Nay Yaung Thit Construction

Nay Yaung Thit Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Yaung Thit Construction, Construction Company, Yangon.

 #အင်ဂျင်နီယာမှတ်စု
22/02/2026

#အင်ဂျင်နီယာမှတ်စု

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)(၁)  ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လု...
21/01/2026

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)

(၁) ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ပါက

*၄၀’ x ၆၀’ မြေကွက်အတွက် မိမိပိုင်နယ်နိမိတ် မှ ရှေ့ဘက် ၁၂’ ချန်ရမည်။ နောက်ဘက်တွင် BDS (နောက်ဖေးလမ်းကြား) မရှိပါက အဆောက်အုံ နံရံမှ ၆’ ချန်ရမည်။ BDS ရှိပါက ၁’ ချန်ရမည်။
ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၃’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။

(၂) ၄ထပ်နှင့် အထက် အဆောက်အအုံ ဆောက်လုပ်လိုပါက

Downtown မြို့နယ်များ (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)

ရှေ့ဘက်နှင့် ဘေးနှစ်ဘက်တွင် မြေပြည့်ဆောင်ရွက်နိုင်ပါသည်။ ဘေးမြေပြည့် ဆောက်လုပ်ပါက နံရံအပိတ် ဆောင်ရွက်ရမည်။

ကျန်မြို့နယ်များ

*၄၀’x ၆၀’ အရွယ် မြေကွက် များတွင် မိမိ ပိုင် နယ်နိမိတ် မှ ရှေ့ဘက် ၅’ Clear မြေချန် ရမည်။ ဘေးနှစ်ဘက် အမိုးစွန်းမှ အနည်းဆုံး ၃’ စီ မြေချန်ရမည်။ နောက်ဘက်တွင် BDS ရှိပါက ၁’ ချန်ရမည်။ BDS မရှိပါက ၆’ ချန်ရမည်။

*ရှေ့နောက် အရှည် (၅၀)ပေအရွယ်မြေကွက်များတွင် မိမိ ပိုင်နယ်နိမိတ်မှ
-ရှေ့ဘက်တွင် မြေညီထပ်မှ ၅’ မြေချန်ရမည်။ ကျန်အထပ်များတွင် Cantilever ၄’ ပြန်ထုတ်ပြီး ၁’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။ (ပြတင်း၊တံခါး ဆောင်ရွက်လိုပါက Slide Window (SW/LW) များသာဆောင်ရွက်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။ (ဘေးနှစ်ဘက်တွင် ၁’ စီချန်ပါက SW/LW များထည့်သွင်းဆောက်လုပ်နိုင်ပါသည်။)

(၃) အဓိက လမ်းမကြီးများတွင် ဆောက်လုပ်ခြင်း

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်း တို့တွင် မည်သည့်အဆောက်အုံမဆို ဆောက်လုပ်ပါက ပင်မအဆောက်အုံ ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ ပေ ၂၀ ချန်၍ အဆောက်အုံ နယ်နိမိတ်ကို ရေးဆွဲ တင်ပြရမည်။

(၄) ၉ထပ်နှင့် အထက်အဆောက်အုံများအတွက် မြေချန်သတ်မှတ်ချက်

ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ အနည်းဆုံး (၁၂)ပေ ချန်ရမည်။ ဘေး ဝဲ/ယာ၊ နောက်ဘက်တွင် မိမိပိုင်နယ်နိမိတ် မှ အနည်းဆုံး (၆) ပေ ချန်ရမည်။

(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Crd -ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



11/07/2024

ကွန်ကရစ်လောင်းပြီး ဘာကြောင့်ရေဖြန်းရတာလဲ?
=================================

ကွန်ကရစ်ကိုသုံးပြီး လမ်းတွေခင်းတဲ့အခါ

အိမ်တွေ၊ အဆောက်အဦးတွေ ဆောက်တဲ့အခါ

လမ်းတွေ ၊ ကွန်ကရစ်တိုင်တွေ ၊ သမံတလင်း တွေကို နေ့တိုင်း ရေလောင်းတာ မြင်ဖူးကြပါလိမ့်မယ်...

ဒါကို ဆောက်လုပ်ရေးလောကမှာတော့
ကွန်ကရစ်အသားနှပ်ခြင်း (Concrete Curing) လို့ခေါ်ကြပါတယ်...

Concrete Curing မှာ နည်းလမ်းမျိုးစုံရှိတဲ့အထဲက
မြန်မာနိုင်ငံမှာတော့ ရေဖြန်းတဲ့နည်း (Spraying Water) ကို အများဆုံးအသုံးပြုကြပါတယ်...
တခြားနည်းလမ်းတွေကိုလည်း အသုံးပြုကြတာတော့ ရှိပါသေးတယ်..

ဘာကြောင့်ဒီလို လုပ်ပေးရတာလဲ?

အဓိကအကြောင်းအရင်းကတော့
ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကြောင့်ပါပဲ

သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်ရဲ့
ဖြစ်တည်မှု အဆင့်တိုင်းမှာ
သတ်မှတ် အချိန်အတိုင်းအတာအတွင်း
လိုအပ်တဲ့ စိုထိုင်းဆ နဲ့ အပူချိန်ကို ထိန်းသိမ်းထားပြီး ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကို အထောက်အကူပေးနိုင်ဖို့ပါပဲ...

ကွန်ကရစ်မှာပါတဲ့ ဓာတ်တွေက အပူကိုထုတ်လွှတ်ပေးတာကြောင့်
ဒီအပူကို ထိန်းသိမ်းနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်...

ကွန်ကရစ်မှာ အက်ကြောင်းတွေမဖြစ်စေဖို့နဲ့ ကွန်ကရစ်ရဲ့ အကြမ်းခံမှုတွေ ၊ ကြာရှည်ခံမှုတွေက 'Curing' ဂရုတစိုက်လုပ် ၊ မလုပ်ပေါ်မှာ မူတည်နေပါတယ်

'Concrete Curiလုပ်တဲ့နေရာမှာ..

14 ကွန်ကရစ်လောင်းပြီးစ (၁၄)ရက် (နှစ်ပတ်)အတွင်းကတော့ အရေးအကြီးဆုံးအချိန်တွေ ဖြစ်ပါတယ်...

7 အနည်းဆုံး (၇)ရက်လောက် 'Curing' လုပ်ပေးသင့်ပါတယ်

ရာသီဥတုပူပြီးခြောက်သွေ့ချိန်တွေမှာတော့ (၁၀)ရက်လောက်ထိကို 'Curing' လုပ်ပေးတာ အကောင်းဆုံးပါ...

အပူချိန် (၅၀) ဒီဂရီဖာရင်ဟိုက် ကနေ (၇၅) ဒီဂရီဖာရင်ဟိုက် လောက် မှာရှိစေတာက အကောင်းဆုံးထိန်းသိမ်းမှုတစ်ခုပါပဲ

တိုင်းတာနေဖို့မလိုပေမယ့် 'Curing' လုပ်တဲ့အနေနဲ့ နေ့တိုင်းရေဖြန်းပေးတာက ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်စေမှာပါ...

Curing ကောင်းကောင်းမလုပ်ရင်ဘာဖြစ်နိုင်လဲ?

Curing ကောင်းကောင်း မလုပ်ထားရင်တော့ ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကိုအများကြီးထိခိုက်နိုင်ပါတယ်...

အက်ကြောင်းတွေပေါ်လာပြီး အကြမ်းခံနိုင်မှာမဟုတ်သလို
ကွန်ကရစ်ရဲ့ သက်တမ်းကိုပါ လျော့ကျစေပါတယ်..

(Curing သေချာမလုပ်ပဲ အသုံးပြုနေတဲ့ ကွန်ကရစ်လမ်းတွေ ရက်ပိုင်းနဲ့ အက်ကြောင်းတွေပေါ်လာတာကို လက်တွေ့မြင်ဖူးကြမှာပါ)

'Concrete Curing' ကို ဂရုတစိုက်လုပ်ပြီး တည်ဆောက်တဲ့အဆောက်အဦး ၊ လမ်းတံတားတွေက ကြံ့ခိုင်မှု နဲ့ တာရှည်ခံမှုအပိုင်းမှာ
'Concrete Curing' မလုပ်ထားတဲ့ နေရာတွေထက် ပိုမိုသာလွန်နေမှာဖြစ်ပါတယ်...

(မူရင်းရေးသားသူကို crd ပေးပါသည်။)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nay Yaung Thit Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share