Kanaung Engineering

Kanaung Engineering အင်ဂျင်နီယာပညာရပ်ဆိုင်ရာများကိုမျှဝေရန်
(1)

03/03/2026

SMM ပြန်လွတ်လာပြီဆိုတာ ကြားသိရလို့ စိတ်ချမ်းသာရပါတယ်။

10/02/2026

သင်တန်းဖွင့်ဖို့လာမေးကြတာလည်းရှိသလို အလားတူသင်တန်းလိုက်ဖွင့်သူရှိလို့လာပြောကြတိုင်ကြသူတွေလည်းရှိပါတယ်။ သင်တန်းကို ငွေကြေးကောက်ခံပြီးဖွင့်ဖို့ ရတဲ့ငွေကြေးကိုအလှူအတန်းပြုပေးဖို့ တိုက်တွန်းခဲ့တာကြောင့်သာဖွင့်ဖြစ်ခဲ့တာပါ၊ တကယ်တော့ မိသားစုကိုပေးရတဲ့အချိန် အလုပ်ကိုပေးရတဲ့အချိန် စာဖတ်ချိန် ဘာသာရေးအတွက်အချိန်တွေနဲ့ မအားလို့ ရနိုင်တဲ့အချိန်လေးတွေနဲ့သင်ပေးခဲ့ရတာမို့လို့ သင်ရိုးလေးတွေသေချာမလုပ်ပေးနိုင်တာ အချိန်များများမပေူနိုင်ခဲ့လို့ အားမရပေမယ့် မေးသမျှအပြင်သိသင့်နာတွေ ဂဃနဏပြောဖြစ်ခဲ့လို့ ယူနိုင်သူတွေရကြမှာပါ။

သင်တန်းနဲ့ပါတ်သက်လို့ နောက်ထပ်ဖွင့်ပေးဖြစ်မလားဆိုတာ မသေချာတော့ပါဘူး၊ ကိုယ်ချပြခဲ့တဲ့လမ်းပေါ်မှာ လျှောက်တတ်သူတွေလျှောက်ကြ ပြေးကြပြိုင်ကြတာတွေကို မုဒိတာပွားပါတယ်၊ အပြိုင်လိုဖြစ်သွားရင် အမြင်စောင်းတာမျိုးတွေမဖြစ်စေချင် ပေးခဲ့ပြီးတဲ့စေတနာတွေ အချိန်တွေအတွက် negative ဖြစ်မှာမျိုးဘာမှမဖြစ်ချင်လို့ နောက်သင်တန်းဖွင့်ပေးဖြစ်ခဲ့ရင်တောင် အခကြေးငွေယူရမယ်ဆိုရင်ဖြစ်လို့မယ်မထင်ပါဘူး။

အခုလောလောဆယ်တော့ 2လ လောက်တော့ သင်တန်းဖွင့်ပေးဖို့မရှိသေးပါဘူးလို့မေးထားသူများကို ဒီကနေအသိပေးပါရစေ။

Address

Yangon

Alerts

Be the first to know and let us send you an email when Kanaung Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share