Zayar Hein Construction & Decoration Company

Zayar Hein Construction & Decoration Company PAE စနစ်ဖြင့် အိမ်များကို လက်ရာကောင်းမွန်စွာ ဆောက်လုပ်ပေးပါသည်။

ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ကန်ထရိုက်တာကြီးများသိထားသင့်သော ကွန်ကရစ်လုပ်ငန်း # # # # # # # # # # # # # # # # # # # # # ...
14/09/2023

ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ကန်ထရိုက်တာကြီးများ
သိထားသင့်သော ကွန်ကရစ်လုပ်ငန်း
# # # # # # # # # # # # # # # # # # # # # # # # #

" 👉 #ကွန်ကရစ်သွန်းလောင်းနေစဉ် ဆောင်ရန် ရှောင်ရန်များ.... "

👉👉 ‌ဆောင်ရန် 👈👈

‌(၁) အတွေ့အကြုံ ရင့်ကျက်ပြီးသား ကန်ထရိုက်တာ (သို့) ပန်းရံအဖွဲ့ကို အသုံးပြုပါ။

(၂) ကွန်ကရစ်လောင်းနေစဉ် အတွင်းလည်း ဘယ်လို ဘယ်ပုံ လောင်းနေသည်၊ ကျွမ်းကျင်မှု ရှိမရှိကို သေချာ ဂရုစိုက်စစ် ဆေးစောင့်ကြည့်ပါ။

(၃) ကွန်ကရိလောင်းရာတွင် ခေါင်းဆောင် ကန်ထရိုက်တာ (သို့) ပန်းရံခေါင်း မရှိပဲ သာမန် အလုပ်သမားများကသာ လုပ်နေခြင်း မဖြစ်စေရန် ဂရုစိုက်ပါ။

‌(၄) ကွန်ကရစ် အချိုးအစားကို သေချာစစ်ဆေးပြီး ဘိလပ်မြေအနှစ် ထွက်မထွက် စောင့်ကြည့်ပြီး အလုပ်နဲ့ လိုက်လျောညီထွေရှိသော ဘိလပ်မြေကိုသာ အသုံးပြုစေပါ။

(၅) ကွန်ကရစ်လောင်းမည့် အချိန်ကို ရာသီဥတု သာယာသောနေ့ကို ရွေးချယ်ပါ။

(၆) လိုချင်သော Grade (M15-20..) အလိုက် မှန်ကန်သော ကွန်ကရစ် အချိုးအစားကို မှန်ကန်အောင် ဂရုစိုက်ပါ။

(၇) ကွန်ကရစ်ဖျော်ရာတွင် ရေပါ၀င်မှု အချိုးအစားနဲ့ ရေဘယ်လောက် ရောနှောသည်ကို စောင့်ကြည့်ပါ။

(၈) ကွန်ကရစ်မလောင်းမီ slump test ကို အရင်စမ်းစစ်ပါ။

(၉) ဖျော်ပြီးသား ကွန်ကရစ်ကို ၁၅ မိနစ် မှ မိနစ်၂၀ အတွင်း လောင်းပြီးသား ဖြစ်နေပါစေ။

(၁၀) ကွန်ကရစ်သိပ်သည်းရန် တုန်ခါစက် သို့မဟုတ် သစ်သားတုတ်ဖြင့် ထောင်းပေးရပါမည်။ ထိုမှသာ လေခိုခြင်း အားကူသံချောင်း သံချေးတက်ခြင်း နဲ့ honey comb ပေါ်ခြင်း နဲ့ အဆောက်အအုံ သက်တမ်း စသည်တို့ကို ထိမ်းချုပ်နိုင်မည်ဖြစ်သည်။

(၁၁) ကွန်ကရစ်လောင်းနေစဉ် formwork ကားသွားခြင်း အပေါက်ဖြစ်နေခြင်း ကွန်ကရစ် ယိုနေခြင်း ရှိ / မ ရှိ သေချာစောင့်ကြည့်ပါ။

(၁၂) ကွန်ကရစ် cover နည်းသွားခြင်း ရှိမရှိ စစ်ဆေးပါ။

(၁၃) ကွန်ကရစ် လောင်းပြီးသည့် အပိုင်းကို မျဉ်းတံရိုက်ရိုက်ပြီး စနစ်တကျ ညှိသွားပါ။

(၁၄) joint နေရာများကို စနစ် တကျပြုလုပ်ပြီး အထူးဂရုစိုက်ပါ။

(၁၅) ကွန်ကရစ် လောင်းပြီးသားနေရာ bleeding ဖြစ်ခြင်းများ ဂရုစိုက်ပါ။

(၁၆) Curing ပြုလုပ်ခြင်း မပေါ့မဆပဲ မိမိကွန်ကရစ် အရည်အသွေး ပြည့်ဝစေရန် အထူး ဂရုစိုက် ဆောင်ရွက်ပါ။

Special Credit & share with civil engineering

=======================

" ုံးမျိုး "
*************************

ကွန်ကရစ်လုပ်ငန်းတွေမှာ joint အဆက်တွေ အနေနှင့် ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့

(1) Construction joint
(2) Expansion joint
(3) Contraction joint တို့ပဲ ဖြစ်ပါတယ်။

တအားကြီး စဉ်းစားနေစရာ မလိုပါဘူး။ သူတို့နာမည်တွေကို ကြည့်ပြီး သူတို့ အဓိပ္ပါယ်တွေကို သိနိုင်ပါတယ်။

(1) Construction joint ဆိုတာက Joint for construction ပေါ့။ #တည်ဆောက်ရေးအတွက်အဆက်။

သံကူကွန်ကရစ် အဆောက်အအုံတွေမှာ column တိုင်တွေကို ကွန်ကရစ် လောင်းပါတယ်။ ပြီးတဲ့အခါ beam and slab ထုတ်နှင့် ကြမ်းခင်းတွေကို ကွန်ကရစ် လောင်းပါတယ်။

အဲဒါကြောင့် တိုင်တွေနှင့် ထုတ်ကြမ်းခင်းတွေရဲ့ construction joint တွေက ထုတ်ကြမ်းခင်း အထက် တိုင်အောက်ခြေနား နှင့် ထုတ်ကြမ်းခင်းအောက်ခြေ တိုင်အထက်နားတို့ ဖြစ်ပါတယ်။

ထုတ်ကြမ်းခင်းတွေကို ကွန်ကရစ် လောင်းတယ်ဆိုရာမှာ တတ်နိုင်ရင် monolithic တစ်သားထဲဖြစ်အောင် တစ်ခါထဲ လောင်းနိုင်တာ အကောင်းဆုံးပါပဲ။

အကြောင်းတစုံတရာ တခုကြောင့် ဥပမာအားဖြင့် ကွန်ကရစ် ဖျော်စက်ပျက်တာ၊ material ပြတ်သွားတာ၊ အချိန်ကာလအားဖြင့် ရှည်ကြာတာ၊ ရာသီဥတုဆိုးဝါးလို့ စသဖြင့် အချိန်တွေမှာ ကွန်ကရစ်လောင်းတာကို ရပ်တန့်ပြီး joint အဆက်နေရာ ထားခဲ့ရပါတယ်။ နောက်မှ ဆက်ပြီး ကွန်ကရစ် လောင်းရပါတယ်။

သဘောတရားအားဖြင့် moment နှင့် shear နည်းတဲ့နေရာကို construction joint ထားတာ ဖြစ်တဲ့အတွက် ထုတ်ကြမ်းခင်းမှာ အကျယ်ရဲ့ ၃ ပုံတပုံလောက်မှာ ထားရမယ်လို့ ဆိုပါတယ်။

(2) Expansion joint ဆိုတာက Joint for expansion ပေါ့။

အဆောက်အအုံများဟာ ရာသီဥတု အခြေအနေနှင့် အချိန်အခါအရ အပြောင်းအလဲမှာ အနည်းနှင့် အများတော့ expansion ပြန့်ကားခြင်း ရှိပါတယ်။

အဆောက်အအုံက သေးရင်တော့ မသိသာပေမယ့် ကြီးမားတဲ့ အဆောက်အအုံတွေမှာ သိတာထင်ရှားပြီး ပျက်စီးထိခိုက်မှု ရှိနိုင်တဲ့အတွက် ကြီးမားရှည်လျားတဲ့ အဆောက်အအုံတွေကို တစ်ဆက်ထဲ မတည်ဆောက်ပဲ တစ်နေရာမှာ expansion joint ပြန့်ကားခြင်း အဆက်ထားပြီး သီးခြားစီ တည်ဆောက်ပါတယ်။

Expansion joint ထားရမယ့် အဆောက်အအုံရဲ့ အရှည်ကို ၃၀မီတာ၊ ၄၅မီတာ စသဖြင့် သတ်မှတ် ထားကြပါတယ်။ expansion joint ဟာ wind လေတိုက်တာ earthquake ငလျင်လှုပ်တာတွေကြောင့် ဖြစ်တဲ့ အဆောက်အအုံရဲ့ လှုပ်ရှားမှုကိုပါ ဖြေလျော့ပေးပါတယ်။

(3) Contraction joint ဆိုတာက Joint for contraction ပေါ့။

ကွန်ကရစ် slab တွေ လောင်းတဲ့အခါ အထူးသဖြင့် pavement လမ်းတွေမှာ ကွန်ကရစ်ရဲ့ သဘောက နေဒါဏ်၊ မိုးဒါဏ်လို ရာသီဥတု အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး ပြန့်ကားခြင်း သာမက contraction ကျုံ့ခြင်းလည်း ရှိပါတယ်။

ကျုံ့ခြင်းကြောင့် ကွန်ကရစ် မျက်နှာပြင်တွေ ကွဲအက်နိုင်ပါတယ်။ အဲဒါကြောင့် မျက်နှာပြင်အနက် ကွန်ကရစ်ဒုရဲ့ ၁/၄ သို့မဟုတ် ၁/၃ နှင့် တခုနှင့်တခု အကွာအဝေးအားဖြင့် ၃.၁ မီတာကနေ ၁၅ မီတာအထိမှာ Contraction joint တွေ ဖြတ်ထားပေးရပါတယ်။

Joint ဖြတ်ရာမှာ ကွန်ကရစ် လောင်းစဉ်ကတည်းက ပုံစံဆင်လောင်းတာ ရှိသလို လောင်းပြီးမှ ကွန်ကရစ်ဖြတ်လွှစက်နှင့် ဖြတ်တာ ရှိပါတယ်။

Joint ထဲကို မိုးရေနှင့် မလိုလားအပ်တဲ့ အရာတွေ မ၀င်အောင် ကတ္တရာလို ပစ္စည်းနှင့် seal လုပ်ပေးရပါတယ်။

နေဒါဏ်၊ မိုးဒါဏ် ခံရတဲ့ pavement လို လမ်းကို Contraction Joint ဖြတ်ပေမယ့် အဆောက်အအုံအတွင်းက ကြမ်းခင်း slab ကို ဖြတ်စရာ မလိုပါ။

=======================

" "
*****************

ကွန်ကရစ်တိုင်၊ ထုတ်၊ ကြမ်းခင်းတွေ လောင်းပြီး Formwork တွေ ခွာလိုက်တဲ့အခါ ကွန်ကရစ်မှာ လေခိုနေတဲ့ အပေါက်အပေါက်တွေ တွေ့ရတတ်ပါတယ်။ အဲဒါကို Honeycomb လို့ ခေါ်ပါတယ်။

ကွန်ကရစ်ရဲ့ ဘေးမျက်နှာပြင်က Honeycomb တွေကတော့ မျက်စိနှင့် မြင်နိုင်ပေမယ့် အတွင်းက Honeycomb တွေကိုတော့ မမြင်နိုင်ပါဘူး။

အဆင့်မြင့်စမ်းသပ်တဲ့ ကရိယာတွေနှင့်မှ သိနိုင်ပါမယ်။ ကွန်ကရစ်လောင်းချိန်မှာ ကွန်ကရစ်သား နေရာစုံကို သေသေချာချာ ပြန့်နှံ့မှု မရှိတဲ့အတွက် Consolidation အားနည်းပြီး လေခိုကာ Honeycomb တွေ ဖြစ်လာတာပါ။

Honeycomb ဖြစ်စေတဲ့ အကြာင်းတွေကတော့

(1) Improper vibration during concrete

ကွန်ကရစ်လောင်းချိန်မှာ တုန်ခါစက် သုံးစွဲမှု မမှန်ကန်တာ၊ အားနည်းတာပါ။

(2) Less cover to reinforcement bars

သံချောင်းနှင့် Formwork ကြားက Cover နည်းရင်လဲ ကွန်ကရစ်ပြန့်နှံ့မှု အားနည်းပြီး လေခိုကာ Honeycomb ဖြစ်နိုင်ပါတယ်။

(3) Use of very stiff concrete

ကွန်ကရစ်က w/c ratio နည်းလို့ stiff ဖြစ်ပြီး workability မကောင်းတာပါ။ Slumptest နှင့် control လုပ်နိုင်ပါတယ်။

(4) Jugling reinforcement of beam and columns

တိုင်နှင့်ထုတ်တွေ ဆုံတဲ့နေရာတွေမှာ သံချောင်းတွေကို ရှုပ်ပွနေအောင် ဆင်ထားတာပါ။ အဲဒီနေရာတွေမှာ တုန်ခါစက် ဂရုတစိုက် မသုံးပါက Honeycomb အတွေ့ရ များတတ်ပါတယ်။

(5) Presence of more bigger size of aggregate in concrete

ကျောက်အရွယ်အစားကြီးရင်လဲ သံချောင်းတွေကြား ပိတ်ဆို့ပြီး ကွန်ကရစ်သားပြန့်နှံ့မှုကို တားဆီးပါမယ်။

=======================

" & ****or "
***********************

၁။ ဒီခေတ်မှာ၊ ready mix concrete ကို၊ batching plant က၊ မှာယူတဲ့အခါ၊ မိမိလိုချင်တဲ့ slump နဲ့ strength ကို၊ တွဲရက်၊ မှာယူလို့ ရပါတယ်။ အဲဒီလို၊ concrete မျိုးဟာ၊ slump များတိုင်းလည်း၊ strength မကျပါဘူး။

၂။ 150 mm နဲ့အထက်၊ slump ကို အသုံးပြုမယ်ဆိုရင်တော့၊ vi****or အထိုးများရင်၊ Honeycomb ဖြစ်တတ်ပါတယ်။

၃။ ကွန်ကရစ် အရမ်းမာတဲ့အခါ၊ vi****or အထိုး နဲရင်လည်း၊ Honeycone ဖြစ်တပ်ပါတယ်။

၄။ သံကြပ်တဲ့နေရာတွေ၊ ဂျောင်ကြို ၊ ဂျောင်ကြားတွေကို၊ ဦးစွာ၊ သေသေချာချာ၊ ကျကျနန၊ ကွန်ကရစ်လောင်းခြင်း၊ Vi****or ထိုးခြင်း၊ မပြုခဲ့ရင်လည်း၊ Honeycone ဖြစ်တပ်ပါတယ်။

၅။ Honeycomb မဖြစ်အောင်လို့၊ ကွန်ကရစ်ပျော့ပျော့ မှာသော်လည်း၊ kicker တွေမှာ၊ ပေါ့ပေါ့လျော့လျော့၊ ပြုလုပ်တဲ့အခါ၊ Honeycone ဖြစ်တတ်ပါတယ်။

၆။ ကွန်ကရစ်ပျော့ပျော့ မှာထားသော်လည်း၊ Formwork က၊ ရေစုတ်သွားလို့၊ နေပူလို့၊ လေတိုက်လို့၊ ဆိုရင်လည်း၊ ကွန်ကရစ်ဟာ၊ မာသွားပြန်ပါတယ်။

၇။ ကိုယ့်လက်အောက် အင်ဂျင်နီယာတွေဟာ၊ ပေါ့ပေါ့လျော့လျော့၊ လုပ်တတ်သူတွေ ဖြစ်နေမယ်။ အတွေ့အကြုံ နုနယ်နေမယ်ဆိုရင်၊ ကွန်ကရစ်ပျောပျော့၊ မှာရပြန်ပါတယ်။

၈။ အလုပ်သမားတွေ၊ sub-con engineer တွေကလည်း၊ strong မဖြစ်ဘူး၊ ပေါ့ပေါ့လျော့လျော့သမားတွေ၊ ဖြစ်နေမယ်၊ ဆိုရင်လည်း၊ ကွန်ကရစ်ပျောပျော့၊ မှာရပြန်ပါတယ်။

၉။ ကွန်ကရစ်မီတာကျုများတာကို၊ တကြိမ်တည်း အပြီးလောင်းတဲ့အခါ၊ လူနဲ့ pump ကို၊ ၇-နာရီနဲ့ ပြီးအောင်၊ မဆောင်ရွက်နိုင်သောကြောင့်၊ ပါဝင်ဆောင်ရွက်သူအားလုံး၊ ပင်ပန်းပြီးတော့၊ အချိန်တွေ ကြာညောင်းလာလို့လည်း၊ Honeycomb ဖြစ်တတ်ပြန်ပါတယ်။

အထက်ပါ၊ အချက်အလက်တွေကို၊ စဉ်းစားပြီးတော့မှ၊ အောက်ကဇယားကို၊ ဖတ်ပြီးတော့၊ ဇယားကို၊ အပိုဆောင်းပြီး၊ မိမိလိုချင်တဲ့ strength နဲ့၊ မိမိလိုချင်တဲ့ slump ကို၊ မှာကြား၊ အသုံးပြုရမှာ၊ ဖြစ်ပါကြောင်း၊ … ။

ဥပဒေသ။ ။ ကွန်ကရစ်ပျော့ပျော့ကို၊ အသုံးပြုသော်လည်း၊ ကြွက်ကိုက်သလို၊ ကြွက်တွင်းလို၊ ဖြစ်တတ်သည်။

=======================

" ကွန်ကရစ် Slab သွန်းလောင်းရာတွင်၊ လိုက်နာအပ်သော၊ အကြံပြုချက်များ။ "

(၁) #ပစ္စည်းကောင်းကို၊ သုံးပါ။

ကွန်ကရစ်သွန်းလောင်းရာတွင်

၁။ ဘိလပ်မြေ
၂။ ကျောက်စရစ်
၃။ သဲ
၄။ သံချောင်း
၅။ သွတ်နန်းကြိုး
၆။ ရေ
၇။ ပုံစံခွက်_ ဆိုပြီး၊

ပစ္စည်း (၇)မျိုးနဲ့၊ ထိတွေ့ရပါတယ်။

👉 အဲဒီအခါ၊ ၃လထက်မနဲ၊ သိုလှောင်ထားတဲ့ ဘိလပ်မြေကို၊ သုံးစွဲခြင်း။

👉 ဘိလပ်မြေအခဲတွေကို၊ ထုချေသုံးစွဲခြင်း။

👉 အရွယ်အစားကြီးသော ကျောက်စရစ်များ၊ နုံးပါသော ကျောက်စရစ်များ၊ သဲများကို၊ ဒီအတိုင်းအသုံးပြုခြင်း။

👉 သံချေး အလွန်အကျွံတက်နေသော၊ strength မကောင်းသော၊ သံချောင်းများ၊ သုံးစွဲခြင်း။

👉 မသန့်ရှင်းသော ရေများ၊ ရေငံများ၊ သုံးစွဲခြင်း။

👉 ပုံစံခွက်များ၊ ထောက်များ၊ ငြမ်းများစံနစ်တကျ ၊ မစီမံခြင်း။

တို့သည်၊ ကောင်းမွန်သော၊ ကွန်ကရစ်ကို၊ ရရှိစေမည့်၊ နည်းလမ်းများ၊ မဟုတ်ပါ။

(၂) #လုပ်ငန်းစဉ်၃ရပ်

ကွန်ကရစ်သွန်းလောင်းသော လုပ်ငန်းတွင်၊ လုပ်ငန်းစဉ်ကြီး၊ ၃ရပ်ပါဝင်ပါသည်။

၄င်းတို့မှာ၊

👉 ပုံစံခွက်၊ ထောက်၊ ငြမ်း၊ လုပ်ငန်း။

👉 သံဖြတ်၊ကွေး၊ချီ လုပ်ငန်း။ နှင့်၊

👉 ကွန်ကရစ်၊ သွန်းလောင်းသော၊

လုပ်ငန်းတို့၊ ဖြစ်ကြပါသည်။

(၃) ပုံစံခွက်၊ထောက်၊ငြမ်း၊လုပ်ငန်း။
ပုံစံခွက်သည်

👉 တည်နေရာ။ မှန်ကန်ရမည်။
👉 အတိုင်းအတာ၊ မှန်ကန်ရမည်။
👉 ကြံ့ခိုင်မှု၊ ရှိရမည်။
👉 ရေလုံရမည်။

(၄) သံဆင်ခြင်းလုပ်ငန်း။

၄-၁။ deform bar သည်၊ bond strength တက်လာသောကြောင့်၊ plain bar ထက်ပိုပြီး၊ tension strength ရော၊ compression strength ပါ၊ တက်လာပါသည်။ (test strength ထက်၊ ပိုတက်လာသည်၊ဟူလို)။ ထို့ကြောင့်၊ deform bar ကို၊ အသုံးပြု ပါ။

၄-၂။ သံ spacing ကို၊ design အတိုင်းဆင်ပါ။

၄-၃။ သံကို၊ တဆက်တည်းဆင်နိုင်ပါက၊ အကောင်းဆုံးဖြစ်ပါသည်။ ဆက်ရန်လိုပါက၊ design အတိုင်း၊ ဆက်ရပါမည်။

(၅) ကွန်ကရစ်လောင်းခြင်းလုပ်ငန်း။

၅-၁။ စစ်ဆေးခြင်း။

👉 ကွန်ကရစ်မလောင်းမီ၊ formwork ၏၊
Line
Level
Strength
၃မျိုးကို၊ စစ်ဆေးပါ။

👉 ကွန်ကရစ်မလောင်းမီ၊ သံချောင်း၏၊
Bending
Binding
Overlap
Spacing
Size
၅ မျိုးကို စစ်ဆေးပါ။

(၅-၂) MEP engineer လုပ်ငန်းများ၊ မကျွင်းကျန်အောင်၊ သတိပြုပါ။

(၅-၃) bottom bar ရဲ့၊ အောက်ထဲကို၊ ကွန်ကရစ်၊ ပျံ့ပျံ့နှံ့နှံ့ဝင်အောင်၊ အရင်လောင်းပါ။

(၅-၄) rebar တွေပေါ်မှာ၊ လူလမ်းလျှောက်လို့ရအောင်၊ walk-way ခင်းပါ။

(၅-၅) RC concrete လောင်းတဲ့အခါ၊ စက်နဲ့ဖျော်ပါ။ 1:2:4 ထက်၊ မလျော့ပါစေနဲ့။

(၅-၆) vi****or သုံးပါ။

(၅-၇) slab ထုမှန်အောင်၊ level ညီအောင်၊ လောင်းပါ။

(၅-၈) ရေ ၂၈-ရက်ဖြန်းပါ။ အနဲဆုံး (၇)ရက်ဖြန်းပါ။
=======================

" of Concrete "
**************************

အရည်အသွေး ပြည့်ဝတဲ့ ကွန်ကရစ်ရဖို့ အရောအနှောထဲမှာရှိနေတဲ့ entrapped air ( ခိုနေတဲ့လေ) တွေ ကို reduce လုပ်ဖို့ နှံ့နှ့ံစပ်စပ် သိပ်သည်းအောင် လုပ်ဖို့လိုပါတယ်။

သေးငယ်တဲ့ အလုပ်တွေမှာတော့ consolidation ဖြစ်အောင် concrete ကို ramming (သို့) tamping လုပ်ဖို့တော့လိုပါတယ်။

လုပ်ငန်းကြီးတွေမှာတော့ Consolidate ဖြစ်အောင် vi****or သုံးရပါလိမ့်မယ်။ အသုံးပြုတဲ့ပုံစံပေါ် မူတည်ပြီး vi****or အမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။

Construction site တွေမှာတော့ internal vi****or တွေဟာ အသုံးအများဆုံးပဲ ဖြစ်ပါတယ်။

" "
**********************

Curing ဆိုတာကတော့ Concrete ထဲမှာရှိနေတဲ့ Moisture content နဲ့ အပူချိန်ကို သတ်မှတ်ထားတဲ့ အချိန် တခုအထိ ထိမ်းထားနိုင်မှုပဲ ဖြစ်ပါတယ်။

Cement hydration ဆိုတာကတော့ ရေရှည် process တခုပဲ ဖြစ်ပါတယ်။ဒီ process မှာ ရေလိုအပ်မယ်။ သင့်တော်မယ့် အပူချိန်လည်း ရှိရပါမယ်။

Curing ဆိုတာကတော့ ဆက်တိုက် hydration ဖြစ်နေဖို့ပါပဲ။ ဒါမှသာ လိုအပ်တဲ့ strength ကို ရရှိနိုင်ပါလိမ့်မယ်။

Curing ရပ်သွားပြီ ဆိုလို့ကတော့ concrete လည်း dries out ဖြစ်သွားပြီး strength လည်း ကျလာပါလိမ့်မယ်။

Concrete ကို curing မလုပ်နိုင်ပါက air (လေ ထု) ထဲမှာ အခြောက်သွေ့ခံ ထားလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ ဆက်တိုက် curing လုပ်ထားတဲ့ concrete ရဲ့ strength ရဲ့ 50 % လောက်သာရနိုင်ပါလိမ့်မယ်။

3 ရက် လောက် Cured လုပ်ထားနိုင်ပြီဆိုရင် 60% strength ရပါပြီ။

7 ရက်ဆိုရင်တော့ 80% လောက်ထိတော့ တက်လာပါလိမ့်မယ်။

အပူချိန် တိုးလာတာဟာ concrete ရဲ့ rate of hydration ကို တိုးလာစေသလို strength ကိုလည်း တိုးတက်လာစေပါတယ်။ အပူချိန် 10 degree C အောက်ဆိုရင်တော့ hydration အတွက် မသင့်တော်ပေ။

=======================

" #ကွန်ကရစ်လုပ်ငန်း "
*******************

၁။ အဆောက်အဦး၏ အစိတ်အပိုင်း တခုအား ကွန်ကရစ်လောင်းရန် အသင့်ပြင်ဆင်ပြီးသည့်အခါ Site engineer or စီမံကိန်း အင်ဂျင်နီယာသည် ကွန်ကရစ် လောင်းရန်အတွက်

👉 ကွန်ကရစ် အမျိုးအစား အရည်အသွေး
👉 ကွန်ကရိလောင်းမည့်ပမာဏ
👉 လောင်းမည့်နည်းစနစ်
👉 လူအင်အားနှင့် စက်ပစ္စည်း၊ စက်ယန္တရား အရေအတွက်
👉 အချောသတ်အမျိုးအစားနှင့် အရည်အသွေး
👉 ရာသီဥတု၊ မိုးလေ ကင်းလွတ်နိုင်သည့် ကာလ
👉 ယာဉ်အဝင်အထွက် လမ်းကြောင်း

စသည်တို့ပေါ်တွင် တွက်ချက်ဆုံးဖြတ်ပြီး သင့်တင့်သော ဧရိယာကိုပိုင်းခြား၍ ကွန်ကရစ်လောင်းနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

၂။ ကွန်ကရိလောင်းရာတွင် Vi****or အရေအတွက် လုံလောက်စွာထားရှိပြီး ကွန်ကရိလောင်းလိုက်သည့် နေရာတိုင်း၌ တုန်ခါမှုဖြစ်စေရန် Vi****or ထိုးပေးရမည်။

၃။ ကွန်ကရိလောင်းနေစဉ် Vi****or ပျက်သွားပါက အစားထိုးနိုင်ရန် အရံ Vi****or များစီစဉ်ထားရမည်။

၄။ ကွန်ကရိလောင်းနေစဉ် batching plant ပျက်ခြင်း၊ pump ပျက်ခြင်းနှင့် အခြားအဟန့်အတားများ ဖြစ်ပေါ်လာပါက လုပ်ငန်းကို သေသပ်သော construction joint နှင့် အဆုံးသတ်နိုင်ရေးအတွက် အစီအမံများ ပြုလုပ်ထားရမည်။

၅။ ကွန်ကရိနံရံများ၊ တိုင်များ၊ ထု ထူသော foundation slab များအား ကွန်ကရိလောင်းရာတွင် တစ်လွှာလျှင် ၁၈ လက်မထုထက် မပိုသော အလွှာလိုက် လောင်းပြီးတိုင်း vi****or ကို ထိုအလွှာကျော်သည်အထိ နစ်အောင်ထိုးရမည်။

ကွန်ကရိလောင်းသည့် အခါတိုင်းတွင်
ကွန်ကရိကားတိုင်း၏

👉 ကြန္ကရိ slump ပမာဏ
👉 batching plant မှ စထွက်သည့် အချိန်၊
👉 လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အချိန်
👉 စတင် သွန်းလောင်းချိန်၊
👉 ပြီးစီးချိန် နှင့်
👉 ထိုကားမှကွန်ကရိသည် ခန့်မှန်းအားဖြင့် မည်သည့်နေရာတွင် ရောက်သည်တို့ကို လည်းကောင်း မှတ်တမ်း တင်ထားရမည်။

CQHP guideline နှင့်အညီ နမူနာကွန်ကရိများယူ၍ ပုံစံတုံးများ ရယူထားပြီးလျှင် သတ်မှတ်ရက်များ၌ သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွင် ဖိအား ခံနိုင်အားကို စမ်းသပ်ရမည်။ ။

=========================


*******************

Site တချို့မှာ Concrete Curing ကွန်ကရစ် အသားနှပ်ခြင်း အားနည်းတာကို တွေ့ရပါတယ်။

Curing ဆိုတာက ရောစပ်ပြီး သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်ရဲ့ ဖြစ်တည်မှု အဆင့်တိုင်းမှာ သတ်မှတ် အချိန်အတိုင်းအတာအတွင်း လိုအပ်တဲ့ Moisture စိုထိုင်းဆနှင့် Temperature အပူချိန်ကို ထိန်းသိမ်းပေးတာကို ပြောတာပါ။

Concrete curing နည်းလမ်းတွေက

(1) Spraying of water

နံရံတွေ၊ တိုင်တွေ၊ ပလာစတာ ကိုင်ထားတဲ့ မျက်နှာပြင်တွေကို ရေပိုက်နှင့် ဖျန်းပေးပြီး Curing လုပ်နိုင်ပါတယ်။

(2) Covering the surface with wet gunny bags, straw etc.

ရေဆွတ်ထားတဲ့ ဂုန်နီအိတ်၊ ကောက်ရိုး စတာတွေနှင့် ဖုန်းအုပ်ပြီး Curing လုပ်နိုင်ပါတယ်။ မျက်နှာပြင်ကို ရေလောင်းပြီး ပလပ်စတစ်တွေနှင့်လဲ အုပ်ပါတယ်။

(3) Ponding

ကြမ်းခင်းမျက်နှာပြင်တွေရဲ့ ဘေးပတ်ပတ်လည်မှာ ၂၅မမ ကနေ ၅၀မမ လောက် မဆလာလေးနှင့် ယာယီပတ်ပြီး ရေကန်လေးသဖွယ် ရေထည့်ထားတာပါ။ အုတ် တလွှာလောက် ယာယီစီတာမျိုးလဲ တွေ့ရပါတယ်။

(4) Steam curing

Pre-cast ကွန်ကရစ် အစိပ်အပိုင်းတွေကို အလုံပိတ် အခန်းထဲမှာ ရေနွေးငွေ့နှင့် curing လုပ်လို့ရပါတယ်။

(5) Application of Curing Compound

ကယ်စီယမ်ကလိုရိုက်လို Compound တခုကို ကွန်ကရစ်မျက်နှာပြင်မှာ လိမ်းပေးလို့ ရပါတယ်။ Compound က စိုထိုင်းစကို ထိန်းပြီး မျက်နှာပြင်မှာ တွဲကပ်နေမှာပါ။

ဒီမှာကတော့ အမှတ် (1) (2) (3) လောက်ပဲ လုပ်ကြမယ် ထင်ပါတယ်။
စစခြင်းနေ့တွေရဲ့ Curing က ပိုအရေးကြီးပါတယ်။ ပုံမှန်အားဖြင့် ၁၄ရက် Curing လုပ်ရမယ်လို့ ဆိုပါတယ်။ နောက်ဆုံးထုတ် Analysis of Rates စာအုပ်မှာ Curing Work for 14 Days ဆိုပြီး ပါပါတယ်။

ဒါပေမယ့် ပိုလုပ်နိုင်လေ ပိုကောင်းလေ လို့ ဆိုထားပါတယ်။ ဒီမှာကတော့ ၁၄ ရက်မပြောနှင့် ပထမ တရက် နှစ်ရက်လောက်ပဲ ရေလောင်းပြီး နောက်ရက်တွေ ကော်လံတိုင်တွေ ထောင်ထောင်နေကြလို့ at least minimum 7 days မို့ တပတ်လောက်တော့ ရေလောင်းပေးကြပါကွယ် ဆိုပြီး တောင်းတောင်းပန်ပန်နှင့် ပြောနေရပါတယ်။

Curing ကောင်းကောင်း မလုပ်ထားတဲ့ ကွန်ကရစ်ရဲ့ strength ကျပါမယ်။ Shrinkage တွေကြောင့် Crack တွေပေါ်နိုင်ပါတယ်။ ကွန်ကရစ်ရဲ့ Durability အကြမ်းခံမှု၊ တာရှည်ခံမှု လျော့နည်းစေပါတယ်။

Ref; Basic Civil Engineering by S.S. Bhavikatti ,
မူးရင်းရေးသားသူအား လေးစားဂါဝရပြုပါသည်။

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်...
13/09/2023

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဈ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ် / အောက်ကူးရန်)

၃။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

၄။ မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၅။ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၆။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ

၇။ ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြံပြုချက် စသည်တို့ဖြစ်ပါသည်။

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆို

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) လမ်းအတွင်း ၄ထပ်နှင့်အထက် အဆောက်အအုံမရှိပါက အဆိုပြုအဆာက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက်(၃)ဦး၊ နောက်ဘက်(၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရန်

(ဆ) စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဘေးပတ်ဝန်းကျင်ရှိ မြေကွက ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက် (၃)ဦး၊ နောက်ဘက်(၃)ဦး ၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်တင်ပြရန်

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဈ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ည) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်

(ဋ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်(ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ဌ) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်း တွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊မြေရာဇဝင် မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map)မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက်(Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော Foundation Plan ပါဝင်သည့် အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ ပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း(၂)စုံနှင့် Soft Copy ၊ CD

၉။ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံခိုင်ခံမှုဆိုင်ရာ တွက်ချက်မှုပုံစံ(၁)စုံ

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံ(A3 Size)

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်

၁၂။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ မိလ္လာကန်တည်ဆောက်ရန် ခွင့်ပြုမိန့်(သို့မဟုတ်) သဘောထား စသည်တို့ဖြစ်ပါသည်။

(၉)ထပ်နှင့်အထက် အဆောက်အအုံများဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ

(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးပတ်ဝန်းကျင်ရှိ ထိစပ်မြေကွက်ပိုင်ရှင်များအပါအဝင် အနည်းဆုံး မြေကွက် (၁၀)ကွက်မှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက် တင်ပြရန် (ဘေးဝဲ/ယာ (၂)ကွက်စီ၊ ရှေ့/နောက် (၃)ကွက်စီ ဖြင့် စုစုပေါင်း (၁၀)ကွက်၏ ထောက်ခံချက်)

(စ) အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဇ) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်းမြေရှင်မှတင်ပြရန်

(ဈ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ည) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင်မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map) မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက် (Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း (၂) စုံနှင့် Soft Copy

၉။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ တွက်ချက်တင်ပြထားသည့် Structural Calculation (၂)စုံ၊ M & E Calculation (၂)စုံနှင့် Soft Copy

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ တွက်ချက်ရေးဆွဲထားသည့် Architectural Drawing (၄)စုံ၊ M & E Drawing(၄)စုံ၊ Pile Foundation ဖြစ်ပါက Pile Load Test (Method of Statement) (၄)စုံ

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်စသည်တို့ဖြစ်ပါသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ခြင်းအတွက် ပုံစံစစ်ဆေးခများမှာ မိသားစုလုံးချင်းနေအိမ်/ဘာသာရေးဆိုင်ရာ/ဌာနဆိုင်ရာအဆောက်အအုံများဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၅၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၃၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၂၅ကျပ်) ဖြစ်ပြီး၊ အများသုံးလူနေ/စီးပွားရေးသုံးအဆောက်အအုံများ ဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၈၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၈၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၈၅ကျပ်)ဖြင့် ပေးဆောင်ရမှာဖြစ်ပါသည်။

(၃)ထပ်နှင့်အောက်အဆောက်အဦဆိုလျှင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင်လျှောက်ထားနိုင်ပြီး (၄) ထပ်မှစ၍ အထပ်မြင့်များကို မြို့တော်ခန်းမ၊ အဆောက်အအုံဌာနတွင် အမှုတွဲဖွင့်လှစ်လျှောက်ထားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။

Credit to original writer✍️



“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ” ( #အိမ်ဆောက်နည်းအခြေခံသဘောတရားများ)▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪မြေကြီးပုံသည့်အခါ တူးသည့်က...
13/09/2023

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”
( #အိမ်ဆောက်နည်းအခြေခံသဘောတရားများ)
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ 𝟐ပေ 𝟑 ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် 𝟔 လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

* အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ
တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် 𝟑ပေ𝟒ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။
အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ( 𝟑. 𝟒. 𝟓 )
( 𝟔 .𝟖 .𝟏𝟎 ) ( 𝟏𝟓 . 𝟐𝟎 . 𝟐𝟓 ) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (𝟕)ပေအမြင့်ရှိသော ၊ (𝟕)ပေထက်ကျော်သော 𝐒𝐥𝐚𝐛ဆိုလျှင်
အနည်းဆုံး(𝟏𝟎)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* 𝐒𝐥𝐚𝐛လောင်းပြီး ( 𝟐 ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* 𝐒𝐥𝐚𝐛အပြင်သို့ အဝဲထုတ်သည့်အခါ 𝐒𝐥𝐚𝐛၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (𝟓) ဆ (𝟏) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို
သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(𝟎.𝟓)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(𝟒)ရာခိုင်နှုန်းကျဆင်းမည်။

ထို့အတူရေ၌ရိုးရိုးဆား(𝟓)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(𝟑𝟎)ရာခိုင်နှုန်းကျဆင်းပေမည်။
#အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(𝟑)ကြိမ်
(𝟕)ရက်အထိ ရေဖြန်းပေးရပါသည်။

#အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(𝟑)ပေသာစီပြီး𝐃.𝐏.𝐂(𝐃𝐚𝐦𝐩 𝐏𝐫𝐨𝐨𝐟 𝐂𝐨𝐮𝐫𝐬𝐞)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

#ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (𝟑)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (𝟐) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

#သံကိုဖြတ်တောက်သည့်အခါ (𝟒𝟓) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( 𝟐)လက်မပိုဖြတ်ရမည်။(𝟗𝟎)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (𝟗)လက်မပိုဖြတ်ရမည်။ (𝟏𝟑𝟓) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(𝟏𝟒)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။𝐑.𝐂 𝐜𝐨𝐥𝐮𝐦𝐧 သံနှင့် 𝐁𝐞𝐚𝐦 သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

#တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

#အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

#အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (𝟒)ပေလျော့နည်းရမည်။

#လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. 𝟏 . 𝟒 . 𝟕 . 𝟏𝟎
မရဏ. 𝟐 . 𝟓 . 𝟖 . 𝟏𝟐
လာဘ. 𝟑 . 𝟔 . 𝟗 . 𝟏𝟐
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော 𝟐 . 𝟓 . 𝟖 . 𝟏𝟏
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး 𝐋𝐚𝐧𝐝𝐢𝐧𝐠 သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

#နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက 𝐬𝐩𝐨𝐭ရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

#ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ 𝐜𝐨𝐧𝐜𝐫𝐞𝐭𝐞 မလောင်းမီ 𝐋𝐞𝐯𝐞𝐥 ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞လောင်းချိန်𝐯𝐢𝐛𝐫𝐚𝐭𝐨𝐫 အသုံးပြုရာတွင်𝐫𝐨𝐝တံကိုတည့်မတ်စွာထိုးရပါမည်။𝐑𝐨𝐝 တံကိုပြန်ထုတ်သည့်အခါ𝐑𝐨𝐝 တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။

𝐑𝐨𝐝 တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(𝟏𝟓)စက္ကန့်မှအများဆုံး(𝟐𝟓)စက္ကန့်ထက်မကျော်စေရ။
𝐑𝐨𝐝 တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

𝐑𝐨𝐝 တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

#သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (𝟒𝟎𝐃)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 𝐑𝐂 𝐂𝐨𝐥𝐮𝐦𝐧 တိုင်လောင်းရာတွင်တစ်နေ့(𝟏𝟐') အမြင့်ထိသာ လောင်းသင့်ပါသည်။

#အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 𝟏𝐦^𝟑လျှင် 𝟑𝟓.𝟑𝟐𝐟𝐭^𝟑 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×𝟔.𝟐𝟓နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို𝟒.𝟓𝟒နှင့်မြှောက်ရပါမည်။

*(𝟖"×𝟖")ကြွေပြားတစ်ကျင်းလျှင်𝟐𝟐𝟓ချပ်
(𝟖"×𝟏𝟐")ကြွေပြားတစ်ကျင်းလျှင်𝟏𝟓𝟎ချပ်
(𝟏𝟐"×𝟏𝟐")ကြွေပြားတစ်ကျင်းလျှင်𝟏𝟎𝟎ချပ်
(𝟏 '×𝟐')ကြွေပြားတစ်ကျင်းလျှင်𝟓𝟎ချပ်
(𝟐 '×𝟐 ')ကြွေပြားတစ်ကျင်းလျှင်𝟐𝟓ချပ်

#သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(𝟏𝟐"×𝟏")=𝟔𝟎𝟎'
(𝟏𝟏"×𝟏")=𝟔𝟓𝟓'
(𝟏𝟎"×𝟏")=𝟕𝟐𝟎'
(𝟗"×𝟏")=𝟖𝟎𝟎'
(𝟖"×𝟏")=𝟗𝟎𝟎'
(𝟕"×𝟏")=𝟏𝟎𝟐𝟗'
(𝟔"×𝟏")=𝟏𝟐𝟎𝟎'
(𝟓"×𝟏")=𝟏𝟒𝟒𝟎'
(𝟒"×𝟏")=𝟏𝟖𝟎𝟎'
(𝟑"×𝟏")=𝟐𝟒𝟎𝟎'
(𝟐"×𝟏")=𝟑𝟔𝟎𝟎'
(𝟏"×𝟏")=𝟕𝟐𝟎𝟎'
(𝟐"×𝟏-𝟏/𝟐")=𝟕𝟐𝟎𝟎 '
(𝟑"×𝟏-𝟏/𝟐")=𝟏𝟔𝟎𝟎 '
(𝟔"×𝟔")=𝟐𝟎𝟎 '
( 𝟑"×𝟑")=𝟖𝟎𝟎 '
(𝟑"×𝟐")=𝟏𝟐𝟎𝟎 '
(𝟒"×𝟒")=𝟒𝟓𝟎 '
(𝟒"×𝟐")=𝟗𝟎𝟎 '
(𝟒"×𝟏-𝟏/𝟐")=𝟏𝟐𝟎𝟎 '
(𝟓"×𝟓")=𝟐𝟖𝟖 '
(𝟓"×𝟑")=𝟒𝟖𝟎 '
(𝟓"×𝟐")=𝟕𝟐𝟎 '
(𝟔"×𝟐")=𝟔𝟎𝟎 '
(𝟔"×𝟏-𝟏/𝟐")=𝟐𝟒𝟎𝟎 '

𝟏𝐓𝐨𝐧 တွင်ရှိသော #သံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်𝟏𝟐𝐦𝐦=𝟒𝟎𝐟𝐭
𝟔.𝟓𝐦𝐦=𝟎.𝟐𝟔𝐤𝐠/𝐦
𝟏𝐭𝐨𝐧=𝟑𝟖𝟑𝟒𝐦
𝟏 𝐯𝐢𝐬𝐬 = 𝟐𝟎.𝟐𝟐=𝟐𝟎'-𝟑"

𝟖𝐦𝐦=𝟎.𝟑𝟗𝟓𝐤𝐠/𝐦
𝟏𝐭𝐨𝐧=𝟐𝟓𝟑𝟏𝐦
𝟏 𝐯𝐢𝐬𝐬 = 𝟏𝟑.𝟑𝟓=𝟏𝟑'-𝟒"

𝟏𝟎𝐦𝐦=𝟏𝟑𝟓 ချောင်း
𝟏𝟐𝐦𝐦=𝟖𝟖 ချောင်း
𝟏𝟔𝐦𝐦=𝟓𝟑 ချောင်း
𝟏𝟖𝐦𝐦=𝟒𝟏 ချောင်း
𝟐𝟎𝐦𝐦=𝟑𝟑 ချောင်း
𝟐𝟐𝐦𝐦=𝟐𝟕 ချောင်း
𝟐𝟓𝐦𝐦=𝟐𝟏 ချောင်း
𝟏𝐦=𝟑.𝟐𝟖𝐟𝐭
𝟏 𝐢𝐧𝐜𝐡=𝟐𝟓.𝟒𝐦𝐦
𝟏𝐦^𝟑=𝟑𝟓.𝟑𝟐𝐟𝐭^𝟑
𝐖𝐚𝐭𝐞𝐫 𝟏𝐟𝐭^𝟑=𝟔𝟐.𝟒 𝐥𝐛
𝐖𝐚𝐭𝐞𝐫 𝟏𝐟𝐭^𝟑=𝟔𝟐𝟒 𝐆𝐚𝐥
𝐖𝐚𝐭𝐞𝐫 𝟏 𝐆𝐚𝐥=𝟏𝟎𝐥𝐛
𝐖𝐚𝐭𝐞𝐫 𝟏 𝐆𝐚𝐥=𝟒.𝟓𝟒 𝐋𝐢𝐭𝐞𝐫
𝟏 𝐓𝐨𝐧 = 𝟐𝟐𝟒𝟎 𝐋𝐛
𝟏 𝐀𝐜𝐫𝐞-𝐟𝐭=𝟏𝟐𝟑𝟒𝐦^𝟑
𝟏 𝐀𝐜𝐫𝐞=𝟎.𝟒𝟎𝟓 𝐡𝐞𝐜𝐭𝐚𝐫𝐞𝐬
𝟏 𝐦𝐞𝐭𝐞𝐫= 𝟑.𝟐𝟖𝟏 𝐟𝐞𝐞𝐭
𝟏 𝐤𝐦= 𝟎.𝟔𝟐𝟏 𝐌𝐢𝐥𝐞
𝟏 𝐬𝐪 𝐦𝐢𝐥𝐞 =𝟐.𝟓𝟗 𝐬𝐪 𝐤𝐦

တစ်ဧကလျှင် 𝟐𝟎𝟖.𝟕𝟏 𝐟𝐭 ပတ်လည်ရှိသည်။
တစ်ဧက=𝟒𝟑𝟓𝟔𝟎 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 𝟓𝟎𝐤𝐠 လေးပါသည်။
တစ်တန်လျှင် 𝟏𝟎𝟎𝟎 𝐤𝐠
ဘိလပ်မြေ 𝟐𝟎 အိတ်လျှင် တစ်တန်ရှိပါသည်။

𝐒𝐚𝐧𝐝(သဲ)
𝐒𝐚𝐧𝐝 𝐜𝐨𝐚𝐫𝐬𝐞(သဲကြမ်း)
𝐒𝐚𝐧𝐝 𝐟𝐢𝐧𝐞(သဲ နု)
𝐆𝐫𝐚𝐯𝐞𝐥(ကျောက်စရစ်)
𝐂𝐞𝐦𝐞𝐧𝐭(ဘိလပ်မြေ)
𝐖𝐚𝐭𝐞𝐫(ရေ)
𝐁𝐫𝐢𝐜𝐤(အုတ်)
𝐁𝐫𝐢𝐜𝐤𝐰𝐨𝐫𝐤 (အုတ်စီခြင်း)
𝐏𝐥𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐰𝐨𝐫𝐤(နံရံချောခြင်း)
𝐒𝐭𝐚𝐢𝐫 𝐩𝐥𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐰𝐨𝐫𝐤 (လှေခါးချောခြင်း)
𝐁𝐚𝐦𝐛𝐨𝐨( ဝါးလုံး)
𝐄𝐚𝐫𝐭𝐡(𝐬𝐨𝐢𝐥)မြေတူး
𝐏𝐥𝐲𝐰𝐨𝐨𝐝(အထပ်သားပြား)
𝐃𝐢𝐠 𝐞𝐚𝐫𝐭𝐡(𝐬𝐨𝐢𝐥)မြေကြီးတူး
𝐄𝐚𝐫𝐭𝐡 (𝐬𝐨𝐢𝐥) 𝐜𝐨𝐦𝐩𝐚𝐜𝐭𝐢𝐨𝐧 𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧(မြေကြီးကြိတ်ခြင်း)
𝐄𝐚𝐫𝐭𝐡(𝐬𝐨𝐢𝐥) 𝐥𝐞𝐯𝐞𝐥𝐢𝐧𝐠 𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧(မြေကြီးညှိခြင်း)
𝐖𝐚𝐭𝐞𝐫 𝐩𝐮𝐦𝐩(ရေစုပ်စက်)
𝐁𝐚𝐜𝐤𝐡𝐨𝐞𝐬(မြေတူး၊မြေကုတ်ကား)
𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐫𝐨𝐥𝐥𝐞𝐫(မြေကြိတ်စက်)
𝐏𝐥𝐚𝐭𝐞 𝐜𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫(မြေရိုက်စက်)
𝐒𝐡𝐫𝐢𝐧𝐞 𝐫𝐨𝐨𝐦(ဘုရားခန်း)
𝐋𝐢𝐯𝐢𝐧𝐠 𝐫𝐨𝐨𝐦(ဧည့်ခန်း)
𝐒𝐢𝐧𝐠𝐥𝐞 𝐛𝐞𝐝 𝐫𝐨𝐨𝐦 (တစ်ယောက်အိပ်ခန်း)
𝐌𝐚𝐬𝐭𝐞𝐫 𝐛𝐞𝐝 𝐫𝐨𝐨𝐦(မိသားစုအိပ်ခန်း)
𝐊𝐢𝐭𝐜𝐡𝐞𝐧 𝐫𝐨𝐨𝐦(မီးဖိုခန်း)
𝐃𝐢𝐧𝐢𝐧𝐠 𝐫𝐨𝐨𝐦(ထမင်းစားခန်း)
𝐁𝐚𝐭𝐡 𝐫𝐨𝐨𝐦( ရေချိုးခန်း)
𝐓𝐨𝐢𝐥𝐞𝐭(အိမ်သာခန်း)
𝐂𝐨𝐦𝐦𝐨𝐧 𝐭𝐨𝐢𝐥𝐞𝐭(အများသုံးအိမ်သာခန်း)
𝐋𝐨𝐮𝐧𝐠𝐞 𝐫𝐨𝐨𝐦(𝐬𝐢𝐭𝐭𝐢𝐧𝐠)အပန်းဖြေခန်း
𝐁𝐚𝐬𝐞𝐦𝐞𝐧𝐭 (𝐜𝐞𝐥𝐥𝐚𝐫)မြေအောက်ခန်း
𝐒𝐭𝐮𝐝𝐲 𝐫𝐨𝐨𝐦(စာကြည့်ခန်း)
𝐑𝐨𝐨𝐟 (အမိုး)
𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐫𝐨𝐝(မိုးကြိုးလွှဲ)
𝐆𝐮𝐭𝐭𝐞𝐫(ရေတလျောက်)
𝐀𝐭𝐭𝐢𝐜(ထပ်ခိုး)
𝐆𝐚𝐛𝐥𝐞(မြင်းမိုရ်ပိတ်)
𝐖𝐚𝐭𝐞𝐫 𝐓𝐚𝐧𝐤(ရေလှောင်ကန်)
𝐂𝐞𝐢𝐥𝐢𝐧𝐠(မျက်နှာကျက်)
𝐁𝐚𝐥𝐜𝐨𝐧𝐲(လသာဆောင်)
𝐕𝐞𝐫𝐚𝐧𝐝𝐚𝐡(ဝရံတာ)
𝐖𝐢𝐧𝐝𝐨𝐰𝐬(ပြတင်းပေါက်များ)
𝐃𝐨𝐨𝐫𝐬(တံ ခါးများ)
𝐕𝐞𝐧𝐭𝐢𝐥𝐚𝐭𝐨𝐫(လေဝင်လေထွက်ပေါက်)
𝐏𝐨𝐫𝐭𝐢𝐜𝐨(အိမ်ရှေ့ပေါ်တီကို)
𝐒𝐭𝐚𝐢𝐫𝐜𝐚𝐬𝐞/𝐬𝐭𝐚𝐢𝐫𝐬(လှေခါးများ)
𝐆𝐚𝐭𝐞(ဝင်းတံခါး)
𝐅𝐞𝐧𝐜𝐞(ခြံစည်းရိုး)
𝐆𝐚𝐫𝐝𝐞𝐧 𝐡𝐨𝐦𝐞(ဥယျာဉ်)
𝐋𝐞𝐭𝐭𝐞𝐫 𝐛𝐨𝐱(အိမ်ရှေ့စာတိုက်ပုံး)
𝐃𝐨𝐨𝐫 𝐛𝐞𝐥𝐥(အိမ်ရှေ့အချက်ပေးဘဲလ်)
𝐃𝐫𝐚𝐢𝐧(ရေမြောင်း)

မှတ်ချက်။
မှားတာရှိရင် လွဲတာရှိရင် ပြင်လိုက်ပါခဗျာ။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
#𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞
#𝐒𝐡𝐚𝐫𝐢𝐧𝐠

#𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

Address

Waizayanta Road
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959441735995

Website

Alerts

Be the first to know and let us send you an email when Zayar Hein Construction & Decoration Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zayar Hein Construction & Decoration Company:

Share