Foundation အမျိုးအစား ဖြစ်ပါလိမ့်မယ်၊ ယခုလက်ရှိမြန်မာပြည်မှာတော့ ၆ ထပ် အဆောက်အဦးမှစ၍ Press Pile Foundation ကို အသုံးချလာကြတာ နေရာအတော်များများမှာ တွေ့ရမှာပါ၊ မြေကြီးနက်နက်တူးခြင်းဟာ ကုန်ကျစားရိတ်လည်းများသလို သေချာပြင်ဆင်မှုအားနည်းလျှင် ဘေးပတ်လည်မှာရှိတဲ့ တခြားအဆောက်အဦးတွေကိုပါ အန္တရာယ်ဖြစ်စေတတ်တာကြောင့် Deep Excavation လုပ်မည်ဆိုလျှင် Deep Excavation Designer ၏ လမ်းညွှန်မှုအတိုင်း အတိအကျဆောင်ရွက်ရန်လည်းအရေးကြီးပါတယ်၊ Press pile foundation မှာတော့ ထိုပြသနာမျိုးနည်းပါးနိုင်ပါတယ်
***အားနည်းချက်လည်းရှိပါတယ် အဆောက်အဦးတည်နေရာသို့ pile machine ဝင်၍ အဆင်ပြေမပြေ ၊ အဆအဦးနေရာကျဉ်းလွန်းလျင်လည်း Pile စက် မလှည့်သာမပတ်သာ ဖြစ်တတ်တဲ့အတွက် အဆင်မပြေနိုင်ပါ၊ အဆောက်အဦးရဲ့ ဒေါင့်လိုနေရာမျိုးမှာ pile စက်ဝင်၍ မရိုက်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်၊ Pile စက် ဝင်ရိုက်ရမည့် တည်နေရာကို သဲအိတ်မဖြစ်မနေခင်းပေးရတတ်ပါတယ် ဘာကြောင့်လဲဆို အပေါ်မှာ ပြောခဲ့သလိုပဲ မြေကြီးရဲ့အပေါ်ယံအလွှာဟာ အလွန်လေးလံတဲ့ Heavy Weight တွေကို မခံနိုင်တာကြောင့် Pile စက်ကျွံဝင်မသွားအောင် သဲကို အိတ်သွပ်ပြီးခင်းပေးရပါတယ်၊

အခု post ကိုရေးပေးတာဟာ လုပ်ငန်းခွင်နဲ့ မနီးစပ်သေးတဲ့ သူတွေအတွက် Press Pile Foundation လေးတွေအကြောင်း တစေ့တစောင်း သိရအောင် Sharing Knowledge လုပ်ပေးတဲ့သဘောပါ

post တင်သူဟာ Structural Designer တစ်ယောက်လည်း မဟုတ်တဲ့အတွက် လိုအပ်ချက် ရှိကောင်းရှိသွားနိုင်ပါတယ် ရှိနေရင်လည်း ဆရာများ သည်းခံပြီး ဖြည့်စွက်ပေးကြပါ🙏

အခု post ဟာ မည်သူ့ အာဘော်ကိုမှ မှီငြမ်း ရေးသားထားခြင်းမဟုတ်ပါ၊ Engineer ကျောင်းဆင်းပြီးစမှ ယနေ့အချန်ထိ Building Project Field မှာ ကျင်လည် ပျော်မွေ့ပြီး ရရှိလာတဲ့ Pratical Knowledge ကို လက်ဆင့်ကမ်းမျှဝေခြင်းသာဖြစ်ပါတယ်🙏

Salmons ကိုတည်ထောင်သူ ၂ ယောက်လုံးက အင်/ယာ တွေဖြစ်နေတဲ့အတွက် တဘက်မှာ ပညာနဲ့အသက်မွေးရင်း တဘက်မှာ ပညာမျှဝေခြင်းသာ ရည်ရွယ်ပါတယ်.........*...*...*..........
အရေးကြီးတာလေး တစ်ခုက Project ပိုင်းမှာ Management လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Engr တစ်ယောက်ဟာ ကိုယ့်နယ်ပယ်ရဲ့ကဏ္ဍစုံနဲ့ ရင်းနီးနေဖို့လိုပါတယ် ဥပမာ on site မှာ operation လုပ်မယ့် Engr ဟာ AutoCAD ကိုလည်း အခြေခံလောက်တော့ အနည်းဆုံးရေးဆွဲတိုင်းထွာတတ်ရပါမယ်၊ Estimate လည်း တွက်တတ်နေရပါသေးတယ် အမှာစာရင်းတွေတွက်တင်ရပါမယ်၊ Structure ပိုင်းလည်း တွက်တတ်ဖို့ မလိုရင်တောင် ဆောင်ရန်ရှောင်ရန်နဲ့ သိရမယ့်အပိုင်းတွေ နားလည်ရမယ့်အပိုင်းတွေသိနေဖို့ကိုလိုပါမယ်

Project Engineer တစ်ယောက်ဟာ ဦးဆောင်သူဖြစ်နေတဲ့အတွက် ကိုယ့်နောက်ကလိုက်မယ့်သူတွေကို နားလည်အောင်ရှင်းပြ ဆွဲခေါ်ရမယ့်သူပါ၊ နောက်ပြီး Owner၊ Architect ၊ Structural Designer နဲ့ Customer တွေအတွက် လိုအပ်ချက်နဲ့ လိုအင်ဆန္ဒကို လက်တွေ့အသုံးချ ပုံဖော်ပေးရသူလည်းဖြစ်ပါတယ်

စာရေးသူကတော့ ဒီကနေ့အထိ ကိုယ့်ရပ်တည်မှုအတွက် သိပ်ကိုမှ ကျေနပ်သူ တစ်ယောက်ပါ😊

ဒီအပတ်အတွက် post လေးကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်...
အခက်အခဲကာလမှာ အားတင်းထားရင်း ဘေးဘယာဝေးကွာကြပါစေ🙏

Address

736-A, Yanpyay 1st Street, Back Corner Of Fortune Plaza, Thakayta Township
Yangon
11231

Alerts

Be the first to know and let us send you an email when Salmons Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Salmons Construction:

Share