Sun Ivy Solutions Myanmar Co., Ltd.

Sun Ivy Solutions Myanmar Co., Ltd. Sun Ivy Solutions (Myanmar) Company was founded in 2014, Yangon, Myanmar as an IT solutions provider. (Vietnam).

Based on our continuously improving best quality of service, we providing IT, Telecommunication equipments and System Integration services such as Contact Centre, Video Conferencing, Fiber Optics and Power Cables and Network Security. Our Affiliated companies are S.I Solutions (Thailand), S.I Solutions (Laos) and Sun Ivy International Inc.

သင့်လုပ်ငန်းအတွက် Cloud ရဲ့ Flexibility နဲ့ On-premises ရဲ့ Data Control နှစ်ခုလုံးကို တစ်ပြိုင်နက် သုံးချင်လား?ဒါဆိုရင်...
02/09/2026

သင့်လုပ်ငန်းအတွက် Cloud ရဲ့ Flexibility နဲ့ On-premises ရဲ့ Data Control နှစ်ခုလုံးကို တစ်ပြိုင်နက် သုံးချင်လား?
ဒါဆိုရင်တော့ ကျွန်တော်တို့ Sun Ivy Solutions (Myanmar) မှာ သင့် Company အတွက် Hybrid Cloud Solution ရှိပါတယ်။

ဘာကြောင့် Hybrid Cloud ကိုရွေးသင့်တာလဲ?
Data and Information Control - Sensitive ဖြစ်တဲ့ Data တွေနဲ့ information တွေကို ကိုယ့်ရဲ့ On-Premises မှာ သိမ်းပြီးတော့ လိုအပ်တဲ့ Resources တွေ Load တွေကို
Cloud သုံးပြီး ပိုမိုကောင်းမွန်လာအောင် စီမံလာနိုင်ပါမယ်။

Scalability - သင့်လုပ်ငန်းကို တိုးချဲ့လိုက်တိုင်း Hardware တွေ အခါခါ ဝယ်နေစရာမလိုတော့ဘဲ Cloud Resources တွေကို မြန်မြန်ဆန်ဆန်နဲ့ တိုးချဲ့ အသုံးပြုလာနိုင်ပါမယ်။

Business Continuity and Disaster Recovery - သင့် Company ရဲ့ အရေးကြီးတဲ့ Data တွေ၊ Contract တွေ၊ Contact တွေ၊ Critical Severity ရှိတဲ့ Applications တွေ
On-Premises မှာ ပြဿနာ တစုံတရာ ကြုံတွေ့လာတဲ့အခါ Cloud ကို Disaster Recovery အနေနဲ့သုံးပြီး
Business ကို Zero Downtime အထိ ရလာအောင် အသုံးပြုနိုင်ပါမယ်။

Free to Design - လုပ်ငန်းရဲ့ ဘယ်လို Workload မျိုးကို Cloud ပေါ်မှာ Run နိုင်ပြီး၊
ဘယ်လို Work Load မျိုးကို On-Premises အပေါ်မှာ Run မလဲဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပါမယ်။

ခေတ်မှီဆန်းသစ်ပြီး လုံခြုံ စိတ်ချရတဲ့ Hybrid Cloud Solutions ကို သင့်လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့အညီ အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ Sun Ivy Solutions (Myanmar) ကို အခုပဲဆက်သွယ်လိုက်ပါ။


သင့်စီးပွားရေးလုပ်ငန်းအတွက် လည်ပတ်နေတဲ့ IT Infra Network/ Enterprise Network တစ်ခုလုံးရဲ့ Performance ကို အချိန်မရွေး တိ...
28/08/2026

သင့်စီးပွားရေးလုပ်ငန်းအတွက် လည်ပတ်နေတဲ့ IT Infra Network/ Enterprise Network တစ်ခုလုံးရဲ့ Performance ကို အချိန်မရွေး တိတိကျကျ တိုင်းတာနိုင်ဖို့ ဘာတွေလိုအပ်နေလဲ။
အရေးကြီးတဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ Infra Network ရဲ့ ယုံကြည်စိတ်ချရမှုကရော ဘယ်လောက်အထိ ရှိပါသလဲ။
Infra Network Management and Service တွေမှာ အမှားအယွင်းမရှိပဲ တိကျနေဖို့ အတွက် သင်မျှော်လင့်ပါသလား။
Network Devices ဒါမှမဟုတ် Connection Path ပြတ်တောက်သွားရင်ရော ဘယ်လို အချိန်မီ သိရှိနိုင်မလဲ။
Traffic Congest တစ်ခုခု မဖြစ်ခင်မှာ ကြိုတင်ပြီး သိနိုင်မလား။

ဒီလို အခြေအနေမျိုးကို ကြုံဆုံရပြီဆိုရင် အရေးကြီးတဲ့ Operation Service တွေထိခိုက်စရာမလိုအောင်၊ Network Monitoring Services/Tools တွေသုံးပီး ကြိုတင်ကာကွယ်လို့ရပါတယ်။
Network Monitoring Service ဟာ သင့် Network Device တွေရဲ့ Health Check နဲ့ Performance ကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်ပေးတဲ့ Solution Systemတစ်ခု ဖြစ်ပါတယ်။
Connection Link Down ဖြစ်တာတွေကို အချိန်နဲ့တပြေးညီ Alarm ပေးနိုင်ပြီး အသုံးပြုနေတဲ့ Service မှာ Traffic Congestion ဖြစ်လာရင်လည်း ကြိုတင်အသိပေးနိုင်တဲ့အတွက် Traffic Congestion ကြောင့်
ဖြစ်လာနိုင်တဲ့ Service Impact တွေကို ကြိုတင်တားဆီးနိုင်ပါတယ်။

ဒါ့ကြောင့် ယနေ့ Global IT ခေတ်မှာ IT Infra Network ပေါ်မှတဆင့် လုပ်ငန်းဆိုင်ရာ Service တွေကို 24/7 လည်ပတ်နေရတဲ့ သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ System တစ်ခုပဲ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း (Continuous Monitoring)
Infra Network ကို 24/7 စောင့်ကြည့်ပေးတာကြောင့် Downtime မဖြစ်ခင် ပြဿနာများကို ကြိုတင်သိရှိပြီး အချိန်မီ ပြင်ဆင်နိုင်ပါတယ်။
လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း (Performance Optimization)
Bandwidth, CPU နဲ့ Memory သုံးစွဲမှုတွေကို အသေးစိတ် စစ်ဆေးနိုင်ပြီး Device Resources တွေကို ပိုမိုထိရောက်စွာ ခွဲဝေအသုံးပြုနိုင်အောင် ကူညီပေးပါတယ်။
ကြိုတင်ဖြေရှင်းမှုစနစ် (Proactive Troubleshooting)
Incident မဖြစ်လာခင် အလိုအလျောက် သတိပေးချက် ရရှိနိုင်တာကြောင့် IT Team အနေနဲ့ ပြဿနာတွေကို အမြန်ဆုံး ဝင်ရောက်ဖြေရှင်းနိုင်ပြီး လုပ်ငန်းအပေါ် Impact အနည်းဆုံးဖြစ်အောင် လျှော့ချပေးပါတယ်။
မလိုအပ်တဲ့ Downtime တွေ လျော့ကျသွားတာကြောင့် ဝင်ငွေဆုံးရှုံးမှုတွေကို ကာကွယ်နိုင်တဲ့အပြင် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်ပါတယ်။
ရေရှည် ချဲ့ထွင်နိုင်စွမ်း (Scalability)
လုပ်ငန်း တိုးချဲ့လာတာနဲ့အမျှ လက်ရှိ စောင့်ကြည့်ရေးစနစ်ကလည်း အလွယ်တကူ လိုက်လျောညီထွေဖြစ်အောင် ချဲ့ထွင်အသုံးပြုနိုင်တာကြောင့် အနာဂတ်အတွက် စိတ်ချရပါတယ်။

သင့်ရဲ့ Network Infrastructure ကို ပိုမိုကောင်းမွန်အောင် အခုပဲ စတင်ပြင်ဆင်လိုက်ပါ။
သင်တို့ လိုအပ်တဲ့ Support ကို အပြည့်အဝပေးဖို့ ကျွန်တော်တို့ Sun Ivy Solutions (Myanmar) ရှိပါတယ်။


လုပ်ငန်းတွေ တိုးတက်လာပေမဲ့ IT System က နောက်ကျကျန်ခဲ့ရင် ဘာဖြစ်မလဲ? ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခု ပိုမိုကြီးမားကျယ်ပြန့်လာတာ...
05/08/2026

လုပ်ငန်းတွေ တိုးတက်လာပေမဲ့ IT System က နောက်ကျကျန်ခဲ့ရင် ဘာဖြစ်မလဲ?
ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခု ပိုမိုကြီးမားကျယ်ပြန့်လာတာနဲ့အမျှ Strategic Direction တစ်ခုတည်းနဲ့
မလုံလောက်တော့ပါဘူး။ နောက်ကွယ်မှာ ခိုင်မာမြဲမြံတဲ့ IT Infrastructure System ရှိဖို့ကလည်း လိုအပ်လာပါပြီ။
လုပ်ငန်းခွင်မှာ Server တွေ မကြာခဏ Down နေလို့ လုပ်ငန်းလည်ပတ်မှု ကြန့်ကြာနေတာမျိုး၊ Data Security နဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရတာမျိုး မရှိဘဲ စိုးရိမ်နေရတာမျိုး၊
Hardware အသစ်တွေ အထပ်ထပ်ဝယ်ယူရလို့ ကုန်ကျစရိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာမျိုး
ဒီလို ပြဿနာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်ရဲ့ IT Infrastructure ကို Upgrade လုပ်ဖို့ အချိန်တန်နေပါပြီ။

Future-Ready IT ဖြစ်ဖို့ ဘာကြောင့် "Right Partner" လိုအပ်တာလဲ?
IT Infrastructure ကို ပြောင်းလဲအဆင့်မြှင့်တင်ရာမှာ နည်းပညာပစ္စည်းတွေ ဝယ်ယူရုံနဲ့ မပြီးပါဘူး။
သင့်လုပ်ငန်းရဲ့ သဘောသဘာဝ၊ လက်ရှိ ကြုံတွေ့နေရတဲ့ Pain Points တွေနဲ့ Organization ရဲ့ Future Plan တွေကို သေချာလေ့လာဆန်းစစ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေရှိဖို့ လိုအပ်ပါတယ်။

Sun Ivy Solutions (Myanmar) က သင့်လုပ်ငန်းရဲ့ IT Infrastructure ကို ခေတ်မီဆန်းသစ်ပြီး စိတ်ချယုံကြည်ရအောင် ဘယ်လောက်ထိ ကူညီပေးနိုင်သလဲဆိုရင်

- IT Infrastructure Assessment— လက်ရှိ System ရဲ့ အားနည်းချက်၊ Security Risk နဲ့ Performance ကြန့်ကြာမှုတွေကို သေချာလေ့လာဆန်းစစ်ပြီး အထိရောက်ဆုံး Solution ကို ဖော်ထုတ်ပေးခြင်း။

- Hardware ကုန်ကျစရိတ်၊ မီတာခနဲ့ ထိန်းသိမ်းစရိတ်တွေကို သိသိသာသာ လျှော့ချပေးပြီး Server Resources တွေကို အပြည့်အဝ အသုံးချနိုင်စေခြင်း။

- ၂၀၁၄ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ ဆယ်စုနှစ်ကျော် အတွေ့အကြုံများရှိပြီး နာမည်ကြီး Global Technology Brands များနဲ့ Partnership ဆောင်ရွက်ထားပြီး
ဝါရင့်အင်ဂျင်နီယာများရဲ့ စနစ်တကျ Design ရေးဆွဲမှုမှသည် စိတ်ချရသော After-Sales Support အထိ တာဝန်ယူဆောင်ရွက်ပေးခြင်းထိ အကောင်းဆုံး Support ပေးနေပါတယ်။

"အနာဂတ်အတွက် အဆင့်သင့်ဖြစ်တဲ့ IT System ကို တည်ဆောက်တာဟာ ကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဘဲ ဖြစ်ပါတယ်။"

သင့်လုပ်ငန်းရဲ့ IT ပြဿနာတွေကို အကောင်းဆုံးသော ခေတ်မီဖြေရှင်းနည်းများနဲ့ တည်ဆောက်ပြီး ခြေလှမ်းသစ်စတင်ဖို့ Sun Ivy Solutions (Myanmar) နဲ့ အခုပဲ ဆက်သွယ်ဆွေးနွေးနိုင်ပါပြီ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ထူးမြတ်လှတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ။ဘေးဥပါဒ်မ...
29/07/2026

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ထူးမြတ်လှတဲ့
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်
ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ။

ဘေးဥပါဒ်များ ‌ကင်းကွာ၍ စီးပွားလာဘ်လာဘများ
ဆထက်တပိုး တိုးတက်ကြပါစေ။

ကုသိုလ်တရားများ တိုးပွားပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေကြောင်း Sun Ivy Solutions (Myanmar)မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။



#ဓမ္မစကြာနေ့

Hardware အသစ်တွေအတွက် နေရာနဲ့ ကုန်ကျစရိတ်တွေ အများကြီး အကုန်ကျခံစရာမလိုဘဲ သင့်ရဲ့ IT Infrastructure ကို Virtualization န...
28/07/2026

Hardware အသစ်တွေအတွက် နေရာနဲ့ ကုန်ကျစရိတ်တွေ အများကြီး အကုန်ကျခံစရာမလိုဘဲ သင့်ရဲ့ IT Infrastructure ကို Virtualization နည်းပညာဖြင့် အဆင့်မြှင့်တင်လိုက်ပါ။

Digital ခေတ်ကြီးထဲမှာ သင့်လုပ်ငန်းနဲ့အတူ နည်းပညာတွေဟာလည်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Server အသစ်တွေ ဝယ်ယူရတာ
Hardware ထိန်းသိမ်းရတာနဲ့ မီတာခတွေ ပိုမိုကျခံလာတာ စတဲ့ ကုန်ကျစရိတ်တွေက လစဉ်လတိုင်းမှာ ပိုပီးတိုးလာနိုင်ပါတယ်။
ဒီပြဿနာတွေ အဆင်ပြေသွားဖို့ Virtualization Solution ကို အသုံးပြုရုံနဲ့ အကောင်းဆုံး ဖြေရှင်းလို့ရပါတယ်။

✅ Virtualization Solution အသုံးပြုခြင်းအားဖြင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း။
Physical Server အရေအတွက်ကို လျှော့ချနိုင်တာကြောင့် Hardware ဝယ်ယူစရိတ်၊ လျှပ်စစ်မီတာခ၊ Cooling နှင့် Maintenance ကုန်ကျစရိတ်တွေကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။

✅ Resource အသုံးချမှု ပိုမိုထိရောက်လာခြင်း။
Server တစ်လုံးထဲ‌ပေါ်မှာပဲ Virtual Machines (VMs) အများကြီးကို တစ်ပြိုင်နက်တည်း လည်ပတ်စေနိုင်ပြီး CPU, Memory နှင့် Storage Resources တွေကို အပြည့်အဝ အသုံးချနိုင်ပါတယ်။

✅ Deployment ပိုမိုမြန်ဆန်ခြင်း
Server အသစ်တစ်လုံးကို ဝယ်ယူတပ်ဆင်၊ Configure ပြုလုပ်ဖို့အတွက် ရက်ပေါင်းများစွာ စောင့်ဆိုင်းရ‌ပေမယ့် Virtualization Solution မှာတော့ ဒီလိုမျိုးအချိန်‌တွေ စောင့်ဆိုင်းစရာမလိုတော့ဘဲ အသစ်သစ်သော Virtual Machines အများအပြားကို မိနစ်ပိုင်းအတွင်းမှာ ဖန်တီးအသုံးပြုနိုင်ပါတယ်။

✅ Business Continuity နှင့် High Availability
Hardware ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ရင်လည်း Virtual Machines တွေကို တခြား Host တွေဆီ ပြောင်းရွှေ့ပြီး Service တွေ ဆက်ပြီးလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးတဲ့အတွက် လုပ်ငန်းရပ်တန့်ချိန် (Downtime) ကို အနည်းဆုံးဖြစ်စေပါတယ်။

✅ အလွယ်တကူ ချဲ့ထွင်နိုင်ခြင်း (Scalability)
လုပ်ငန်းလိုအပ်ချက်တွေ ပိုတိုးလာတာနှင့်အမျှ Compute Resources နဲ့ Virtual Machines တွေကို အလွယ်တကူဘဲ တိုးချဲ့နိုင်ပြီးတော့ အနာဂတ်မှာ သင့်လုပ်ငန်းတိုးတက်မှုအတွက်လည်း အဆင်သင့်ဖြစ်‌နေစေပါတယ်။

Hardwareအတွက် ကုန်ကျစရိတ်တွေကို လျှော့ချပေးတဲ့အပြင် ပိုမိုထိရောက်ပြီး လုံခြုံတဲ့ အနာဂတ်အတွက် အဆင်သင့်ဖြစ်နေမယ့် IT Infrastructure တစ်ခုကို တည်ဆောက်မယ်ဆိုရင် အခုပဲ ကျွန်တော်တို့ Sun Ivy Solutions (Myanmar)နဲ့ ဆက်သွယ်လိုက်ပါ။


IT Infrastructure Assessment က သင့်လုပ်ငန်းအတွက် ဘာကြောင့် အရေးကြီးတာလဲ?ယနေ့လို Digital ခေတ်ကြီးထဲမှာ သင့်လုပ်ငန်းရဲ့ IT...
20/07/2026

IT Infrastructure Assessment က သင့်လုပ်ငန်းအတွက် ဘာကြောင့် အရေးကြီးတာလဲ?

ယနေ့လို Digital ခေတ်ကြီးထဲမှာ သင့်လုပ်ငန်းရဲ့ IT Infrastructure Systemဟာ နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို အဓိကထောက်ပံ့ပေးနေတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာနေပါပြီ။
ဒါပေမယ့် သင့်လုပ်ငန်းရဲ့ IT Infrastructure System ကို ပုံမှန်မစစ်ဆေးဘူးဆိုရင်တော့
Security အားနည်းချက်တွေ ရှိလာနိုင်သလို
Performance တွေ ကျဆင်းလာမယ်
Hardware/Software အဟောင်းတွေကြောင့် လုပ်ငန်းကြန့်ကြာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သင့်လုပ်ငန်းမှာ IT Infrastructure Assessment ပြုလုပ်ထားခြင်းအားဖြင့်
Securityပိုင်း အားနည်းချက်တွေကို ကြိုတင်ရှာဖွေပြီး Cyber Attackများမှ ကာကွယ်ပေးနိုင်ခြင်း၊
Server, Network နှင့် System များရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်ခြင်း၊
Upgrade ပြုလုပ်ရမယ့် Hardware နှင့် Software များကို အချိန်နှင့်တပြေးညီ တိကျစွာ သိရှိနိုင်ခြင်း၊
ကုန်ကျစရိတ်သက်သာမှုအားဖြင့်လည်း IT Resource များကို ထိရောက်စွာ အသုံးချနိုင်မှာဖြစ်ပါတယ်။

အနာဂတ်မှာ သင့်လုပ်ငန်းတိုးချဲ့မှုအတွက် အသင့်ဖြစ်နေမယ့် IT Environment ကို အခုထဲက တည်ဆောက်ထားသင့်ပါတယ်။
"ပြဿနာဆိုတာ ဖြစ်ပြီးမှ ဖြေရှင်းတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။"

သင့်လုပ်ငန်းအတွက် ယုံကြည်စိတ်ချရသော IT Infrastructure Assessment ထားရှိရန် ဆွေးနွေးတိုင်ပြီး အကောင်းဆုံး ဝန်ဆောင်မှုကို ရယူနိုင်ဖို့ ကျွန်တော်တို့ Sun Ivy Solutions (Myanmar)နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။


"မနက်ဖြန် မနက် ရုံးရောက်တဲ့အချိန်မှာသင့် Company ရဲ့ System အားလုံး Lock ဖြစ်နေတယ်ဆိုရင် သင်ဘာလုပ်မလဲ?"Email ဖွင့်မရဘူး။...
14/07/2026

"မနက်ဖြန် မနက် ရုံးရောက်တဲ့အချိန်မှာ
သင့် Company ရဲ့ System အားလုံး Lock ဖြစ်နေတယ်ဆိုရင် သင်ဘာလုပ်မလဲ?"

Email ဖွင့်မရဘူး။
Customer Data တွေ Access လုပ်မရဘူး။
ERP System ရပ်သွားတယ်။
Website မတက်တော့ဘူး။
ဖုန်းတွေကတော့ တစ်လုံးပြီးတစ်လုံး ဝင်လာနေတယ်။

"ဘာဖြစ်နေတာလဲ?"
"Service ဘယ်တော့ ပြန်ရမလဲ?"
"Customer Data တွေ အန္တရာယ်ရှိသွားပြီလား?"
ဒီလိုအခြေအနေမျိုးဟာ ရုပ်ရှင်ထဲက ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။

ဒီနေ့ကမ္ဘာတစ်ဝန်းမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ Cyber Attack တွေရဲ့ အမှန်တကယ် ဖြစ်ရပ်တွေပါ။

အရင်တုန်းကတော့
"Firewall ရှိတယ်"
"Antivirus တင်ထားတယ်" ဆိုရင် လုံခြုံပြီလို့ ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာ Hacker တွေက
Firewall တစ်ခုတည်းကိုပဲ မတိုက်ခိုက်တော့ပါဘူး။
သူတို့က လူတွေကို လှည့်စားတယ်။
Email ကနေ ဝင်လာတယ်။
Password တွေ ခိုးတယ်။
Cloud Account တွေကို Target လုပ်တယ်။
Remote Access ကို အသုံးချတယ်
အားနည်းတဲ့ Device တစ်ခုကို ဝင်ပြီး Network တစ်ခုလုံးကို ပျံ့နှံ့သွားအောင် လုပ်တတ်ကြပါတယ်။

"ကျွန်တော်တို့ Company က သေးသေးလေးပါ
Hacker တွေ စိတ်ဝင်စားမှာ မဟုတ်ဘူး"
ဒီလိုတွေးနေသေးရင်တော့ အန္တရာယ်ပိုများပါတယ်။

တကယ်တော့ Hackerတွေအတွက် Security အားနည်းတဲ့ Company တွေက အလွယ်ဆုံး ပစ်မှတ်တွေ ဖြစ်နေပါတယ်။
Company ကြီးလား၊ Company ငယ်လားဆိုတာထက်
ပြင်ဆင်ထားလား၊ မပြင်ဆင်ထားဘူးလား ဆိုတာက ပိုအရေးကြီးပါတယ်။

Cybersecurity ဆိုတာ Firewall တစ်လုံး ဝယ်ထားရုံနဲ့ မပြီးပါဘူး။
တကယ်လိုအပ်တာက Layer အလိုက် ကာကွယ်ထားတဲ့ Security Strategy တစ်ခုပါ။
Next-Generation Firewall (NGFW) Endpoint Detection & Response (EDR/XDR) Email Security Multi-Factor Authentication (MFA) Identity & Access Management SIEM / SOAR Security Operations Center (SOC) Immutable Backup Zero Trust Architecture

ဒီလို Security Layer တွေ ပေါင်းစပ်ထားမှ Cyber Attack ကို အချိန်မီ Detect လုပ်နိုင်၊ တုံ့ပြန်နိုင်ပြီး ထိခိုက်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Technology တစ်ခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။
Cyber Attack အများစုက လူတစ်ယောက်ရဲ့ Click တစ်ချက်ကနေ စတင်ဝင်ရောက်နိုင်ပါတယ်။
အဲ့ဒါကြောင့် ဝန်ထမ်းတိုင်းရဲ့ Cybersecurity Awareness ကလည်း အရေးပါလွန်းတဲ့ Defense Layer တစ်ခုပါ။

Cybersecurity ဆိုတာ တစ်ခါ Setup လုပ်ပြီးရုံနဲ့ ပြီးသွားတဲ့ Project မဟုတ်ပါဘူး။
နေ့တိုင်း စောင့်ကြည့်ရတယ်
အမြဲ Update လုပ်ရတယ်။
Threat အသစ်တွေကို လိုက်ပြီး ပြင်ဆင်ရတယ်။
People၊ Process နဲ့ Technology ကို အတူတကွ ပေါင်းစပ်ထားတဲ့ Strategy တစ်ခုဖြစ်မှ အဖွဲ့အစည်းကို အမှန်တကယ် ကာကွယ်နိုင်မှာပါ။

Cyber Attack က ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ မဟုတ်တော့ပါဘူး။
ဘယ်အချိန်မှာ ဖြစ်လာမလဲ ဆိုတာပဲ ကျန်ပါတော့တယ်။
Cyber Attack တစ်ကြိမ်က သင့်လုပ်ငန်းကို ရပ်တန့်သွားစေနိုင်ပါတယ်။

ဒါဆို... သင်တို့ကို မေးခွန်းတစ်ခု မေးချင်ပါတယ်။
"Cyber Attack ကြုံလာတဲ့အခါ သင့်အဖွဲ့အစည်း ဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲ?"

သင့်လုပ်ငန်းရဲ့ Cyber Security Readiness ကို ဒီနေ့ပဲ စစ်ဆေးလိုက်ပါ။
လိုအပ်တဲ့ Support အပြည့်အဝပေးဖို့ ကျွန်တော်တို့ Sun Ivy Solutions (Myanmar) နဲ့လည်း အခုပဲ ဆက်သွယ်နိုင်ပါတယ်။


နည်းပညာနဲ့အတူ သင့်လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား? ရှုပ်ထွေးလှတဲ့ Digital ခေတ်ကြီးထဲမှာ လုပ်င...
07/07/2026

နည်းပညာနဲ့အတူ သင့်လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား?

ရှုပ်ထွေးလှတဲ့ Digital ခေတ်ကြီးထဲမှာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ခိုင်မာတဲ့ IT Infrastructure ရှိဖို့လည်း လိုအပ်လာပါပြီ။

ကျွန်တော်တို့ရဲ့ Sun Ivy Solutions (Myanmar) ဟာ
၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့များစွာသောလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရတဲ့ IT Partner အဖြစ် ရပ်တည်လာခဲ့တာ ဆယ်စုနှစ်ကျော် တိုင်ခဲ့ပါပြီ။

လူကြီးမင်းတို့ရဲ့ရှုပ်ထွေးလှတဲ့ IT ပြဿနာပေါင်းများစွာဖြစ်တဲ့ Integrated IT Infrastructure နဲ့ပတ်သက်တဲ့ အဆင်မပြေတာတွေ၊ System Error ခဏခဏတက်တာ၊ Networking အဆင်မပြေတာ၊ Server နဲ့ Virtualization ဆိုင်ရာ issueတွေနဲ့ ဒီနေ့လိုခေတ်ကြီးမှာ အဓိကလိုအပ်တဲ့ Data/Network Security အတွက် စိုးရိမ်နေရတာတွေကို ကျွန်တော်တို့ Sun Ivy Solutions က ကူညီဖြေရှင်းပေးပါရစေ။

ကျွန်တော်တို့ရဲ့ ဝါရင့်နည်းပညာကျွမ်းကျင်အင်ဂျင်နီယာများမှ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုပြီး လူကြီးမင်းတို့လုပ်ငန်းရဲ့ လိုအပ်ချက်များကို သေချာလေ့လာကာ အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံး IT Solutions တွေကို စနစ်တကျ ရေးဆွဲပေးခြင်းမှသည် စိတ်ချရတဲ့ After-Sales Support ဝန်ဆောင်မှုများအထိ Turnkey Service ပေးနေတာပဲဖြစ်ပါတယ်။

Sun Ivy Solutions (Myanmar) ဟာ နာမည်ကြီး Global Technology Brand ပေါင်းများစွာနဲ့ခိုင်မာတဲ့ Partnership တည်ဆောက်ထားပြီး လူကြီးမင်းတို့အတွက် အရည်သွေးမြင့်မားတဲ့ IT Support Service တွေဆောင်ရွက်ပေးနေတဲ့ System Integrator (SI) တစ်ခုဖြစ်ပါတယ်။

Digital ခေတ်မှာ မြင့်မားတဲ့စွမ်းဆောင်ရည်၊ စိတ်ချယုံကြည်ရတဲ့နည်းပညာများနဲ့အတူ ခိုင်မာတဲ့ခြေလှမ်းတွေကို ကျွန်တော်တို့ Sun Ivy Solutions (Myanmar)နဲ့အတူ လျှောက်လှမ်းလိုက်ပါ။




Address

No. 57. B, A1 Street(Shwe Hnin Si Lane 6), 9 Mile, Mayangone Township
Yangon
11062

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00

Telephone

+951665427

Alerts

Be the first to know and let us send you an email when Sun Ivy Solutions Myanmar Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sun Ivy Solutions Myanmar Co., Ltd.:

Shortcuts

Share