Asia Solar Company

Asia Solar Company Asia Solar is '' Solar Energy Solution Provider'' for you.

ဆိုလာဈေးကွက်တွင် Service Center မရှိခြင်းက ကုန်အမှတ်တံဆိပ် (Brand Image) အပေါ် သက်ရောက်မှုရှိခြင်း၊အပိုင်း (၂)☀️ Install...
12/07/2026

ဆိုလာဈေးကွက်တွင် Service Center မရှိခြင်းက ကုန်အမှတ်တံဆိပ် (Brand Image) အပေါ် သက်ရောက်မှုရှိခြင်း၊

အပိုင်း (၂)

☀️ Installer များ၊ Engineering Company များနှင့် Distributor များသည် နည်းပညာပံ့ပိုးမှု အားကောင်းသော Brand များကိုသာ ဦးစားပေး ရောင်းချလိုကြသည်။✅

☀️ အကြောင်းမှာ Customer Complaint များကို Installer များကသာ ကိုင်တွယ်ဖြေရှင်းရလေ့ရှိပြီး Service Center၊ Technical Training နှင့် Spare Parts အတွက်စီမံခန့်ခွဲမှု မရှိသော Brand များသည် Distribution Network တိုးချဲ့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိကြသည်။✅

☀️ Service Network မရှိခြင်းသည် ဈေးနှုန်းမူဝါဒအပေါ်တွင်လည်း သက်ရောက်မှုရှိပြီး Customer ယုံကြည်မှု နည်းပါးခြင်းကို ဖြည့်ဆည်းရန် ဈေးလျှော့ရောင်းချမှုကိုသာ အဓိကထား အသုံးပြုရလေ့ရှိသည်။✅

☀️ After-sales Service အားကောင်းသော Brand များသည် ဈေးနှုန်းတည်ငြိမ်စွာ ထိန်းထားနိုင်သည့်အပြင် Customer Loyalty ကိုလည်း ပိုမိုရရှိပါသည်။✅

☀️ ပြည်တွင်း Service Center များ ဖွင့်လှစ်ခြင်း၊ နည်းပညာကျွမ်းကျင်သူများကို လေ့ကျင့်ပေးခြင်း၊ Spare Parts များ အဆင်သင့်ထားရှိခြင်းနှင့် Warranty Service များကို အချိန်မီ ဆောင်ရွက်ပေးနိုင်ခြင်းသည် Customer Trust ကို ပိုမိုရရှိ‌ စေနိုင်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကိုလည်း မြှင့်တင်နိုင်ပါသည်။✅

☀️ ထို့ကြောင့်ဆိုလာဈေးကွက်တွင် Service Network သည် ရွေးချယ်စရာ ဝန်ဆောင်မှုတစ်ခုမဟုတ်တော့ဘဲ Brand Value ၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။✅

☀️ မြန်မာနိုင်ငံ၏ ဆိုလာဈေးကွက်တွင် အမှတ်တံဆိပ်တစ်ခု၏ အောင်မြင်မှုသည် ထုတ်ကုန်အရည်အသွေးတစ်ခုတည်းပေါ် မူတည်ခြင်းမဟုတ်ဘဲ သုံးစွဲသူများ၏ သက်တမ်းတစ်လျှောက်လုံး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မှုအပေါ် တွင်များစွာ မူတည်လျက်ရှိပါသည်။✅

☀️ ထို့ကြောင့် ခိုင်မာသော Service Network တစ်ခုသည် အရည်အသွေး၊ တာဝန်ယူမှုနှင့် ရေရှည်လက်တွဲနိုင်မှုကို ကိုယ်စားပြုသည့် အရေးပါဆုံးသော Brand Image အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။✅

🙏🙏🙏






"ဆိုလာဈေးကွက်တွင် Service Center မရှိခြင်းကကုန်အမှတ်တံဆိပ် Brand Image အပေါ် သက်ရောက်မှုရှိခြင်း" အပိုင်း (၁)☀️ မြန်မာနိ...
07/07/2026

"ဆိုလာဈေးကွက်တွင် Service Center မရှိခြင်းက
ကုန်အမှတ်တံဆိပ် Brand Image အပေါ် သက်ရောက်မှုရှိခြင်း"

အပိုင်း (၁)

☀️ မြန်မာနိုင်ငံ၏ ဆိုလာစွမ်းအင်ဈေးကွက်သည် တနေ့တခြားပြောင်းလဲ တိုးတက်လာပြီး အရန်လျှပ်စစ် Backup Power လိုအပ်ချက် အရလည်း Brand မျိုးစုံသည်ဈေးကွက် အတွင်းသို့ ဝင်ရောက် လျှက် ရှိပါသည်။✅

☀️ ဈေးကွက်ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ ထုတ်ကုန်အရည်အသွေးကောင်းမွန်မှုတစ်ခုတည်းဖြင့် အမှတ်တံဆိပ်၏ ယုံကြည်မှုကို တည်ဆောက်နိုင်တော့မည်မဟုတ်ပေ။✅

☀️ ယနေ့အချိန်ခါတွင် အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာနှင့် ရေရှည်အောင်မြင်မှုကို အဆုံးအဖြတ်ပေးသော အရေးပါဆုံးအချက် တစ်ခုမှာပြည်တွင်း၌ After-sales Service နှင့်နည်းပညာပံ့ပိုးမှုစနစ်ရှိခြင်း၊ မရှိခြင်းပင်ဖြစ်ပါသည်။✅

☀️ သုံးစွဲသူအများစုအတွက် ဆိုလာစနစ်ဝယ်ယူခြင်းသည် တစ်ကြိမ်တည်း အသုံးပြုရန် ရည်ရွယ်ဝယ်ယူခြင်းမဟုတ်ပဲ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဖြစ်ပါသည်။✅

☀️ ထို့ကြောင့် အာမခံဝန်ဆောင်မှု၊ စက်ပြုပြင်ထိန်းသိမ်းမှု၊ အစားထိုးပစ္စည်းများ ရရှိနိုင်မှုနှင့် နည်းပညာအကူအညီများကို သက်တမ်းတစ်လျှောက်လုံး ရရှိနိုင်ရန် မျှော်လင့်ဝယ်ယူခြင်းဖြစ်ပါသည်။✅

☀️ Service Center သို့မဟုတ် ဒေသတွင်း နည်းပညာဝန်ဆောင်မှုစနစ် မရှိသော ဆိုလာအမှတ်တံဆိပ်များကို ထုတ်ကုန်အရည်အသွေးကောင်းမွန်သော်လည်း ယုံကြည်စိတ်ချရမှုနည်းပါးသော Brand အဖြစ်သာ သုံးစွဲသူများက မြင်တတ်ကြပါသည်။✅

☀️ Service Center မရှိခြင်းသည် ဝယ်ယူရန်ဆုံးဖြတ်ချိန်တွင် သုံးစွဲသူများကို ယုံကြည်မှု လျော့နည်းစေပါသည်။

🙏စက်ချို့ယွင်းပါက မည်သူက ပြုပြင်ပေးမည်နည်း?

🙏အာမခံကို မည်သို့ဆောင်ရွက်ပေးမည်နည်း?

🙏အစားထိုးပစ္စည်းများ အလွယ်တကူရနိုင်ပါ့ မလား?

စသည့် မေးခွန်းများသည် ဝယ်ယူသူများအတွက် အရေးကြီးသော စဉ်းစားစရာများ ဖြစ်လာပါသည်။✅

☀️ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအတွက် စနစ်ရပ်တန့်နေချိန် (Downtime) သည် ငွေကြေးဆုံးရှုံးမှုကို ဖြစ်စေနိုင်သဖြင့် Service မရှိသော Brand များကို ရွေးချယ်ရန် ပိုမိုတွန့်ဆုတ်လေ့ရှိကြပါသည်။✅

☀️ Brand Image သည် ထုတ်ကုန်ရောင်းချပြီးနောက် ရရှိသော ဝန်ဆောင်မှုအတွေ့အကြုံပေါ်တွင်လည်း များစွာ မူတည်နေပြီး၊ နည်းပညာဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ဖြေရှင်း မပေးနိုင်ပါက သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို လျော့နည်းလာ‌စေပြီး ယုံကြည်မှုလည်း ကျဆင်းလာနိုင်ပါသည်။✅

☀️ ထို့အပြင် လူမှုကွန်ရက်များမှတဆင့်၊ Installer အသိုင်းအဝိုင်းများနှင့် စီးပွားရေးကွန်ရက်များသို့ သတင်းအချက်အလက်များ လျင်မြန်စွာ ပျံ့နှံသွား တက်ပြီး ဖြေရှင်းမရသော Service ပြဿနာ အနည်းငယ်မှစ၍ Brand ၏ နာမည်ကောင်းကိုအကြီးအကျယ် ထိခိုက်စေနိုင်ပါသည်။✅

ရှေ့ဆက်ရန်!!!!!





"နွေရာသီ အတွက် Backup System ဖြင့် ယနေ့ကတည်းက စတင်ပြင်ဆင်လိုက်ပါ"✅ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်ခြင်းက နောက်ပိုင်းအခက်အခဲ...
03/07/2026

"နွေရာသီ အတွက် Backup System ဖြင့် ယနေ့ကတည်းက စတင်ပြင်ဆင်လိုက်ပါ"

✅ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်ခြင်းက နောက်ပိုင်းအခက်အခဲများကို လျော့နည်းစေမည့် အကောင်းဆုံးနည်းလမ်း‌ ကောင်းတစ်ခုဖြစ်ပါသည်။✔️

✅ Solar Ready ဖြစ်သည့်အားလျှော်စွာ အချိန်မရွေးဆိုလာ ထည့်၍ အသုံးပြုနိုင်ခြင်း အားသာချက်ရှိပါသည်။✔️

✅ Backup System သည် မီးပြတ်ချိန်တွင် အရေးကြီးသော လျှပ်စစ်ပစ္စည်းများကို ဆက်လက်အသုံးပြုနိုင်စေသည့် အပြင် Wi-Fi ၊မီးအလင်းရောင်၊ ပန်ကာနှင့် တခြား‌ သောလျှပ်စစ်ပစ္စည်းများကိုအဆက်မပြတ် အသုံးပြုနိုင်ပါသည်။✔️

✅ နေရောင်ခြည် ပေါများသည့် မြန်မာနိုင်ငံအတွက် Solar Energy သည် လက်တွေ့အသုံးဝင်ပြီး ရေရှည်တန်ဖိုးရှိသော စွမ်းအင်လိုအပ်ချက် ဖြေရှင်းနည်း တစ်ခုဖြစ်ပါသည်။✔️

✅ ပုံမှန်မီးလာချိန်ကို စောင့်နေမည့်အစား ပိုမိုလုံခြုံ သည့် Backup System သည် ကုန်ကျမှုစရိတ် အသက်သာဆုံးနှင့် အထိရောက်ဆုံး‌ အစားထိုး နည်းဖြစ်ပါသည်။✔️

✅ ယနေ့ရင်းနှီးမြှုပ်နှံမှုသည် မနက်ဖြန်အတွက် လျှပ်စစ်အခက်အခဲကို လျော့ပါးစေမည့်အပြင် စိတ်ချမ်းသာမှုနှင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်မှုကိုအာမခံပေးနိုင်ပါသည်။✔️

✅ လျှပ်စစ်မီးမတည်ငြိမ်သည့်အချိန်အခါတွင် ကြိုတင်ပြင်ဆင်သူသာ အဆင်သင့်ဖြစ် စေပါသည်။✔️






01/05/2026

HAPPY LABOR DAY

"HAPPY LABOR DAY"May 1, 2026
01/05/2026

"HAPPY LABOR DAY"

May 1, 2026

13/04/2026
"နှစ်သစ်ဆုတောင်း"🙏မြန်မာနိုင်ငံသူ/သားများနှင့်၊ကမ္ဘာသူ/သား အပေါင်းတို့ ကျန်းမာ၊ချမ်းသာကြ၍ ဘေးဘယာဝေးကွာကြပါစေကြောင်း မြန်...
13/04/2026

"နှစ်သစ်ဆုတောင်း"

🙏မြန်မာနိုင်ငံသူ/သားများနှင့်၊ကမ္ဘာသူ/သား အပေါင်းတို့ ကျန်းမာ၊ချမ်းသာကြ၍ ဘေးဘယာဝေးကွာကြပါစေကြောင်း မြန်မာနှစ်သစ်မှာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်🙏

#မြန်မာနှစ်ကူး
#အတာသက်ြန်


💯 We are one of your energy provider.💯 We are one of your energy partner.💯 We are one of your energy supplier.
11/03/2026

💯 We are one of your energy provider.

💯 We are one of your energy partner.

💯 We are one of your energy supplier.



Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Asia Solar Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share